ဗဟုတုသ

အိမ္တြင္းေရး ဆူပူမႈမရွိပဲ သာယာေအးခ်မ္းေစခ်င္ရင္

(Zawgyi)

အိမ္တြင္းေရး ဆူပူမႈမရွိပဲ သာယာေအးခ်မ္းေစခ်င္ရင္…

ဘုရားပန္းကို အညႇိဴးမခံပါနဲ႔.. ေသာက္ေတာ္ေရကိုလည္း အေႏြးမခံပါနဲ႔.. ဂါထာေတြ မႏၲာန္ေတြ ပါးစပ္ကအျမဳပ္ထြက္ေအာင္ ႐ြတ္ေနစရာမလိုပါဘူး.. ဘုရားပန္းကို အၿမဲတမ္း လန္းလန္းဆန္းဆန္းျဖစ္ေအာင္ထားမယ္…ေသာက္ေတာ္ေရခ်မ္းကို အၿမဲေအးေနေအာင္ ထားမယ္ဆိုရင္ အိမ္တြင္းေရး ေအးခ်မ္းပါတယ္..

အိမ္မွာအၿမဲေနရတဲ့သူေတြဆိုရင္ မိမိေရေသာက္တိုင္း ဘုရားကို ေသာက္ေတာ္ေရလဲၿပီးကပ္ႏိုင္ရင္ ပိုေကာင္းပါတယ္.. အဲဒီေလာက္ႀကီးအထိ မလဲႏိုင္ဘူးဆိုရင္ေတာင္မွ၊ မနက္တစ္ခါ ေန႔လည္တစ္ခါ ညေနတစ္ခါ တစ္ေန႔သုံးႀကိမ္ေလာက္ေတာ့ ကပ္သင့္ပါတယ္.. ငါအလုပ္မ်ားတယ္ အိမ္မွာလည္းေနရတာနည္းတယ္ဆိုၿပီး ေသာက္ေတာ္ေရ မကပ္ႏိုင္ဘူးလို႔လည္း မေျပာလိုက္ပါနဲ႔.. ဘယ္ေနရာမွာမဆို မိမိေရေသာက္တိုင္း ပါးစပ္ထဲမထည့္ခင္ ကိုယ္ေသာက္မယ့္ခြက္ကို လက္နဲ႔ကိုင္ထားၿပီး “ျမတ္စြာဘုရားအား ေသာက္ေတာ္ေရ လႉဒါန္းပါတယ္” လို႔ စိတ္က အာ႐ုံျပဳၿပီး ကပ္လို႔ရပါတယ္…… ဘုရားေရွ႕သြားကပ္ႏိုင္မွ မဟုတ္ပါဘူး…ဒါဟာ ေငြမကုန္ပဲ အလိုလိုရေနတဲ့ ကုသိုလ္ပါ……

ေသာက္ေတာ္ေရ တစ္ခုတည္းမွ မဟုတ္ပါဘူး.. ဘာပဲစားစား ျမတ္စြာဘုရားကို အာ႐ုံျပဳကပ္ၿပီးေတာ့မွ စားပါတယ္(ေန႔၁၂နာရီမေက်ာ္ေသးရင္) မစားခင္ သရဏဂုံ သုံးႀကိမ္ ႐ြတ္ပါတယ္။ သရဏဂုံ႐ြတ္ေနတဲ့အခ်ိန္ကို ျမတ္စြာဘုရား ဘုဥ္းေပးေနတဲ့အခ်ိန္လို႔ သေဘာထားလိုက္ပါတယ္.. ႐ြတ္ၿပီးသြားၿပီဆိုေတာ့မွ “အရွင္ဘုရား ဘုဥ္းေပးၿပီးၿပီျဖစ္လို႔ တပည့္ေတာ္ကို ေဆးအျဖစ္စြန႔္ေတာ္မူပါဘုရား” လို႔စြန႔္ၿပီး စားပါတယ္..

ဒီေနရာမွာ ေျပာစရာတစ္ခု ရွိလာပါတယ္..တစ္ခ်ိဳ႕လူေတြက ဆြမ္းေတာ္စြန႔္တာစားရင္ဘုန္းနိမ့္တယ္ ဉာဏ္ထိုင္းတယ္ဆိုၿပီး မစားၾကပါဘူး…..တစ္ကယ္ေတာ့ ဒီစကားဟာသထုံဘုရင္ မႏုဟာမင္းကို အေၾကာင္းျပဳၿပီး ေပၚလာတဲ့ စကားသာျဖစ္ပါတယ္.. မႏုဟာမင္းဟာ စကားေျပာရင္ အာခံတြင္းကအေရာင္ဝင္းဝင္းေတာက္တဲ့အထိ ဘုန္းတန္ခိုးႀကီးမားတဲ့ဘုရင္တစ္ပါး ျဖစ္ပါတယ္.. သူဟာ ေလာကီအစီအရင္မ်ားနဲ႔ စီမံထားတဲ့ ဆြမ္းေတာ္က်ကို စားမိသည့္အတြက္ အာခံတြင္းမွအေရာင္မ်ား ေပ်ာက္ကြယ္သြားပါတယ္.. ဒီလိုျဖစ္ရတာဟာ ဆြမ္းေတာ္က်စားျခင္းေၾကာင့္ မဟုတ္ပါ.. ေလာကီအစီအမံေၾကာင့္ ေသာ္လည္းေကာင္းထည့္ေကြၽးသည့္ မေနာလင္ပန္း မသန႔္ရွင္းေသာေၾကာင့္လည္းေကာင္း ေပ်ာက္ကြယ္ခဲ့ရျခင္းသာျဖစ္ပါတယ္..

ေနာက္တစ္ခုက မသိနားမလည္ၾကတဲ့ ကေလးေတြ ဘုရားရွင္အတြက္ ကပ္လႉထားတာေတြကိုယူစားမွာ စိုးတဲ့အတြက္ေၾကာင့္ လူႀကီးမိဘေတြက မစားဝံ့ေအာင္ ေျခာက္လွန္တားျမစ္ထားျခင္းေၾကာင့္ ဆြမ္းစြန႔္ၿပီးလည္း မစားဝံ့ မစားရဲျဖစ္သြားၾကတာပါ.. ေရွးကဆရာေတာ္ႀကီးမ်ားဆိုရင္ ဆြမ္းခံႂကြျပန္လာၿပီးရင္ သပိတ္အတိုင္းဘုရားရွင္ကို ဆပ္ကပ္ၿပီးမွ သပိတ္ကိုစြန႔္ၿပီး ဘုဥ္းေပးေလ့ရွိပါတယ္တဲ့..

ဆြမ္းေတာ္စြန႔္တာစားရင္ ဉာဏ္ထိုင္းတယ္ ဘုန္းနိမ့္တယ္လို႔ က်မ္းဂန္မ်ားထဲမွာ မိန႔္ေတာ္မမူခဲ့ပါဘူး.. လို႔ ဆရာေတာ္မ်ား၏တရားမ်ား စာအုပ္မ်ားမွာနာဖူး ဖတ္ဖူးပါတယ္.. ဒီေလာက္ဆို အတုမရွိျမတ္ဗုဒၶကို အာ႐ုံျပဳကပ္လႉၿပီးမွ စြန႔္ၿပီးစားတာဟာ ေကာင္းမေကာင္း သင့္မသင့္ ဆိုတာကို မိမိတို႔၏ဦးေႏွာက္ အသိဉာဏ္က ဆုံးျဖတ္ႏိုင္ၾကလိမ့္မယ္လို႔ ထင္ပါတယ္..

Credit – Ohmar Shin

(Unicode)

အိမ်တွင်းရေး ဆူပူမှုမရှိပဲ သာယာအေးချမ်းစေချင်ရင်…

ဘုရားပန်းကို အညှိူးမခံပါနဲ့.. သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့.. ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင် ရွတ်နေစရာမလိုပါဘူး.. ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်…သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင် အိမ်တွင်းရေး အေးချမ်းပါတယ်..

အိမ်မှာအမြဲနေရတဲ့သူတွေဆိုရင် မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေလဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ်.. အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင်တောင်မှ၊ မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်.. ငါအလုပ်များတယ် အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီး သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့.. ဘယ်နေရာမှာမဆို မိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင် ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး “မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်” လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်…… ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး…ဒါဟာ ငွေမကုန်ပဲ အလိုလိုရနေတဲ့ ကုသိုလ်ပါ……

သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူး.. ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ်(နေ့၁၂နာရီမကျော်သေးရင်) မစားခင် သရဏဂုံ သုံးကြိမ် ရွတ်ပါတယ်။ သရဏဂုံရွတ်နေတဲ့အချိန်ကို မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားလိုက်ပါတယ်.. ရွတ်ပြီးသွားပြီဆိုတော့မှ “အရှင်ဘုရား ဘုဉ်းပေးပြီးပြီဖြစ်လို့ တပည့်တော်ကို ဆေးအဖြစ်စွန့်တော်မူပါဘုရား” လို့စွန့်ပြီး စားပါတယ်..

ဒီနေရာမှာ ပြောစရာတစ်ခု ရှိလာပါတယ်..တစ်ချို့လူတွေက ဆွမ်းတော်စွန့်တာစားရင်ဘုန်းနိမ့်တယ် ဉာဏ်ထိုင်းတယ်ဆိုပြီး မစားကြပါဘူး…..တစ်ကယ်တော့ ဒီစကားဟာသထုံဘုရင် မနုဟာမင်းကို အကြောင်းပြုပြီး ပေါ်လာတဲ့ စကားသာဖြစ်ပါတယ်.. မနုဟာမင်းဟာ စကားပြောရင် အာခံတွင်းကအရောင်ဝင်းဝင်းတောက်တဲ့အထိ ဘုန်းတန်ခိုးကြီးမားတဲ့ဘုရင်တစ်ပါး ဖြစ်ပါတယ်.. သူဟာ လောကီအစီအရင်များနဲ့ စီမံထားတဲ့ ဆွမ်းတော်ကျကို စားမိသည့်အတွက် အာခံတွင်းမှအရောင်များ ပျောက်ကွယ်သွားပါတယ်.. ဒီလိုဖြစ်ရတာဟာ ဆွမ်းတော်ကျစားခြင်းကြောင့် မဟုတ်ပါ.. လောကီအစီအမံကြောင့် သော်လည်းကောင်းထည့်ကျွေးသည့် မနောလင်ပန်း မသန့်ရှင်းသောကြောင့်လည်းကောင်း ပျောက်ကွယ်ခဲ့ရခြင်းသာဖြစ်ပါတယ်..

နောက်တစ်ခုက မသိနားမလည်ကြတဲ့ ကလေးတွေ ဘုရားရှင်အတွက် ကပ်လှူထားတာတွေကိုယူစားမှာ စိုးတဲ့အတွက်ကြောင့် လူကြီးမိဘတွေက မစားဝံ့အောင် ခြောက်လှန်တားမြစ်ထားခြင်းကြောင့် ဆွမ်းစွန့်ပြီးလည်း မစားဝံ့ မစားရဲဖြစ်သွားကြတာပါ.. ရှေးကဆရာတော်ကြီးများဆိုရင် ဆွမ်းခံကြွပြန်လာပြီးရင် သပိတ်အတိုင်းဘုရားရှင်ကို ဆပ်ကပ်ပြီးမှ သပိတ်ကိုစွန့်ပြီး ဘုဉ်းပေးလေ့ရှိပါတယ်တဲ့..

ဆွမ်းတော်စွန့်တာစားရင် ဉာဏ်ထိုင်းတယ် ဘုန်းနိမ့်တယ်လို့ ကျမ်းဂန်များထဲမှာ မိန့်တော်မမူခဲ့ပါဘူး.. လို့ ဆရာတော်များ၏တရားများ စာအုပ်များမှာနာဖူး ဖတ်ဖူးပါတယ်.. ဒီလောက်ဆို အတုမရှိမြတ်ဗုဒ္ဓကို အာရုံပြုကပ်လှူပြီးမှ စွန့်ပြီးစားတာဟာ ကောင်းမကောင်း သင့်မသင့် ဆိုတာကို မိမိတို့၏ဦးနှောက် အသိဉာဏ်က ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်..

Credit – Ohmar Shin

Leave a Reply

Your email address will not be published. Required fields are marked *