ဗဟုတုသ

ခဏခဏ လာမေးကြလို့ပါ Adminကတော့ ဒီနည်းနဲ့ အဆင်ပြေပါတယ်။

ခဏခဏ လာမေးကြလို့ပါ။ Adminကတော့ ဒီနည်းနဲ့အဆင်ပြေပါတယ်။

အိပ်မပျော်တဲ့အခါ ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူတစ်မွှာထားကြည့်ပါ။

တကယ်တော့ ကြက်သွန်ဖြူဟာ ကယ်လိုရီများတဲ့အရာဖြစ်ပြီး ကြက်သွန်ဖြူ ၁၀၀ ဂရမ်မှာ ကယ်လိုရီပမာဏ ၁၀၀ အထိ ရှိပါသတဲ့။

ကြက်သွန်ဖြူဟာ မီးဖိုချောင်တိုင်းမှာ အမြဲတမ်းရှိနေတဲ့အရာဖြစ်ပြီး ဆေးဘက်ဝင်တဲ့အရာလည်း ဖြစ်ပါတယ်။ အနံ့၊ အရသာအတွက် ချက်ပြုတ်ရာမှာ ထည့်သွင်းနိုင်ရုံသာမက ဆေးဝါးအဖြစ်နဲ့လည်း ဖော်စပ်အသုံးပြုနိုင်ပါတယ်။ တကယ်တော့ ကြက်သွန်ဖြူဟာ ကယ်လိုရီများတဲ့အရာဖြစ်ပြီး ကြက်သွန်ဖြူ ၁၀၀ ဂရမ်မှာ ကယ်လိုရီပမာဏ ၁၀၀ အထိ ရှိပါသတဲ့။ ဒါပေမဲ့ ကြက်သွန်ဖြူဆိုတာ အများကြီးစားတဲ့အရာမဟုတ်တော့ သိပ်ပြဿနာမရှိပါဘူး။

ဆေးဘက်ဝင်တဲ့ကြက်သွန်ဖြူဟာ အိပ်မပျော်နိုင်သူတွေအတွက်လည်း အကူအညီပေးပါသေးတယ်။ ကြက်သွန်ဖြူတစ်မြွှာကို အခွံမနွှာဘဲ ခေါင်းအုံးအောက်မှာထားပြီးအိပ်ကြည့်ပါ။ ကြက်သွန်ဖြူမှာပါဝင်တဲ့ ဆာလ်ဖာဒြပ်ပေါင်းနဲ့ အနံ့ဟာ စိတ်ကိုတည်ငြိမ်စေတာကြောင့် ကောင်းမွန်စွာ အိပ်ပျော်စေပါလိမ့်မယ်။

အစပိုင်းမှာတော့ အနံ့ယဉ်ဖို့ မလွယ်ပေမဲ့ နောက်ပိုင်းတော့ တဖြည်းဖြည်း အသားကျပြီး ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ အရင်ကထက်ပိုပြီး မြန်မြန်ဆန်ဆန်အိပ်ပျော်သွားမှာဖြစ်ပါတယ်။
အဆင်ပြေကြပါစေ

Natural Cure

Leave a Reply

Your email address will not be published. Required fields are marked *