သင် အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်အကြောင်း

သင် အိမ်ထောင်ပြုသင့်တဲ့ အသက်အရွယ်အကြောင်း

အသက် ၁၅ နှစ်

မိဘရဲ့ ရင်ခွင်ထဲက အပျံ သင်ကာစပဲ ရှိသေးတယ်။ ဘဝအတွက် လိုအပ်တဲ့ အတတ်ပညာ၊ အသိပညာ၊ ဘဝပညာတွေကို စသင်နေရတဲ့ ပညာရှာချိန်ပါ။ တချို့က ကံတရားကြောင့်လား ဆင်ခြင်တုံတရား နုသေးလို့လား မသိဘူးတော့ အိမ်ထောင်ကျနေတတ်ကြတယ်။ ဗူးသီးနုနု မရင့်ခင် အမွေးသပ်လိုက်သလို ကြီးထွားလာဖို့ ဆိုတာထက် အသီးမပုပ်အောင် အားတင်းရှင်သန်နေရတတ်တယ်။ မရင့်ကျက်ခင် လောကကြီးအကြောင်းကို မသိခင်၊ မလေ့ကျင့်ရသေးတဲ့ စစ်သားကို စစ်မြေပြင် လွှတ်လိုက်ရသလို ဘယ်က စပစ်ရမှန်း မသိတဲ့ အချိန်ကာလတခုပါ။ အသက် ၁၅ နှစ် ဆိုတာ အိမ်ထောင်ပြုဖို့ အဆင်သင့် မဖြစ်သေးတဲ့ အရွယ်တခုလို့ ပြောလို့ရတယ်။

အသက် ၁၈ နှစ် မှ ၂၀ နှစ်ထိ

အရွယ်ရောက်ပြီလို့ ပြောလို့တော့ ရပီ။ သက်တမ်းက အရွယ်ရောက်လာတာ မှန်ပေမယ့် လူတော်တော်များများရဲ့ အသိကတော့ အရွယ် မရောက်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျောင်းပညာ မပြီးဆုံးသေးတဲ့ အချိန်ကာလ တခုဖြစ်သလို ပိုက်ဆံကို ကိုယ်တိုင် လူတိုင်း မရှာကြသေးပါဘူး။ မိဘအရိပ် အောက်နေပီး တချို့ဆို ကလေးလုပ်နေကြတုန်း အရွယ်ပါ။

အသက် ၂၁ နှစ်မှ ၂၅ နှစ်ထိ

တချို့ဆို ကျောင်းပညာတွေ ပြီးဆုံးပြီး လုပ်ငန်းခွင်ထဲ ရောက်နေချိန်ပါ။ ဘဝအတွေ့အကြုံ၊ နှလုံသား အတွေ့အကြုံ ရသင့်သလောက် ရလာပြီး အမှားအမှန်ကို ခွဲခြားလာနိုင်ချိန်ပါ။ ရင့်ကျက်လာခြင်းရဲ့ ပထမအရွယ်လို့ ဆိုလို့ရပြီး မိဘကျေးဇူး၊ မိဘတန်ဖိုး၊ ငွေကြေးတန်ဖိုး၊ အလုပ်တန်ဖိုး၊ အချိန်တန်ဖိုးတို့ကို နားလည် လက်ခံလာကာ မိဘကျေးဇူး ဆပ်နေချိန်လို့ ပြောလို့ရတယ်။ အိမ်ထောင်ပြုမယ်ဆိုရင်လည်း အရမ်းကြီး မပင်ပန်းတော့ဘဲ ဘဝအတွက် plan ချတတ်လာပီး ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် ထုဆစ်လာနိုင်တဲ့ အတောင်အလက် စုံချိန်လို့ ပြောလို့ ရပါတယ်။ မျိုးဆက်သစ်တွေ မွေးထုတ်ပေးမယ့် ပုခက်လွှဲသော လက်ပိုင်ရှင်တွေ အတွက် အကောင်းဆုံးအရွယ် ဖြစ်သော်လည်း အိမ်ထောင်ဦးစီး တချို့ကတော့ မိသားစု အတွက် အဆင်သင့် မဖြစ်သေးတဲ့အချိန် ဖြစ်နေတတ်တယ်။ ယောကျ်ားသားများအတွက် ကြားကာလတခုလို့ ပြောလို့ရပါတယ်။

အသက်၂၆ နှစ် မှ ၃၀ နှစ် အရွယ်ထိ

ဘဝသစ်တစ်ခု တည်ဆောက်ဖို့ ခိုင်မာသော ယုံကြည်ချက်များနှင့် သက်လုံကောင်းသည့် ရင့်ကျက်တဲ့ အရွယ်ပါ။ အကောင်းအဆိုးကို ခွဲခြားလာနိုင်သလို ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်း စတဲ့ စိန်ခေါ်မှုတွေကို ပညာသားပါပါ ဖြတ်ကျော်နိုင်ချိန်ပါ။ ပညာရပ် တစ်ခုခုကို အောင်မြင် ကျွမ်းကျင်စွာ တတ်ကျွမ်းနေပီး လုပ်ငန်းခွင်မှာ အသားကျနေတဲ့ အချိန် ကာလပါ။ အိမ်ထောင်ရေးအတွက် လိုအပ်တဲ့ စိတ်တည်ငြိမ်မှု၊ ရင့်ကျက်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ စိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်မှုတွေ မြင့်မားနေချိန်ပါ။ ယောကျ်ားလေးများနှင့် မိန်းခလေးများ အကုန်လုံး ဘဝသစ်တခု တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ဟု အကြံပေး ပါရစေ။

အသက် ၃၁ နှစ်မှ ၄၀ နှစ်ထိ

အိမ်ထောင်ပြုဖို့ ကောင်းသော်လည်း သားသမီး ယူမယ်ဆိုရင် မိဘနှင့် သားသမီး အသက်အရမ်း ကွာခြားသွားတတ်သောကြောင့်သားသမီးတွေ ဘဝကို ပြုစုပျိုးထောင်ရာမှာ ပင်ပန်းတတ်ပါတယ်။ ဥပမာ – မိဘက အသက် ၃၀ ကျော်မှ အိမ်ထောင်ပြုပီး ကလေးယူရင် သားသမီး အသက် ၂၀ မှာ မိဘတွေက အသက် ၅၀ နှစ် ကျော်နေပါပီ။ သားသမီးတွေ အတက်နှင့် မိဘတွေ အရွယ်ကျ ဖြစ်နေတတ်ပါတယ်။

အိမ်ထောင်ပြုတယ် ဆိုတာက စားဝတ်နေရေးက ပထမဆိုပေမယ့် ပျော်ရွှင်မှုက ပထမပါ။ ပျော်ရွှင်ရဖို့ ဆိုတာက အဓိက ကျန်းမာသန်စွမ်းပြီး အပေးအယူ မျှတဖို့ အရမ်း အရေးကြီးပါတယ်။ အိမ်ထောင်ရေးမှာ မေတ္တာတရားက အရေးပါတယ် ဆိုပေမယ့် နားလည်မှုနှင့် ယုံကြည်မှုက နှစ်ဖက်စလုံး ညီမျှနေဖို့က ပိုအရေးကြီးပါတယ်။ ချစ်တိုင်း မညားတတ်ဘူး ဆိုတာဟာ ဖူးစာက ပထမ ဆိုရင် အပေးအယူနှင့် အပြန်အလှန် တန်ဖိုးထားမှုတွေက ဒုတိယပါ။ ကိုယ်တိုင် ရွေးချယ်ပီးသား အိမ်ထောင်ဖက်နဲ့ မယူခင်ကတည်းက ပွင့်လင်းစွာ ဆွေးနွေးပီး စိတ်တူ ကိုယ်တူ အသွင်တူစွာ သာယာအေးချမ်းသော စံပြ အိမ်ထောင်ရေးတစ်ခု တည်ဆောက်နိူင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်.. ။

Credit-Zenith

(Zawgyi)

သင္ အိမ္ေထာင္ျပဳသင့္တဲ့ အသက္အ႐ြယ္အေၾကာင္း

အသက္ ၁၅ ႏွစ္

မိဘရဲ႕ ရင္ခြင္ထဲက အပ်ံ သင္ကာစပဲ ရွိေသးတယ္။ ဘဝအတြက္ လိုအပ္တဲ့ အတတ္ပညာ၊ အသိပညာ၊ ဘဝပညာေတြကို စသင္ေနရတဲ့ ပညာရွာခ်ိန္ပါ။ တခ်ိဳ႕က ကံတရားေၾကာင့္လား ဆင္ျခင္တုံတရား ႏုေသးလို႔လား မသိဘူးေတာ့ အိမ္ေထာင္က်ေနတတ္ၾကတယ္။ ဗူးသီးႏုႏု မရင့္ခင္ အေမြးသပ္လိုက္သလို ႀကီးထြားလာဖို႔ ဆိုတာထက္ အသီးမပုပ္ေအာင္ အားတင္းရွင္သန္ေနရတတ္တယ္။ မရင့္က်က္ခင္ ေလာကႀကီးအေၾကာင္းကို မသိခင္၊ မေလ့က်င့္ရေသးတဲ့ စစ္သားကို စစ္ေျမျပင္ လႊတ္လိုက္ရသလို ဘယ္က စပစ္ရမွန္း မသိတဲ့ အခ်ိန္ကာလတခုပါ။ အသက္ ၁၅ ႏွစ္ ဆိုတာ အိမ္ေထာင္ျပဳဖို႔ အဆင္သင့္ မျဖစ္ေသးတဲ့ အ႐ြယ္တခုလို႔ ေျပာလို႔ရတယ္။

အသက္ ၁၈ ႏွစ္ မွ ၂၀ ႏွစ္ထိ

အ႐ြယ္ေရာက္ၿပီလို႔ ေျပာလို႔ေတာ့ ရပီ။ သက္တမ္းက အ႐ြယ္ေရာက္လာတာ မွန္ေပမယ့္ လူေတာ္ေတာ္မ်ားမ်ားရဲ႕ အသိကေတာ့ အ႐ြယ္ မေရာက္ေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ ေက်ာင္းပညာ မၿပီးဆုံးေသးတဲ့ အခ်ိန္ကာလ တခုျဖစ္သလို ပိုက္ဆံကို ကိုယ္တိုင္ လူတိုင္း မရွာၾကေသးပါဘူး။ မိဘအရိပ္ ေအာက္ေနပီး တခ်ိဳ႕ဆို ကေလးလုပ္ေနၾကတုန္း အ႐ြယ္ပါ။

အသက္ ၂၁ ႏွစ္မွ ၂၅ ႏွစ္ထိ

တခ်ိဳ႕ဆို ေက်ာင္းပညာေတြ ၿပီးဆုံးၿပီး လုပ္ငန္းခြင္ထဲ ေရာက္ေနခ်ိန္ပါ။ ဘဝအေတြ႕အႀကဳံ၊ ႏွလုံသား အေတြ႕အႀကဳံ ရသင့္သေလာက္ ရလာၿပီး အမွားအမွန္ကို ခြဲျခားလာႏိုင္ခ်ိန္ပါ။ ရင့္က်က္လာျခင္းရဲ႕ ပထမအ႐ြယ္လို႔ ဆိုလို႔ရၿပီး မိဘေက်းဇူး၊ မိဘတန္ဖိုး၊ ေငြေၾကးတန္ဖိုး၊ အလုပ္တန္ဖိုး၊ အခ်ိန္တန္ဖိုးတို႔ကို နားလည္ လက္ခံလာကာ မိဘေက်းဇူး ဆပ္ေနခ်ိန္လို႔ ေျပာလို႔ရတယ္။ အိမ္ေထာင္ျပဳမယ္ဆိုရင္လည္း အရမ္းႀကီး မပင္ပန္းေတာ့ဘဲ ဘဝအတြက္ plan ခ်တတ္လာပီး ကိုယ့္ဘဝကို ကိုယ္ကိုယ္တိုင္ ထုဆစ္လာႏိုင္တဲ့ အေတာင္အလက္ စုံခ်ိန္လို႔ ေျပာလို႔ ရပါတယ္။ မ်ိဳးဆက္သစ္ေတြ ေမြးထုတ္ေပးမယ့္ ပုခက္လႊဲေသာ လက္ပိုင္ရွင္ေတြ အတြက္ အေကာင္းဆုံးအ႐ြယ္ ျဖစ္ေသာ္လည္း အိမ္ေထာင္ဦးစီး တခ်ိဳ႕ကေတာ့ မိသားစု အတြက္ အဆင္သင့္ မျဖစ္ေသးတဲ့အခ်ိန္ ျဖစ္ေနတတ္တယ္။ ေယာက်္ားသားမ်ားအတြက္ ၾကားကာလတခုလို႔ ေျပာလို႔ရပါတယ္။

အသက္၂၆ ႏွစ္ မွ ၃၀ ႏွစ္ အ႐ြယ္ထိ

ဘဝသစ္တစ္ခု တည္ေဆာက္ဖို႔ ခိုင္မာေသာ ယုံၾကည္ခ်က္မ်ားႏွင့္ သက္လုံေကာင္းသည့္ ရင့္က်က္တဲ့ အ႐ြယ္ပါ။ အေကာင္းအဆိုးကို ခြဲျခားလာႏိုင္သလို ေပ်ာ္႐ႊင္ျခင္း၊ စိတ္ညစ္ျခင္း စတဲ့ စိန္ေခၚမႈေတြကို ပညာသားပါပါ ျဖတ္ေက်ာ္ႏိုင္ခ်ိန္ပါ။ ပညာရပ္ တစ္ခုခုကို ေအာင္ျမင္ ကြၽမ္းက်င္စြာ တတ္ကြၽမ္းေနပီး လုပ္ငန္းခြင္မွာ အသားက်ေနတဲ့ အခ်ိန္ ကာလပါ။ အိမ္ေထာင္ေရးအတြက္ လိုအပ္တဲ့ စိတ္တည္ၿငိမ္မႈ၊ ရင့္က်က္မႈ၊ နားလည္မႈ၊ ယုံၾကည္မႈ၊ စိန္ေခၚမႈေတြကို ျဖတ္ေက်ာ္ႏိုင္မႈေတြ ျမင့္မားေနခ်ိန္ပါ။ ေယာက်္ားေလးမ်ားႏွင့္ မိန္းခေလးမ်ား အကုန္လုံး ဘဝသစ္တခု တည္ေဆာက္ဖို႔ အေကာင္းဆုံး အခ်ိန္ဟု အႀကံေပး ပါရေစ။

အသက္ ၃၁ ႏွစ္မွ ၄၀ ႏွစ္ထိ

အိမ္ေထာင္ျပဳဖို႔ ေကာင္းေသာ္လည္း သားသမီး ယူမယ္ဆိုရင္ မိဘႏွင့္ သားသမီး အသက္အရမ္း ကြာျခားသြားတတ္ေသာေၾကာင့္သားသမီးေတြ ဘဝကို ျပဳစုပ်ိဳးေထာင္ရာမွာ ပင္ပန္းတတ္ပါတယ္။ ဥပမာ – မိဘက အသက္ ၃၀ ေက်ာ္မွ အိမ္ေထာင္ျပဳပီး ကေလးယူရင္ သားသမီး အသက္ ၂၀ မွာ မိဘေတြက အသက္ ၅၀ ႏွစ္ ေက်ာ္ေနပါပီ။ သားသမီးေတြ အတက္ႏွင့္ မိဘေတြ အ႐ြယ္က် ျဖစ္ေနတတ္ပါတယ္။

အိမ္ေထာင္ျပဳတယ္ ဆိုတာက စားဝတ္ေနေရးက ပထမဆိုေပမယ့္ ေပ်ာ္႐ႊင္မႈက ပထမပါ။ ေပ်ာ္႐ႊင္ရဖို႔ ဆိုတာက အဓိက က်န္းမာသန္စြမ္းၿပီး အေပးအယူ မွ်တဖို႔ အရမ္း အေရးႀကီးပါတယ္။ အိမ္ေထာင္ေရးမွာ ေမတၱာတရားက အေရးပါတယ္ ဆိုေပမယ့္ နားလည္မႈႏွင့္ ယုံၾကည္မႈက ႏွစ္ဖက္စလုံး ညီမွ်ေနဖို႔က ပိုအေရးႀကီးပါတယ္။ ခ်စ္တိုင္း မညားတတ္ဘူး ဆိုတာဟာ ဖူးစာက ပထမ ဆိုရင္ အေပးအယူႏွင့္ အျပန္အလွန္ တန္ဖိုးထားမႈေတြက ဒုတိယပါ။ ကိုယ္တိုင္ ေ႐ြးခ်ယ္ပီးသား အိမ္ေထာင္ဖက္နဲ႔ မယူခင္ကတည္းက ပြင့္လင္းစြာ ေဆြးေႏြးပီး စိတ္တူ ကိုယ္တူ အသြင္တူစြာ သာယာေအးခ်မ္းေသာ စံျပ အိမ္ေထာင္ေရးတစ္ခု တည္ေဆာက္ႏိူင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္.. ။

Credit-Zenith

Comments

Leave a Reply

Your email address will not be published. Required fields are marked *