(Zawgyi)
ေဗဒါသို႔ အမႈိက္ထဲကေ႐ႊ
===================
ဗီယက္နာမ္ႏိုင္ငံသည္ ေဗဒါပင္မွ လက္မႈထည္ႏွင့္ပရိေဘာဂ ထုတ္လုပ္သည့္ ထိပ္တန္းႏိုင္ငံ တစ္ႏိုင္ငံျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ႏွစ္စဥ္ ဥေရာပႏွင့္အေမရိကသို႔ ေဗဒါထုတ္ကုန္မ်ား တင္ပို႔ျခင္းေၾကာင့္ ေဒၚလာသန္းေပါင္းမ်ားစြာ ဝင္ေငြ ရရွိေနေၾကာင္း သိရသည္။
ဘဲအုပ္က တစ္ရာႏွစ္ရာ မေဗဒါက တစ္ပင္တည္း
ဘာေတြလဲဆိုေတာ့ ေဗဒါေပါ့။ သူကေတာ့ ျမန္မာလို ေဗဒါေပါ့။ အဂၤလိပ္ – Water Hyacinth၊ သိပၸံနာမည္နဲ႔ဆိုရင္ Eichornia crassipes လို႔ ေခၚပါတယ္။ အားလုံးသိၾကတဲ့အတိုင္း ေရထဲမွာေနတဲ့ အပင္။ ေရေနပင္ေပါ့။ အရမ္းပြားျမန္ၿပီး ေခ်ာင္း႐ိုးကို ျပည့္ေစႏိုင္တာကလည္း သူ႔ရဲ႕ မေကာင္းတဲ့အခ်က္ေလး တစ္ခ်က္ပါပဲ။ အဲ့မေကာင္းတဲ့အခ်က္ကိုပဲ ယူၿပီးေတာ့ တစ္ခ်က္ခုတ္ နစ္ခ်က္ျပတ္ ဆိုတာေလးကို လိုက္ၾကည့္လိုက္တာေပါ့။
ျပႆနာ
ေဗဒါကေတာ့ သမပိုင္းေဒသေတြမွာ အမ်ားဆုံးေတြ႕ရႏိုင္တယ္။ သူက အရမ္းမ်ားလာၿပီဆိုရင္ ေရထဲမွာ သူတို႔ခ်ည္းပဲ။ ခရမ္းေရာင္အပြင့္၊ နဲ႔ အစိမ္းေရာင္အ႐ြက္ေတြခ်ည္းပဲ၊ တက္နင္းမိရင္ေတာင္ ေရထဲ မက်ဘူးလို႔ ထင္ရတဲ့အထိပါပဲ။ အခ်ိန္အၾကာႀကီးထားလိုက္ရင္ သက္တမ္း (၂၀) ကေန (၂၅)ႏွစ္ ေလာက္ေတာင္ၾကာႏိုင္ပါတယ္။
ေျမေဆြးပုံ ျပဳလုပ္ျခင္း
ေဗဒါေတြကို ေရထဲကေန ဆယ္ထုတ္လိုက္ရင္ ျမန္ျမန္ေျခာက္လြယ္ပါတယ္။ ႐ိုး႐ိုးေျမေဆြးပုံသလို အဆင့္ေလးေတြကို လိုက္ၾကည့္လိုက္ေတာ့ လြယ္ပါ့။ ေဗဒါေတြဆိုတာကလည္း ေခ်ာင္းထဲမွာ ၾကပ္သိပ္ေနေအာင္ ေပါက္ေနတယ္ဆိုရင္ေတာ့ ေ႐ႊတြင္းႀကီးေပါ့။ အဆင့္ေလးေတြကိုလုပ္ၾကည့္တာေပါ့။
အဆင့္ (၁) လိုက္ၿပီးေတာ့ ရိတ္သိမ္းတဲ့အဆင့္ပါ။ ဘာခက္လို႔တုန္း၊ ေလွေလးကိုေလွာ္ၿပီး မေဗဒါေတြကို လိုက္ဆည္ေန႐ုံအဆင့္ေလးပါ။
အဆင့္(၂) (၃) ရက္ေလာက္ကို ေနပူလွမ္းပစ္လိုက္ပါ။
အဆင့္ (၃) အားရွိပါးရွိသာ ခုတ္ထစ္လိုက္ပါ။ သူက အပြဆိုေတာ့ ခုတ္လို႔ ထစ္လို႔ေကာင္းမွေကာင္း
အဆင့္ (၄) ၿပီးေတာ့ ေျမေဆြးပုံသလို ျပန္ၿပီးေတာ့ ပုံေပးရမွာျဖစ္ပါတယ္။ ေဗဒါတစ္ထပ္၊ ႏြားေခ်းတစ္ထပ္၊ လႊစာလို အေဆြးေတြကတစ္ထပ္ အထပ္လိုက္ (၃) လႊာေလာက္လုပ္ရင္ ရပါၿပီ။
အဆင့္ (၅) (၃)လေလာက္ထားရပါမယ္။ ၾကားထဲအဆင့္ေတြမွာ ေျမေဆြးပုံကို အေပၚေအာက္လွန္ေပးတာမ်ိဳး လုပ္ေပးရပါမယ္။
အဲ့လို အဆင့္ေလးေတြ လိုက္လုပ္ရင္ ကိုယ့္အတြက္ ေျမေဆြးလုပ္ဖို႔ သစ္႐ြက္ေဆြးေတြစုရတဲ့အခ်ိန္လည္း သက္သာပါတယ္။
ေဗဒါကေနလုပ္ထားတဲ့ေျမေဆြးကို ထည့္ေပးမယ္ဆိုရင္ သူ႔မွာက ႏိုက္ထ႐ိုဂ်င္ပါဝင္မႈမ်ားတာေၾကာင့္ ေျမျပင္ခ်ိန္မွာထည့္ေပးႏိုင္ရင္ အေကာင္းဆုံးျဖစ္ပါတယ္။ ေျမမွာအာဟာရျပည့္ဝေနရင္ ေနာက္ကိုယ္စိုက္တဲ့အပင္ေတြက အာဟာရျပည့္ဝၿပီး အရည္အေသြးျပည့္ဝတဲ့ သီးႏွံေတြကိုထုတ္လုပ္ေပးႏိုင္မွာျဖစ္ပါတယ္။
ေနာက္တစ္ခုက ေျမဖုံးတာမ်ိဳးလုပ္ေပးလို႔ရပါတယ္၊ သူတို႔ဆီမွာေတာ့ ႏွင္းေပါ့။ ကိုယ္ေတြဆီမွာေတာ့ မိုးေရာ ႏွင္းေရာ ကာကြယ္တဲ့အေနနဲ႔ ေျမဖုံးတာမ်ိဳးလုပ္ေပးႏိုင္ပါတယ္။ ေကာက္႐ိုးလိုမ်ိဳး အစားထိုးၿပီး သုံးႏိုင္တာေပါ့။
မိုးေဗဒါနဲ႔ ေကာင္းကြက္ေတြေလ
မိုးေလးတစ္ေျဖာက္ ႏွစ္ေဖ်ာက္ေလာက္က်လိုက္တာနဲ႔တင္ ေရေတြက ေျမာင္းေတြထဲ ျပည့္လာၿပီးေတာ့ ခရမ္းေရာင္ပြင့္ေလးေတြနဲ႔ မေဗဒါေတြက တစ္ပင္ႏွစ္ပင္ကေန ပြားမ်ားလာလိုက္တာ ရွင္းလို႔ေတာင္ မႏိုင္ေတာ့တဲ့အထိပါပဲ။ အေျပာင္ရွင္းဖို႔ဆိုရင္ ပိုက္ဆံေတြအမ်ားႀကီးကုန္ၿပီးမွ ျဖစ္လာတာပါ။ ကဲ အခုေတာ့ ေအာ္ဂဲနစ္ ေျမၾသဇာလုပ္ၿပီးေတာ့ ျပန္သုံးလိုက္တယ္ဆိုရင္ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပဲေလ။ အဲ့ဒီ အက်ိဳးေက်းဇူးေတြေၾကာင့္မို႔ Makkason စိမ့္ေတာထဲမွာဆိုရင္ ေဗဒါပင္ေတြကို ေဘာင္ေလးေတြလုပ္ၿပီးေတာ့ စိုက္ၿပီးေတာ့ကို အသုံးခ်ေနၾကတယ္။
ေရရဲ႕ (၁၀)ရာခိုင္ႏႈန္းကို ေဗဒါပင္ေတြကိုပြားမ်ားယူတယ္။ (၁၅)ေပ၊ ေပ(၆၀) ေဘာင္ႀကီးေတြ လုပ္ၿပီးေတာ့ ေသေသခ်ာခ်ာေလး လုပ္ထားတာပါ။ ဘာလို႔ အဲ့လိုလုပ္လဲ ဆိုေတာ့ ေဗဒါပင္ေတြက ေရထဲကိုစြန႔္ပစ္လိုက္တဲ့ စက္႐ုံထြက္စြန႔္ပစ္ပစၥည္းေတြမွာပါတဲ့ ေၾကးနီနဲ႔ ခဲဓာတ္ေတြကို စုပ္ယူသန႔္ရွင္းေပးပါတယ္။ ေရထဲမွာ ေပ်ာ္ဝင္ေနတဲ့ ျပဒါးနဲ႔ ခဲဓာတ္ေတြကိုလည္း စုပ္ယူၿပီးေတာ့ ေပးႏိုင္ပါေသးတယ္။
ေဗဒါပင္ေတြဟာဆိုရင္ ေရထဲမွာရွိတဲ့ သတၱဳဓာတ္ေတြနဲ႔ ေအာ္ဂဲနစ္မဟုတ္တဲ့ပစၥည္းေတြကိုလည္း စုပ္ယူေပးႏိုင္ပါေသးတယ္။ ေဗဒါပင္ေလးေတြက ဘယ္လိုအေျခအေန ပတ္ဝန္းက်င္မွာျဖစ္ျဖစ္ ေကာင္းေကာင္းႀကီးထြားႏိုင္ပါတယ္။ ႀကီးတာကလည္းျမန္တယ္။ မေကာင္းတာေတြ စုပ္ယူသန႔္စင္ေပးၿပီးေတာ့ ေအာ္ဂဲနစ္ေျမၾသဇာကိုလည္း ထုတ္လုပ္ေပးႏိုင္ပါတယ္။
ေျမအသုံးခ်တိုးတက္ေရးဌာနက Mr.Sima Morakul က ေဗဒါပင္ေတြကို ေျမေဆြးလုပ္ၿပီးေတာ့ အပင္ကိုထည့္ေပးရင္ျဖစ္ျဖစ္၊ ေျမကိုထည့္ေပးရင္ျဖစ္ျဖစ္ ေကာင္းက်ိဳးေတြမ်ားႏိုင္တယ္ဆိုတာကို ေတြ႕ခဲ့ပါတယ္။
ေဗဒါပင္ရဲ႕ ပြားမ်ားျဖာထြက္ေနတဲ့ အျမစ္ေတြဟာ အပင္အာဟာရေတြကို ေကာင္းေကာင္းစုပ္ယူၿပီးေတာ့ ပင္စည္ေတြနဲ႔ အ႐ြက္ေတြမွာ သိုေလွာင္ထားပါတယ္။ အဲ့လို ေဗဒါပင္ေတြကို ေျမေဆြးျပဳလုပ္မယ္ဆိုရင္ တန္ (၃၀) ကိုလုပ္ရင္ ေျမေဆြး (၅.၅) တန္ ျပန္ရမွာပါ။ အဲ့ (၅) တန္ခြဲဆိုတာကလည္း တကယ္ကို ေအာ္ဂဲနစ္ပစၥည္းေတြျဖစ္ၿပီးေတာ့ ေျမႀကီးထဲ ထည့္ေပးရင္ ေျမသားကိုေကာင္းေစပါတယ္။ ဘာေတြေကာင္းလဲဆိုေတာ့ ေျမသားတည္ေဆာက္မႈကို ေကာင္းေစတယ္။ ေလဝင္ေလထြက္ေကာင္းေစတယ္။ ေရစုပ္ယူအားကိုေကာင္းေစတယ္။ ဒါက ေျမႀကီးရဲ႕ ႐ုပ္ဂုဏ္သတၱိကိုေကာင္းေစတာပါ။
ဓာတ္ဂုဏ္သတၱိကို ေျပာင္းလဲေစတာေတြဆိုရင္ ေျမႀကီးထဲကို အာဟာရဓာတ္ေတြကို ေပါင္းထည့္ေပးတယ္။ ၿပီးေတာ့ တစ္ျဖည္းျဖည္းခ်င္း ျပန္လည္ထုတ္လႊတ္ေပးတယ္။ အဲ့ဒီေတာ့ အပင္ေတြက အာဟာရေတြကို အၿမဲတမ္း ရရွိေစတာေပါ့။ ေျမခ်ဥ္တာ ငန္တာေတြအတြက္လည္း ထည့္လို႔ရတယ္။ အဲ့ေတာ့ ေျမထဲမွာ အက်ိဳးျပဳသက္ရွိေတြက မ်ားလာေရာ၊ အဲ့လို အေကာင္ေလးေတြ မ်ားလာေလေလ၊ စိုက္ပ်ိဳးေျမဟာ ပိုေကာင္းေလေလ ျဖစ္လာေတာ့တာပါပဲ။
ကဲ အဆုံးသတ္ စကားဆိုရရင္ေတာ့ ေဗဒါပင္နဲ႔ ေျမၾသဇာလုပ္လို႔ရတယ္။ ေျမဖုံးလုပ္လို႔ရတယ္။ အဲ့လိုလုပ္ေပးရင္ ေျမကိုလည္း သန႔္စင္ေစၿပီးေတာ့ ေကာင္းသြားမယ္။ အရမ္းေကာင္းတဲ့အခ်က္ဆိုေတာ့ အက်ိဳးရွိရွိပဲ ျဖတ္သန္းၾကပါစို႔လားလို႔။
ဆီးခ်ိဳ၊ ေသြးခ်ိဳအတြက္ ေဗဒါပြင့္ေလးေတြရဲ႕ အစြမ္း
တိုင္းရင္းေဆးပညာဦးစီးဌာန၊ သုေတသနဌာနခြဲမွ ေဗဒါ၏ဆီးခ်ိဳ၊ ေသြးခ်ိဳအေပၚ အာနိသင္သက္ေရာက္မႈကို သိပၸံနည္းက် သုေတသန ျပဳလုပ္ၾကပါသည္။
ေဗဒါပြင့္ျပဳတ္ရည္ (20)ml/kg သည္ ဂလူကို႔စ္ (.2)g/ kg တိုက္ထားေသာ ယုန္၏ ေသြးထဲသို႔ သၾကားပမာဏကို က်ဆင္းေစေၾကာင္း ေတြ႕ရွိ ရသည္။ ေဗဒါပြင့္ျပဳတ္ရည္ (၅၀)မီလီကို သာမန္ တိုက္ေကြၽးျခင္းျဖင့္ စမ္းသပ္ရာ တိုက္ေကြၽးၿပီး တစ္နာရီအၾကာတြင္ ဆီခ်ိဳ၊ ေသြးခ်ိဳက် အာနိသင္ကို စတင္ေတြ႕ရွိရျခင္း၊ (၂)နာရီခြဲ ၾကာသည္အထိ ေတြ႕ရွိရပါသည္။ ထိုသို႔စမ္းသပ္ခံရသူတို႔၏ ကိုယ္တြင္းအဂၤါမ်ား၊ ထိခိုက္ပ်က္ဆီးမႈ တစ္စုံတစ္ရာ မေတြ႕ရွိ ရပါ။
အဆိပ္အာနိသင္ရွိ / မရွိ
ေဗဒါပြင့္ျပဳတ္ရည္မွ ထုတ္ယူရရွိေသာ ေရတြင္ ေပ်ာ္ဝင္ပစၥည္း၏ လက္တေလာ အဆိပ္အာနိသင္ကို ႂကြက္ျဖဴမ်ားႏွင့္ စမ္းသပ္ရာ အဆိပ္အာနိသင္ မေတြ႕ရပါ။
အသုံးျပဳပုံ
ေဗဒါကို ျမန္မာႏိုင္ငံတြင္ ဟင္းအျဖစ္ စားသုံး႐ုံမွ်မက ဆီးခ်ိဳ၊ ေသြးခ်ိဳ ေရာဂါမ်ားတြင္လည္း အသုံးျပဳပါသည္။ ေဗဒါပြင့္ကို ျပဳတ္၍လည္းေကာင္း၊ အေျခာက္ခံၿပီး လက္ဖက္ေျခာက္ကဲ့သို႔ ေရေႏြးခတ္၍လည္းေကာင္း၊ အပြင့္ကို ျပဳတ္သုပ္စားျခင္းျဖင့္ ဆီးခ်ိဳ၊ ေသြးခ်ိဳကို ထိန္းခ်ဳပ္ႏိုင္ပါသည္။
ဆီးခ်ိဳရွင္တစ္ဦးက က်ဳပ္ကေတာ့ ဆီးခ်ိဳကို ေဆးစစ္ၿပီးထဲက အဂၤလိပ္ေဆးေတြနဲ႔ မကုနိင္ဘူးေလ။ ဒီေတာ့ဘာေဆးမွလည္း မေသာက္ဘူးေပါ့။ ေဗဒါပြင့္ကို အရည္ညႇစ္ၿပီး ေနစဥ္လက္ဖက္ရည္အၾကမ္း ပန္းကန္တစ္လုံး ေသာက္ေပးတယ္။သိပၸံေဆးဝါးတို႔ျဖင့္ ကုသရန္ ခက္ခဲေနသူမ်ား၊ ေငြေၾကးအဆင္မေျပသူမ်ားအတြက္ လိုအပ္ပါက ေဗဒါပြင့္ေလးကို အရည္ညႇစ္ေသာက္ေပးၿပီး ဆီးခ်ိဳ၊ ေသြးခ်ိဳကို ကုသႏိုင္ပါေၾကာင္း ေလ့လာမိသမွ် တင္ျပမိပါသည္။

(Unicode)
ဗေဒါသို့ အမှိုက်ထဲကရွှေ
===================
ဗီယက်နာမ်နိုင်ငံသည် ဗေဒါပင်မှ လက်မှုထည်နှင့်ပရိဘောဂ ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း သိရသည်။
ထို့ပြင် နှစ်စဉ် ဥရောပနှင့်အမေရိကသို့ ဗေဒါထုတ်ကုန်များ တင်ပို့ခြင်းကြောင့် ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေ ရရှိနေကြောင်း သိရသည်။
ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း
ဘာတွေလဲဆိုတော့ ဗေဒါပေါ့။ သူကတော့ မြန်မာလို ဗေဒါပေါ့။ အင်္ဂလိပ် – Water Hyacinth၊ သိပ္ပံနာမည်နဲ့ဆိုရင် Eichornia crassipes လို့ ခေါ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ရေထဲမှာနေတဲ့ အပင်။ ရေနေပင်ပေါ့။ အရမ်းပွားမြန်ပြီး ချောင်းရိုးကို ပြည့်စေနိုင်တာကလည်း သူ့ရဲ့ မကောင်းတဲ့အချက်လေး တစ်ချက်ပါပဲ။ အဲ့မကောင်းတဲ့အချက်ကိုပဲ ယူပြီးတော့ တစ်ချက်ခုတ် နစ်ချက်ပြတ် ဆိုတာလေးကို လိုက်ကြည့်လိုက်တာပေါ့။
ပြဿနာ
ဗေဒါကတော့ သမပိုင်းဒေသတွေမှာ အများဆုံးတွေ့ရနိုင်တယ်။ သူက အရမ်းများလာပြီဆိုရင် ရေထဲမှာ သူတို့ချည်းပဲ။ ခရမ်းရောင်အပွင့်၊ နဲ့ အစိမ်းရောင်အရွက်တွေချည်းပဲ၊ တက်နင်းမိရင်တောင် ရေထဲ မကျဘူးလို့ ထင်ရတဲ့အထိပါပဲ။ အချိန်အကြာကြီးထားလိုက်ရင် သက်တမ်း (၂၀) ကနေ (၂၅)နှစ် လောက်တောင်ကြာနိုင်ပါတယ်။
မြေဆွေးပုံ ပြုလုပ်ခြင်း
ဗေဒါတွေကို ရေထဲကနေ ဆယ်ထုတ်လိုက်ရင် မြန်မြန်ခြောက်လွယ်ပါတယ်။ ရိုးရိုးမြေဆွေးပုံသလို အဆင့်လေးတွေကို လိုက်ကြည့်လိုက်တော့ လွယ်ပါ့။ ဗေဒါတွေဆိုတာကလည်း ချောင်းထဲမှာ ကြပ်သိပ်နေအောင် ပေါက်နေတယ်ဆိုရင်တော့ ရွှေတွင်းကြီးပေါ့။ အဆင့်လေးတွေကိုလုပ်ကြည့်တာပေါ့။
အဆင့် (၁) လိုက်ပြီးတော့ ရိတ်သိမ်းတဲ့အဆင့်ပါ။ ဘာခက်လို့တုန်း၊ လှေလေးကိုလှော်ပြီး မဗေဒါတွေကို လိုက်ဆည်နေရုံအဆင့်လေးပါ။
အဆင့်(၂) (၃) ရက်လောက်ကို နေပူလှမ်းပစ်လိုက်ပါ။
အဆင့် (၃) အားရှိပါးရှိသာ ခုတ်ထစ်လိုက်ပါ။ သူက အပွဆိုတော့ ခုတ်လို့ ထစ်လို့ကောင်းမှကောင်း
အဆင့် (၄) ပြီးတော့ မြေဆွေးပုံသလို ပြန်ပြီးတော့ ပုံပေးရမှာဖြစ်ပါတယ်။ ဗေဒါတစ်ထပ်၊ နွားချေးတစ်ထပ်၊ လွှစာလို အဆွေးတွေကတစ်ထပ် အထပ်လိုက် (၃) လွှာလောက်လုပ်ရင် ရပါပြီ။
အဆင့် (၅) (၃)လလောက်ထားရပါမယ်။ ကြားထဲအဆင့်တွေမှာ မြေဆွေးပုံကို အပေါ်အောက်လှန်ပေးတာမျိုး လုပ်ပေးရပါမယ်။
အဲ့လို အဆင့်လေးတွေ လိုက်လုပ်ရင် ကိုယ့်အတွက် မြေဆွေးလုပ်ဖို့ သစ်ရွက်ဆွေးတွေစုရတဲ့အချိန်လည်း သက်သာပါတယ်။
ဗေဒါကနေလုပ်ထားတဲ့မြေဆွေးကို ထည့်ပေးမယ်ဆိုရင် သူ့မှာက နိုက်ထရိုဂျင်ပါဝင်မှုများတာကြောင့် မြေပြင်ချိန်မှာထည့်ပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ မြေမှာအာဟာရပြည့်ဝနေရင် နောက်ကိုယ်စိုက်တဲ့အပင်တွေက အာဟာရပြည့်ဝပြီး အရည်အသွေးပြည့်ဝတဲ့ သီးနှံတွေကိုထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ခုက မြေဖုံးတာမျိုးလုပ်ပေးလို့ရပါတယ်၊ သူတို့ဆီမှာတော့ နှင်းပေါ့။ ကိုယ်တွေဆီမှာတော့ မိုးရော နှင်းရော ကာကွယ်တဲ့အနေနဲ့ မြေဖုံးတာမျိုးလုပ်ပေးနိုင်ပါတယ်။ ကောက်ရိုးလိုမျိုး အစားထိုးပြီး သုံးနိုင်တာပေါ့။
မိုးဗေဒါနဲ့ ကောင်းကွက်တွေလေ
မိုးလေးတစ်ဖြောက် နှစ်ဖျောက်လောက်ကျလိုက်တာနဲ့တင် ရေတွေက မြောင်းတွေထဲ ပြည့်လာပြီးတော့ ခရမ်းရောင်ပွင့်လေးတွေနဲ့ မဗေဒါတွေက တစ်ပင်နှစ်ပင်ကနေ ပွားများလာလိုက်တာ ရှင်းလို့တောင် မနိုင်တော့တဲ့အထိပါပဲ။ အပြောင်ရှင်းဖို့ဆိုရင် ပိုက်ဆံတွေအများကြီးကုန်ပြီးမှ ဖြစ်လာတာပါ။ ကဲ အခုတော့ အော်ဂဲနစ် မြေသြဇာလုပ်ပြီးတော့ ပြန်သုံးလိုက်တယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ။ အဲ့ဒီ အကျိုးကျေးဇူးတွေကြောင့်မို့ Makkason စိမ့်တောထဲမှာဆိုရင် ဗေဒါပင်တွေကို ဘောင်လေးတွေလုပ်ပြီးတော့ စိုက်ပြီးတော့ကို အသုံးချနေကြတယ်။
ရေရဲ့ (၁၀)ရာခိုင်နှုန်းကို ဗေဒါပင်တွေကိုပွားများယူတယ်။ (၁၅)ပေ၊ ပေ(၆၀) ဘောင်ကြီးတွေ လုပ်ပြီးတော့ သေသေချာချာလေး လုပ်ထားတာပါ။ ဘာလို့ အဲ့လိုလုပ်လဲ ဆိုတော့ ဗေဒါပင်တွေက ရေထဲကိုစွန့်ပစ်လိုက်တဲ့ စက်ရုံထွက်စွန့်ပစ်ပစ္စည်းတွေမှာပါတဲ့ ကြေးနီနဲ့ ခဲဓာတ်တွေကို စုပ်ယူသန့်ရှင်းပေးပါတယ်။ ရေထဲမှာ ပျော်ဝင်နေတဲ့ ပြဒါးနဲ့ ခဲဓာတ်တွေကိုလည်း စုပ်ယူပြီးတော့ ပေးနိုင်ပါသေးတယ်။
ဗေဒါပင်တွေဟာဆိုရင် ရေထဲမှာရှိတဲ့ သတ္တုဓာတ်တွေနဲ့ အော်ဂဲနစ်မဟုတ်တဲ့ပစ္စည်းတွေကိုလည်း စုပ်ယူပေးနိုင်ပါသေးတယ်။ ဗေဒါပင်လေးတွေက ဘယ်လိုအခြေအနေ ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကောင်းကောင်းကြီးထွားနိုင်ပါတယ်။ ကြီးတာကလည်းမြန်တယ်။ မကောင်းတာတွေ စုပ်ယူသန့်စင်ပေးပြီးတော့ အော်ဂဲနစ်မြေသြဇာကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။
မြေအသုံးချတိုးတက်ရေးဌာနက Mr.Sima Morakul က ဗေဒါပင်တွေကို မြေဆွေးလုပ်ပြီးတော့ အပင်ကိုထည့်ပေးရင်ဖြစ်ဖြစ်၊ မြေကိုထည့်ပေးရင်ဖြစ်ဖြစ် ကောင်းကျိုးတွေများနိုင်တယ်ဆိုတာကို တွေ့ခဲ့ပါတယ်။
ဗေဒါပင်ရဲ့ ပွားများဖြာထွက်နေတဲ့ အမြစ်တွေဟာ အပင်အာဟာရတွေကို ကောင်းကောင်းစုပ်ယူပြီးတော့ ပင်စည်တွေနဲ့ အရွက်တွေမှာ သိုလှောင်ထားပါတယ်။ အဲ့လို ဗေဒါပင်တွေကို မြေဆွေးပြုလုပ်မယ်ဆိုရင် တန် (၃၀) ကိုလုပ်ရင် မြေဆွေး (၅.၅) တန် ပြန်ရမှာပါ။ အဲ့ (၅) တန်ခွဲဆိုတာကလည်း တကယ်ကို အော်ဂဲနစ်ပစ္စည်းတွေဖြစ်ပြီးတော့ မြေကြီးထဲ ထည့်ပေးရင် မြေသားကိုကောင်းစေပါတယ်။ ဘာတွေကောင်းလဲဆိုတော့ မြေသားတည်ဆောက်မှုကို ကောင်းစေတယ်။ လေဝင်လေထွက်ကောင်းစေတယ်။ ရေစုပ်ယူအားကိုကောင်းစေတယ်။ ဒါက မြေကြီးရဲ့ ရုပ်ဂုဏ်သတ္တိကိုကောင်းစေတာပါ။
ဓာတ်ဂုဏ်သတ္တိကို ပြောင်းလဲစေတာတွေဆိုရင် မြေကြီးထဲကို အာဟာရဓာတ်တွေကို ပေါင်းထည့်ပေးတယ်။ ပြီးတော့ တစ်ဖြည်းဖြည်းချင်း ပြန်လည်ထုတ်လွှတ်ပေးတယ်။ အဲ့ဒီတော့ အပင်တွေက အာဟာရတွေကို အမြဲတမ်း ရရှိစေတာပေါ့။ မြေချဉ်တာ ငန်တာတွေအတွက်လည်း ထည့်လို့ရတယ်။ အဲ့တော့ မြေထဲမှာ အကျိုးပြုသက်ရှိတွေက များလာရော၊ အဲ့လို အကောင်လေးတွေ များလာလေလေ၊ စိုက်ပျိုးမြေဟာ ပိုကောင်းလေလေ ဖြစ်လာတော့တာပါပဲ။
ကဲ အဆုံးသတ် စကားဆိုရရင်တော့ ဗေဒါပင်နဲ့ မြေသြဇာလုပ်လို့ရတယ်။ မြေဖုံးလုပ်လို့ရတယ်။ အဲ့လိုလုပ်ပေးရင် မြေကိုလည်း သန့်စင်စေပြီးတော့ ကောင်းသွားမယ်။ အရမ်းကောင်းတဲ့အချက်ဆိုတော့ အကျိုးရှိရှိပဲ ဖြတ်သန်းကြပါစို့လားလို့။
ဆီးချို၊ သွေးချိုအတွက် ဗေဒါပွင့်လေးတွေရဲ့ အစွမ်း
တိုင်းရင်းဆေးပညာဦးစီးဌာန၊ သုတေသနဌာနခွဲမှ ဗေဒါ၏ဆီးချို၊ သွေးချိုအပေါ် အာနိသင်သက်ရောက်မှုကို သိပ္ပံနည်းကျ သုတေသန ပြုလုပ်ကြပါသည်။
ဗေဒါပွင့်ပြုတ်ရည် (20)ml/kg သည် ဂလူကို့စ် (.2)g/ kg တိုက်ထားသော ယုန်၏ သွေးထဲသို့ သကြားပမာဏကို ကျဆင်းစေကြောင်း တွေ့ရှိ ရသည်။ ဗေဒါပွင့်ပြုတ်ရည် (၅၀)မီလီကို သာမန် တိုက်ကျွေးခြင်းဖြင့် စမ်းသပ်ရာ တိုက်ကျွေးပြီး တစ်နာရီအကြာတွင် ဆီချို၊ သွေးချိုကျ အာနိသင်ကို စတင်တွေ့ရှိရခြင်း၊ (၂)နာရီခွဲ ကြာသည်အထိ တွေ့ရှိရပါသည်။ ထိုသို့စမ်းသပ်ခံရသူတို့၏ ကိုယ်တွင်းအင်္ဂါများ၊ ထိခိုက်ပျက်ဆီးမှု တစ်စုံတစ်ရာ မတွေ့ရှိ ရပါ။
အဆိပ်အာနိသင်ရှိ / မရှိ
ဗေဒါပွင့်ပြုတ်ရည်မှ ထုတ်ယူရရှိသော ရေတွင် ပျော်ဝင်ပစ္စည်း၏ လက်တလော အဆိပ်အာနိသင်ကို ကြွက်ဖြူများနှင့် စမ်းသပ်ရာ အဆိပ်အာနိသင် မတွေ့ရပါ။
အသုံးပြုပုံ
ဗေဒါကို မြန်မာနိုင်ငံတွင် ဟင်းအဖြစ် စားသုံးရုံမျှမက ဆီးချို၊ သွေးချို ရောဂါများတွင်လည်း အသုံးပြုပါသည်။ ဗေဒါပွင့်ကို ပြုတ်၍လည်းကောင်း၊ အခြောက်ခံပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်၍လည်းကောင်း၊ အပွင့်ကို ပြုတ်သုပ်စားခြင်းဖြင့် ဆီးချို၊ သွေးချိုကို ထိန်းချုပ်နိုင်ပါသည်။
ဆီးချိုရှင်တစ်ဦးက ကျုပ်ကတော့ ဆီးချိုကို ဆေးစစ်ပြီးထဲက အင်္ဂလိပ်ဆေးတွေနဲ့ မကုနိင်ဘူးလေ။ ဒီတော့ဘာဆေးမှလည်း မသောက်ဘူးပေါ့။ ဗေဒါပွင့်ကို အရည်ညှစ်ပြီး နေစဉ်လက်ဖက်ရည်အကြမ်း ပန်းကန်တစ်လုံး သောက်ပေးတယ်။သိပ္ပံဆေးဝါးတို့ဖြင့် ကုသရန် ခက်ခဲနေသူများ၊ ငွေကြေးအဆင်မပြေသူများအတွက် လိုအပ်ပါက ဗေဒါပွင့်လေးကို အရည်ညှစ်သောက်ပေးပြီး ဆီးချို၊ သွေးချိုကို ကုသနိုင်ပါကြောင်း လေ့လာမိသမျှ တင်ပြမိပါသည်။
crd,
Orginal /✍♻ သုတဇုန်ထွန်းလင်း

Leave a Reply