သတင်း

သရဲ နဲ့ချစ်သူဖြစ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ မှားခဲ့ဖူးတယ်ဆိုတဲ့ အာဂအမျိုးသမီးများ

သရဲ နဲ့ချစ်သူဖြစ်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ မှားခဲ့ဖူးတယ်ဆိုတဲ့ အာဂအမျိုးသမီးများ
By Lwin Pyin –

လူတွေဟာ ထူးဆန်းတဲ့ သတ္တဝါတွေပါပဲ။တခါတလေမှာ ထူးဆန်းတာတွေ ဖြစ်တတ်သလို ထူးဆန်းတာတွေ လုပ်တတ်ကြပါတယ်။အခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ အမျိုးသမီး တချို့ဟာ သရဲ နဲ့ လိင်ဆက်ဆံခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့သူတွေဖြစ်ပါတယ်။သူတို့ဟာ သရဲနဲ့ ဘယ်လိုများ လိင်လက်တွဲဖော်ဖြစ်ခဲ့ကြတာလဲ။

1

Sian Jameson ဆိုတဲ့ အမေရိကန် အမျိုးသမီးပြောပြတာတော့ ထူးဆန်းပါတယ်။ညဘက်ဆို သူ့ရဲ့အဖော်က အိပ်ခန်းလာလေ့ရှိတယ်ဆိုတာပါပဲ။သူရဲ့ အဖော်ဟာ Robert ဆိုတာဖြစ်ပြီး သူမ အဆိုရဆိုရင် သူဟာ မျက်ဝန်းညိုတွေရှိပြီး သူ့ရဲ့ သန်မာတဲ့ ကိုယ်လုံးကိုယ်ထည်က သူမကို သိမ်းသွင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။သူဟာ တခြား ဘယ်ယောက်ျားကိုမှ စိတ်မဝင်စားပဲ သေဆုံးပြီးသား သရဲ ဖြစ်နေတဲ့ Robert ကိုသာ စိတ်ဝင်စားပြီးသူနဲ့ ညတိုင်းနီးပါး လိင်မှုကိစ္စပြီးမြောက်ခဲ့တယ်လို့ ပြောပါတယ်။နောက်တော့ သူဟာ ငရဲကို သွားရတဲ့အခါ သူမ 2 နှစ် တိတိ အသည်းကွဲခဲ့တယ်လို့ ဆိုပါတယ်။

2

သူတို့ဟာ တချိန်မှာ ပြန်ဆုံနိုင်ဖို့တောင် အလားအလာမရှိတော့ စုံတွဲအဖြစ် Sian Jameson ဟာ စဉ်းစားမိတိုင်း ရူးသွပ်ဖွယ် ခံစားရတယ်လို့ ဆိုပါတယ်။နောက်တော့ သူမရဲ့ စိတ်ဟာ တည်ငြိမ်လာပြီး ထို 2 နှစ်တာ ကာလအတွင်းမှာ Robert ကို သရဲဖမ်းသူနဲ့ လိုက်ရှာခဲ့ပါသေးတယ်။

3

ဒါမျိုးက သူတစ်ယောက်ထဲ မဟုတ်ပဲ နောက်ထပ် Amethyst ဆိုတဲ့ ကောင်မလေးဟာ ဖုန်းနံပါတ်တွေနှိပ်ပြီး သရဲခေါ်တမ်း ကစားတဲ့ ဂိမ်းတွေ ဆော့ရင်းနဲ့ နောက်ပိုင်း အဆင်မြင့်ကာ ကြမ်းပြင်မှာ သွေးနဲ့ ရေးခြစ်ပြီး ဖယောင်းတိုင်တွေထွန်းကာ သရဲခေါ်ခဲ့ပါတယ်။ရောက်လာတဲ့ သရဲက သူ့ကို တိုက်ခိုက်ဖို့ မေ့ခဲ့သလို သူကလည်း ကြောက်ဖို့မေ့ခဲ့တယ်လို့ ဆိုပါတယ်။သူမဟာ ချက်ချင်းဆိုသလို အိပ်မွေ့ကျသလို ခံစားရပြီး အင်မတန်ချောတဲ့ ကောင်လေးကို သရဲလို့ မသတ်မှတ်မိပဲ အတူပျော်ခဲ့တာဖြစ်ပါတယ်။သူတို့ဟာ နေ့စဉ်ပျော်ခဲ့ကြပါတယ်။ဒါပေမယ့် Amethyst ဟာ တခါတလေ သူ့ကျောင်းက ကောင်လေးတွေ ခေါ်အိပ်တဲ့ ရက်ဆို သူမရဲ့ သရဲကောင်လေးနဲ့ ပြဿနာတတ်ရတယ်လို့ ဆိုပါတယ်။နောက်ပိုင်းမှာ တော့ သူဟာ ဒီသရဲနဲ့ လက်ထပ်ခဲ့ပြီး လက်ထပ်ပွဲညမှာပဲ သရဲက ပေါ်မလာတော့တာ အခုချိန်ထိ ဖြစ်တယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။

4

Ann Elizabeth ဆိုတဲ့ အမျိုးသမီးငယ်လေးဟာ တရက် ရူပဗေဒပုဒ်စာတွေတွက်ရင်းအိပ်ပျော်သွားပါတယ်။သူဟာ အိပ်မက်လို တကယ်လိုနဲ့ သူ့နဲ့ ခပ်လှမ်းလှမ်းမှာ ရပ်ကြည့်နေတဲ့ အဝတ်မပါတဲ့ အမျိုးသားသရဲတစ်ကောင်ကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။သူမထွက်ပြေးဖို့ ကြံစည်မိပေမယ့် ဒီသရဲရဲ့ ကြံခိုင်ပြီး ကြွက်သားတွေ အမြှောင်းလိုက်ထနေတဲ့ ငရဲသားလို ခန္ဓာနဲ့ လိင်အင်္ဂါက သူမကို ဆွဲဆောင်ခဲ့တာလို့ ဆိုပါတယ်။သူမနဲ့ နီးကပ်လာပြီး ရမက်ခိုးတွေ တောက်လောင်နေတဲ့ မီးတောက်လို မျက်ဝန်းက သူမရဲ့ လှုပ်ခတ်လွယ်တဲ့ အပျိုဖြန်းလေးစိတ်ကို ပြာကျခဲ့တာလို့ ပြောခဲ့ပြီး ဒီအရိုင်းအစိုင်းကောင်နဲ့ ခြောက်လ အနှိပ်စက်ခံပြီးမှ သူမဟာ မှားမှန်းနောင်တရလို့ တရားဟော ဆရာတွေနဲ့ မောင်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

5

Joy ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာလည်း ဒီလိုပါပဲ။သူမဟာ ကောင်လေးတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့တယ်လို့ သူ့သူငယ်ချင်းတွေကို ပြောခဲ့ပါတယ်။သူမရဲ့ ချစ်သူကို ဘယ်သူမမြင်ရပါဘူး။ဘာလို့လဲဆိုတော့ သရဲဖြစ်နေလို့ပါပဲ။သူ့ကောင်လေးဟာ သူ့ကို သဝန်တိုတဲ့အခါ စိတ်ဆိုးတဲ့အခါ မူရင်းရုပ်ကို ပြခဲ့ပါတယ်။သူမဟာ ဒီကောင်လေးနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး ထူးဆန်းစွာ သေဆုံးခဲ့ပါတယ်။

6

Laura Hale ဆိုတဲ့ အမျိုးသမီးကလည်း သူ့ပထမဆုံးအပျိုရည်ကို သရဲတစ်ကောင်က ယူသွားတယ်လို့ပြောပါတယ်။ဒီအဖြစ်အပျက်ကို သူမအနေနဲ့ သေချာတော့ မမှတ်မိခဲ့ဘူးလို့ ပြောပါတယ်။

7

Louisiana ဆိုတဲ့ အသက် 23 နှစ်အရွယ် ကောင်မလေးဟာလည်း ဒီလိုပါပဲ။သူမဟာ အိပ်နေစဉ်မှာ အိပ်မက်လို တကယ်လို သရဲတစ်ကောင်ရဲ့ အကိုင်အတွယ်အပွတ်အသတ်ကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ဒီအတွေ့အကြုံကို လွန်ဆန်လို့မရပဲ သူမဟာ ဒီသရဲနဲ့ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။နောက်တော့ ကြောက်လန့်ပြီး အဆောင်ပြောင်းခဲ့တာဖြစ်ပါတယ်။ သူနဲ့ ဖြစ်ခဲ့တဲ့ သရဲဟာ အစာအိမ်သွေးကြောပေါက် သေခဲ့တာဖြစ်ပြီး သှူုခန္ဓာကိုယ်ဟာ အကောင်းတိုင်း ရှိနေတော့ ဖြစ်မိတာပေါ့လို့ဆိုပါတယ်။

8

2010 တုန်းက အမည်မသိ စာရေးဆရာရေးခဲ့တဲ့ သင်တို့ရဲ့ သရဲပုံပြင်ဆိုတဲ့ စာအုပ်မှာ အမျိုးသမီးတွေရဲ့ ပုံနဲ့ ဝန်ခံချက်တွေပါဝင်ခဲ့ပါတယ်။

9

အမျိုးသမီးတစ်ဦးဟာ စလွန်းတစ်ခုက ပြန်လာပြီး သူမ ကားထဲကို သရဲတစ်ကောင် လိုက်လာခဲ့တယ်လို့ ဆိုပါတယ်။ဒါကို သူမဟာ ညလယ်လောက်မှ သိရပြီး သူ့ကို အကြိမ်ကြိမ် ဆန္ဒပြီးမြောက်အောင် ဆော့ကစားခဲ့တ်လို့ ဆိုပါတယ်။ဒီလိုမျိုး တပတ်ဆက်တိုက်ဖြစ်ခဲ့တာဖြစ်ပါတယ်။သရဲဟာ လူနဲ့ တထေရာရာတူတာမဟုတ်ပဲ ပုံစံကွဲတာတွေရှိပြီး ကြောက်မက်ဖွယ်ပုံစံလို့ သူမပြောပါတယ်။ဒါပေမယ့် သူမဟာ မလွန်ဆန်နိုင်ခဲ့ပဲ နောက်မှ ဘာသာရေးဆရာတွေ ခေါ်ယူကာ ချွတ်လိုက်ရတာဖြစ်ပါတယ်။

Credit: Cantwait2say

Leave a Reply

Your email address will not be published. Required fields are marked *