ဗဟုတုသ

ျခင္ကိုက္ဖုေတြ သက္သာေအာင္ လုပ္ေပးမယ့္ မီးဖိုထဲက အရာမ်ား

(Zawgyi)

ျခင္ကိုက္ဖုေတြ သက္သာေအာင္ လုပ္ေပးမယ့္ မီးဖိုထဲက အရာမ်ား

မိုးရာသီဟာ စိုထိုင္းလွတဲ့ အတြက္ ျခင္ေတြ ေပါက္ဖြားလို႔ အေကာင္းဆံုး ရာသီပါ။ ကေလး၊ လူႀကီး မေရြး ျဖစ္တတ္တဲ့ ငွက္ဖ်ား၊ တုပ္ေကြးေရာဂါေတြဟာ ျခင္ကေန တဆင့္ ကူးစက္တာေၾကာင့္ မိုးတြင္းဟာ ျခင္အႏၱာရာယ္ ဂရုစိုက္ရမယ့္ လပါ။ ျခင္ကိုက္သြားတဲ့ အခါမွာလည္း အခ်ိန္ အေတာ္ၾကာ ယားယံၿပီး အဖုအပိန္႔ေလးေတြ ထြက္လာတ့ဲ အခါ ကုတ္ဖဲ့ၾကရင္း အမာရြတ္ေတြ ျဖစ္ၿပီး အလွေတြ ေလွ်ာ့ရျပန္ပါတယ္။

အိမ္မွာပဲ အလြယ္တကူ ရွိတဲ့ အစားအစာေတြနဲ႔ ျခင္ကိုက္နာေတြကို သက္သာေအာင္ ျပဳလုပ္လို႔ ရပါတယ္။ မခက္ခဲတဲ့ နည္းလမ္းေကာင္းေလးေတြကို မွ်ေစပါရေစ။

၁။ လက္ဖက္စိမ္း အထုပ္ေလးေတြကို ေရခဲေသတၱာထဲ ခဏထည့္ထားပါ။ ေအးလာရင္ ျခင္ကိုက္ဖုေတြေပၚ ခဏတင္ထားလုိက္ပါ။ အေအးက အယားသက္သာေစၿပီး လက္ဖက္စိမ္းကေတာ့ အမာရြတ္မျဖစ္ေအာင္ ကာကြယ္ေပးပါလိမ့္မယ္။

၂။ ပ်ားရည္ တစ္စက္ေလာက္ကို အကိုက္ခံရတဲ့ ေနရာေပၚ ခပ္ပါးပါး လိမ္းေပးထားပါ။ အယားသက္သာၿပီး အေရျပားကို မထိခိုက္ေစဘဲသက္သာသြားပါမယ္။

၃။ အိမ္သံုးဆားကို နည္းနည္းယူၿပီး ပြတ္ေပးပါ။ ဒါမွမဟုတ္ သနပ္ခါးနဲ႔ ေရာေသြးၿပီး လိမ္းေပးပါ။ အယားသက္သာၿပီး ေရာင္ရမ္းသာ သက္သာေစပါတယ္။

၄။ ရွားေစာင္းလက္ပတ္ကို ခြဲၿပီး ကိုက္ခံရတဲ့ ေနရာေတြကို အံုေပးပါ။ အပင္မရွိရင္ ရွားေစာင္းလက္ပတ္ ၉၉ % ပါ၀င္တဲ့ cream တစ္ခုခု လိမ္းေပးထားပါ။

၅။ အလြယ္ဆံုးက ေရခဲပါ။ ေရခဲတံုးေလးေတြကုိ အကိုက္ခံရတဲ့ အေပၚ ပြတ္ေပးပါ။ အယားသက္သာေစၿပီး အဖုအပိန္႔ေတြသက္သာသြားပါလိမ့္မယ္။

၆။ သံပုသီးကို ျခမ္းၿပီး အဖုေတြေပၚကို ခပ္ဖြဖြ ပြတ္ေပးပါ။

၇။ ငွက္ေပ်ာသီး အခြံနဲ႔ လည္း ပြတ္ေပးရင္ သက္သာပါတယ္။

၈။ မုန္႔ဖုတ္ေပါင္ဒါကို ေရနဲ႔ ေရာၿပီး လိမ္းေပးရင္လည္း ရပါတယ္။

၉။ ပန္းသီးဗင္နီကာကို ကိုက္ခံထားရတဲ့ ေနရာေပၚ တို႔ေပးပါ။

zeenews

Credit: MyStyle Myanmar

(Unicode)

ခြင်ကိုက်ဖုတွေ သက်သာအောင် လုပ်ပေးမယ့် မီးဖိုထဲက အရာများ

မိုးရာသီဟာ စိုထိုင်းလှတဲ့ အတွက် ခြင်တွေ ပေါက်ဖွားလို့ အကောင်းဆုံးရာသီပါ။ ကလေး၊ လူကြီး မရွေး ဖြစ်တတ်တဲ့ ငှက်ဖျား၊ တုပ်ကွေးရောဂါတွေဟာ ခြင်ကနေတဆင့် ကူးစက်တာကြောင့် မိုးတွင်းဟာ ခြင်အန္တာရာယ် ဂရုစိုက်ရမယ့် လပါ။ ခြင်ကိုက်သွားတဲ့ အခါမှာလည်း အချိန် အတော်ကြာ ယားယံပြီး အဖုအပိန့်လေးတွေ ထွက်လာတဲ့ အခါ ကုတ်ဖဲ့ကြရင်း အမာရွတ်တွေ ဖြစ်ပြီး အလှတွေ လျှော့ရပြန်ပါတယ်။ အိမ်မှာပဲ အလွယ်တကူ ရှိတဲ့ အစားအစာတွေနဲ့ ခြင်ကိုက်နာတွေကို သက်သာအောင် ပြုလုပ်လို့ ရပါတယ်။ မခက်ခဲတဲ့ နည်းလမ်းကောင်းလေးတွေကို မျှစေပါရစေ။

၁။ လက်ဖက်စိမ်း အထုပ်လေးတွေကို ရေခဲသေတ္တာထဲ ခဏထည့်ထားပါ။ အေးလာရင် ခြင်ကိုက်ဖုတွေပေါ် ခဏတင်ထားလိုက်ပါ။ အအေးက အယားသက်သာစေပြီး လက်ဖက်စိမ်းကတော့ အမာရွတ်မဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

၂။ ပျားရည် တစ်စက်လောက်ကို အကိုက်ခံရတဲ့ နေရာပေါ် ခပ်ပါးပါး လိမ်းပေးထားပါ။ အယားသက်သာပြီး အရေပြားကို မထိခိုက်စေဘဲသက်သာသွားပါမယ်။

၃။ အိမ်သုံးဆားကို နည်းနည်းယူပြီး ပွတ်ပေးပါ။ ဒါမှမဟုတ် သနပ်ခါးနဲ့ ရောသွေးပြီး လိမ်းပေးပါ။ အယားသက်သာပြီး ရောင်ရမ်းသာ သက်သာစေပါတယ်။

၄။ ရှားစောင်းလက်ပတ်ကို ခွဲပြီး ကိုက်ခံရတဲ့ နေရာတွေကို အုံပေးပါ။ အပင်မရှိရင် ရှားစောင်းလက်ပတ် ၉၉ % ပါဝင်တဲ့ cream တစ်ခုခု လိမ်းပေးထားပါ။

၅။ အလွယ်ဆုံးက ရေခဲပါ။ ရေခဲတုံးလေးတွေကို အကိုက်ခံရတဲ့ အပေါ် ပွတ်ပေးပါ။ အယားသက်သာစေပြီး အဖုအပိန့်တွေသက်သာသွားပါလိမ့်မယ်။

၆။ သံပုသီးကို ခြမ်းပြီး အဖုတွေပေါ်ကို ခပ်ဖွဖွ ပွတ်ပေးပါ။

၇။ ငှက်ပျောသီး အခွံနဲ့ လည်း ပွတ်ပေးရင် သက်သာပါတယ်။

၈။ မုန့်ဖုတ်ပေါင်ဒါကို ရေနဲ့ ရောပြီး လိမ်းပေးရင်လည်း ရပါတယ်။

၉။ ပန်းသီးဗင်နီကာကို ကိုက်ခံထားရတဲ့ နေရာပေါ် တို့ပေးပါ။

zeenews

Credit: MyStyle Myanmar

 

Leave a Reply

Your email address will not be published. Required fields are marked *