သတင်း

အင်းလျားကန်ပတ်လည်တွင် သင်္ကြန်မဏ္ဍပ် ဆောက်ခွင့်မရက မစည်ကားနိုင်ဟုဆို

အင်းလျားကန်ပတ်လည်တွင် သင်္ကြန်မဏ္ဍပ် ဆောက်ခွင့်မရက မစည်ကားနိုင်ဟုဆို

==================
==================

အင်းလျားကန်ပတ်လည်တွင် သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်မရပါက ရန်ကုန်သင်္ကြန် စည်ကားနိုင်မည်မဟုတ်ဟု သင်္ကြန်မဏ္ဍပ် ကန်ထရိုက်လုပ်ကိုင်သူများက ပြောသည်။

ယခုနှစ် သင်္ကြန်တွင် ရန်ကုန်မြို့၌ ကုမ္ပဏီနှင့် စီးပွားရေးသင်္ကြန်မဏ္ဍပ်များ ပြန်လည်ဆောက်လုပ်ခွင့်ပြုရန် စီစဉ်နေသော်လည်း ကန်တော်ကြီး ကန်ပတ်လမ်း၊ အင်းလျားကန်ပေါင်ရှိရာ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်မပြုသင့်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အကြံပြုထားသည်။

အဆိုပါ ကန်ပေါင်များ၏ ကြံ့ခိုင်မှု အနေအထားအရ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်မပြုသင့်ကြောင်း တင်ပြထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် အဆိုပါ နေရာနှစ်ခုသာ ကန်ရေဖြင့် ရေ ကစားမှုပြုလုပ်နိုင်သဖြင့် အခြား နေရာများသို့ ပြောင်းရွှေ့လုပ် ကိုင်စေမည်ဆိုပါက အဆင်ပြေ နိုင်မည်မဟုတ်ကြောင်း သင်္ကြန် မဏ္ဍပ် ကန်ထရိုက်တာကိုစည်သူ က ပြောသည်။

‘‘တခြားနေရာမှာဆိုရင် အများပြည်သူသုံးနေတဲ့ ပိုက်ရေ ကို ယူသုံးနေရတာဆိုတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ စည်ပင် ကလည်း သုံးစွဲခွင့်ပေးမှာမဟုတ် ဘူး။ ကျွန်တော်တို့ကတော့ ကန် တော်ကြီးမှာမဟုတ်ရင်တောင် အင်းလျားကန်အနီးမှာ ခွင့်ပြုပေး ဖို့ မျှော်လင့်တယ်’’ဟု ၎င်းကဆို သည်။

ကန်ပေါင်ကြံ့ခိုင်မှုကြောင့် ခွင့်မပြုဟုဆိုသည့်အချက်သည် ခိုင်လုံသည့် အကြောင်းပြချက် မဟုတ်ဟု ၁၀ နှစ်ကျော် မဏ္ဍပ်ကန်ထရိုက်လုပ်ကိုင်ခဲ့သူတစ်ဦးက ဝေဖန်သည်။

‘‘ရန်ကုန်သင်္ကြန်က စည် ကားမှုပျက်ခဲ့တာ ၂နှစ်ရှိပြီ။ ဒီနှစ် ကိုပါ တခြားအကြောင်းပြချက် တွေနဲ့ ထပ်ရွှေ့နေရင် နောက်ပိုင်း ရန်ကုန်သင်္ကြန် စည်ကားမှုအစဉ် အလာက ပျက်သွားတော့မှာ။ မနှစ်က ဝန်ကြီးချုပ်နဲ့တွေ့တော့ ဝန်ကြီးချုပ်က ဒီနှစ်မှာ အားလုံး ပျော်ရွှင်နိုင်အောင် စီစဉ်ပေးမယ် လို့ပြောတယ်။ အဲဒီအတွက် အများကြီးမျှော်လင့်ထားတယ်။ ဝန်ကြီးချုပ်က သူပြောထားတဲ့ အတိုင်း တကယ်ဖြစ်အောင် စီစဉ် ပေးမယ်လို့ယုံတယ်။ အင်းလျား မှာ ခွင့်ပြု၊ မပြုဆိုတာ ရန်ကုန် သင်္ကြန် စည်၊ မစည်နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ်။ စည်ပင်ရဲ့ တင်ပြချက်သက်သက် မကြည့်ဘဲ ရန်ကုန်မြို့သူ မြို့သားလူငယ်တွေ ပျော်ရွှင်မှုအတွက် ဝန်ကြီးချုပ်က အဆုံးအဖြတ် ပေးနိုင်မယ်လို့ အစ်မတို့ ယုံကြည်တယ်’’ဟု ၎င်း က ဆိုသည်။

သင်္ကြန်မဏ္ဍပ်များ ဆောက် လုပ်ခွင့်ပြုရေးနှင့် ပတ်သက်၍ လာမည့် သီတင်းပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးတွင် တာဝန်ရှိသူများက အတည်ပြုရန် ရှိနေသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အစိုးရသစ် စတင်တာဝန်ယူသည့် ၂၀၁၆ ကစ၍ စီးပွားဖြစ် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်ခွင့်ကို တားမြစ်ခဲ့သည်။

စီးပွားဖြစ်မဏ္ဍပ် ဆောက် လုပ်ခြင်းများကို ခွင့်ပြုခဲ့ခြင်းမရှိသော်လည်း ကိုယ်ပိုင်ခြံဝင်းများ အတွင်း ရေကစားမဏ္ဍပ်ဆောက် လုပ်ခြင်းများကိုမူ အကန့်အသတ် ဖြင့် ခွင့်ပြုခဲ့သည်။

ယခုနှစ်တွင်မူ ကုမ္ပဏီနှင့် စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပြုရန်နှင့် လမ်း လျှောက်သင်္ကြန်ပြုလုပ်ရန် ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်သည့် မြန်မာ့ရိုးရာ မဟာ သင်္ကြန် ပွဲတော်ကျင်းပရေး လုပ် ငန်းညှိနှိုင်းအစည်းအဝေး၌ ကနဦး သဘောတူညီမှုရရှိထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူက ပြောသည်။

‘‘ကန်ပေါင် ကြံ့ခိုင်မှုကလေး ရက်အတိုင်းအတာနဲ့ဆို ဆိုးဆိုးရွားရွား မထိခိုက်နိုင်ဘူးထင်တယ်။ မထိခိုက်အောင် ပြင်ဆင်ထားမယ်ဆိုရင်လည်း ဖြစ်နိုင်တာပဲ။ သာမန်အမြင်နဲ့ပြော ကြည့်တာပါ။ ကျွန်တော်ကတော့ အရင်က ရန်ကုန်သင်္ကြန်ကို ပြန် လိုချင်တယ်။ မဏ္ဍပ်တွေရှိရင် မဏ္ဍပ်ထိုင်မယ်။ နေရာကိုတော့ ဘယ်နေရာမှဆိုပြီး မရှိဘူး။ရှိတဲ့ နေရာ သွားကစားမှာပဲ’’ဟုနှစ်စဉ် မဏ္ဍပ်ထိုင်၍ ရေကစားလေ့ရှိသူ ကိုအောင်သူဟိန်းကဆိုသည်။

===========

7Day News Journal

Leave a Reply

Your email address will not be published. Required fields are marked *