သတင္း

ညလံုးေပါက္ ေျပးဆြဲေပးမည့္ ဝိုင္ဘီအက္စ္ လိုင္းကားတြ လာေတာ့မည္။

(Zawgyi)

ညႀကီးပိုင္း ဝိုင္ဘီအက္စ္ေတြ လာေတာ့မည္၊ တိုးခ်ဲ႕ေျပးဆြဲေစခ်င္သည္

ရန္ကုန္တိုင္းအတြင္းမွာ ဝိုင္ဘီအက္စ္စီးနင္းသူ ၂.၅ သန္းခန႔္ရွိေနၿပီး စုစုေပါင္း လူဦးေရရဲ႕ ၃၀ရာခိုင္ႏႈန္း အသုံးျပဳေနတယ္။

ညအခ်ိန္ ဝိုင္ဘီအက္စ္ကားေတြ မရွိလို႔ ေအာက္ဆိုက္ကားေတြနဲ႔ အိမ္ျပန္ေနရတဲ့ ခရီးသြားေတြအတြက္ ညအခ်ိန္ ၂၄နာရီပတ္လုံး ေျပးဆြဲမယ့္ ယဥ္လိုင္းေတြ ထြက္ေပၚလာမယ့္ကိစၥကို ညအခ်ိန္ အိမ္ျပန္မယ့္ ျပည္သူေတြ စိတ္ဝင္စားမႈ ရွိလာၾကပါတယ္။

“အင္းစိန္တို႔ ေျမာက္ဥကၠလာပကို ေအာက္ဆိုက္ကားခက ၁ဝဝဝ ေတာင္ေပးရတယ္၊ ညကားက ၅ဝဝ ေပးရရင္လဲ တန္ပါတယ္၊ အေျခခံ လူတန္းစားေတြေနတဲ့ ေနရာေတြကိုေရာက္တဲ့ ယာဥ္လိုင္းေတြကို ဦးစားေပးရင္ ပိုအဆင္ေျပ တာေပါ့” လို႔ ေအာက္ဆိုက္ကားနဲ႔ အိမ္အၿမဲတန္းျပန္ေနက် အင္းစိန္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ ကိုေအာင္ျမင့္က ေျပာပါတယ္။

သည္လ၂၅ ရက္ေန႔ကစၿပီး ျပည္လမ္းနဲ႔ကမာၻအးဘုရားလမ္း ခရီးသြားျပည္သူလူထုအတြက္ ၂၄နာရီ ဝန္ေဆာင္မႈ အေနနဲ႔ ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ရဲ႕ ႀကီးၾကပ္ကြပ္ကဲမႈနဲ႔ Omni Focus ယာဥ္လိုင္းက ေျပးဆြဲမယ္လို႔ သိရပါတယ္။

ရန္ကုန္ေလဆိပ္ကို ေျပးဆြဲေနတဲ့ Airport Shuttle ယာဥ္ လိုင္းအပါဝင္၊ YBS20,YBS56, YBS 83, YBS 98 နဲ႔ 99 ယာဥ္လိုင္းေတြကို ေျပးဆြဲဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

ခရီးစဥ္တစ္ေလွ်ာက္ မွတ္တိုင္တိုင္း ရပ္နားေပးမယ္လို႔  သိရၿပီး၊ မိမိေရာက္တဲ့ေနရာကေန အနီးဆုံးရွိမယ့္ ယာဥ္အားသိရွိႏိုင္ရန္ ကြန္ထ႐ိုးစင္တာကို၂၄နာရီ ဖုန္းဆက္ေမးျမန္းႏိုင္တယ္လို႔ ဆိုပါတယ္။ ယာဥ္ေပၚမွာ ယာဥ္ေမာင္းနဲ႔ အတူ လုံၿခဳံေရးတစ္ဦး ပါရွိၿပီး သည္ယာဥ္လိုင္းေတြနဲ႔ ပတ္သက္တဲ့ ဆကသြယ္ရန္ ဖုန္း နံပါတ္ေတြကေတာ့ ဖုန္း ဝ၉ ၄၂၁၂၂၂၆၂၂၊ ဝ၉ ၄၂၁၂၂၂၈၂၂၊ ဝ၉-၄၂၁၂ ၂၂၉၂၂ တို႔ျဖစ္ပါတယ္။

ရန္ကုန္ ကမာၻေအးဘုရားလမ္းအတိုင္း ေျပးဆြဲေနတဲ့ Air-port Shuttle ယာဥ္လိုင္းအပါအဝင္ ယာဥ္လိုင္းေျခာက္ခုကေနေျပးဆြဲေပးမွာ ျဖစ္ပါတယ္။ ျပည္လမ္း၊ ကမာၻေအးဘုရားလမ္းခရီးစဥ္ေတြကို ညစဥ္၁ဝး၃၀နာရီက စတင္ၿပီး မိနစ္ ၃၀ တစ္စီးျခား ဂိတ္လႊတ္ေပးမယ္လို႔ ေျပးဆြဲမယ့္ ကုမၸဏီက ေၾကညာထားပါတယ္။

“ေအာက္ဆိုက္ကားကိုစီးေနရတာက ဝိုင္ဘီအက္စ္ေတြမရွိလို႔ စီးေနရတာ၊ ကားေမာင္းတာက ၾကမ္းတာအျပင္၊ မီးနီေတြလဲ ျဖတ္ေမာင္းေနေတာ့ ဘုရားတၿပီး စီးေနရတဲ့ ဘဝက လြတ္သြားေတာ့ ညေျပးဆြဲမယ့္ ဒီအစီအစဥ္ကို ၾကားရတာ ႀကိဳဆိုပါတယ္” လို႔ ကုမၸဏီဝန္ထမ္း ကိုေက်ာ္စြာက ေျပာပါတယ္။

ညအခ်ိန္ေျပးဆြဲမယ့္ ကားေတြကိုၿမိဳ႕ထဲကေန အေဝးေျပး ကားကြင္းေတြဘက္ကို ေျပးဆြဲမယ့္ ယာဥ္လိုင္းေတြကိုပါတိုးခ်ဲ႕ ေျပးဆြဲဖို႔ ျပည္သူအခ်ိဳ႕က ဆႏၵရွိေနၾကပါတယ္။

ရန္ကုန္တိုင္းအစိုးရဟာ ခရီးသည္တင္ေမာ္ေတာ္ယာဥ္ သယ္ယူပို႔ေဆာင္ေရး အမ်ားပိုင္ကုမၺဏီေတြမွာ ထည့္ဝင္ရင္းႏွီးျမႇဳပ္ႏွံျခင္းအတြက္ ၇ဝဘီလ်ံ အသုံးျပဳဖို႔ လႊတ္ေတာ္က ခြင့္ျပဳထားပါတယ္။

ၾကားကားစီးရင္ ခရီးစဥ္အတို၊ အရွည္အလိုက္ ၃ဝဝ က်ပ္ကေန က်ပ္၅ဝဝ အထိေပးရတာျဖစ္ၿပီး တခ်ိဳ႕ေနရာေတြဆို ၁ဝဝဝ က်ပ္အထိ ေပးစီးေနရတာေၾကာင့္ ညအခ်ိန္ေျပးဆြဲမယ့္ ကားေတြကို က်ပ္ ၅ဝဝ ေကာက္လည္း ေပးဖို႔ အဆင္ေျပတယ္လို႔ ဝိုင္ဘီအက္စ္စီးသူ အခ်ိဳ႕က ေျပာပါတယ္။

ရန္ကုန္တိုင္းအတြင္းမွာ ဝိုင္ဘီအက္စ္ စီးနင္းသူ ၂.၅ သန္းခန႔္ ရွိေနၿပီး စုစုေပါင္း လူဦးေရရဲ႕ ၃၀ ရာခိုင္ႏႈန္း အသုံးျပဳေနတယ္လို႔ သိရပါတယ္။

ညအခ်ိန္ ဆူးေလကေန ေအာင္မဂၤလာအေဝးေျပးကြင္းကို တကၠစီငွားရင္ က်ပ္ ၈ဝဝဝ ကေန က်ပ္ ၁၀,ဝဝဝ အထိ ေတာင္းတာရွိၿပီး အခ်ိဳ႕အငွားယာဥ္ေမာင္းေတြက အေဝးေျပးကားကြင္းဆိုရင္ လိုက္မပို႔တာေတြနဲ႔ ႀကဳံေနရတာ ေၾကာင့္ သည္လိုေနရာေတြကို ေျပးဆြဲေစခ်င္တယ္လို႔ လမ္းမေတာ္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ မစိုးစိုးေအးက ေျပာပါတယ္။

သူက“ ညပိုင္းေျပးဆြဲတာကို တကယ္ကို သေဘာက်တာ၊ အေဝးေျပးကိုပါ ေျပးဆြဲေပးရင္ ပိုေကာင္းတယ္”လို႔လည္း သူက ဆက္ေျပာပါတယ္။

Author – ေအးေအးေအာင္

Credit – Kumudra

https://www.kumudranews.com/news-31191

(Unicode)

ညကြီးပိုင်း ဝိုင်ဘီအက်စ်တွေ လာတော့မည်၊ တိုးချဲ့ပြေးဆွဲစေချင်သည်

ရန်ကုန်တိုင်းအတွင်းမှာ ဝိုင်ဘီအက်စ်စီးနင်းသူ ၂.၅ သန်းခန့်ရှိနေပြီး စုစုပေါင်း လူဦးရေရဲ့ ၃၀ရာခိုင်နှုန်း အသုံးပြုနေတယ်။

ညအချိန် ဝိုင်ဘီအက်စ်ကားတွေ မရှိလို့ အောက်ဆိုက်ကားတွေနဲ့ အိမ်ပြန်နေရတဲ့ ခရီးသွားတွေအတွက် ညအချိန် ၂၄နာရီပတ်လုံး ပြေးဆွဲမယ့် ယဉ်လိုင်းတွေ ထွက်ပေါ်လာမယ့်ကိစ္စကို ညအချိန် အိမ်ပြန်မယ့် ပြည်သူတွေ စိတ်ဝင်စားမှု ရှိလာကြပါတယ်။

“အင်းစိန်တို့ မြောက်ဥက္ကလာပကို အောက်ဆိုက်ကားခက ၁ဝဝဝ တောင်ပေးရတယ်၊ ညကားက ၅ဝဝ ပေးရရင်လဲ တန်ပါတယ်၊ အခြေခံ လူတန်းစားတွေနေတဲ့ နေရာတွေကို ရောက်တဲ့ ယာဉ်လိုင်းတွေကို ဦးစားပေးရင် ပိုအဆင်ပြေတာပေါ့” လို့ အောက်ဆိုက်ကားနဲ့ အိမ်အမြဲတန်းပြန်နေကျ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ ကိုအောင်မြင့်က ပြောပါတယ်။

သည်လ၂၅ ရက်နေ့ကစပြီး ပြည်လမ်းနဲ့ကမ္ဘာအးဘုရားလမ်း ခရီးသွားပြည်သူလူထုအတွက် ၂၄နာရီ ဝန်ဆောင်မှု အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ Omni Focus ယာဉ်လိုင်းက ပြေးဆွဲမယ်လို့ သိရပါတယ်။

ရန်ကုန်လေဆိပ်ကို ပြေးဆွဲနေတဲ့ Airport Shuttle ယာဉ် လိုင်းအပါဝင်၊ YBS20,YBS56, YBS 83, YBS 98 နဲ့ 99 ယာဉ်လိုင်းတွေကို ပြေးဆွဲဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ခရီးစဉ်တစ်လျှောက် မှတ်တိုင်တိုင်း ရပ်နားပေးမယ်လို့  သိရပြီး၊ မိမိရောက်တဲ့နေရာကနေ အနီးဆုံးရှိမယ့် ယာဉ်အားသိရှိနိုင်ရန် ကွန်ထရိုးစင်တာကို၂၄နာရီ ဖုန်းဆက်မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။ ယာဉ်ပေါ်မှာ ယာဉ်မောင်းနဲ့အတူ လုံခြုံရေးတစ်ဦး ပါရှိပြီး သည်ယာဉ်လိုင်းတွေနဲ့ ပတ်သက်တဲ့ ဆကသွယ်ရန် ဖုန်း နံပါတ်တွေကတော့ ဖုန်း ဝ၉ ၄၂၁၂၂၂၆၂၂၊ ဝ၉ ၄၂၁၂၂၂၈၂၂၊ ဝ၉-၄၂၁၂ ၂၂၉၂၂ တို့ဖြစ်ပါတယ်။

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းအတိုင်း ပြေးဆွဲနေတဲ့ Air-port Shuttle ယာဉ်လိုင်းအပါအဝင် ယာဉ်လိုင်းခြောက်ခုကနေပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်းခရီးစဉ်တွေကို ညစဉ်၁ဝး၃၀နာရီက စတင်ပြီး မိနစ် ၃၀ တစ်စီးခြား ဂိတ်လွှတ်ပေးမယ်လို့ ပြေးဆွဲမယ့် ကုမ္ပဏီက ကြေညာထားပါတယ်။

“အောက်ဆိုက်ကားကိုစီးနေရတာက ဝိုင်ဘီအက်စ်တွေမရှိလို့ စီးနေရတာ၊ ကားမောင်းတာက ကြမ်းတာအပြင်၊ မီးနီတွေလဲ ဖြတ်မောင်းနေတော့ ဘုရားတပြီး စီးနေရတဲ့ ဘဝက လွတ်သွားတော့ ညပြေးဆွဲမယ့် ဒီအစီအစဉ်ကို ကြားရတာ ကြိုဆိုပါတယ်” လို့ ကုမ္ပဏီဝန်ထမ်း ကိုကျော်စွာက ပြောပါတယ်။

ညအချိန်ပြေးဆွဲမယ့် ကားတွေကို မြို့ထဲကနေ အဝေးပြေး ကားကွင်းတွေဘက်ကို ပြေးဆွဲမယ့် ယာဉ်လိုင်းတွေကိုပါတိုးချဲ့ ပြေးဆွဲဖို့ ပြည်သူအချို့က ဆန္ဒရှိနေကြပါတယ်။

ရန်ကုန်တိုင်းအစိုးရဟာ ခရီးသည်တင်မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ဗဏီတွေမှာ ထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်းအတွက် ၇ဝဘီလျံ အသုံးပြုဖို့ လွှတ်တော်က ခွင့်ပြုထားပါတယ်။

ကြားကားစီးရင် ခရီးစဉ်အတို၊ အရှည်အလိုက် ၃ဝဝ ကျပ်ကနေ ကျပ်၅ဝဝ အထိပေးရတာဖြစ်ပြီး တချို့နေရာတွေဆို ၁ဝဝဝ ကျပ်အထိ ပေးစီးနေရတာကြောင့် ညအချိန်ပြေးဆွဲမယ့် ကားတွေကို ကျပ် ၅ဝဝ ကောက်လည်း ပေးဖို့ အဆင်ပြေတယ်လို့ ဝိုင်ဘီအက်စ်စီးသူ အချို့က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ဝိုင်ဘီအက်စ် စီးနင်းသူ ၂.၅ သန်းခန့် ရှိနေပြီး စုစုပေါင်း လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်း အသုံးပြုနေတယ်လို့ သိရပါတယ်။

ညအချိန် ဆူးလေကနေ အောင်မင်္ဂလာအဝေးပြေးကွင်းကို တက္ကစီငှားရင် ကျပ် ၈ဝဝဝ ကနေ ကျပ် ၁၀,ဝဝဝ အထိ တောင်းတာရှိပြီး အချို့အငှားယာဉ်မောင်းတွေက အဝေးပြေးကားကွင်းဆိုရင် လိုက်မပို့တာတွေနဲ့ ကြုံနေရတာကြောင့် သည်လိုနေရာတွေကို ပြေးဆွဲစေချင်တယ်လို့ လမ်းမတော်မြို့နယ်မှာ နေထိုင်တဲ့ မစိုးစိုးအေးက ပြောပါတယ်။

သူက“ ညပိုင်းပြေးဆွဲတာကို တကယ်ကို သဘောကျတာ၊ အဝေးပြေးကိုပါ ပြေးဆွဲပေးရင် ပိုကောင်းတယ်”လို့လည်း သူက ဆက်ပြောပါတယ်။

Author – အေးအေးအောင်

Credit – Kumudra

https://www.kumudranews.com/news-31191

Leave a Reply

Your email address will not be published. Required fields are marked *