ကျောက်ကပ်၊ အသည်းနဲ့ အူကျန်းမာရေး အတွက် အရမ်းကောင်းတဲ့ သင်္ဘောစေ့အစွမ်း

ကျောက်ကပ်၊ အသည်းနဲ့ အူကျန်းမာရေး အတွက် အရမ်းကောင်းတဲ့ သင်္ဘောစေ့အစွမ်း

ကျောက်ကပ်၊ အသည်းနဲ့ အူကျန်းမာရေးအတွက် အထူးကောင်းတဲ့ သင်္ဘောစေ့အစွမ်း

သင်္ဘောစေ့ရဲ့ ဆေးဖက်ဝင်အာနိသင် ငါးမျိုး

သင်္ဘောသီးဟာ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ ဗီတာမင်တွေ များစွာပါဝင်တဲ့အတွက်အကျိုးကျေးဇူး များလှတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ အာနိသင်ကတော့ အူတွင်းလုပ်ဆောင်ချက် ကောင်းစေတယ်(ဝမ်းမှန်စေတယ်)၊ ကိုယ်ခံအားကောင်းစေတယ်။

အသီးက ချိုမြပြီး ရင်အေးစေလို့ အချိုပွဲတွေ၊ အချိုရည်တွေအဖြစ် စားသုံး၊ သောက်သုံးကြပေမဲ့သင်္ဘောစေ့ကိုတော့ သန်ကျစေတယ်လို့ ယုံကြည်ပြီး စားသုံးသူအနည်းငယ်သာ ရှိပါတယ်။ အများစကတော့ သူ့ရဲ့အကျိုးကျေးဇူးတွေကို မသိကြတဲ့အတွက်၊ အရသာမရှိတဲ့အတွက် စားလို့မရဘူး ထင်တဲ့အတွက် စွန့်ပစ်ကြတာဖြစ်ပါတယ်။

သင်္ဘောစေ့ရဲ့ ဆေးဖက်ဝင် အာနိသင် (၅) မျိုး

(၁) ကျောက်ကပ်ကို ကာကွယ်ပေးတယ်။

သင်္ဘောစေ့ကို စားခြင်းအားဖြင့် ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ ပြဿနာတွေကို ကာကွယ်ပေးပြီးကျောက်ကပ်ရောဂါ ခံစားနေရသူတွေအတွက်လည်း ကုသမှုမှာ အထောက်အကူပေးပါတယ်။ တစ်နေ့ကို ခုနစ်စေ့လောက် ဝါးစားပေးရုံနဲ့ လုံလောက်ပါတယ်။

(၂) အသည်းကို သန့်စင်ပေးတယ်။

အသည်းရဲ့တာဝန်က ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဓာတ်တွေကို စစ်ထုတ်ပေးပြီး ရောဂါတွေရန်က ကာကွယ်ပေးရတဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲသည်အသည်းက မကောင်းတဲ့အခါ နာတာရှည်ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့်ပဲ အသည်းသန့်စင်ဖို့က အရေးကြီးတာပါ။သင်္ဘောစေ့က အသည်းပြဿနာ၊ အထူးသဖြင့် အသည်းခြောက်ခြင်းတို့မှာ အရမ်းကို အကျိုးပြုတဲ့အာနိသင်ရှိပါတယ်။ သင်္ဘောစေ့ ငါးစေ့ကိုကြိတ်ပြီး သံပရာရည်တစ်ဇွန်းကိုရော၊ တစ်နေ့နှစ်ကြိမ် တစ်လကြာအောင် သောက်ပေးနိုင်ပါတယ်။

(၃) အူကျန်းမာရေးကို ကောင်းစေတယ်။

ကပ်ပါးပိုးမွှားတွေကို သေစေတဲ့ အင်ဇိုင်းတွေ ပါဝင်မှုများတဲ့အတွက် အူကျန်းမာရေးကို ကောင်းမွန်စေပါတယ်တဲ့။ Carpaine လို့ ခေါ်တဲ့ anthelmintic alkaloid ကြောင့် အူတွင်းကကပ်ပါးပိုးတွေကို ရှင်းလင်းပေးနိုင်ပါတယ်။ ဒါကြောင့်ပဲ သန်ကောင်၊ တုတ်ကောင်တွေကို ကျစေနိုင်တယ်လို့ သိထားကြတာဖြစ်ပါတယ်။ သင်္ဘောစေ့ကို အခြောက်ခံပြီး ထောင်းကြိတ်ပါ။ ရလာတဲ့ အမှုန့်တစ်ဇွန်းကို ရေနဲ့ဖျော်ပြီး ဆူအောင်တည်ပါ။ ပြုတ်ရည်ကို အအေးခံပြီး ပျားရည်ထည့်ပြီးဖြစ်ဖြစ်၊ မထည့်ပဲဖြစ်ဖြစ် တစ်နေ့နှစ်ကြိမ်မှ သုံးကြိမ် သောက်သုံးနိုင်ပါတယ်။

(၄) အစာချေစနစ်ကို အကာအကွယ်ပေးတယ်။

သင်္ဘောစေ့ဟာ ဘက်တီးရီးယားကို သေစေပြီး ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်တွေကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ သင်္ဘောစေ့က အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားတွေနဲ့ ရောဂါပိုးတွေကို ခုခံတိုက်ဖျက်နိုင်တယ်လို့ သုတေသနတွေက တွေ့ရှိထားပါတယ်။ တစ်နေ့ကို ခုနစ်စေ့သုံးကြိမ် စားသုံးနိုင်ပါတယ်။

(၅) အဆီပိုတွေနဲ့ သကြားဓာတ်တွေကို စုပ်ယူပေးတယ်။

သင်္ဘောစေ့က ခန္ဓာကိုယ်မှာအဆီကို လောင်ကျွမ်းစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။ အစာချေဖျက်မှုကို မြန်ဆန်စေတဲ့အတွက် အဆီပိုတွေနဲ့ သကြားဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူမှု နည်းပါးစေလို့ ဝိတ်လည်းကျစေပါတယ်။

Author-Yun Sandi

Credit-Kumudra

(Zawgyi)

ေက်ာက္ကပ္၊ အသည္းနဲ႕ အူက်န္းမာေရး အတြက္ အထူးေကာင္းတဲ့ သေဘၤာေစ့အစြမ္း

သေဘၤာေစ့ရဲ႕ ေဆးဖက္ဝင္အာနိသင္ ငါးမ်ိဳး

သေဘၤာသီးဟာ အမွ်င္ဓာတ္၊ ကယ္လ္စီယမ္၊ သံဓာတ္နဲ႔ ဗီတာမင္ေတြ မ်ားစြာပါဝင္တဲ့အတြက္အက်ိဳးေက်းဇူး မ်ားလွတဲ့ အသီးတစ္မ်ိဳး ျဖစ္ပါတယ္။ သူ႔ရဲ႕ ထင္ရွားတဲ့ အာနိသင္ကေတာ့ အူတြင္းလုပ္ေဆာင္ခ်က္ ေကာင္းေစတယ္(ဝမ္းမွန္ေစတယ္)၊ ကိုယ္ခံအားေကာင္းေစတယ္။

အသီးက ခ်ိဳျမၿပီး ရင္ေအးေစလို႔ အခ်ိဳပြဲေတြ၊ အခ်ိဳရည္ေတြအျဖစ္ စားသုံး၊ ေသာက္သုံးၾကေပမဲ့သေဘၤာေစ့ကိုေတာ့ သန္က်ေစတယ္လို႔ ယုံၾကည္ၿပီး စားသုံးသူအနည္းငယ္သာ ရွိပါတယ္။ အမ်ားစကေတာ့ သူ႔ရဲ႕အက်ိဳးေက်းဇူးေတြကို မသိၾကတဲ့အတြက္၊ အရသာမရွိတဲ့အတြက္ စားလို႔မရဘူး ထင္တဲ့အတြက္ စြန႔္ပစ္ၾကတာျဖစ္ပါတယ္။

သေဘၤာေစ့ရဲ႕ ေဆးဖက္ဝင္ အာနိသင္ (၅) မ်ိဳး

(၁) ေက်ာက္ကပ္ကို ကာကြယ္ေပးတယ္။

သေဘၤာေစ့ကို စားျခင္းအားျဖင့္ ေက်ာက္ကပ္နဲ႔သက္ဆိုင္တဲ့ ျပႆနာေတြကို ကာကြယ္ေပးၿပီးေက်ာက္ကပ္ေရာဂါ ခံစားေနရသူေတြအတြက္လည္း ကုသမႈမွာ အေထာက္အကူေပးပါတယ္။ တစ္ေန႔ကို ခုနစ္ေစ့ေလာက္ ဝါးစားေပး႐ုံနဲ႔ လုံေလာက္ပါတယ္။

(၂) အသည္းကို သန႔္စင္ေပးတယ္။

အသည္းရဲ႕တာဝန္က ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ဓာတ္ေတြကို စစ္ထုတ္ေပးၿပီး ေရာဂါေတြရန္က ကာကြယ္ေပးရတဲ့ အေရးႀကီး အစိတ္အပိုင္း ျဖစ္ပါတယ္။ အဲသည္အသည္းက မေကာင္းတဲ့အခါ နာတာရွည္ေရာဂါေတြ ျဖစ္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ အသည္းသန႔္စင္ဖို႔က အေရးႀကီးတာပါ။သေဘၤာေစ့က အသည္းျပႆနာ၊ အထူးသျဖင့္ အသည္းေျခာက္ျခင္းတို႔မွာ အရမ္းကို အက်ိဳးျပဳတဲ့အာနိသင္ရွိပါတယ္။ သေဘၤာေစ့ ငါးေစ့ကိုႀကိတ္ၿပီး သံပရာရည္တစ္ဇြန္းကိုေရာ၊ တစ္ေန႔ႏွစ္ႀကိမ္ တစ္လၾကာေအာင္ ေသာက္ေပးႏိုင္ပါတယ္။

(၃) အူက်န္းမာေရးကို ေကာင္းေစတယ္။

ကပ္ပါးပိုးမႊားေတြကို ေသေစတဲ့ အင္ဇိုင္းေတြ ပါဝင္မႈမ်ားတဲ့အတြက္ အူက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္တဲ့။ Carpaine လို႔ ေခၚတဲ့ anthelmintic alkaloid ေၾကာင့္ အူတြင္းကကပ္ပါးပိုးေတြကို ရွင္းလင္းေပးႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ သန္ေကာင္၊ တုတ္ေကာင္ေတြကို က်ေစႏိုင္တယ္လို႔ သိထားၾကတာျဖစ္ပါတယ္။ သေဘၤာေစ့ကို အေျခာက္ခံၿပီး ေထာင္းႀကိတ္ပါ။ ရလာတဲ့ အမႈန႔္တစ္ဇြန္းကို ေရနဲ႔ေဖ်ာ္ၿပီး ဆူေအာင္တည္ပါ။ ျပဳတ္ရည္ကို အေအးခံၿပီး ပ်ားရည္ထည့္ၿပီးျဖစ္ျဖစ္၊ မထည့္ပဲျဖစ္ျဖစ္ တစ္ေန႔ႏွစ္ႀကိမ္မွ သုံးႀကိမ္ ေသာက္သုံးႏိုင္ပါတယ္။

(၄) အစာေခ်စနစ္ကို အကာအကြယ္ေပးတယ္။

သေဘၤာေစ့ဟာ ဘက္တီးရီးယားကို ေသေစၿပီး ေရာင္ရမ္းမႈကို ေလ်ာ့က်ေစတဲ့ အာနိသင္ေတြေၾကာင့္ အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။ သေဘၤာေစ့က အစာအဆိပ္သင့္ေစတဲ့ ဘက္တီးရီးယားေတြနဲ႔ ေရာဂါပိုးေတြကို ခုခံတိုက္ဖ်က္ႏိုင္တယ္လို႔ သုေတသနေတြက ေတြ႕ရွိထားပါတယ္။ တစ္ေန႔ကို ခုနစ္ေစ့သုံးႀကိမ္ စားသုံးႏိုင္ပါတယ္။

(၅) အဆီပိုေတြနဲ႔ သၾကားဓာတ္ေတြကို စုပ္ယူေပးတယ္။

သေဘၤာေစ့က ခႏၶာကိုယ္မွာအဆီကို ေလာင္ကြၽမ္းေစႏိုင္တဲ့ အာနိသင္လည္း ရွိပါတယ္။ အစာေခ်ဖ်က္မႈကို ျမန္ဆန္ေစတဲ့အတြက္ အဆီပိုေတြနဲ႔ သၾကားဓာတ္ေတြကို ခႏၶာကိုယ္က စုပ္ယူမႈ နည္းပါးေစလို႔ ဝိတ္လည္းက်ေစပါတယ္။

Author-Yun Sandi

Credit-Kumudra

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top