ထိပ်ပြောင်သူအတွက် ငှက်ပျောရည်

ထိပ်ပြောင်သူအတွက် ငှက်ပျောရည်

ဆံပင်ပြန်နက်စေမည့် ငှက်ပျောရည် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်…

ဆံံပင်မကျွတ်တော့ပဲ နက်မှောင်ကေသာပိုင်စေရာ ဘေးထွက် ဆိုးကျိုး မရှိသော မြန်မာနည်း မြန်မာဟန် ဆံကေသာအတွက် နည်းလမ်းလေး မျှဝေလိုက်တာပါ။

(၁) မြင်းခွာရွက်ညှစ်ရည် လက်ဖက်ရည်ကြမ်း ပန်းကန်(၁)လုံးခန့်

(၂) ငှက်ပျောပင်မှအရည် လက်ဖက်ရည်ကြမ်း ပန်းကန် (၁)လုံးခန့်

(၃) ကွမ်းရွက် လက်ဖက်ရည်အကြမ်းပန်းကန်(၁)လုံး ကြိတ်မှန်ရွက်ပါ ထည့်နိုင်က ပိုပြီးကောင်းပါသည်။

ထိုအရွက်(၃)ပါး ရရှိသော ညှစ်ရည်ကို ပုလင်းလေးထဲ ထည့်ပြီး ဦးရေပြားအတွင်းသို့ စိမ့်ဝင်အောင် လိမ်းကျံ ပေးခြင်း ဖြစ်ပါသည်။ နေ့တိုင်း ဇွဲရှိရှိ လိမ်းကျံ ကြည့်ပါ။ ဆံပင်ကျွတ်၍ စိတ်ညစ်ရသူများ၊ ဆံပင် နီကြန်ကြန် ဖြစ်သူများ၊ ဆံပင် မသန်သူများ၊ ထိပ်ပြောင်သူတို့အတွက် အလွန် ထိရောက်သော နည်းလမ်းလေး ဖြစ်ပါသည်။

ဆံပင်အတွက် စိတ်ညစ်နေ သူများ လက်တွေ့လုပ်ဆောင်ကြည့်ပါ။ ငှက်ပျောပင်မှ ငှက်ပျောရည်ကို ဟင်းခပ် ဇွန်းမြီးလေးဖြင့် ပင်ခြေကို ထိုပြီး ခွက်လေးဖြင့် ခံလျှင် ငှက်ပျောရည်ကို ရရှိပါသည်။ ထိုသို့မဟုတ်ပါက ငှက်ပျောလက်ကို ဓါးဖြင့်ဖြတ် လျိုကျပါ၊ အရည်များ ကျလာပါလိမ့်မယ်။ ခေတ်မီဆေးဝါးများနှင့် ဆံပင်သန်ဆေး၊ ဆံပင်နက်ဆေးများ ဝယ်ယူသုံးစွဲနိုင်ရန် အခက်တွေ့သူများအတွက်ပဲ ဖြစ်ပါသည်။

လုပ်တွေ့လုပ်ကြည့်ပါက ဆံပင်အတွက် အလှခက်နေသူများ ပင်ကိုယ်အလှ ပြန်၍ရပါလိမ့်မည်။ နက်မှောင်သေချာ ဆံကေသာတို့ ပြန်လည်ပိုင်ဆိုင်ကြပါစေ။

Credit-Original Uploader

(Zawgyi)

ဆံပင္ျပန္နက္ေစမည့္ ငွက္ေပ်ာရည္ ျပဳလုပ္နည္းေလးကို မွ်ေဝေပးလိုက္ပါတယ္…

ဆံံပင္မကြၽတ္ေတာ့ပဲ နက္ေမွာင္ေကသာပိုင္ေစရာ ေဘးထြက္ ဆိုးက်ိဳး မရွိေသာ ျမန္မာနည္း ျမန္မာဟန္ ဆံေကသာအတြက္ နည္းလမ္းေလး မွ်ေဝလိုက္တာပါ။

(၁) ျမင္းခြာ႐ြက္ညႇစ္ရည္ လက္ဖက္ရည္ၾကမ္း ပန္းကန္(၁)လုံးခန႔္

(၂) ငွက္ေပ်ာပင္မွအရည္ လက္ဖက္ရည္ၾကမ္း ပန္းကန္ (၁)လုံးခန႔္

(၃) ကြမ္း႐ြက္ လက္ဖက္ရည္အၾကမ္းပန္းကန္(၁)လုံး ႀကိတ္မွန္႐ြက္ပါ ထည့္ႏိုင္က ပိုၿပီးေကာင္းပါသည္။

ထိုအ႐ြက္(၃)ပါး ရရွိေသာ ညႇစ္ရည္ကို ပုလင္းေလးထဲ ထည့္ၿပီး ဦးေရျပားအတြင္းသို႔ စိမ့္ဝင္ေအာင္ လိမ္းက်ံ ေပးျခင္း ျဖစ္ပါသည္။ ေန႔တိုင္း ဇြဲရွိရွိ လိမ္းက်ံ ၾကည့္ပါ။ ဆံပင္ကြၽတ္၍ စိတ္ညစ္ရသူမ်ား၊ ဆံပင္ နီၾကန္ၾကန္ ျဖစ္သူမ်ား၊ ဆံပင္ မသန္သူမ်ား၊ ထိပ္ေျပာင္သူတို႔အတြက္ အလြန္ ထိေရာက္ေသာ နည္းလမ္းေလး ျဖစ္ပါသည္။

ဆံပင္အတြက္ စိတ္ညစ္ေန သူမ်ား လက္ေတြ႕လုပ္ေဆာင္ၾကည့္ပါ။ ငွက္ေပ်ာပင္မွ ငွက္ေပ်ာရည္ကို ဟင္းခပ္ ဇြန္းၿမီးေလးျဖင့္ ပင္ေျခကို ထိုၿပီး ခြက္ေလးျဖင့္ ခံလွ်င္ ငွက္ေပ်ာရည္ကို ရရွိပါသည္။ ထိုသို႔မဟုတ္ပါက ငွက္ေပ်ာလက္ကို ဓါးျဖင့္ျဖတ္ လ်ိဳက်ပါ၊ အရည္မ်ား က်လာပါလိမ့္မယ္။ ေခတ္မီေဆးဝါးမ်ားႏွင့္ ဆံပင္သန္ေဆး၊ ဆံပင္နက္ေဆးမ်ား ဝယ္ယူသုံးစြဲႏိုင္ရန္ အခက္ေတြ႕သူမ်ားအတြက္ပဲ ျဖစ္ပါသည္။

လုပ္ေတြ႕လုပ္ၾကည့္ပါက ဆံပင္အတြက္ အလွခက္ေနသူမ်ား ပင္ကိုယ္အလွ ျပန္၍ရပါလိမ့္မည္။ နက္ေမွာင္ေသခ်ာ ဆံေကသာတို႔ ျပန္လည္ပိုင္ဆိုင္ၾကပါေစ။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top