ဗဟုတုသ

၈၃ႏွစ္ထိ အသက္ရွင္မယ္ဆိုရင္ေတာင္မွ လူ႔တစ္သက္၊ ရက္ သုံးေသာင္းသာ

(Zawgyi)

လူ႔တစ္သက္၊ ရက္ သုံးေသာင္းသာ .

ကိန္းဂဏန္း ျမင္လိုက္တာနဲ႔ ကြၽန္ေတာ္ လန႔္သြားခဲ့သည္။ လူ႔ဘဝက တကယ္ပဲ ရက္သုံးေသာင္းပဲ ရွိတာလား။ မယုံလို႔ တြက္ၾကည့္လိုက္တယ္။

30,000÷ 365 = 83(ႏွစ္)။ တကယ္ ၈၃ႏွစ္ထိ အသက္ရွင္ခဲ့ရင္ေတာင္ ပွ်မ္းမွ် ရက္ ၃ေသာင္းပဲ ရွိပါသည္။ ဒါေတာင္ ကြၽန္ေတာ္တို႔ ရက္ေပါင္း ဘယ္ေလာက္ကို မသိမသာ ေက်ာ္ခဲ့သလဲဆိုတာ
ျပန္မႏႈတ္ ၾကည့္ရေသးပါဘူး။ ကြၽန္ေတာ္ အစက လူ႔ဘဝကို ဖာသိဖာသာပဲ ထင္ခဲ့တာ။ ဒီေန႔ၿပီး မနက္ျဖန္။ မနက္ျဖန္ၿပီး သန္ဘက္ခါ။ သန္ဘက္ခါၿပီး ဖိန္းႏႊဲခါေပါ့။ ဒါေပမယ့္ ဒီ ကိန္းဂဏာန္းကို ျမင္ၿပီးတဲ့ေနာက္ပိုင္းမွ လူ႔ဘဝဟာ တိုတိုေလးပါလားဆိုတာ သိလိုက္ရတယ္။

သင္ ၿငိမ္ၿငိမ္ေလးထိုင္ၿပီး ေတြးခဲ့မိဖူးသလား။ သင့္ရဲ႕ဘယ္ႏွစ္ရက္က ေပ်ာ္႐ႊင္ခဲ့လဲ? ဘယ္ႏွစ္ရက္က မေပ်ာ္႐ႊင္ခဲ့သလဲ? ဘယ္ႏွစ္ရက္က ေဒါသထြက္ခဲ့သလဲ? ဘယ္ႏွစ္ရက္က ၿငိမ္ၿငိမ္သက္သက္ ျဖတ္သန္းခဲ့လဲ? ဘယ္ႏွစ္ရက္က ၿပီးျပည့္စုံတယ္ခံစားရလဲ? ဘယ္ႏွစ္ရက္က အထီးက်န္တယ္ ထင္ရသလဲ? ဘယ္ႏွစ္ရက္က မိမိကိုယ္ကိုယ္ အတြက္လဲ? ဘယ္ႏွစ္ရက္က သူတစ္ပါးအတြက္ ျဖစ္ခဲ့သလဲ?

ဒီေလာက္ လူ႔ဘဝ ရက္ေပါင္းတိုတိုေလး အတြင္းမွာ…. ဘယ္လို အခိုက္အတန႔္ေတြက တန္ဖိုးအရွိဆုံးအခ်ိန္ေတြလဲ? လူ႔ဘဝဟာ တန္ဖိုးရွိမွန္း ကြၽန္ေတာ္တို႔သိၾကပါတယ္။ ဒါေပမယ့္ ဘယ္ႏွစ္ေယာက္ကမ်ား တန္ဖိုးထားေပးတတ္ၾကလို႔လဲ?? ေရွးလူႀကီးေတြေျပာဖူးတယ္။ ” ေကာင္းကင္က အပ္တစ္စင္းနဲ႔ လူ႔ျပည္က အပ္တစ္စင္းထိဖို႔လြယ္မယ္.. လူျဖစ္ဖို႔က ခဲယဥ္းတယ္ .. ဒါေပမယ့္ ေသဖို႔ကေတာ့ ေျမႀကီးလက္ခတ္မလြဲဘူးေဟ့ -“တဲ့။

ဒါ့ေၾကာင့္ ကြၽန္ေတာ္တို႔တစ္ရက္ အသက္ရွင္ႏိုင္သေ႐ြ႕ တစ္ရက္ မိမိကိုယ္ကို ဘယ္လိုျမတ္ႏိုးရမလဲဆိုတာေတြးတတ္ဖို႔လိုမယ္။ မိမိအိပ္မက္အတြက္ အေကာင္အထည္ေဖာ္ေနစဥ္ ေဘးက ျဖတ္သြားတဲ့ရႈခင္းကို ၾကည့္ဖို႔လဲ မေမ့ပါနဲ႔။ လူ႔ဘဝ ရက္ သုံးေသာင္းရဲ႕ ကုန္ခါနီးက်မွ ေဘးကရႈခင္းေတြ မၾကည့္ရမိပါလားလို႔ ေနာင္တရေနလဲ မထူးေတာ့ပါ။

မိမိကိုယ္ကို ေနရာလြတ္ေပးထားပါ။ မိမိရဲ႕ အခ်ိန္ေတြကို အလုပ္က တစ္ကန႔္.. မိသားစုက တစ္ကန႔္ ခြဲထားပါ။ ေဖ်ာ့ေတာ့ေတာ့ ေနေရာင္ျခည္ေလးကို နင္းသြားရင္း ပန္းၿခံထဲက ျမက္ခင္းၾကားက အုတ္လမ္းေလးေပၚေလွ်ာက္ၾကည့္ပါ။

ၿငိမ္သက္တဲ့ညအခါမွာ ဝရန္တာေပၚက ပလက္ကုလားထိုင္ေပၚ ထိုင္ရင္း လေပၚက နတ္သမီးေလးနဲ႔ ယုန္ ေျပးလႊားေဆာ့ကစားတာကို ၾကည့္ရင္း ေကာင္းကင္ေပၚက မိမိရဲ႕ ၿဂိဳလ္ခြင္ကို ရွာၾကည့္ပါ။

ေသေသခ်ာခ်ာ စူးစူးစိုက္စိုက္ လုပ္ၾကည့္ပါ… လူ႔ဘဝထဲက ပုန္းေအာင္းေနတဲ့ သင္လွည့္မၾကည့္ခဲ့တဲ့ ရႈခင္းလွလွေလးေတြ အမ်ားႀကီး က်န္ေသးေနတယ္ဆိုတာ သင္ရိပ္စားမိလာမွာပါ။

အမည္မသိ ကဗ်ာဆရာ တစ္ေယာက္ေျပာဖူးတယ္။ ” လူ႔ဘဝကို ခံစားတတ္တဲ့ထဲမွာ သဘာဝကို ခံစားတတ္ျခင္းက အေကာင္းဆုံးျဖစ္တယ္တဲ့” လူ႔ဘဝဟာ နဂိုကတည္းက အေရာင္အေသြး စုံစုံလင္လင္ ရွိၿပီးသားပါ။ အလုပ္..ေက်ာင္း.. ပိုက္ဆံ.. ဂုဏ္ျဒပ္.. ေတြကလြဲရင္ အျခား ကြၽန္ေတာ္တို႔သြားရွာေဖြဖို႔ အမ်ားႀကီး အမ်ားႀကီး က်န္ပါေသးတယ္။

အရသာရွိတဲ့ စားေသာက္ဖြယ္ရာ.. ေႏြးေထြးတဲ့ မိသားစုဘဝ.. ျပာလဲ့လဲ့ေကာင္းကင္.. စိမ္းညိဳညိဳ ျမက္ခင္း.. ျဖဴေဖြးေဖြး တိမ္တိုက္.. က်ယ္ေျပာလွတဲ့ ပင္လယ္ျပင္…ျမင့္မားလွတဲ့ ေတာင္တန္းေတြ.. သီခ်င္း.. အေတြး.. တရားဓမၼ.. သူငယ္ခ်င္းသံေယာဇဥ္.. စာေပ.. အားကစား.. ေတြဟာ ေက်ာင္းစာအုပ္ နဲ႔ အလုပ္ပဲကလြဲရင္ ရွာေဖြသင့္တဲ့ အရာေတြပါ….

တကယ္လို႔ သင္က အလုပ္မွအလုပ္ပဲ.. ေက်ာင္းစာမွ ေက်ာင္းစာပဲလို႔ ျဖစ္ေနခဲ့ရင္ေတာင္
အခ်ိန္ေပးၿပီး မိမိပတ္ဝန္းက်င္က အလွမ်ားကို ခံစားၾကည့္လိုက္ပါ..

ဒီအခ်ိန္မွ မခံစားၾကည့္ရင္ ဘယ္အခ်ိန္ကို ေစာင့္စားေနဦးမွာလဲ?? မိမိကိုယ္ကို ျမတ္ႏိုးတတ္ ခ်စ္တတ္ၿပီး အျမင္မ်ားေျပာင္းလဲၾကည့္ေပးပါ။

ေကာင္းကင္က ဒီလိုပဲျပာတယ္။ သစ္ပင္ေတြက ဒီလိုစိမ္းစိုတယ္။ လူ႔ဘဝဟာလည္း တကယ္ေတာ့ ဒီလိုပဲ လွပတယ္။ ႏွစ္တစ္ေထာင္မွ တစ္ခါ မျဖစ္တဲ့လူ႔ဘဝကို တန္ဖိုးထားတတ္ႏိုင္ၾကပါေစ…..။

Credit– စကားလက္ေဆာင္ တရားလက္ေဆာင္

Young Buddhist Association

(Unicode)

၈၃နှစ်ထိ အသက်ရှင်မယ်ဆိုရင်တောင်မှ လူ့တစ်သက်၊ ရက် သုံးသောင်းသာ .

ကိန်းဂဏန်း မြင်လိုက်တာနဲ့ ကျွန်တော် လန့်သွားခဲ့သည်။ လူ့ဘဝက တကယ်ပဲ ရက်သုံးသောင်းပဲ ရှိတာလား။ မယုံလို့ တွက်ကြည့်လိုက်တယ်။

30,000÷ 365 = 83(နှစ်)။ တကယ် ၈၃နှစ်ထိ အသက်ရှင်ခဲ့ရင်တောင် ပျှမ်းမျှ ရက် ၃သောင်းပဲ ရှိပါသည်။ ဒါတောင် ကျွန်တော်တို့ ရက်ပေါင်း ဘယ်လောက်ကို မသိမသာ ကျော်ခဲ့သလဲဆိုတာ ပြန်မနှုတ် ကြည့်ရသေးပါဘူး။ ကျွန်တော် အစက လူ့ဘဝကို ဖာသိဖာသာပဲ ထင်ခဲ့တာ။ ဒီနေ့ပြီး မနက်ဖြန်။ မနက်ဖြန်ပြီး သန်ဘက်ခါ။ သန်ဘက်ခါပြီး ဖိန်းနွှဲခါပေါ့။ ဒါပေမယ့် ဒီ ကိန်းဂဏာန်းကို မြင်ပြီးတဲ့နောက်ပိုင်းမှ လူ့ဘဝဟာ တိုတိုလေးပါလားဆိုတာ သိလိုက်ရတယ်။

သင် ငြိမ်ငြိမ်လေးထိုင်ပြီး တွေးခဲ့မိဖူးသလား။ သင့်ရဲ့ဘယ်နှစ်ရက်က ပျော်ရွှင်ခဲ့လဲ? ဘယ်နှစ်ရက်က မပျော်ရွှင်ခဲ့သလဲ? ဘယ်နှစ်ရက်က ဒေါသထွက်ခဲ့သလဲ? ဘယ်နှစ်ရက်က ငြိမ်ငြိမ်သက်သက် ဖြတ်သန်းခဲ့လဲ? ဘယ်နှစ်ရက်က ပြီးပြည့်စုံတယ်ခံစားရလဲ? ဘယ်နှစ်ရက်က အထီးကျန်တယ် ထင်ရသလဲ? ဘယ်နှစ်ရက်က မိမိကိုယ်ကိုယ် အတွက်လဲ? ဘယ်နှစ်ရက်က သူတစ်ပါးအတွက် ဖြစ်ခဲ့သလဲ?

ဒီလောက် လူ့ဘဝ ရက်ပေါင်းတိုတိုလေး အတွင်းမှာ…. ဘယ်လို အခိုက်အတန့်တွေက တန်ဖိုးအရှိဆုံးအချိန်တွေလဲ? လူ့ဘဝဟာ တန်ဖိုးရှိမှန်း ကျွန်တော်တို့သိကြပါတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက်ကများ တန်ဖိုးထားပေးတတ်ကြလို့လဲ?? ရှေးလူကြီးတွေပြောဖူးတယ်။ ” ကောင်းကင်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းထိဖို့လွယ်မယ်.. လူဖြစ်ဖို့က ခဲယဉ်းတယ် .. ဒါပေမယ့် သေဖို့ကတော့ မြေကြီးလက်ခတ်မလွဲဘူးဟေ့ -“တဲ့။

ဒါ့ကြောင့် ကျွန်တော်တို့တစ်ရက် အသက်ရှင်နိုင်သရွေ့ တစ်ရက် မိမိကိုယ်ကို ဘယ်လိုမြတ်နိုးရမလဲဆိုတာတွေးတတ်ဖို့လိုမယ်။ မိမိအိပ်မက်အတွက် အကောင်အထည်ဖော်နေစဉ် ဘေးက ဖြတ်သွားတဲ့ရှုခင်းကို ကြည့်ဖို့လဲ မမေ့ပါနဲ့။ လူ့ဘဝ ရက် သုံးသောင်းရဲ့ ကုန်ခါနီးကျမှ ဘေးကရှုခင်းတွေ မကြည့်ရမိပါလားလို့ နောင်တရနေလဲ မထူးတော့ပါ။

မိမိကိုယ်ကို နေရာလွတ်ပေးထားပါ။ မိမိရဲ့ အချိန်တွေကို အလုပ်က တစ်ကန့်.. မိသားစုက တစ်ကန့် ခွဲထားပါ။ ဖျော့တော့တော့ နေရောင်ခြည်လေးကို နင်းသွားရင်း ပန်းခြံထဲက မြက်ခင်းကြားက အုတ်လမ်းလေးပေါ်လျှောက်ကြည့်ပါ။

ငြိမ်သက်တဲ့ညအခါမှာ ဝရန်တာပေါ်က ပလက်ကုလားထိုင်ပေါ် ထိုင်ရင်း လပေါ်က နတ်သမီးလေးနဲ့ ယုန် ပြေးလွှားဆော့ကစားတာကို ကြည့်ရင်း ကောင်းကင်ပေါ်က မိမိရဲ့ ဂြိုလ်ခွင်ကို ရှာကြည့်ပါ။

သေသေချာချာ စူးစူးစိုက်စိုက် လုပ်ကြည့်ပါ… လူ့ဘဝထဲက ပုန်းအောင်းနေတဲ့ သင်လှည့်မကြည့်ခဲ့တဲ့ ရှုခင်းလှလှလေးတွေ အများကြီး ကျန်သေးနေတယ်ဆိုတာ သင်ရိပ်စားမိလာမှာပါ။

အမည်မသိ ကဗျာဆရာ တစ်ယောက်ပြောဖူးတယ်။ ” လူ့ဘဝကို ခံစားတတ်တဲ့ထဲမှာ သဘာဝကို ခံစားတတ်ခြင်းက အကောင်းဆုံးဖြစ်တယ်တဲ့” လူ့ဘဝဟာ နဂိုကတည်းက အရောင်အသွေး စုံစုံလင်လင် ရှိပြီးသားပါ။ အလုပ်..ကျောင်း.. ပိုက်ဆံ.. ဂုဏ်ဒြပ်.. တွေကလွဲရင် အခြား ကျွန်တော်တို့သွားရှာဖွေဖို့ အများကြီး အများကြီး ကျန်ပါသေးတယ်။

အရသာရှိတဲ့ စားသောက်ဖွယ်ရာ.. နွေးထွေးတဲ့ မိသားစုဘဝ.. ပြာလဲ့လဲ့ကောင်းကင်.. စိမ်းညိုညို မြက်ခင်း.. ဖြူဖွေးဖွေး တိမ်တိုက်.. ကျယ်ပြောလှတဲ့ ပင်လယ်ပြင်…မြင့်မားလှတဲ့ တောင်တန်းတွေ.. သီချင်း.. အတွေး.. တရားဓမ္မ.. သူငယ်ချင်းသံယောဇဉ်.. စာပေ.. အားကစား.. တွေဟာ ကျောင်းစာအုပ် နဲ့ အလုပ်ပဲကလွဲရင် ရှာဖွေသင့်တဲ့ အရာတွေပါ….

တကယ်လို့ သင်က အလုပ်မှအလုပ်ပဲ.. ကျောင်းစာမှ ကျောင်းစာပဲလို့ ဖြစ်နေခဲ့ရင်တောင်
အချိန်ပေးပြီး မိမိပတ်ဝန်းကျင်က အလှများကို ခံစားကြည့်လိုက်ပါ..

ဒီအချိန်မှ မခံစားကြည့်ရင် ဘယ်အချိန်ကို စောင့်စားနေဦးမှာလဲ?? မိမိကိုယ်ကို မြတ်နိုးတတ် ချစ်တတ်ပြီး အမြင်များပြောင်းလဲကြည့်ပေးပါ။

ကောင်းကင်က ဒီလိုပဲပြာတယ်။ သစ်ပင်တွေက ဒီလိုစိမ်းစိုတယ်။ လူ့ဘဝဟာလည်း တကယ်တော့ ဒီလိုပဲ လှပတယ်။ နှစ်တစ်ထောင်မှ တစ်ခါ မဖြစ်တဲ့လူ့ဘဝကို တန်ဖိုးထားတတ်နိုင်ကြပါစေ…..။

Credit– စကားလက်ဆောင် တရားလက်ဆောင်

Young Buddhist Association

Leave a Reply

Your email address will not be published. Required fields are marked *