သတင္း

ဆောင်းတွင်းမှာ ကိုဗစ်ပိုတိုးနိုင်တာကြောင့် မလိုအပ်ပဲအိမ်ပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနတိုက်တွန်း

(Zawgyi)

ေဆာင္းတြင္းမွာ ကိုဗစ္ပိုတိုးႏိုင္တာေၾကာင့္ မလိုအပ္ပဲအိမ္ျပင္မထြက္ဖို႔ က်န္းမာေရးဝန္ႀကီးဌာနတိုက္တြန္း

==================================

ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္တားဆီးႏိုင္ေရးအတြက္ မလိုအပ္ပဲအိမ္ျပင္မထြက္ဘဲ ေနအိမ္မွာ အတက္ႏိုင္ဆုံးေနၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီေန႔တိုက္တြန္းလိုက္ပါတယ္။

ေ႐ြးေကာက္ပြဲအၿပီး လူစုလူေဝးေတြ ျဖစ္ေပၚခဲ့ၿပီးေနာက္ ကိုဗစ္ေရာဂါကူးစက္မႈႏႈန္းေတြ ေန႔စဥ္ျပန္ျမင့္လာေနတဲ့အခ်ိန္မွာ အခုလိုတိုက္တြန္းလိုက္တာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္အတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေတာ္ေတာ္ေလးေလွ်ာ့က်သြားေပမယ့္ အခုရက္ပိုင္း တေန႔ကို လူနာသစ္ (၁၆၀၀) နီးပါးအထိ ျပန္တိုးလာတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဆာင္းရာသီကူးေျပာင္းခ်ိန္ျဖစ္တာမို႔ ေရာဂါျပန႔္ပြားမႈ ပိုျဖစ္ႏိုင္တယ္လို႔လည္း က်န္းမာေရးဌာနက သတိေပးပါတယ္။

မလိုအပ္ပဲခရီးသြားတာ၊ လူစုလူေဝးေတြလုပ္တာေရွာင္ၾကဖို႔နဲ႔ မျဖစ္မေနအျပင္ထြက္ရရင္ ႏွာေခါင္းစည္းတပ္ဖို႔လည္းဆိုထားပါတယ္။

ေနာက္တစ္ပတ္ ႏွစ္ပတ္အတြင္းမွာ ေရာဂါကူးစက္မႈႏႈန္းေတြ တက္လာႏိုင္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ႏိုဝင္ဘာ (၁၆) ရက္ေန႔က ေျပာၾကားတဲ့ မိန႔္ခြန္းမွာ သတိေပးထားပါတယ္။

ႏိုဝင္ဘာလ (၂၁)ရက္ေန႔ကေန ဒီဇင္ဘာလ(၅) ရက္ေန႔အထိ ေနအိမ္မထြက္ရအမိန႔္ ထုတ္ျပန္ဖို႔ Covid-19 ကာကြယ္ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီအစည္းအေဝးမွာ ေဆြးေႏြးခဲ့ၾကေပမယ့္ ဘယ္တိုင္းေဒသေတြမွာ ဒီအမိန႔္ထုတ္ျပန္မယ္ဆိုတာကို အစိုးရကမေၾကညာေသးပါဘူး။

ဒီဇင္ဘာလထဲမွာ က်ေရာက္မယ့္ ခရစ္စမတ္နဲ႔ ႏွစ္သစ္ကူးပြဲေတာ္ရက္ေတြမွာ လူ ၅၀ ထက္မပိုဘဲ ဘုရားေက်ာင္းေတြမွာ ဝတ္ျပဳ ဆုေတာင္းခြင့္ရွိမယ္လို႔ အဲ့ဒီအစည္းအေဝးမွာေဆြးေႏြးခဲ့ၾကပါတယ္။

ဘုရားပုထိုးေစတီေတြ၊ ဘုန္းႀကီးေက်ာင္းေတြ၊ ဗလီနဲ႔ ခရစ္ယာန္ဘုရားေက်ာင္းေတြမွာ တလေလးႀကိမ္ ဥပုသ္သီလေဆာက္တည္ႏိုင္၊ ဝတ္ျပဳဆုေတာင္းႏိုင္ေပမယ့္ လူ ၃၀ ထက္မပိုရလို႔ သတ္မွတ္ဖို႔ရွိပါတယ္။

ျမန္မာႏိုင္ငံမွာ လက္ရွိအခ်ိန္ထိ ေရာဂါကူးစက္ခံရတဲ့သူ စုစုေပါင္း (၇၄၈၈၂) ေယာက္ ရွိသြားၿပီျဖစ္ၿပီးေတာ့ ျပန္လည္သက္သာလာတဲ့သူက စုစုေပါင္း (၅၅၆၃၃) ေယာက္ ရွိပါၿပီ။

(Unicode)

ဆောင်းတွင်းမှာ ကိုဗစ်ပိုတိုးနိုင်တာကြောင့် မလိုအပ်ပဲအိမ်ပြင်မထွက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနတိုက်တွန်း

==================================

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်တားဆီးနိုင်ရေးအတွက် မလိုအပ်ပဲအိမ်ပြင်မထွက်ဘဲ နေအိမ်မှာ အတက်နိုင်ဆုံးနေကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့တိုက်တွန်းလိုက်ပါတယ်။

ရွေးကောက်ပွဲအပြီး လူစုလူဝေးတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ကိုဗစ်ရောဂါကူးစက်မှုနှုန်းတွေ နေ့စဉ်ပြန်မြင့်လာနေတဲ့အချိန်မှာ အခုလိုတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တော်တော်လေးလျှော့ကျသွားပေမယ့် အခုရက်ပိုင်း တနေ့ကို လူနာသစ် (၁၆၀၀) နီးပါးအထိ ပြန်တိုးလာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆောင်းရာသီကူးပြောင်းချိန်ဖြစ်တာမို့ ရောဂါပြန့်ပွားမှု ပိုဖြစ်နိုင်တယ်လို့လည်း ကျန်းမာရေးဌာနက သတိပေးပါတယ်။

မလိုအပ်ပဲခရီးသွားတာ၊ လူစုလူဝေးတွေလုပ်တာရှောင်ကြဖို့နဲ့ မဖြစ်မနေအပြင်ထွက်ရရင် နှာခေါင်းစည်းတပ်ဖို့လည်းဆိုထားပါတယ်။

နောက်တစ်ပတ် နှစ်ပတ်အတွင်းမှာ ရောဂါကူးစက်မှုနှုန်းတွေ တက်လာနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ (၁၆) ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းမှာ သတိပေးထားပါတယ်။

နိုဝင်ဘာလ (၂၁)ရက်နေ့ကနေ ဒီဇင်ဘာလ(၅) ရက်နေ့အထိ နေအိမ်မထွက်ရအမိန့် ထုတ်ပြန်ဖို့ Covid-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပေမယ့် ဘယ်တိုင်းဒေသတွေမှာ ဒီအမိန့်ထုတ်ပြန်မယ်ဆိုတာကို အစိုးရကမကြေညာသေးပါဘူး။

ဒီဇင်ဘာလထဲမှာ ကျရောက်မယ့် ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ရက်တွေမှာ လူ ၅၀ ထက်မပိုဘဲ ဘုရားကျောင်းတွေမှာ ဝတ်ပြု ဆုတောင်းခွင့်ရှိမယ်လို့ အဲ့ဒီအစည်းအဝေးမှာဆွေးနွေးခဲ့ကြပါတယ်။

ဘုရားပုထိုးစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တလလေးကြိမ် ဥပုသ်သီလဆောက်တည်နိုင်၊ ဝတ်ပြုဆုတောင်းနိုင်ပေမယ့် လူ ၃၀ ထက်မပိုရလို့ သတ်မှတ်ဖို့ရှိပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း (၇၄၈၈၂) ယောက် ရှိသွားပြီဖြစ်ပြီးတော့ ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း (၅၅၆၃၃) ယောက် ရှိပါပြီ။

RFA
Photo – AFP

Leave a Reply

Your email address will not be published. Required fields are marked *