သတင္း

ပ်ားရည္ႏွင့္မတည့္ေသာ အစားအစာမ်ား

(Zawgyi)

ပ်ားရည္ႏွင့္ မတည့္ေသာ အစားအစာမ်ား

ပ်ားရည္ဟာ ေဆးဖက္ဝင္ပစၥည္း တစ္မ်ိဳးဆိုတာကေတာ့ မွန္ပါတယ္။ သုံးတတ္ရင္ ေဆးဖက္ဝင္ေပမယ့္ သူနဲ႔မတည့္သည့္အရာေတြကလည္း အနည္းငယ္ ရွိေနပါတယ္။ အဲဒါေတြနဲ႔ တြဲစားမိရင္ အခန႔္မသင့္ရင္ ေအာ့အန္တာ၊ ေခါင္းမူးတာေတြကို ျဖစ္ေစတတ္ပါတယ္။ သတိထားႏိုင္ၾကေစရန္ ေစတနာျဖင့္ မွ်ေဝေပးလိုက္ပါတယ္။

(၁) လက္ဖက္

(၂) အုန္းႏို႔

(၃) ၾသဇာသီး

(၄) ပိႏၷဲသီး

(၅) ဥသွ်စ္သီး

(၆) မယ္ဇလီ႐ြက္

(၇) တမာ႐ြက္

(၈) ဆူးပန္း႐ြက္

(၉) ပိတ္ခ်င္း႐ြက္

(၁၀) ၾကာေစ့

အရာရာတိုင္းမွာ သတိေလးကိုေဆာင္ၿပီး အႏၲရာယ္မ်ားကို ေရွာင္ႏိုင္ၾကပါေစ။

Credit – ဝရဇိန္မင္း

ေရွးေခတ္က ပ်ားရည္ စစ္/မစစ္ စမ္းသပ္နည္း

ပ်ားရည္ကို က်န္းမာအသက္ရွည္ေရးအတြက္ အသုံးျပဳပုံမ်ားကို ဆက္လက္ေဖာ္ျပလိုပါသည္။ ထိုသို႔ပ်ားရည္အသုံးျပဳရာတြင္ ပ်ားရည္အစစ္ျဖစ္ရန္ အလြန္အေရးႀကီးေသာေၾကာင့္ ပ်ားရည္အစစ္ျဖစ္ရန္ စမ္းသပ္ပုံမ်ားကို အနည္းငယ္ေဖာ္ျပလိုပါသည္။

ျမန္မာ႐ိုးရာတစ္ေလွ်ာက္လုံး၌ ပ်ားရည္စစ္မစစ္ကို နည္းအမ်ိဳးမ်ိဳးျဖင့္စမ္းသပ္ၾက၏။ ထိုနည္းတို႔သည္လည္း “တစ္ေက်ာင္းတစ္ဂါထာ တစ္႐ြာတစ္ ပုဒ္ဆန္း”ဆိုသကဲ့သို႔ ေဒသအလိုက္၊ အမ်ိဳးမ်ိဳးကြဲျပားၾကေလသည္။ ထိုသို႔ မ်ားျပားလွေသာ ပ်ားရည္စစ္မစစ္ စမ္းသပ္နည္းမ်ားတြင္လြယ္ကူၿပီး၊ သဘာဝက် ေသာ နည္းမ်ားကို ေယဘူယ်မွတ္သားသင့္ေပသည္။

(၁) ပ်ားရည္သည္ ေခြးကိုေကြၽးၾကည့္၍ ေခြးမစားလွ်င္ ပ်ားရည္အစစ္ျဖစ္ၿပီး၊ ေခြးစားလွ်င္ပ်ားရည္မစစ္ႏိုင္။

(၂) ပ်ားရည္ကို ဝါဂြမ္းတြင္ ဆြတ္၍ ထိုဝါဂြမ္းကို မီးရႈိ႕ၾကည့္ရသည္။ မီးေလာင္လွ်င္ ပ်ားရည္စစ္ၿပီး၊ မီးမေလာင္လွ်င္ ပ်ာရည္မစစ္ပါ။

(၃) ပ်ားရည္တြင္ ပ်ားေကာင္မ်ားကို ခ်ၾကည့္၍ ပ်ားေကာင္မေသ၊ ေရကူးသကဲ့သို႔ ကူးၿပီးထပ်ံသြားလွ်င္ ပ်ားရည္စစ္ျဖစ္ၿပီး၊ ပ်ားေကာင္သည္ ထိုပ်ားရည္တြင္ နစ္ၿပီးေသလွ်င္ ပ်ားရည္မစစ္ပါ။

(၄) ပ်ားရည္ပုလင္းတြင္ မန္က်ည္းေစ့ကို ထည့္ၾကည့္ပါ။ မန္က်ည္းေစ့ ေပၚေနလွ်င္ပ်ားရည္စစ္ၿပီး၊ ျမဳပ္သြားလွ်င္ပ်ားရည္မစစ္ပါ၊ ပုလင္းကို ေဇာက္ထိုးထားလိုက္လွ်င္ ထိုမန္းက်ည္းေစ့သည္ အျမန္ဆုံးေပၚလာသည္ကိုၾကည့္ၿပီး အျပန္အလွန္စမ္းသပ္ႏိုင္ပါသည္။

(၅) ပ်ားရည္ကို လက္ဖက္ေျခာက္စပ္ထားေသာ ေရေႏြးတြင္ ထည့္လိုက္၍ မဲသြားလွ်င္ မစစ္ပါ၊ အေရာင္မေျပာင္းဘဲ ရွိေနလွ်င္ အစစ္ျဖစ္သည္ ဟုမွတ္ယူရမည္ျဖစ္ေပသည္။

ထိုသို႔ စမ္းသပ္ၿပီး၍ အစစ္ျဖစ္ေသာ ပ်ားရည္သည္ စားေသာက္ေသာအခါ၌

-ႏႈတ္ကိုၿမိန္ေစတတ္၏။ ဝမ္းမီးကို ေတာက္ေစတတ္၏။ ပ်ိဳ႕အန္ျခင္း၊ ေခ်ာင္းဆိုးျခင္းကို ေပ်ာက္ကင္း ေစတတ္၏။ ေသြးယိုစီး၊ ဝမ္းသက္ျခင္း၊ ႀကိဳ႕ထိုးျခင္းတို႔ကို ပယ္ေဖ်ာက္တတ္၏။ ဝမ္းတြင္းရွိ ပိုးတို႔ကို ေကာင္းစြာ ႏိုင္နင္း၏။ အေရျပားကို ၾကည္လင္ေတာက္ပေစ၏။ ေၾကညက္ၿပီးေသာအခါ ေအးေသာသတၱိရွိ၏။ ေၾကညက္လြယ္၏။ ရသဟရဏီ အရသာကိုေဆာင္ေသာ တစ္ေထာင္ေသာအေၾကာတို႔ကို သန႔္ ရွင္းေစတတ္၏။ သုက္ဓာတ္ကို ပြားမ်ားေစတတ္၏။ခြန္အားကို ျဖစ္ေစတတ္၏။ ကိုယ္ေရအဆင္းကို ထြန္းလင္း ေတာက္ပေစတတ္၏။ မ်က္စိ စေသာ အၾကည္ဓာတ္တို႔ကို တိုးတက္ ထက္ျမက္ေစတတ္၏။ အရက္မူးေရာဂါ၊ ေတြေဝေသာ ေရာဂါ၊ ႏွလုံးေရာဂါ၊ ဝါသင့္နာေရာဂါတို႔ကို ေပ်ာက္ကင္း ေစတတ္၏။ အ႐ိုးက်ိဳးျခင္းကို လ်င္ျမန္စြာ သက္သာေစတတ္၏။ ႏူနာ၊ ျမင္းသ႐ိုက္ေရာဂါ၊ ခယ႐ုဂ္ေရာဂါ၊ ေသာသေရာဂါ၊ ျမစ္ေျခာက္နာတို႔ကို ေပ်ာက္ကင္းေစတတ္၏။ ထူျခားေသာစြမ္းရည္အားျဖင့္ ပ်ားရည္သည္ ဆင္ေလာက္ဝေသာသူကို ကြၽဲေလာက္ပိန္ေစတတ္သည္။ ထိုထက္ထူးျခားစြာ မွတ္သားၾကသည္မွာ အသစ္ျဖစ္ေသာ လတ္ဆတ္ေသာ ပ်ားရည္သည္ လူကို ဝေစတတ္သည္။ အေဟာင္းျဖစ္ေသာ ပ်ားရည္သည္ လူကိုပိန္ေစတတ္သည္။ လူတို႔၏ေကာင္းက်ိဳးကို ပ်ားရည္သည္ အၿမဲတေစျပဳတတ္သည္။ ပ်ားရည္သည္ မိခင္ႏွင့္တူသည္။ လူသားတို႔အား မိခင္ကဲ့သို႔ အက်ိဳးျပဳ တတ္၏။ မိခင္သည္ပင္လွ်င္ သားသမီးတို႔အား ေဒါသအေလ်က္ ႐ိုက္ပုတ္တတ္ေသး၏။ ပ်ားရည္သည္ မည္သည့္အခါမွ် လူသားတို႔အား မ႐ိုက္ပုတ္တတ္၊ လူသားတို႔၏ အက်ိဳးမဲ့ကို မည္သည့္အခါမွ် မျပဳတတ္ဟု ေရွးေဟာင္း စာေပတို႔၌ ဆို႐ိုးရွိ၏။ ထိုဆိုခဲ့သည္တို႔သည္ အစစ္ျဖစ္ေသာ ပ်ားရည္ကို ဆိုလိုျခင္းျဖစ္သည္။ ပ်ားရည္ရရွိေသာ ပန္းပြင့္၏ စြမ္းရည္အလိုက္ ပ်ားရည္၏ အစြမ္းသတၱိကား အနည္းငယ္ ေျပာင္းလဲတတ္ၾကကုန္၏။

“ပ်ားရည္ႏွင့္ အပူအေအး”

ပ်ားရည္ကို ပူသည္ဟူ၍လည္းေကာင္း၊ ေအးသည္ဟူ၍လည္းေကာင္း အမ်ိဳးမ်ိဳးဝိဝါဒကြဲေနၾက၏။ အမ်ိဳးမ်ိဳး ေျပာဆိုကုန္ၾက၏။ ထိုတြင္ စားသုံးၾကည့္ျခင္းျဖင့္ ပူရွိန္းေသာ အရသာကိုလည္းေကာင္း၊ ေရငတ္ျခင္း၊ ဆာေလာင္ျခင္းတို႔ျဖင့္ လည္းေကာင္း၊ ပူသည္ဟုဆိုၾကကုန္၏။ ခ်ိဳခြၽဲေအးေသာ သေဘာျဖင့္လည္း ေအးသည္ဟု ဆိုၾကျပန္သည္။ စင္စစ္ ပူသည္ေအးသည္ ဟူေသာ ျပႆနာသည္ ေျဖရွင္းစရာမလိုသကဲ့သို႔ မွတ္ယူအပ္၏။ ပ်ားရည္တြင္ ႏွစ္ေပါင္းမ်ားစြာေအာင္းေနေသာ ေတေဇာသည္းေျခ အခိုးသည္ ရွိရၿမဲ ျဖစ္သည္။ ထိုအခိုက္ ပူသည္ဟု မွတ္ယူအပ္၏။ သို႔ေသာ္ စားေသာက္သုံးေဆာင္ေသာအခါ၌ တစ္ဖက္စြန္းသို႔မေရာက္ေသာ မွ်တေသာ အေအးဓာတ္စြမ္းရည္ကို ေပးႏိုင္၏။ ပ်ားရည္ကို ေရွးသူတို႔ မ်က္စဥ္းခတ္ၾကသည္ကို ေထာက္၍လည္း ေအးေၾကာင္းသိသာႏိုင္ေပသည္။

“ပ်ားရည္ကို မက်ိဳခ်က္ရ”

က်ိဳခ်က္၍ အသုံးျပဳရေသာ ေဆးဖက္မ်ားတြင္ ပ်ာရည္သည္ ပါဝင္လာေသာအခါ ပ်ားရည္ကို တိုက္႐ိုက္ မက်ိဳခ်က္ရေပ။ ပ်ားရည္ကို မက်ိဳခ်က္ရျခင္း အေၾကာင္းမ်ားကား-

(၁) ပ်ားရည္တြင္ ပါဝင္ေသာ သဘာဝၾသဇာဓာတ္သည္ မီးႏွင့္ေတြ႕ေသာအခါ ေပ်ာက္ပ်က္သြားတတ္ျခင္း။

(၂) အမ်ိဳးမ်ိဳးေသာ ပန္းပြင့္တို႔မွ ဝတ္ရည္မ်ားကို စုေဆာင္းထားျခင္းျဖစ္၍ မီးႏွင့္ေတြ႕ေသာအခါ အခ်င္းခ်င္း ပဋိပကၡျဖစ္တတ္ျခင္း။

(၃) အဆိပ္ရွိေသာ ပန္းဝတ္ရည္မ်ား ပါဝင္ေနျခင္း။

(၄) အဆိပ္ရွိေသာ ပ်ားေကာင္မ်ားက ျပဳလုပ္ဖန္တီးထားေသာ ပစၥည္းျဖစ္ေနျခင္း။

(၅) ေအးေသာ သေဘာသတၱိရွိျခင္းေၾကာင့္ မီးပူႏွင့္ ပဋိပကၡျဖစ္တတ္ျခင္း စေသာအေၾကာင္းမ်ား ျဖစ္တတ္ကုန္၏။

“ပ်ားရည္ကို က်ိဳခ်က္လိုလွ်င္”

ပ်ားရည္ကို မီးႏွင့္မက်ိဳခ်က္ရဟု ဆိုေသာ္လည္း မျဖစ္မေန က်ိဳခ်က္ရန္ ႀကဳံလာေသာအခါ အျပစ္ကင္းေသာ က်ိဳခ်က္နည္းျဖင့္ က်ိဳခ်က္ရန္လိုအပ္ ေပသည္။

(၁) ပ်ားရည္ ၈-ဆတြင္ ေရတစ္ဆေရာပါ၊ ထို႔ေနာက္က်ိဳခ်က္ပါ၊ ေရကုန္၍ ပ်ားရည္ခ်ည္း က်န္ေသာအခါ ပ်ားရည္သည္ အျပစ္ကင္းစြာျဖင့္ ေၾကက်က္ၿပီဟု မွတ္ယူရသည္။

(၂) ေဆးဖက္တို႔ျဖင့္ ေရာေႏွာက်ိဳခ်က္လိုေသာအခါ အလုံးစုံေဆးဘက္တို႔ကို က်ိဳခ်က္ၿပီး၍ ခြင္ေပၚမွ ေဆးကိုခ်ၿပီးမွ ထည့္လိုေသာ ပ်ားရည္ကို ထည့္ပါ။ ၿပီးမွနာနာေမႊပါ။ ထိုသို႔ျပဳလုပ္ျခင္းျဖင့္ အျပစ္ကင္းေသာ ပ်ားရည္၏ ေၾကက်က္ျခင္းကို ေရာက္သည္ဟု မွတ္ယူရသည္။

ျမန္မာ့အာယုေဗၺဒ သိမ္ျဖဴေဆးသိပၸံဆရာေတာ္ ေရးသားေသာ” အိုမႈႏွင့္ဆိုင္ရာ ျပႆနာမ်ား “စာအုပ္မွ ပ်ားရည္(၃)

Credit – Thein Phyu ျမန္မာ့အာယုေဗၺဒေဆးသိပၸံ

(Unicode)

ပျားရည်နှင့် မတည့်သော အစားအစာများ

ပျားရည်ဟာ ဆေးဖက်ဝင်ပစ္စည်း တစ်မျိုးဆိုတာကတော့ မှန်ပါတယ်။ သုံးတတ်ရင် ဆေးဖက်ဝင်ပေမယ့် သူနဲ့မတည့်သည့်အရာတွေကလည်း အနည်းငယ် ရှိနေပါတယ်။ အဲဒါတွေနဲ့ တွဲစားမိရင် အခန့်မသင့်ရင် အော့အန်တာ၊ ခေါင်းမူးတာတွေကို ဖြစ်စေတတ်ပါတယ်။ သတိထားနိုင်ကြစေရန် စေတနာဖြင့် မျှဝေပေးလိုက်ပါတယ်။

(၁) လက်ဖက်

(၂) အုန်းနို့

(၃) သြဇာသီး

(၄) ပိန္နဲသီး

(၅) ဥသျှစ်သီး

(၆) မယ်ဇလီရွက်

(၇) တမာရွက်

(၈) ဆူးပန်းရွက်

(၉) ပိတ်ချင်းရွက်

(၁၀) ကြာစေ့

အရာရာတိုင်းမှာ သတိလေးကိုဆောင်ပြီး အန္တရာယ်များကို ရှောင်နိုင်ကြပါစေ။

Credit – ဝရဇိန်မင်း

ရှေးခေတ်က ပျားရည် စစ်/မစစ် စမ်းသပ်နည်း

ပျားရည်ကို ကျန်းမာအသက်ရှည်ရေးအတွက် အသုံးပြုပုံများကို ဆက်လက်ဖော်ပြလိုပါသည်။ ထိုသို့ပျားရည်အသုံးပြုရာတွင် ပျားရည်အစစ်ဖြစ်ရန် အလွန်အရေးကြီးသောကြောင့် ပျားရည်အစစ်ဖြစ်ရန် စမ်းသပ်ပုံများကို အနည်းငယ်ဖော်ပြလိုပါသည်။

မြန်မာရိုးရာတစ်လျှောက်လုံး၌ ပျားရည်စစ်မစစ်ကို နည်းအမျိုးမျိုးဖြင့်စမ်းသပ်ကြ၏။ ထိုနည်းတို့သည်လည်း “တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ် ပုဒ်ဆန်း”ဆိုသကဲ့သို့ ဒေသအလိုက်၊ အမျိုးမျိုးကွဲပြားကြလေသည်။ ထိုသို့ များပြားလှသော ပျားရည်စစ်မစစ် စမ်းသပ်နည်းများတွင်လွယ်ကူပြီး၊ သဘာဝကျ သော နည်းများကို ယေဘူယျမှတ်သားသင့်ပေသည်။

(၁) ပျားရည်သည် ခွေးကိုကျွေးကြည့်၍ ခွေးမစားလျှင် ပျားရည်အစစ်ဖြစ်ပြီး၊ ခွေးစားလျှင်ပျားရည်မစစ်နိုင်။

(၂) ပျားရည်ကို ဝါဂွမ်းတွင် ဆွတ်၍ ထိုဝါဂွမ်းကို မီးရှို့ကြည့်ရသည်။ မီးလောင်လျှင် ပျားရည်စစ်ပြီး၊ မီးမလောင်လျှင် ပျာရည်မစစ်ပါ။

(၃) ပျားရည်တွင် ပျားကောင်များကို ချကြည့်၍ ပျားကောင်မသေ၊ ရေကူးသကဲ့သို့ ကူးပြီးထပျံသွားလျှင် ပျားရည်စစ်ဖြစ်ပြီး၊ ပျားကောင်သည် ထိုပျားရည်တွင် နစ်ပြီးသေလျှင် ပျားရည်မစစ်ပါ။

(၄) ပျားရည်ပုလင်းတွင် မန်ကျည်းစေ့ကို ထည့်ကြည့်ပါ။ မန်ကျည်းစေ့ ပေါ်နေလျှင်ပျားရည်စစ်ပြီး၊ မြုပ်သွားလျှင်ပျားရည်မစစ်ပါ၊ ပုလင်းကို ဇောက်ထိုးထားလိုက်လျှင် ထိုမန်းကျည်းစေ့သည် အမြန်ဆုံးပေါ်လာသည်ကိုကြည့်ပြီး အပြန်အလှန်စမ်းသပ်နိုင်ပါသည်။

(၅) ပျားရည်ကို လက်ဖက်ခြောက်စပ်ထားသော ရေနွေးတွင် ထည့်လိုက်၍ မဲသွားလျှင် မစစ်ပါ၊ အရောင်မပြောင်းဘဲ ရှိနေလျှင် အစစ်ဖြစ်သည် ဟုမှတ်ယူရမည်ဖြစ်ပေသည်။

ထိုသို့ စမ်းသပ်ပြီး၍ အစစ်ဖြစ်သော ပျားရည်သည် စားသောက်သောအခါ၌

-နှုတ်ကိုမြိန်စေတတ်၏။ ဝမ်းမီးကို တောက်စေတတ်၏။ ပျို့အန်ခြင်း၊ ချောင်းဆိုးခြင်းကို ပျောက်ကင်း စေတတ်၏။ သွေးယိုစီး၊ ဝမ်းသက်ခြင်း၊ ကြို့ထိုးခြင်းတို့ကို ပယ်ဖျောက်တတ်၏။ ဝမ်းတွင်းရှိ ပိုးတို့ကို ကောင်းစွာ နိုင်နင်း၏။ အရေပြားကို ကြည်လင်တောက်ပစေ၏။ ကြေညက်ပြီးသောအခါ အေးသောသတ္တိရှိ၏။ ကြေညက်လွယ်၏။ ရသဟရဏီ အရသာကိုဆောင်သော တစ်ထောင်သောအကြောတို့ကို သန့် ရှင်းစေတတ်၏။ သုက်ဓာတ်ကို ပွားများစေတတ်၏။ခွန်အားကို ဖြစ်စေတတ်၏။ ကိုယ်ရေအဆင်းကို ထွန်းလင်း တောက်ပစေတတ်၏။ မျက်စိ စသော အကြည်ဓာတ်တို့ကို တိုးတက် ထက်မြက်စေတတ်၏။ အရက်မူးရောဂါ၊ တွေဝေသော ရောဂါ၊ နှလုံးရောဂါ၊ ဝါသင့်နာရောဂါတို့ကို ပျောက်ကင်း စေတတ်၏။ အရိုးကျိုးခြင်းကို လျင်မြန်စွာ သက်သာစေတတ်၏။ နူနာ၊ မြင်းသရိုက်ရောဂါ၊ ခယရုဂ်ရောဂါ၊ သောသရောဂါ၊ မြစ်ခြောက်နာတို့ကို ပျောက်ကင်းစေတတ်၏။ ထူခြားသောစွမ်းရည်အားဖြင့် ပျားရည်သည် ဆင်လောက်ဝသောသူကို ကျွဲလောက်ပိန်စေတတ်သည်။ ထိုထက်ထူးခြားစွာ မှတ်သားကြသည်မှာ အသစ်ဖြစ်သော လတ်ဆတ်သော ပျားရည်သည် လူကို ဝစေတတ်သည်။ အဟောင်းဖြစ်သော ပျားရည်သည် လူကိုပိန်စေတတ်သည်။ လူတို့၏ကောင်းကျိုးကို ပျားရည်သည် အမြဲတစေပြုတတ်သည်။ ပျားရည်သည် မိခင်နှင့်တူသည်။ လူသားတို့အား မိခင်ကဲ့သို့ အကျိုးပြု တတ်၏။ မိခင်သည်ပင်လျှင် သားသမီးတို့အား ဒေါသအလျေက် ရိုက်ပုတ်တတ်သေး၏။ ပျားရည်သည် မည်သည့်အခါမျှ လူသားတို့အား မရိုက်ပုတ်တတ်၊ လူသားတို့၏ အကျိုးမဲ့ကို မည်သည့်အခါမျှ မပြုတတ်ဟု ရှေးဟောင်း စာပေတို့၌ ဆိုရိုးရှိ၏။ ထိုဆိုခဲ့သည်တို့သည် အစစ်ဖြစ်သော ပျားရည်ကို ဆိုလိုခြင်းဖြစ်သည်။ ပျားရည်ရရှိသော ပန်းပွင့်၏ စွမ်းရည်အလိုက် ပျားရည်၏ အစွမ်းသတ္တိကား အနည်းငယ် ပြောင်းလဲတတ်ကြကုန်၏။

“ပျားရည်နှင့် အပူအအေး”

ပျားရည်ကို ပူသည်ဟူ၍လည်းကောင်း၊ အေးသည်ဟူ၍လည်းကောင်း အမျိုးမျိုးဝိဝါဒကွဲနေကြ၏။ အမျိုးမျိုး ပြောဆိုကုန်ကြ၏။ ထိုတွင် စားသုံးကြည့်ခြင်းဖြင့် ပူရှိန်းသော အရသာကိုလည်းကောင်း၊ ရေငတ်ခြင်း၊ ဆာလောင်ခြင်းတို့ဖြင့် လည်းကောင်း၊ ပူသည်ဟုဆိုကြကုန်၏။ ချိုချွဲအေးသော သဘောဖြင့်လည်း အေးသည်ဟု ဆိုကြပြန်သည်။ စင်စစ် ပူသည်အေးသည် ဟူသော ပြဿနာသည် ဖြေရှင်းစရာမလိုသကဲ့သို့ မှတ်ယူအပ်၏။ ပျားရည်တွင် နှစ်ပေါင်းများစွာအောင်းနေသော တေဇောသည်းခြေ အခိုးသည် ရှိရမြဲ ဖြစ်သည်။ ထိုအခိုက် ပူသည်ဟု မှတ်ယူအပ်၏။ သို့သော် စားသောက်သုံးဆောင်သောအခါ၌ တစ်ဖက်စွန်းသို့မရောက်သော မျှတသော အအေးဓာတ်စွမ်းရည်ကို ပေးနိုင်၏။ ပျားရည်ကို ရှေးသူတို့ မျက်စဉ်းခတ်ကြသည်ကို ထောက်၍လည်း အေးကြောင်းသိသာနိုင်ပေသည်။

“ပျားရည်ကို မကျိုချက်ရ”

ကျိုချက်၍ အသုံးပြုရသော ဆေးဖက်များတွင် ပျာရည်သည် ပါဝင်လာသောအခါ ပျားရည်ကို တိုက်ရိုက် မကျိုချက်ရပေ။ ပျားရည်ကို မကျိုချက်ရခြင်း အကြောင်းများကား-

(၁) ပျားရည်တွင် ပါဝင်သော သဘာဝသြဇာဓာတ်သည် မီးနှင့်တွေ့သောအခါ ပျောက်ပျက်သွားတတ်ခြင်း။

(၂) အမျိုးမျိုးသော ပန်းပွင့်တို့မှ ဝတ်ရည်များကို စုဆောင်းထားခြင်းဖြစ်၍ မီးနှင့်တွေ့သောအခါ အချင်းချင်း ပဋိပက္ခဖြစ်တတ်ခြင်း။

(၃) အဆိပ်ရှိသော ပန်းဝတ်ရည်များ ပါဝင်နေခြင်း။

(၄) အဆိပ်ရှိသော ပျားကောင်များက ပြုလုပ်ဖန်တီးထားသော ပစ္စည်းဖြစ်နေခြင်း။

(၅) အေးသော သဘောသတ္တိရှိခြင်းကြောင့် မီးပူနှင့် ပဋိပက္ခဖြစ်တတ်ခြင်း စသောအကြောင်းများ ဖြစ်တတ်ကုန်၏။

“ပျားရည်ကို ကျိုချက်လိုလျှင်”

ပျားရည်ကို မီးနှင့်မကျိုချက်ရဟု ဆိုသော်လည်း မဖြစ်မနေ ကျိုချက်ရန် ကြုံလာသောအခါ အပြစ်ကင်းသော ကျိုချက်နည်းဖြင့် ကျိုချက်ရန်လိုအပ် ပေသည်။

(၁) ပျားရည် ၈-ဆတွင် ရေတစ်ဆရောပါ၊ ထို့နောက်ကျိုချက်ပါ၊ ရေကုန်၍ ပျားရည်ချည်း ကျန်သောအခါ ပျားရည်သည် အပြစ်ကင်းစွာဖြင့် ကြေကျက်ပြီဟု မှတ်ယူရသည်။

(၂) ဆေးဖက်တို့ဖြင့် ရောနှောကျိုချက်လိုသောအခါ အလုံးစုံဆေးဘက်တို့ကို ကျိုချက်ပြီး၍ ခွင်ပေါ်မှ ဆေးကိုချပြီးမှ ထည့်လိုသော ပျားရည်ကို ထည့်ပါ။ ပြီးမှနာနာမွှေပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် အပြစ်ကင်းသော ပျားရည်၏ ကြေကျက်ခြင်းကို ရောက်သည်ဟု မှတ်ယူရသည်။

မြန်မာ့အာယုဗ္ဗေဒ သိမ်ဖြူဆေးသိပ္ပံဆရာတော် ရေးသားသော” အိုမှုနှင့်ဆိုင်ရာ ပြဿနာများ “စာအုပ်မှ ပျားရည်(၃)

Credit – Thein Phyu မြန်မာ့အာယုဗ္ဗေဒဆေးသိပ္ပံ

Leave a Reply

Your email address will not be published. Required fields are marked *