ခြေလက်တွေ ထုံကျဉ်တာ ဘယ်ဗီတာမင်တွေ ချို့တဲ့လို့လဲ

ခြေလက်တွေ ထုံကျဉ်တာ ဘယ်ဗီတာမင်တွေ ချို့တဲ့လို့လဲ

ခြေလက်တွေ ထုံကျဉ်တာ ဘယ်ဗီတာမင်တွေ ချို့တဲ့လို့လဲ

လက်ဖဝါး ခြေဖဝါးတွေ ထုံကျဉ်နေခြင်းကို တစ်ခါတစ်ရံမှာ ကျွန်မတို့ ခံစားရလေ့ရှိပါတယ်။ ဒီလိုခြေလက်များ ယာယီထုံကျဉ်နေခြင်းဟာ အဖြစ်များလေ့ရှိပြီး အပ်နှင့်စူးသလို ထုံကျဉ်နာကျင်တတ်ပါတယ်။ ယာယီထုံကျဉ်ခြင်းကို ခြေထောက်များဖိပြီး အကြာကြီးထိုင်ချိန်နှင့် လက်မောင်းကို ဖိအိပ်ပြီး နိုးလာချိန်တို့မှာ ကြုံရလေ့ရှိပြီး နာတာရှည်ထုံကျဉ်ခြင်းကိုတော့ အာရုံကြောရောဂါဖြစ်နေသူတွေမှာ တွေ့ရလေ့ရှိပါတယ်။

ရောဂါလက္ခဏာများကတော့ –

၁။ ကျဉ်ခြင်း

၂။ ထုံခြင်း

၃။ အရေပြားချိုင့်ဝင်ခြင်း

၄။ ယားယံခြင်းတို့ ဖြစ်ပါတယ်။

ယာယီထုံကျဉ်ခြင်းကို ဖြစ်စေသောအကြောင်းရင်းတွေကတော့ –

၁။ ဗီတာမင် B5 ချို့တဲ့ခြင်း

၂။ ဗီတာမင် B12 ချို့တဲ့ခြင်း

၃။ ဗီတာမင်အီး ချို့တဲ့ခြင်း

၄။ ကယ်လ်စီယမ် ချို့တဲ့ခြင်း

၅။ မဂ္ဂနီစီယမ် ချို့တဲ့ခြင်း စတာတွေ ဖြစ်ကြပါတယ်။

နာတာရှည်ထုံကျဉ်ခြင်းကို ဖြစ်စေသောအကြောင်းရင်းတွေကတော့ –

၁။ လေဖြတ်ခြင်း၊ လေဖြန်းခြင်း

၂။ ဦးနှောက်ရောင်ခြင်း

၃။ Transverse myelitis လို့ခေါ်သော အာရုံကြောရောဂါ

၄။ Multiple sclerosis လို့ခေါ်သော ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်မိသောရောဂါတစ်မျိုး

၅။ ဦးနှောက်နှင့် အာရုံကြောမအတွင်းရှိ အကျိတ်များ

၆။လက်ကောက်ဝတ်အတွင်း အာရုံကြောညပ်ရောဂါ (Carpal tunnel syndrome) တို့ပဲ ဖြစ်ပါတယ်။

အာရုံကြောများ ထုံကျဉ်ခြင်းကို ခံစားရလေ့ရှိသူများအနေနှင့် အာဟာရမျှတအောင်စားခြင်း၊ ဗီတာမင်ဘီနှင့်အီး အားဆေးပြားများကို နေ့စဉ်မှီဝဲခြင်းတို့ကို ပြုလုပ်ပေးဖို့ လိုပါတယ်။

Credit-လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

(Zawgyi)

ေျခလက္ေတြ ထုံက်ဥ္တာ ဘယ္ဗီတာမင္ေတြ ခ်ိဳ႕တဲ့လို႔လဲ

လက္ဖဝါး ေျခဖဝါးေတြ ထုံက်ဥ္ေနျခင္းကို တစ္ခါတစ္ရံမွာ ကြၽန္မတို႔ ခံစားရေလ့ရွိပါတယ္။ ဒီလိုေျခလက္မ်ား ယာယီထုံက်ဥ္ေနျခင္းဟာ အျဖစ္မ်ားေလ့ရွိၿပီး အပ္ႏွင့္စူးသလို ထုံက်ဥ္နာက်င္တတ္ပါတယ္။ ယာယီထုံက်ဥ္ျခင္းကို ေျခေထာက္မ်ားဖိၿပီး အၾကာႀကီးထိုင္ခ်ိန္ႏွင့္ လက္ေမာင္းကို ဖိအိပ္ၿပီး ႏိုးလာခ်ိန္တို႔မွာ ႀကဳံရေလ့ရွိၿပီး နာတာရွည္ထုံက်ဥ္ျခင္းကိုေတာ့ အာ႐ုံေၾကာေရာဂါျဖစ္ေနသူေတြမွာ ေတြ႕ရေလ့ရွိပါတယ္။

ေရာဂါလကၡဏာမ်ားကေတာ့ –

၁။ က်ဥ္ျခင္း

၂။ ထုံျခင္း

၃။ အေရျပားခ်ိဳင့္ဝင္ျခင္း

၄။ ယားယံျခင္းတို႔ ျဖစ္ပါတယ္။

ယာယီထုံက်ဥ္ျခင္းကို ျဖစ္ေစေသာအေၾကာင္းရင္းေတြကေတာ့ –

၁။ ဗီတာမင္ B5 ခ်ိဳ႕တဲ့ျခင္း

၂။ ဗီတာမင္ B12 ခ်ိဳ႕တဲ့ျခင္း

၃။ ဗီတာမင္အီး ခ်ိဳ႕တဲ့ျခင္း

၄။ ကယ္လ္စီယမ္ ခ်ိဳ႕တဲ့ျခင္း

၅။ မဂၢနီစီယမ္ ခ်ိဳ႕တဲ့ျခင္း စတာေတြ ျဖစ္ၾကပါတယ္။

နာတာရွည္ထုံက်ဥ္ျခင္းကို ျဖစ္ေစေသာအေၾကာင္းရင္းေတြကေတာ့ –

၁။ ေလျဖတ္ျခင္း၊ ေလျဖန္းျခင္း

၂။ ဦးေႏွာက္ေရာင္ျခင္း

၃။ Transverse myelitis လို႔ေခၚေသာ အာ႐ုံေၾကာေရာဂါ

၄။ Multiple sclerosis လို႔ေခၚေသာ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာကို ထိခိုက္မိေသာေရာဂါတစ္မ်ိဳး

၅။ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာမအတြင္းရွိ အက်ိတ္မ်ား

၆။လက္ေကာက္ဝတ္အတြင္း အာ႐ုံေၾကာညပ္ေရာဂါ (Carpal tunnel syndrome) တို႔ပဲ ျဖစ္ပါတယ္။

အာ႐ုံေၾကာမ်ား ထုံက်ဥ္ျခင္းကို ခံစားရေလ့ရွိသူမ်ားအေနႏွင့္ အာဟာရမွ်တေအာင္စားျခင္း၊ ဗီတာမင္ဘီႏွင့္အီး အားေဆးျပားမ်ားကို ေန႔စဥ္မွီဝဲျခင္းတို႔ကို ျပဳလုပ္ေပးဖို႔ လိုပါတယ္။

Credit-ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top