သတင္း

ယခုပညာသင်နှစ် ကျောင်းတွေပြန်ဖွင့်ဖို့နဲ့ စာမေးပွဲတွေကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ အခြေခံပညာဦးစီးဌာနပြော

(Zawgyi)

ယခုပညာသင္ႏွစ္ ေက်ာင္းေတြျပန္ဖြင့္ဖို႔နဲ႔ စာေမးပြဲေတြက်င္းပဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ အေျခခံပညာဦးစီးဌာနေျပာ

====================================

ျမန္မာႏိုင္ငံတြင္ ကိုဗစ္-၁၉ ကူးစက္မႈအေျခအေနမ်ား ျမင့္တက္လ်က္ရွိေနသည့္အတြက္ ယခုပညာသင္ႏွစ္မွာ အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ႏွင့္ သင္ယူတတ္ေျမာက္ျခင္းစာေမးပြဲမ်ားက်င္းပရန္ မျဖစ္ႏိုင္ေတာ့ေၾကာင္း အေျခခံပညာဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းက ျမန္မာ့ပလက္ေဖာင္းကို ေျပာပါတယ္။

“ကူးစက္မႈကလည္းေလ်ာ့မလာေသးတဲ့အတြက္ေၾကာင့္ ဆရာတို႔က ေက်ာင္းဖြင့္ဖို႔ကိစၥ ေတာ္ေတာ္မလြယ္မယ့္ အေနအထားေတာ့ရွိတာေပါ့၊ ဒါေပမယ့္ တျခားႏိုင္ငံေတြဘယ္လိုလုပ္ေနမလဲ ကိုယ္ေတြလဲ အဲ့လိုလုပ္ႏိုင္မလား သုံးသပ္ရမွာေပါ့၊ ကိုဗစ္က အေျခအေနေကာင္းလာၿပီဆိုရင္ေတာင္မွ ေက်ာင္းေတြမွာ ပထမအရင္ဖြင့္တုန္းကလို ကိုဗစ္ကာကြယ္ေရးနဲ႔ပတ္သက္ၿပီး လုပ္ရမွာေတြအမ်ားႀကီးရွိတယ္၊ ဒါေပမယ့္ ဒါေတြက ဆရာတို႔ ဆုံးျဖတ္ပိုင္ခြင့္မရွိဘူး ကိုဗစ္ဗဟိုေကာ္မတီရဲ႕ လမ္းၫႊန္ခ်က္ေတြနဲ႔ လုပ္ေဆာင္ရမွာျဖစ္တယ္” လို႔ ေဒါက္တာတင္ေမာင္ဝင္းကဆိုပါတယ္။

ထိုျပင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ သင္ယူမႈအျပည့္အဝမရရွိထားသည့္အတြက္ေၾကာင့္ စာေမးပြဲမ်ား က်င္းပႏိုင္မည္မဟုတ္ေၾကာင္း ၄င္းကသုံးသပ္ေျပာၾကားထားပါတယ္။

“အခုဆိုရင္ ေနာက္သုံးလေလာက္ဆို တစ္ႏွစ္ျပည့္ၿပီ သင္ခန္းစာနဲ႔ပတ္သက္ၿပီး ဘာမွသင္ယူမႈမရွိတဲ့ကေလးက အတန္း ၈ တန္းေလာက္ရွိတယ္Grade-10, Grade-11 ေလာက္က တစ္လေက်ာ္ေက်ာ္ေလာက္ တခ်ိဳ႕ေက်ာင္းေတြကေတာ့ဖြင့္တယ္ ရက္ပိုင္းေလးဖြင့္ၿပီး ျပန္ပိတ္သြားရတဲ့ေက်ာင္းေတြလည္းရွိတယ္၊ ကိုယ့္အစီအစဥ္နဲ႔ကိုယ္အဆင္ေျပတဲ့သူေတြကေတာ့ သင္ယူေနၾကတာေပါ့ ဒါေပမယ့္ လာမည့္ မတ္လမွာ စာေမးပြဲစစ္ျခင္း၊ မစစ္ျခင္းဆိုတာကေတာ့ ဆရာတို႔အျမင္ကေတာ့မျဖစ္ႏိုင္ဘူး” လို႔ ၄င္းက ဆိုပါတယ္။

လက္ရွိတြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား သင္ယူမႈအခြင့္အလမ္းမ်ားမဆုံးရႈံးေစရန္ ေရဒီယို၊ ႐ုပ္ျမင္သံၾကားမ်ားမွတစ္ဆင့္ သင္ခန္းစာမ်ားပို႔ခ်ရန္ စီစဥ္ေဆာင္႐ြက္ေနၿပီး ထိုသို႔ ေက်ာင္းသားေက်ာင္းသူမ်ား သင္ယူသည့္အခါ ဆရာ၊ဆရာမမ်ား၏ အခန္းက႑ထက္ မိဘမ်ား၏ အခန္းက႑က ပိုအေရးႀကီးသည့္အတြက္ ႀကိဳတင္အသိေပးလုပ္ေဆာင္မႈမ်ား မၾကာမီေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

(Unicode)

ယခုပညာသင်နှစ် ကျောင်းတွေပြန်ဖွင့်ဖို့နဲ့ စာမေးပွဲတွေကျင်းပဖို့ မဖြစ်နိုင်တော့ဘူးလို့ အခြေခံပညာဦးစီးဌာနပြော

====================================

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေများ မြင့်တက်လျက်ရှိနေသည့်အတွက် ယခုပညာသင်နှစ်မှာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် သင်ယူတတ်မြောက်ခြင်းစာမေးပွဲများကျင်းပရန် မဖြစ်နိုင်တော့ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။

“ကူးစက်မှုကလည်းလျော့မလာသေးတဲ့အတွက်ကြောင့် ဆရာတို့က ကျောင်းဖွင့်ဖို့ကိစ္စ တော်တော်မလွယ်မယ့် အနေအထားတော့ရှိတာပေါ့၊ ဒါပေမယ့် တခြားနိုင်ငံတွေဘယ်လိုလုပ်နေမလဲ ကိုယ်တွေလဲ အဲ့လိုလုပ်နိုင်မလား သုံးသပ်ရမှာပေါ့၊ ကိုဗစ်က အခြေအနေကောင်းလာပြီဆိုရင်တောင်မှ ကျောင်းတွေမှာ ပထမအရင်ဖွင့်တုန်းကလို ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး လုပ်ရမှာတွေအများကြီးရှိတယ်၊ ဒါပေမယ့် ဒါတွေက ဆရာတို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ကိုဗစ်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်” လို့ ဒေါက်တာတင်မောင်ဝင်းကဆိုပါတယ်။

ထိုပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ယူမှုအပြည့်အဝမရရှိထားသည့်အတွက်ကြောင့် စာမေးပွဲများ ကျင်းပနိုင်မည်မဟုတ်ကြောင်း ၎င်းကသုံးသပ်ပြောကြားထားပါတယ်။

“အခုဆိုရင် နောက်သုံးလလောက်ဆို တစ်နှစ်ပြည့်ပြီ သင်ခန်းစာနဲ့ပတ်သက်ပြီး ဘာမှသင်ယူမှုမရှိတဲ့ကလေးက အတန်း ၈ တန်းလောက်ရှိတယ်Grade-10, Grade-11 လောက်က တစ်လကျော်ကျော်လောက် တချို့ကျောင်းတွေကတော့ဖွင့်တယ် ရက်ပိုင်းလေးဖွင့်ပြီး ပြန်ပိတ်သွားရတဲ့ကျောင်းတွေလည်းရှိတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်အဆင်ပြေတဲ့သူတွေကတော့ သင်ယူနေကြတာပေါ့ ဒါပေမယ့် လာမည့် မတ်လမှာ စာမေးပွဲစစ်ခြင်း၊ မစစ်ခြင်းဆိုတာကတော့ ဆရာတို့အမြင်ကတော့မဖြစ်နိုင်ဘူး” လို့ ၎င်းက ဆိုပါတယ်။

လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူများ သင်ယူမှုအခွင့်အလမ်းများမဆုံးရှုံးစေရန် ရေဒီယို၊ ရုပ်မြင်သံကြားများမှတစ်ဆင့် သင်ခန်းစာများပို့ချရန် စီစဉ်ဆောင်ရွက်နေပြီး ထိုသို့ ကျောင်းသားကျောင်းသူများ သင်ယူသည့်အခါ ဆရာ၊ဆရာမများ၏ အခန်းကဏ္ဍထက် မိဘများ၏ အခန်းကဏ္ဍက ပိုအရေးကြီးသည့်အတွက် ကြိုတင်အသိပေးလုပ်ဆောင်မှုများ မကြာမီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

YMC

Leave a Reply

Your email address will not be published. Required fields are marked *