နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်သော အကြောင်းအရင်းများ

နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်သော အကြောင်းအရင်းများ

နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်သော အကြောင်းအရင်းများ

အမေရိကန်နိုင်ငံမှာ နာတာရှည် ကျောက်ကပ်ရောဂါသည် ၂၆ သန်းလောက် ရှိတယ်လို့ ကျောက်ကပ်အဖွဲ့အစည်းက ခန့်မှန်းထားပါတယ်။ အများစုက နာတာရှည်ကျောက်ကပ် ကနဦးအဆင့်မှာရှိပြီး သူတို့ကိုယ်သူတို့ ရောဂါရှိမှန်း မသိကြပါဘူး။ နာတာရှည်ကျောက်ကပ်ရောဂါမှာ ကျောက်ကပ်လုပ်ဆောင်ချက်တွေ လျင်မြန်စွာ ပျက်စီးစေတဲ့ ရေတိုကျောက်ကပ်ပျက်စီးတာနဲ့တော့ မတူပါဘူး။ ကျောက်ကပ် ကောင်းကောင်းအလုပ်မလုပ်တော့တဲ့အတွက် ပိုနေတဲ့အရည်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာ စုပုံနေပြီး အခြားနောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရစေပါတယ်။ နာတာရှည်ကျောက်ကပ်ရောဂါကို အမြစ်ပြတ်ကုသလို့ မပျောက်ကင်းနိုင်ပေမယ့် ရောဂါစောစောသိရင် ပျက်စီးမှုကို နှေးအောင် ထိန်းထားနိုင်ပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေသောအကြောင်းအရင်းများ

နာတာရှည်ကျောက်ကပ်ရောဂါဟာ လအတော်ကြာ၊ နှစ်အတော်ကြာမှ ဖြည်းဖြည်းချင်း ပိုဆိုးလာပြီး အများအားဖြင့် နောက်ခံကျန်းမာရေးအခြေအနေတစ်ခုခုနဲ့ ဆက်စပ်နေပါတယ်။ ရောဂါ 3 ပုံ 2 ပုံလောက်က သွေးတိုး (သို့) ဆီးချိုရောဂါကြောင့် ဖြစ်ရပါတယ်။သွေးတိုးရောဂါက လူလတ်ပိုင်းအရွယ်တွေမှာ အဓိကဖြစ်တဲ့ အဖြစ်များဆုံးသော နှလုံးသွေးကြောရောဂါ တစ်မျိုးပါ။

လူတစ်ယောက်က – ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ခန္ဓာကိုယ်ပုံစံ (အဝလွန်) ရှိရင်

မိသားစုထဲမှာ သွေးတိုးရောဂါရာဇဝင်ရှိရင်

အသက်အရွယ်ကြီးရင်

သွေးတိုးရောဂါ ပိုဖြစ်နိုင်ခြေရှိပါတယ်။ သွေးတိုးရောဂါကို မထိန်းချုပ်နိုင်ခြင်းက နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်း ဖြစ်တဲ့အတွက် သွေးတိုးသမားတွေမှာ သေချာကုသမှု သေချာခံယူဖို့ အရေးကြီးပါတယ်။

ဆီးချိုရောဂါက ကျောက်ကပ် ထိခိုက်စေပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ကျဆင်းစေခြင်းအားဖြင့် နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်စေပါတယ်။ အခြား နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရာတွေကတော့ –

နှလုံးရောဂါ

ကျောက်ကပ်ကို ရောဂါပိုးဝင်ခြင်း

ဆီးများ ကျောက်ကပ်ထဲ ပြန်ဆန်တက်ခြင်း

သွေးတွင်းကိုလက်စထရောဓာတ်များခြင်း

အဝလွန်ခြင်း

ဆေးလိပ်သောက်ခြင်း

အရက်သောက်ခြင်း

မူးယစ်ဆေးသုံးစွဲခြင်း

အကိုက်အခဲပျောက်ဆေး အလွန်အကျွံသုံးစွဲခြင်း (ibuprofen, acetaminophen) စသည်တို့ ဖြစ်ကြပါတယ်။

Credit-Dr. Mya Myo Myo Swe (www.drmyanmar.com)

(Zawgyi)

နာတာရွည္ေက်ာက္ကပ္ေရာဂါ ျဖစ္ေစႏိုင္ေသာ အေၾကာင္းအရင္းမ်ား

အေမရိကန္ႏိုင္ငံမွာ နာတာရွည္ ေက်ာက္ကပ္ေရာဂါသည္ ၂၆ သန္းေလာက္ ရွိတယ္လို႔ ေက်ာက္ကပ္အဖြဲ႕အစည္းက ခန႔္မွန္းထားပါတယ္။ အမ်ားစုက နာတာရွည္ေက်ာက္ကပ္ ကနဦးအဆင့္မွာရွိၿပီး သူတို႔ကိုယ္သူတို႔ ေရာဂါရွိမွန္း မသိၾကပါဘူး။ နာတာရွည္ေက်ာက္ကပ္ေရာဂါမွာ ေက်ာက္ကပ္လုပ္ေဆာင္ခ်က္ေတြ လ်င္ျမန္စြာ ပ်က္စီးေစတဲ့ ေရတိုေက်ာက္ကပ္ပ်က္စီးတာနဲ႔ေတာ့ မတူပါဘူး။ ေက်ာက္ကပ္ ေကာင္းေကာင္းအလုပ္မလုပ္ေတာ့တဲ့အတြက္ ပိုေနတဲ့အရည္ေတြနဲ႔ စြန႔္ပစ္ပစၥည္းေတြက ခႏၶာကိုယ္ထဲမွာ စုပုံေနၿပီး အျခားေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို ခံစားရေစပါတယ္။ နာတာရွည္ေက်ာက္ကပ္ေရာဂါကို အျမစ္ျပတ္ကုသလို႔ မေပ်ာက္ကင္းႏိုင္ေပမယ့္ ေရာဂါေစာေစာသိရင္ ပ်က္စီးမႈကို ေႏွးေအာင္ ထိန္းထားႏိုင္ပါတယ္။

နာတာရွည္ေက်ာက္ကပ္ေရာဂါ ျဖစ္ေစေသာအေၾကာင္းအရင္းမ်ား

နာတာရွည္ေက်ာက္ကပ္ေရာဂါဟာ လအေတာ္ၾကာ၊ ႏွစ္အေတာ္ၾကာမွ ျဖည္းျဖည္းခ်င္း ပိုဆိုးလာၿပီး အမ်ားအားျဖင့္ ေနာက္ခံက်န္းမာေရးအေျခအေနတစ္ခုခုနဲ႔ ဆက္စပ္ေနပါတယ္။ ေရာဂါ 3 ပုံ 2 ပုံေလာက္က ေသြးတိုး (သို႔) ဆီးခ်ိဳေရာဂါေၾကာင့္ ျဖစ္ရပါတယ္။ေသြးတိုးေရာဂါက လူလတ္ပိုင္းအ႐ြယ္ေတြမွာ အဓိကျဖစ္တဲ့ အျဖစ္မ်ားဆုံးေသာ ႏွလုံးေသြးေၾကာေရာဂါ တစ္မ်ိဳးပါ။

လူတစ္ေယာက္က – က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ ခႏၶာကိုယ္ပုံစံ (အဝလြန္) ရွိရင္

မိသားစုထဲမွာ ေသြးတိုးေရာဂါရာဇဝင္ရွိရင္

အသက္အ႐ြယ္ႀကီးရင္

ေသြးတိုးေရာဂါ ပိုျဖစ္ႏိုင္ေျခရွိပါတယ္။ ေသြးတိုးေရာဂါကို မထိန္းခ်ဳပ္ႏိုင္ျခင္းက နာတာရွည္ေက်ာက္ကပ္ေရာဂါ ျဖစ္ေစႏိုင္တဲ့ အေၾကာင္းအရင္း ျဖစ္တဲ့အတြက္ ေသြးတိုးသမားေတြမွာ ေသခ်ာကုသမႈ ေသခ်ာခံယူဖို႔ အေရးႀကီးပါတယ္။

ဆီးခ်ိဳေရာဂါက ေက်ာက္ကပ္ ထိခိုက္ေစၿပီး လုပ္ငန္းေဆာင္႐ြက္မႈေတြကို က်ဆင္းေစျခင္းအားျဖင့္ နာတာရွည္ ေက်ာက္ကပ္ေရာဂါ ျဖစ္ေစပါတယ္။ အျခား နာတာရွည္ ေက်ာက္ကပ္ေရာဂါ ျဖစ္ႏိုင္ေျခရွိတဲ့ အေၾကာင္းအရာေတြကေတာ့ –

ႏွလုံးေရာဂါ

ေက်ာက္ကပ္ကို ေရာဂါပိုးဝင္ျခင္း

ဆီးမ်ား ေက်ာက္ကပ္ထဲ ျပန္ဆန္တက္ျခင္း

ေသြးတြင္းကိုလက္စထေရာဓာတ္မ်ားျခင္း

အဝလြန္ျခင္း

ေဆးလိပ္ေသာက္ျခင္း

အရက္ေသာက္ျခင္း

မူးယစ္ေဆးသုံးစြဲျခင္း

အကိုက္အခဲေပ်ာက္ေဆး အလြန္အကြၽံသုံးစြဲျခင္း (ibuprofen, acetaminophen) စသည္တို႔ ျဖစ္ၾကပါတယ္။

Credit-Dr. Mya Myo Myo Swe (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top