သတင်း

မန္တလေးမှာ ဟိန္ဒူရိုးရာ ဟိုလီရောင်စုံသင်္ကြန်ရေကစားပွဲတော် ကျင်းပ

မန္တလေးမှာ ဟိန္ဒူရိုးရာ ဟိုလီရောင်စုံသင်္ကြန်ရေကစားပွဲတော် ကျင်းပ

မန္တလေး မတ်(၃)

မန္တလေးမြို့ အောင်မြေသာစံမြို့ နယ်၊ ၂၂လမ်း၊(၈၂×၈၃)
လမ်းကြား “စံရီအမ်ဘီကာမယ်တော်ကြီး”ကျောင်းမှာ မနေ့ (မတ်လ ၂ရက်) ညနေ၄နာရီက ဟိန္ဒူ ရိုးရာ ဟိုလီရောင်စုံ
သင်္ကြန်ရေကစားပွဲတော်ကို ကျင်းပပြု လုပ်ခဲ့ကြပါတယ်။

မနေ့က ဟိန္ဒူရိုးရာဟိုလီရောင်စုံရေကစားပွဲတော်ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး က ဟိန္ဒူ ဘာသာဝင်များ စည်ကားသိုက်မြိုက်စွာကျင်းခဲ့ကြပါတယ်။

ဒီပွဲကို ဟိန္ဒူ ဘာသာဝင်များရဲနွေဦးပွဲတော်အဖြစ် သတ်မှတ်ကြသလို ဆောင်းအကုန်နွေအကူး အထိမ်းးအ မှတ်အဖြစ်လည်းမှတ်ယူကြတယ်လို့ သိရပါတယ်။

ဟိုလီရောင်စုံသင်္ကြန်ရေကစားပွဲတော်မှာ စတုဒီတာ ကျွေးမွေးကြသလို တစ်ဦးနဲ့တစ်ဦးရင်းနှီးစွာ ရောင်စုံမှုန့်များ၊ ရေများနဲ့ ဆော့ကစားကြပြီး ဟိုလီပွဲတော်ကို ‘တပါင်းလပြည့်’ ကျော် တစ်ရက်ရောက်တိုင်း ကျင်းပတယ်လို့သိရပါတယ်။

By – မင်းသန့်
MUNA

Leave a Reply

Your email address will not be published. Required fields are marked *