သတင္း

လုံးဝမေပါ့ေလ်ာ့သင့္ေသာ ေလျဖတ္ခါနီးျပတတ္တဲ့ လကၡဏာ(၆)ခ်က္

(Zawgyi)

လုံးဝမေပါ့ေလ်ာ့သင့္ေသာ ေလျဖတ္ခါနီးျပတတ္တဲ့ လကၡဏာ(၆)ခ်က္

လူသားမ်ား ႐ုတ္တရက္ေသဆုံးျခင္းနဲ႔ မသန္မစြမ္းျဖစ္ရျခင္းေတြမွာ ေလျဖတ္ေရာဂါဟာ အဓိက အေၾကာင္းရင္းအေနနဲ႔ပါဝင္ပါတယ္။ ေလျဖတ္တာကို ေဆးပညာအရ Stroke လို႔ေခၚပါတယ္။ ေလျဖတ္ျခင္းမွာ အဓိကအားျဖင့္ –

၁။ ဦးေႏွာက္အတြင္း ေသြးေၾကာပိတ္လို႔ ေလျဖတ္ျခင္း(ဦးေႏွာက္ထဲမွာရွိတဲ့ ေသြးေၾကာငယ္ေလးေတြ က်ဥ္းၿပီးပိတ္တာေၾကာင့္၊ သို႔မဟုတ္ တျခားေသြးေၾကာႀကီးေတြထဲက ေသြးခဲက လာပိတ္တာေၾကာင့္ ျဖစ္တဲ့ေလျဖတ္ျခင္း) ဆိုတဲ့ Ischaemic stroke

၂။ ဦးေႏွာက္အတြင္း ေသြးေၾကာေပါက္လို႔ ေလျဖတ္ျခင္း (ဦးေႏွာက္အတြင္း ေသြးေၾကာေလးမ်ား ေသြးေပါင္ခ်ိန္တက္လို႔ ေပါက္ထြက္တာေၾကာင့္ျဖစ္တဲ့ ေလျဖတ္ျခင္း)ဆိုတဲ့ Hypertensive stroke ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။

႐ုတ္တရက္ေလျဖတ္ၿပီးၿပီးခ်င္း တမိနစ္ၾကာတိုင္းမွာ ဦးေႏွာက္အတြင္းရွိ ဆဲလ္ေပါင္း ၁ဒသာမ ၉သန္းဟာ ေသြးေကာင္းစြာမရတဲ့အတြက္ ပ်က္စီးရပါတယ္။ ေလျဖတ္တဲ့အခ်ိန္နဲ႔ ေဆးကုသမႈရတဲ့ အခ်ိန္ႏွစ္ခုၾကား အခ်ိန္ကာလဟာ ၾကာေလေလ ဦးေႏွာက္ထဲက ဆဲလ္ေတြ ထိခိုက္ပ်က္စီးႏႈန္း မ်ားေလေလပါပဲ။ ေလျဖတ္ျဖတ္ခ်င္း ေစာစီးစြာ ကုသမႈရခဲ့ပါက ဦးေႏွာက္ဆဲလ္ပ်က္စီးမႈ အရမ္းမမ်ားေသးတဲ့အတြက္ လူနာဟာ အေကာင္းပတိအတိုင္း ျပန္လည္ေကာင္းမြန္ဖို႔အခြင့္အေရး ပိုမ်ားပါတယ္။

ေလျဖတ္မႈ အခ်ိန္ၾကာျမင့္ရင္(ဆိုလိုတာက ေလျဖတ္ျဖတ္ခ်င္း သင့္ေတာ္တဲ့ ေဆးကုသမႈမရဘဲ ၾကာေနရင္) ဦးေနာက္ဆဲလ္ပ်က္စီးမႈမ်ားတဲ့အတြက္ လူနာဟာ စကားေျပာဖို႔ခက္ခဲတာ၊ မွတ္ဉာဏ္ေတြ ဆုံးရႈံးတာနဲ႔ ေျခလက္ျပန္လည္လႈပ္ရွားႏိုင္ေျခနည္းသြားတာေတြျဖစ္ဖို႔ ပိုအခြင့္အေရးမ်ားပါတယ္။ ဒါေၾကာင့္ ေလျဖတ္ေရာဂါလကၡဏာ ခံစားရရခ်င္းမွာ ေဆးခန္း ေဆး႐ုံျပၿပီး ေစာစီးစြာကုသမႈခံယူဖို႔က အလြန္အေရးႀကီးပါတယ္။ သို႔ေသာ္ လူအမ်ားဟာ ေလျဖတ္ခါနီးျပေလ့ရွိတဲ့ ေရာဂါလကၡဏာေတြကို သတိမမႈဘဲ သို႔မဟုတ္ သတိမူမိေသာ္လည္း သာမန္ကာလွ်ံကာ သေဘာထားကာ လ်စ္လ်ဴရႈမိတတ္ၾကပါတယ္။ ဒီအတြက္ ဒီတပတ္မွာ လူအမ်ားသတိထားေလ့မရွိတဲ့ ေလျဖတ္ခါနီးရင္ ျပတတ္ေသာ လကၡဏာ (၆)ခ်က္ကို ေရးသားတင္ျပခ်င္ပါတယ္။

၁။ ေခါင္းတအားကိုက္ျခင္း

လူတိုင္းနီးပါး ေခါင္းကိုက္တတ္ပါတယ္။ ေခါင္းကိုက္ရျခင္း အေၾကာင္းေတြကလည္း အမ်ားႀကီးပါ။ ဒါေၾကာင့္ေခါင္းကိုက္တာကို လူအမ်ားစုက သိပ္အေလးထားေလ့ မရွိတတ္ၾကပါဘူး။ သို႔ေသာ္ အခုတခါ ေခါင္းကိုက္တာက အရင္အခါေတြနဲ႔မတူေအာင္ တအားျပင္းျပင္းထန္ထန္ကိုက္တာ သို႔မဟုတ္ အရင္က တခါမွ ေခါင္းကိုက္တာမျဖစ္ဘဲ ခုမွေခါင္းကိုက္တာ မ်ိဳးဆိုရင္ေတာ့ ဒါဟာေလျဖတ္ေရာဂါလကၡဏာ ျဖစ္ႏိုင္ေျခရွိပါတယ္။ ကြဲကြဲျပားျပားကေတာ့ ဆရာဝန္ေတြက စမ္းသပ္စစ္ေဆးၾကည့္မွ သိမွာျဖစ္တဲ့အတြက္ ေပါ့ေပါ့တန္တန္ သေဘာမထားဘဲ နီးစပ္ရာေဆး႐ုံ ေဆးခန္းျပသဖို႔လိုပါတယ္။

၂။ အျမင္အာ႐ုံက တခုကို ႏွစ္ရိပ္ႏွစ္ထပ္ ျမင္ရျခင္း

အရာဝတၳဳတခုကို ႏွစ္ရိပ္ႏွစ္ထပ္ ျမင္ရျခင္း၊ အျမင္မႈန္ဝါးျခင္း၊ မ်က္စိတဖက္ ႐ုတ္တရက္ မျမင္ရျခင္း စတာေတြဟာ ေလျဖတ္ျခင္းရဲ႕ ေရာဂါလကၡဏာေတြ ျဖစ္ႏိုင္ပါတယ္။ သို႔ေပမယ့္ လူအမ်ားစုဟာ ဒီလိုႏွစ္ရိပ္ႏွစ္ထပ္ျဖစ္တာ၊ အျမင္မႈန္ဝါးတာေတြ ျဖစ္ရျခင္းက ပင္ပန္းႏြမ္းနယ္လို႔ အသက္ႀကီးလို႔ ျဖစ္ရတာလို႔ပဲ မွတ္ယူၿပီး ေပါ့ေပါ့ဆဆ ေနတာမ်ားပါတယ္။ အေရးေပၚေဆးကုသမႈ ပညာရပ္အထူးကု ဆရာဝန္တဦးျဖစ္တဲ့ ေဒါက္တာ ကာ႐ိုလင္းကေတာ့ လူအမ်ားစုထင္သလို ျမင္ကြင္းအာ႐ုံ ႏွစ္ရိပ္ႏွစ္ထပ္ျမင္ရျခင္း၊ အျမင္ဝါးျခင္းေတြဟာ အသက္ႀကီးလို႔ ပင္ပန္းႏြမ္းနယ္လို႔ မ်က္စိအသုံးမ်ားလို႔ျဖစ္တာ မဟုတ္ႏိုင္ဘဲ ေလျဖတ္ျခင္းရဲ႕ လကၡဏာ ျဖစ္ႏိုင္ေျခပိုမ်ားေၾကာင္း ေျပာထားပါတယ္။

၃။ အိပ္ရာအထ လက္ေမာင္းနဲ႔ေျခေထာက္မ်ား ထုံက်င္ေနျခင္း

တေရးအိပ္ၿပီး ႏိုးလာတဲ့အခါ ေျခလက္ေတြ ထုံက်င္တာမ်ိဳးျဖစ္ရင္ ငါအခ်ိန္ၾကာႀကီး ဖိအိပ္မိလို႔ျဖစ္တာပဲဆိုၿပီး လူအမ်ားစုက အလြယ္တကူ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ ယူဆတတ္ၾကပါတယ္။သို႔ေသာ္ ဒီထုံက်င္ေနတာဟာ ၁၅မိနစ္ ကေန နာရီဝက္ၾကာတဲ့အခ်ိန္ထိ ေပ်ာက္ကင္းသက္သာမႈ မရွိရင္ေတာ့ ေဆးခန္းျပသဖို႔ လိုပါတယ္။ဘ ာလို႔လဲဆိုေတာ့ ဒီလိုထုံတာက်င္တာဆက္ျဖစ္ေနျခင္းဟာ သင့္ေက်ာ႐ိုးမွ ဦးေခါင္းေနာက္ပိုင္းသို႔သြားတဲ့ ေသြးေၾကာထဲမွာ အေၾကာင္းတခုခုေၾကာင့္ ေသြးစီးဆင္းမႈ ေလ်ာ့နည္းသြားျခင္းေၾကာင့္ ျဖစ္ႏိုင္လို႔ပါ။

၄။ စကားေျပာရာတြင္ ဗလုံးဗေထြးျဖစ္ျခင္း

လူအခ်ိဳ႕က စကားေျပာရာမွာ ဗလုံးဗေထြးျဖစ္လာရင္ စိုးရိမ္ၿပီး ေဆးခန္းျပတတ္ၾကေပမယ့္ လူအမ်ားစုကေတာ့ ဒီလိုစကားေျပာရာမွ ဗလုံးဗေထြးျဖစ္တာဟာ ပင္ပန္းလို႔ သို႔မဟုတ္ မိမိေသာက္သုံးေနတဲ့တခ်ိဳ႕ေသာ ေဆးဝါးမ်ားရဲ႕ (ဥပမာ တခ်ိဳ႕ကိုက္ခဲနာက်င္မႈ ေပ်ာက္ေဆးမ်ား)ေဘးထြက္ဆိုးက်ိဳးျဖစ္မယ္လို႔ ယူဆၿပီး ေပါ့ေပါ့ဆဆ ေနတတ္ၾကပါတယ္။စကားမ်ား ဗလုံးဗေထြးျဖစ္တာဟာ ေလျဖတ္ႏိုင္တဲ့ အေၾကာင္းတခုျဖစ္ဖို႔ ျဖစ္ႏိုင္ေျခပိုမ်ားတာေၾကာင့္ ဆရာဝန္နဲ႔ျပသစစ္ေဆးၿပီး ကုသမႈခံယူဖို႔လိုပါတယ္။ စကား ဗလုံးဗေထြးျဖစ္တာနဲ႔ တြဲျဖစ္တတ္တာေတြကေတာ့ မ်က္ႏွာတျခမ္း ႐ြဲ႕သြားတာ ျဖစ္ပါတယ္။

၅။ ခႏၶာကိုယ္ ဟန္ခ်က္မထိန္းႏိုင္ဘဲ ဒယိမ္းဒယိုင္ျဖစ္ျခင္း

လူတခ်ိဳ႕က အထူးသျဖင့္ အရက္ေသာက္တဲ့သူေတြဆိုရင္ ခႏၶာကိုယ္ဟန္ခ်က္ပ်က္ၿပီး ဒယိမ္းဒယိုင္ျဖစ္တာဟာ သူတို႔မေန႔ညတုန္းက အေသာက္မ်ားသြားလို႔ ဒီမနက္ဒီလိုျဖစ္တာလို႔ ယူဆတတ္ၾကပါတယ္။ တခ်ိဳ႕က်ေတာ့လည္း အိပ္ေရးပ်က္လို႔ ပင္ပန္းလို႔ အစားေသာက္နည္းလို႔ ေခြၽးထြက္လြန္လို႔ ျဖစ္တယ္လို႔ ယူဆတတ္ၾကပါတယ္။ ဒယိမ္းဒယိုင္ျဖစ္ၿပီး ဟန္ခ်က္ပ်က္တာဟာ သင့္ရဲ႕ ဦးေႏွာက္ဆီကို ေသြးစီးဆင္းမႈ ေလ်ာ့နည္းသြားတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႐ုတ္တရက္ ဒီလိုမ်ိဳးျဖစ္လာၿပီဆိုပါက နီးစပ္ရာကို အကူအညီေတာင္းၿပီး ေဆးခန္းျပဖို႔ လိုပါတယ္။

၆။ ဇေဝဇဝါျဖစ္ၿပီး စိတ္ရႈပ္ေထြးကာ စိတ္ခံစားမႈမ်ား မၾကည္မလင္ ျဖစ္လာျခင္း

ဒီေခတ္မွာ စားဝတ္ေနေရးၾကပ္တည္းလို႔ ႐ုန္းကန္ေနရၿပီး စိတ္ရႈပ္ေထြးမႈေတြ မၾကာခဏခံစားရတတ္ၿပီး စိတ္မၾကည္မလင္ေတြျဖစ္တတ္ပါတယ္။ စိတ္ရႈပ္ေထြးတဲ့အခါမွာ အေၾကာင္းအရာတခုကို ျပန္မွတ္မိရန္၊ စကားတလုံးေျပာရန္အတြက္ အခ်ိန္ေပး စဥ္းစားရတဲ့အခါမ်ိဳးေတြ လူတိုင္းမွာရွိႏိုင္ေပမယ့္ အခ်ိန္ၾကာျမင့္စြာ စဥ္းစားမရျခင္း၊ တခုခုကိုေျပာရန္ အခ်ိန္အၾကာႀကီး အာ႐ုံစိုက္စဥ္းစားေသာ္လည္း ေပၚမလာျခင္း၊ ေျပာမရျခင္းေတြ ျဖစ္ခဲ့ရင္ေတာ့ ေဆးခန္းျပၿပီး စမ္းသပ္စစ္ေဆးမႈေတြ လုပ္သင့္ပါတယ္လို႔ အေရးေပၚ ေဆးပညာရပ္အထူးကုဆရာဝန္ ေဒါက္တာကာ႐ိုလင္းက အႀကံျပဳထားပါတယ္။

႐ုတ္တရက္ စိတ္ရႈပ္ေထြးကာ စိတ္ခံစားမႈေတြမၾကည္မလင္ျဖစ္ျခင္းဟာလည္း ေလျဖတ္ခါနီး လကၡဏာတခုအေနနဲ႔ ျဖစ္ႏိုင္ေျခမ်ားတဲ့လကၡဏာ မို႔လို႔ပါ။

မွီျငမ္း – Reader Digest May 2018

Credit-on doctor

(Unicode)

လုံးဝမပေါ့လျော့သင့်သော လေဖြတ်ခါနီးပြတတ်တဲ့ လက္ခဏာ(၆)ချက်

လူသားများ ရုတ်တရက်သေဆုံးခြင်း နဲ့ မသန်မစွမ်းဖြစ်ရခြင်းတွေမှာ လေဖြတ်ရောဂါဟာ အဓိက အကြောင်းရင်းအနေနဲ့ပါဝင်ပါတယ်။ လေဖြတ်တာကို ဆေးပညာအရ Stroke လို့ခေါ်ပါတယ်။

လေဖြတ်ခြင်းမှာ အဓိကအားဖြင့်

၁။ ဦးနှောက်အတွင်း သွေးကြောပိတ်လို့ လေဖြတ်ခြင်း(ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောငယ်လေးတွေ ကျဉ်းပြီးပိတ်တာကြောင့်၊ သို့မဟုတ် တခြားသွေးကြောကြီးတွေထဲက သွေးခဲက လာပိတ်တာကြောင့် ဖြစ်တဲ့လေဖြတ်ခြင်း) ဆိုတဲ့ Ischaemic stroke

၂။ ဦးနှောက်အတွင်း သွေးကြောပေါက်လို့ လေဖြတ်ခြင်း (ဦးနှောက်အတွင်း သွေးကြောလေးများ သွေးပေါင်ချိန်တက်လို့ ပေါက်ထွက်တာကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်း)ဆိုတဲ့ Hypertensive stroke ဆိုပြီး နှစ်မျိုးရှိပါတယ်။

ရုတ်တရက်လေဖြတ်ပြီးပြီးချင်း တမိနစ်ကြာတိုင်းမှာ ဦးနှောက်အတွင်းရှိ ဆဲလ်ပေါင်း ၁ဒသာမ ၉သန်းဟာ သွေးကောင်းစွာမရတဲ့အတွက် ပျက်စီးရပါတယ်။ လေဖြတ်တဲ့အချိန်နဲ့ ဆေးကုသမှုရတဲ့ အချိန်နှစ်ခုကြား အချိန်ကာလဟာ ကြာလေလေ ဦးနှောက်ထဲက ဆဲလ်တွေ ထိခိုက်ပျက်စီးနှုန်း များလေလေပါပဲ။ လေဖြတ်ဖြတ်ချင်း စောစီးစွာ ကုသမှုရခဲ့ပါက ဦးနှောက်ဆဲလ်ပျက်စီးမှု အရမ်းမများသေးတဲ့အတွက် လူနာဟာ အကောင်းပတိအတိုင်း ပြန်လည်ကောင်းမွန်ဖို့အခွင့်အရေး ပိုများပါတယ်။

လေဖြတ်မှု အချိန်ကြာမြင့်ရင်(ဆိုလိုတာက လေဖြတ်ဖြတ်ချင်း သင့်တော်တဲ့ ဆေးကုသမှုမရဘဲ ကြာနေရင်) ဦးနောက်ဆဲလ်ပျက်စီးမှုများတဲ့အတွက် လူနာဟာ စကားပြောဖို့ခက်ခဲတာ၊ မှတ်ဉာဏ်တွေ ဆုံးရှုံးတာနဲ့ ခြေလက်ပြန်လည်လှုပ်ရှားနိုင်ခြေနည်းသွားတာတွေဖြစ်ဖို့ ပိုအခွင့်အရေးများပါတယ်။ ဒါကြောင့် လေဖြတ်ရောဂါလက္ခဏာ ခံစားရရချင်းမှာ ဆေးခန်း ဆေးရုံပြပြီး စောစီးစွာကုသမှုခံယူဖို့က အလွန်အရေးကြီးပါတယ်။ သို့သော် လူအများဟာ လေဖြတ်ခါနီးပြလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကို သတိမမှုဘဲ သို့မဟုတ် သတိမူမိသော်လည်း သာမန်ကာလျှံကာ သဘောထားကာ လျစ်လျူရှုမိတတ်ကြပါတယ်။ ဒီအတွက် ဒီတပတ်မှာ လူအများသတိထားလေ့မရှိတဲ့ လေဖြတ်ခါနီးရင် ပြတတ်သော လက္ခဏာ (၆)ချက်ကို ရေးသားတင်ပြချင်ပါတယ်။

၁။ ခေါင်းတအားကိုက်ခြင်း

လူတိုင်းနီးပါး ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းကိုက်ရခြင်း အကြောင်းတွေကလည်း အများကြီးပါ။ ဒါကြောင့်ခေါင်းကိုက်တာကို လူအများစုက သိပ်အလေးထားလေ့ မရှိတတ်ကြပါဘူး။ သို့သော် အခုတခါ ခေါင်းကိုက်တာက အရင်အခါတွေနဲ့မတူအောင် တအားပြင်းပြင်းထန်ထန်ကိုက်တာ သို့မဟုတ် အရင်က တခါမှ ခေါင်းကိုက်တာမဖြစ်ဘဲ ခုမှခေါင်းကိုက်တာ မျိုးဆိုရင်တော့ ဒါဟာလေဖြတ်ရောဂါလက္ခဏာ ဖြစ်နိုင်ခြေရှိပါတယ်။ ကွဲကွဲပြားပြားကတော့ ဆရာဝန်တွေက စမ်းသပ်စစ်ဆေးကြည့်မှ သိမှာဖြစ်တဲ့အတွက် ပေါ့ပေါ့တန်တန် သဘောမထားဘဲ နီးစပ်ရာဆေးရုံ ဆေးခန်းပြသဖို့လိုပါတယ်။

၂။ အမြင်အာရုံက တခုကို နှစ်ရိပ်နှစ်ထပ် မြင်ရခြင်း

အရာဝတ္ထုတခုကို နှစ်ရိပ်နှစ်ထပ် မြင်ရခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မျက်စိတဖက် ရုတ်တရက် မမြင်ရခြင်း စတာတွေဟာ လေဖြတ်ခြင်းရဲ့ ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် လူအများစုဟာ ဒီလိုနှစ်ရိပ်နှစ်ထပ်ဖြစ်တာ၊ အမြင်မှုန်ဝါးတာတွေ ဖြစ်ရခြင်းက ပင်ပန်းနွမ်းနယ်လို့ အသက်ကြီးလို့ ဖြစ်ရတာလို့ပဲ မှတ်ယူပြီး ပေါ့ပေါ့ဆဆ နေတာများပါတယ်။ အရေးပေါ်ဆေးကုသမှု ပညာရပ်အထူးကု ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာ ကာရိုလင်းကတော့ လူအများစုထင်သလို မြင်ကွင်းအာရုံ နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း၊ အမြင်ဝါးခြင်းတွေဟာ အသက်ကြီးလို့ ပင်ပန်းနွမ်းနယ်လို့ မျက်စိအသုံးများလို့ဖြစ်တာ မဟုတ်နိုင်ဘဲ လေဖြတ်ခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ခြေပိုများကြောင်း ပြောထားပါတယ်။

၃။ အိပ်ရာအထ လက်မောင်းနဲ့ခြေထောက်များ ထုံကျင်နေခြင်း

တရေးအိပ်ပြီး နိုးလာတဲ့အခါ ခြေလက်တွေ ထုံကျင်တာမျိုးဖြစ်ရင် ငါအချိန်ကြာကြီး ဖိအိပ်မိလို့ဖြစ်တာပဲဆိုပြီး လူအများစုက အလွယ်တကူ ပေါ့ပေါ့လျော့လျော့ ယူဆတတ်ကြပါတယ်။သို့သော် ဒီထုံကျင်နေတာဟာ ၁၅မိနစ် ကနေ နာရီဝက်ကြာတဲ့အချိန်ထိ ပျောက်ကင်းသက်သာမှု မရှိရင်တော့ ဆေးခန်းပြသဖို့ လိုပါတယ်။ဘ ာလို့လဲဆိုတော့ ဒီလိုထုံတာကျင်တာဆက်ဖြစ်နေခြင်းဟာ သင့်ကျောရိုးမှ ဦးခေါင်းနောက်ပိုင်းသို့သွားတဲ့ သွေးကြောထဲမှာ အကြောင်းတခုခုကြောင့် သွေးစီးဆင်းမှု လျော့နည်းသွားခြင်းကြောင့် ဖြစ်နိုင်လို့ပါ။

၄။ စကားပြောရာတွင် ဗလုံးဗထွေးဖြစ်ခြင်း

လူအချို့က စကားပြောရာမှာ ဗလုံးဗထွေးဖြစ်လာရင် စိုးရိမ်ပြီး ဆေးခန်းပြတတ်ကြပေမယ့် လူအများစုကတော့ ဒီလိုစကားပြောရာမှ ဗလုံးဗထွေးဖြစ်တာဟာ ပင်ပန်းလို့ သို့မဟုတ် မိမိသောက်သုံးနေတဲ့တချို့သော ဆေးဝါးများရဲ့ (ဥပမာ တချို့ကိုက်ခဲနာကျင်မှု ပျောက်ဆေးများ)ဘေးထွက်ဆိုးကျိုးဖြစ်မယ်လို့ ယူဆပြီး ပေါ့ပေါ့ဆဆ နေတတ်ကြပါတယ်။စကားများ ဗလုံးဗထွေးဖြစ်တာဟာ လေဖြတ်နိုင်တဲ့ အကြောင်းတခုဖြစ်ဖို့ ဖြစ်နိုင်ခြေပိုများတာကြောင့် ဆရာဝန်နဲ့ပြသစစ်ဆေးပြီး ကုသမှုခံယူဖို့လိုပါတယ်။ စကား ဗလုံးဗထွေးဖြစ်တာနဲ့ တွဲဖြစ်တတ်တာတွေကတော့ မျက်နှာတခြမ်း ရွဲ့သွားတာ ဖြစ်ပါတယ်။

၅။ ခန္ဓာကိုယ် ဟန်ချက်မထိန်းနိုင်ဘဲ ဒယိမ်းဒယိုင်ဖြစ်ခြင်း

လူတချို့က အထူးသဖြင့် အရက်သောက်တဲ့သူတွေဆိုရင် ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီး ဒယိမ်းဒယိုင်ဖြစ်တာဟာ သူတို့မနေ့ညတုန်းက အသောက်များသွားလို့ ဒီမနက်ဒီလိုဖြစ်တာလို့ ယူဆတတ်ကြပါတယ်။ တချို့ကျတော့လည်း အိပ်ရေးပျက်လို့ ပင်ပန်းလို့ အစားသောက်နည်းလို့ ချွေးထွက်လွန်လို့ ဖြစ်တယ်လို့ ယူဆတတ်ကြပါတယ်။ ဒယိမ်းဒယိုင်ဖြစ်ပြီး ဟန်ချက်ပျက်တာဟာ သင့်ရဲ့ ဦးနှောက်ဆီကို သွေးစီးဆင်းမှု လျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ရုတ်တရက် ဒီလိုမျိုးဖြစ်လာပြီဆိုပါက နီးစပ်ရာကို အကူအညီတောင်းပြီး ဆေးခန်းပြဖို့ လိုပါတယ်။

၆။ ဇဝေဇဝါဖြစ်ပြီး စိတ်ရှုပ်ထွေးကာ စိတ်ခံစားမှုများ မကြည်မလင် ဖြစ်လာခြင်း

ဒီခေတ်မှာ စားဝတ်နေရေးကြပ်တည်းလို့ ရုန်းကန်နေရပြီး စိတ်ရှုပ်ထွေးမှုတွေ မကြာခဏခံစားရတတ်ပြီး စိတ်မကြည်မလင်တွေဖြစ်တတ်ပါတယ်။ စိတ်ရှုပ်ထွေးတဲ့အခါမှာ အကြောင်းအရာတခုကို ပြန်မှတ်မိရန်၊ စကားတလုံးပြောရန်အတွက် အချိန်ပေး စဉ်းစားရတဲ့အခါမျိုးတွေ လူတိုင်းမှာရှိနိုင်ပေမယ့် အချိန်ကြာမြင့်စွာ စဉ်းစားမရခြင်း၊ တခုခုကိုပြောရန် အချိန်အကြာကြီး အာရုံစိုက်စဉ်းစားသော်လည်း ပေါ်မလာခြင်း၊ ပြောမရခြင်းတွေ ဖြစ်ခဲ့ရင်တော့ ဆေးခန်းပြပြီး စမ်းသပ်စစ်ဆေးမှုတွေ လုပ်သင့်ပါတယ်လို့ အရေးပေါ် ဆေးပညာရပ်အထူးကုဆရာဝန် ဒေါက်တာကာရိုလင်းက အကြံပြုထားပါတယ်။

ရုတ်တရက် စိတ်ရှုပ်ထွေးကာ စိတ်ခံစားမှုတွေမကြည်မလင်ဖြစ်ခြင်းဟာလည်း လေဖြတ်ခါနီး လက္ခဏာတခုအနေနဲ့ ဖြစ်နိုင်ခြေများတဲ့လက္ခဏာ မို့လို့ပါ။

မှီငြမ်း – Reader Digest May 2018

Credit-on doctor

Leave a Reply

Your email address will not be published. Required fields are marked *