ဗဟုတုသ

သင့္ေက်ာက္ကပ္ကို ပ်က္စီးေစေသာ အေလ့အထဆိုးမ်ား

(Zawgyi)

သင့္ေက်ာက္ကပ္ကို ပ်က္စီးေစေသာ အေလ့အထဆိုးမ်ား

သင့္က်န္းမာေရးကိုထိမ္းသိမ္းကာကြယ္ဖို႔ ေက်ာက္ကပ္ရဲ႕ အခန္းကဟာလဲ အေရးပါလွပါတယ္။ ေက်ာက္ကပ္ဟာ ဆီးစြန႔္ထုတ္ေပးတဲ့ လုပ္ငန္းသာမက ေသြးနီဥထုတ္ေပးျခင္း၊ အျခားေသာ ကလီဇာမ်ားမွ အဆိပ္အေတာက္မ်ား စြန႔္ထုတ္ေပးျခင္း၊ ေသြးေပါင္ပုံမွန္ျဖစ္ေအာင္ ထိမ္းညႇိေပးျခင္း၊ သတၱဳဓာတ္မ်ား ပုံမွန္ျဖစ္ေအာင္ ထိမ္းညႇိေပးျခင္းစေသာ တာဝန္မ်ားကိုပါ ေဆာင္႐ြက္ေပးတာမို႔ ေက်ာက္ကပ္ကို က်န္းမာေအာင္ထိမ္းသိမ္းဖို႔ အလြန္အေရးႀကီးပါတယ္။ ဒါေၾကာင့္ ေက်ာက္ကပ္ကိုပ်က္စီးေစမယ့္ အေလ့အထဆိုးေတြကို သိရွိၿပီး ေရွာင္ၾကဥ္ဖို႔လဲ မျဖစ္မေနလိုအပ္လွပါတယ္။

ေက်ာက္ကပ္ကို ပ်က္စီးေစေသာ အေလ့အထဆိုးမ်ားမွာ

(၁) ဆီးေအာင့္ထားျခင္း

သင္ဟာ ဆီးမသြားပဲ ဆီးေအာင့္ထားပါက သင့္ဆီးအိမ္ထဲမွာ ဆီးေတြဟာ အခ်ိန္ၾကာေအာင္ ရွိေနမွာျဖစ္ပါတယ္။ ထိုသို႔ရွိေနျခင္းဟာ ဆီးအိမ္ထဲမွာ ဘတ္တီးရီးယားေတြ ပြားမ်ားဖို႔ အခြင့္အလမ္း ပိုမိုေပးသလိုျဖစ္ေစၿပီး ေနာက္ဆက္တြဲအေနျဖင့္ ေက်ာက္ကပ္ပိုးဝင္ျခင္းနဲ႔ ဆီးမထိမ္းႏိုင္ျခင္းတို႔ကို ျဖစ္ေပၚေစပါတယ္။

(၂) အထိုင္မ်ားျခင္း

သင့္ေသြးတြင္းသၾကားlevel ပုံမွန္ျဖစ္ဖို႔နဲ႔ ေသြးေပါင္ခ်ိန္ ပုံမွန္ျဖစ္ေစဖို႔က ကိုယ္လက္လႈပ္ရွားမႈ ေကာင္းေကာင္းလိုပါတယ္။ အထိုင္မ်ားျခင္းဟာ သင့္ေက်ာက္ကပ္ကို ပ်က္စီးေစဖို႔ ၃၀ရာႏႈန္း ပိုမိုျမင့္တက္ေစပါတယ္။ သင္ဟာ တစ္ေန႔ကို ၈နာရီေလာက္ အလုပ္မွာထိုင္ေနရပါက အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ ေလ့က်င့္ခန္းအနည္းငယ္ ျပဳလုပ္သင့္ပါတယ္။

(၃) ေလ့က်င့္ခန္း အလြန္အကြၽံ ျပဳလုပ္ျခင္း

ေလ့က်င့္ခန္း အလြန္အကြၽံျပဳလုပ္ျခင္းဟာ ႂကြက္သားေတြကို ၿပိဳကြဲေစၿပီး ထိုႂကြက္သားမွ်င္ အပုတ္အသိုး အပိုင္းအစေတြ ေသြးထဲသို႔ စီးဆင္းရာမွ ေက်ာက္ကပ္ကို ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ သင္ဟာ အလြန္အကြၽံေလ့က်င့္ခန္း ျပဳလုပ္သူျဖစ္ၿပီး သင့္ဆီးအေရာင္ရင့္လာျခင္းနဲ႔ ႂကြက္သားနာက်င္ျခင္းတို႔ကို ပူးတြဲခံစားရပါက မေပါ့ဆပဲ ေဆးကုသမႈ ခံယူသင့္ပါတယ္။

(၄) အကိုက္အခဲေပ်ာက္ေဆး အလြန္အကြၽံေသာက္ျခင္း

အကိုက္အခဲေပ်ာက္ေဆးမ်ားကို ႏွစ္ရွည္လမ်ား စြဲေသာက္ျခင္းေၾကာင့္ ေက်ာက္ကပ္ကို ေသြးစီးဆင္းမႈ က်ဆင္းေစၿပီး ေက်ာက္ကပ္လုပ္ငန္းေဆာင္တာမ်ားကို ပ်က္စီးေစပါတယ္။ ေက်ာက္ကပ္ေရာဂါရွိသူေတြအတြက္ဆို ပိုဆိုးတာေပါ့။ ဒါေၾကာင့္ မလိုအပ္ပဲ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္သုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

(၅) ေရပုံမွန္ မေသာက္ျခင္း

ေရဓာတ္ျပည့္ဝေနမွသာ သင့္ေက်ာက္ကပ္ကေန ဆားဓာတ္နဲ႔ အဆိပ္ေတြကို ေကာင္းစြာစြန႔္ထုတ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင္ဟာ ေရပုံမွန္မေသာက္ပါက ေက်ာက္ကပ္ေက်ာက္တည္ျခင္းနဲ႔ အျခားေသာ က်န္းမာေရးဆိုးက်ိဴးမ်ားကို ရရွိေစမွာ ျဖစ္ပါတယ္။ တစ္ေန႔ကို ေရ၂လီတာခန႔္ အနည္းဆုံး ေသာက္သုံးေပးရပါမယ္။

(၆) အိပ္ေရးမဝျခင္း

လုံေလာက္ေသာ အိပ္စက္မႈရွိျခင္းဟာ ေက်ာက္ကပ္က်န္းမာေရးကိုလဲ ေကာင္းမြန္ေစပါတယ္။ သင္ဟာ လုံေလာက္တဲ့အိပ္စက္မႈမရွိပါက သင့္ေက်ာက္ကပ္လုပ္ငန္းေဆာင္တာေတြကို ေႏွးေကြးေစမွာ ျဖစ္ပါတယ္။

(၇)အသားမ်ားလြန္ကဲစြာစားျခင္း

အသားမ်ား အလြန္အကြၽံစားျခင္းေၾကာင့္ သင့္ ေသြးထဲတြင္ အက္ဆစ္မ်ား မ်ားျပားေစပါတယ္။ ထိုအခါ ေက်ာက္ကပ္မွ သင့္ pH level ကိုထိမ္းညႇိရာမွာ အခက္အခဲ ေတြ႕လာေစပါတယ္။ အခ်ိန္ၾကာလာနဲ႔အမွ် သင့္ေက်ာက္ကပ္ပ်က္စီးမႈ စတင္လာမွာ ျဖစ္ပါတယ္။

(၈)ဆားနဲ႔ သၾကားအလြန္အကြၽံစားသုံးျခင္း

သင့္အစာထဲကတဆင့္ စားသုံးလိုက္ေသာ ဆား ၉၅ ရာႏႈန္းကို ေက်ာက္ကပ္ကေန ၿဖိဳခြဲသန႔္စင္ပါတယ္။ ဒါေၾကာင့္မို႔ သင္စားေသာအစာမွာ ဆားမ်ားမ်ားပါေလ ေက်ာက္ကပ္က ပိုမိုအလုပ္မ်ားေလျဖစ္ပါတယ္။ အခ်ိန္ၾကာတာနဲ႔အမွ်ေက်ာက္ကပ္ရဲ႕ လုပ္ငန္းေဆာင္တာေတြ ထိခိုက္ေစတဲ့အျပင္ ေသြးတိုးေရာဂါပါ ရရွိလာမွာ ျဖစ္ပါတယ္။ ထိုနည္းတူ သၾကားအစားမ်ားျခင္းေၾကာင့္ အဝလြန္ျခင္းနဲ႔ ဆီးခ်ိဴေရာဂါ ျဖစ္ပြားေစပါတယ္။ ဒါေတြဟာလဲ ေက်ာက္ကပ္ပ်က္စီးေစျခင္းရဲ႕ လမ္းေၾကာင္းအစ ျဖစ္ပါတယ္။

Writer-Dr Jue ( Daily Hot News)

Credit – Dr Jue (Daily Hot News)

Source – https://www.xyznews.co/archives/19186

(Unicode)

သင့်ကျောက်ကပ်ကို ပျက်စီးစေသော အလေ့အထဆိုးများ

သင့်ကျန်းမာရေးကိုထိမ်းသိမ်းကာကွယ်ဖို့ ကျောက်ကပ်ရဲ့ အခန်းကဟာလဲ အရေးပါလှပါတယ်။ ကျောက်ကပ်ဟာ ဆီးစွန့်ထုတ်ပေးတဲ့ လုပ်ငန်းသာမက သွေးနီဥထုတ်ပေးခြင်း၊ အခြားသော ကလီဇာများမှ အဆိပ်အတောက်များ စွန့်ထုတ်ပေးခြင်း၊ သွေးပေါင်ပုံမှန်ဖြစ်အောင် ထိမ်းညှိပေးခြင်း၊ သတ္တုဓာတ်များ ပုံမှန်ဖြစ်အောင် ထိမ်းညှိပေးခြင်းစသော တာဝန်များကိုပါ ဆောင်ရွက်ပေးတာမို့ ကျောက်ကပ်ကို ကျန်းမာအောင်ထိမ်းသိမ်းဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကိုပျက်စီးစေမယ့် အလေ့အထဆိုးတွေကို သိရှိပြီး ရှောင်ကြဉ်ဖို့လဲ မဖြစ်မနေလိုအပ်လှပါတယ်။

ကျောက်ကပ်ကို ပျက်စီးစေသော အလေ့အထဆိုးများမှာ

(၁) ဆီးအောင့်ထားခြင်း

သင်ဟာ ဆီးမသွားပဲ ဆီးအောင့်ထားပါက သင့်ဆီးအိမ်ထဲမှာ ဆီးတွေဟာ အချိန်ကြာအောင် ရှိနေမှာဖြစ်ပါတယ်။ ထိုသို့ရှိနေခြင်းဟာ ဆီးအိမ်ထဲမှာ ဘတ်တီးရီးယားတွေ ပွားများဖို့ အခွင့်အလမ်း ပိုမိုပေးသလိုဖြစ်စေပြီး နောက်ဆက်တွဲအနေဖြင့် ကျောက်ကပ်ပိုးဝင်ခြင်းနဲ့ ဆီးမထိမ်းနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

(၂) အထိုင်များခြင်း

သင့်သွေးတွင်းသကြားlevel ပုံမှန်ဖြစ်ဖို့နဲ့ သွေးပေါင်ချိန် ပုံမှန်ဖြစ်စေဖို့က ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်းလိုပါတယ်။ အထိုင်များခြင်းဟာ သင့်ကျောက်ကပ်ကို ပျက်စီးစေဖို့ ၃၀ရာနှုန်း ပိုမိုမြင့်တက်စေပါတယ်။ သင်ဟာ တစ်နေ့ကို ၈နာရီလောက် အလုပ်မှာထိုင်နေရပါက အိမ်ပြန်ရောက်တဲ့အချိန်မှာ လေ့ကျင့်ခန်းအနည်းငယ် ပြုလုပ်သင့်ပါတယ်။

(၃) လေ့ကျင့်ခန်း အလွန်အကျွံ ပြုလုပ်ခြင်း

လေ့ကျင့်ခန်း အလွန်အကျွံပြုလုပ်ခြင်းဟာ ကြွက်သားတွေကို ပြိုကွဲစေပြီး ထိုကြွက်သားမျှင် အပုတ်အသိုး အပိုင်းအစတွေ သွေးထဲသို့ စီးဆင်းရာမှ ကျောက်ကပ်ကို ပျက်စီးစေပါတယ်။ ဒါကြောင့် သင်ဟာ အလွန်အကျွံလေ့ကျင့်ခန်း ပြုလုပ်သူဖြစ်ပြီး သင့်ဆီးအရောင်ရင့်လာခြင်းနဲ့ ကြွက်သားနာကျင်ခြင်းတို့ကို ပူးတွဲခံစားရပါက မပေါ့ဆပဲ ဆေးကုသမှု ခံယူသင့်ပါတယ်။

(၄) အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်ခြင်း

အကိုက်အခဲပျောက်ဆေးများကို နှစ်ရှည်လများ စွဲသောက်ခြင်းကြောင့် ကျောက်ကပ်ကို သွေးစီးဆင်းမှု ကျဆင်းစေပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာများကို ပျက်စီးစေပါတယ်။ ကျောက်ကပ်ရောဂါရှိသူတွေအတွက်ဆို ပိုဆိုးတာပေါ့။ ဒါကြောင့် မလိုအပ်ပဲ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၅) ရေပုံမှန် မသောက်ခြင်း

ရေဓာတ်ပြည့်ဝနေမှသာ သင့်ကျောက်ကပ်ကနေ ဆားဓာတ်နဲ့ အဆိပ်တွေကို ကောင်းစွာစွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ရေပုံမှန်မသောက်ပါက ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ အခြားသော ကျန်းမာရေးဆိုးကျိူးများကို ရရှိစေမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ရေ၂လီတာခန့် အနည်းဆုံး သောက်သုံးပေးရပါမယ်။

(၆) အိပ်ရေးမဝခြင်း

လုံလောက်သော အိပ်စက်မှုရှိခြင်းဟာ ကျောက်ကပ်ကျန်းမာရေးကိုလဲ ကောင်းမွန်စေပါတယ်။ သင်ဟာ လုံလောက်တဲ့အိပ်စက်မှုမရှိပါက သင့်ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကို နှေးကွေးစေမှာ ဖြစ်ပါတယ်။

(၇)အသားများလွန်ကဲစွာစားခြင်း

အသားများ အလွန်အကျွံစားခြင်းကြောင့် သင့် သွေးထဲတွင် အက်ဆစ်များ များပြားစေပါတယ်။ ထိုအခါ ကျောက်ကပ်မှ သင့် pH level ကိုထိမ်းညှိရာမှာ အခက်အခဲ တွေ့လာစေပါတယ်။ အချိန်ကြာလာနဲ့အမျှ သင့်ကျောက်ကပ်ပျက်စီးမှု စတင်လာမှာ ဖြစ်ပါတယ်။

(၈)ဆားနဲ့ သကြားအလွန်အကျွံစားသုံးခြင်း

သင့်အစာထဲကတဆင့် စားသုံးလိုက်သော ဆား ၉၅ ရာနှုန်းကို ကျောက်ကပ်ကနေ ဖြိုခွဲသန့်စင်ပါတယ်။ ဒါကြောင့်မို့ သင်စားသောအစာမှာ ဆားများများပါလေ ကျောက်ကပ်က ပိုမိုအလုပ်များလေဖြစ်ပါတယ်။ အချိန်ကြာတာနဲ့အမျှကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေ ထိခိုက်စေတဲ့အပြင် သွေးတိုးရောဂါပါ ရရှိလာမှာ ဖြစ်ပါတယ်။ ထိုနည်းတူ သကြားအစားများခြင်းကြောင့် အဝလွန်ခြင်းနဲ့ ဆီးချိူရောဂါ ဖြစ်ပွားစေပါတယ်။ ဒါတွေဟာလဲ ကျောက်ကပ်ပျက်စီးစေခြင်းရဲ့ လမ်းကြောင်းအစ ဖြစ်ပါတယ်။

Writer-Dr Jue ( Daily Hot News)

Credit – Dr Jue (Daily Hot News)

Source – https://www.xyznews.co/archives/19186

Leave a Reply

Your email address will not be published. Required fields are marked *