သတင္း

တားျမစ္ထားသည့္ North Sentinel ကြၽန္းေန လူ႐ိုင္းမ်ား သတ္လိုက္သည့္ အေမရိကန္သားအား ျပန္ကယ္ထုတ္ရန္ ေမွ်ာ္လင့္ခ်က္မဲ့

(Zawgyi)

အန္တမန္ကြၽန္းစုမ်ားအနက္ တားျမစ္ထားသည့္ North Sentinel ကြၽန္းေန လူ႐ိုင္းမ်ား သတ္လိုက္သည့္ အေမရိကန္သားအား ျပန္ကယ္ထုတ္ရန္ ေမွ်ာ္လင့္ခ်က္မဲ့

မ်ားမၾကာမီက အန္တမန္ကြၽန္းစု၊ North Sentinel ကြၽန္းကို သြားေရာက္လည္ပတ္တဲ့ အေမရိကန္လူမ်ိဳးတစ္ဦးဟာ အဆိုပါကြၽန္းေပၚမွာ ေနထိုင္တဲ့ လူ႐ိုင္းေတြေၾကာင့္ ေသဆုံးသြားခဲ့တယ္လို႔ အိႏၵိယအာဏာပိုင္ေတြက ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

North Sentinel ကြၽန္းေပၚမွာ လူေတြနဲ႔ အဆက္အဆံမလုပ္ဘဲ ေနလာတာၾကာၿပီျဖစ္တဲ့ လူ႐ိုင္းေတြ ရွိေနတဲ့အတြက္ အဆိုပါကြၽန္းကို သြားေရာက္လည္ပတ္ခြင့္ပိတ္ပင္ထားေၾကာင္း သိရွိရပါတယ္။

သို႔ေပမယ့္ စြန႔္စြန႔္စားစား ခရီးထြက္ရတာ ၀ါသနာပါတဲ့၊ ဘာသာေရးကိုင္းရႈိင္းတဲ့ ခရစ္ယာန္ဘာသာဝင္ အေမရိကန္လူမ်ိဳး ဂြၽန္အလန္ေခ်ာင္ဟာ ၿပီးခဲ့တဲ့အပတ္မွာ North Sentinel ကြၽန္းကို သူ႔သူငယ္ခ်င္းနဲ႔ သိတဲ့ တံငါသည္ေတြရဲ႕ အကူအညီနဲ႔ ကယပ္ေလွစီးၿပီး သြားေရာက္လည္ပတ္ခဲ့တာ ျဖစ္ပါတယ္။

ဂြၽန္အလန္ေခ်ာင္ဟာ ၎ရဲ႕ ခရီးစဥ္အတြက္ အဆိုပါတံငါသည္ေတြကို ၃၂၅ ေဒၚလာေပးခဲ့သလို ကြၽန္းေပၚမွာ ေနထိုင္တဲ့ လူ႐ိုင္းေတြအတြက္ ငါးနဲ႔ ေဘာလုံးေတြလည္း ယူသြားခဲ့တယ္လို႔ သိရပါတယ္။

ပထမတစ္ရက္မွာ လူ႐ိုင္းေတြနဲ႔ စကားေျပာဆိုဖို႔ ဂြၽန္အလန္တစ္ေယာက္တည္း ကြၽန္းေပၚတက္သြားခဲ့ခ်ိန္မွာ တံငါသည္က ခပ္လွမ္းလွမ္းက ပုန္းခိုၿပီး ေစာင့္ေနခဲ့တာျဖစ္ပါတယ္။

အဲဒီညမွာပဲ ဂြၽန္အလန္ဟာ ၎ရဲ႕ခရီးစဥ္ကို မွတ္တမ္းတင္ၿပီး တံငါသည္ေတြကို စာတိုေလးတစ္ေစာင္ ေရးေပးခဲ့ပါတယ္။ ေနာက္တစ္ေန႔ (ႏိုဝင္ဘာ ၁၆ ရက္)မနက္ပိုင္းမွာေတာ့ ကြၽန္းေပၚကို ျပန္သြားခဲ့တာျဖစ္ပါတယ္။

ကြၽန္းေပၚမွာ ဘာေတြဆက္ျဖစ္ခဲ့လဲဆိုတာကို မသိရေပမယ့္ ေနာက္ေန႔မနက္မွာေတာ့ လူ႐ိုင္းတစ္ေယာက္ဟာ ဂြၽန္အလန္ရဲ႕ ခႏၶာကိုယ္ကို ဆြဲလာၿပီး ျမဳပ္ႏွံတာကို ျမင္လိုက္တယ္လို႔ အေဝးကေန ေစာင့္ၾကည့္ေနတဲ့ တံငါသည္ေတြက ေျပာပါတယ္။

ဂြၽန္ရဲ႕ ျဖစ္ရပ္ကို ျမင္လိုက္တဲ့ တံငါသည္ေတဟာ ဂြၽန္အလန္ရဲ႕ သူငယ္ခ်င္းကို အေၾကာင္းၾကားခဲ့ရာ အဆိုပါသူငယ္ခ်င္းက ဂြၽန္ရဲ႕ မိသားစုကို အသိေပးခဲ့တာျဖစ္ပါတယ္။

ဂြၽန္ကို ကူညီဖို႔ ကြၽန္းေပၚလိုက္သြားခဲ့တဲ့ ဂြၽန္ရဲ႕ သူငယ္ခ်င္း၊ ဧည့္လမ္းၫႊန္တစ္ေယာက္နဲ႔ တံငါသည္ ငါးေယာက္လည္း အဖမ္းခံလိုက္ရတာျဖစ္ပါတယ္။

လူ႐ိုင္းေတြက ဂြၽန႔္ကို ျမႇားေတြနဲ႔ ပစ္သတ္လိုက္တာျဖစ္ေပမယ့္ သူ႔ခႏၶာကိုယ္ကို ျပန္ရွာလို႔ မေတြ႕မခ်င္း သူေသသြားၿပီလို႔ အတည္ျပဳလို႔ မရေသးေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

တံငါသည္ေတြကို ေပးလိုက္တဲ့ စာတိုထဲမွာေတာ့ “ကြၽန္ေတာ့္ကို ႐ူးတယ္လို႔ ထင္ရင္ ထင္ၾကလိမ့္မယ္။ ဒါေပမယ့္ သူတို႔ကို ဘုရားသခင္အေၾကာင္း ေျပာျပသင့္တယ္ထင္တာပဲ။ သူတို႔အရပ္က ၅ ေပ ၅ လက္မေလာက္ရွိတယ္။ မ်က္ႏွာေပၚမွာ အဝါေရာင္ေဆးေတြျခယ္ထားတယ္။ ကြၽန္ေတာ္လည္း သူတို႔နဲ႔စကားေျပာဖို႔၊ ဓမၼက်မ္းစာ႐ြတ္ဖို႔ ႀကိဳးစားတယ္။ ကြၽန္ေတာ္က ဂြၽန္ပါ။ သင္တို႔ကို ကြၽန္ေတာ္ခ်စ္တယ္။ ဘုရားသခင္လည္း သင္တို႔ကို ခ်စ္တယ္လို႔ေျပာေတာ့ ကေလးတစ္ေယာက္က ကြၽန္ေတာ့္ကို ျမႇားနဲ႔ပစ္တယ္။ ျမႇားတံက က်မ္းစာအုပ္ကို သြားထိတယ္။ ဘုရား..ဘုရား.. ကြၽန္ေတာ္မေသခ်င္ဘူး။”လို႔ ဂြၽန္က ေရးသားခဲ့တာျဖစ္ပါတယ္။

ခရီးထြက္တာ ၀ါသနာပါတဲ့ ဂြၽန္ဟာ North Sentinel ကြၽန္းကို သြားမလည္ခင္ ၎ရဲ႕ Instagram စာမ်က္ႏွာမွာ “ဒီကြၽန္းေရာက္တဲ့လူတိုင္း ဘာလို႔ေသရတာလဲ။ ဒီကြၽန္းသြားမယ္ဗ်ာ။ ကြၽန္ေတာ့္ေနာက္ဆုံးခရီးစဥ္ေတာ့ မျဖစ္ပါေစနဲ႔။”လို႔ ေရးသားခဲ့တယ္လို႔ သိရပါတယ္။

ဂြၽန္ဟာ North Sentinel ကြၽန္းကို သြားမလည္ခင္ တျခားကြၽန္းေပၚမွာ ေအာက္တိုဘာလ၊ ၁၆ ရက္ကတည္းက ေနထိုင္ေနခဲ့ေၾကာင္း၊ ၂၀၁၅၊ ၂၀၁၆ ခုႏွစ္တုန္းကလည္း အန္တမန္ကြၽန္းစုကို လာေရာက္လည္ပတ္ဖူးေၾကာင္း အာဏာပိုင္ေတြက ေျပာပါတယ္။

“သူတို႔ကိုဘယ္လိုစကားေျပာရမလဲ ကြၽန္ေတာ္တို႔မသိဘူး။ သမိုင္းေၾကာင္းအရဆိုရင္ ၿဗိတိသွ်နဲ႔ ဂ်ပန္လူမ်ိဳးေတြက သူတို႔ကို သတ္ဖူးေတာ့ သူတို႔က အဝတ္အစားဝတ္ထားတဲ့လူျမင္ရင္ကို ေဒါသထြက္ေနတာ။ အဝတ္ဝတ္ထားတဲ့လူျမင္တာနဲ႔ ခ်က္ခ်င္းသတ္လိုက္တာပဲ။”လို႔ ကပူးလ္ကေျပာပါတယ္။

၂၀၀၆ ခုႏွစ္မွာလည္း ေလွပ်က္ၿပီး North Sentinel ကြၽန္းေပၚမွာ ေသာင္တင္ေနတဲ့ တံငါသည္ႏွစ္ဦးကို လူ႐ိုင္းေတြက သတ္ခဲ့ဖူးတယ္လို႔ သိရပါတယ္။

ဂြၽန႔္ကို သြားကယ္ဖို႔အတြက္ အာဏာပိုင္ေတြက စီစဥ္ေနေပမယ့္လည္း ျဖစ္ႏိုင္ေခ်နည္းေၾကာင္း၊ လူ႐ိုင္းေတြနဲ႔ စကားေျပာဆိုဖို႔ မျဖစ္ႏိုင္ေၾကာင္း သိရွိရပါတယ္။

Credit – Mizzima – News in Burmese

http://www.mizzimaburmese.com/article/52661

(Unicode)

အန်တမန်ကျွန်းစုများအနက် တားမြစ်ထားသည့် North Sentinel ကျွန်းနေ လူရိုင်းများ သတ်လိုက်သည့် အမေရိကန်သားအား ပြန်ကယ်ထုတ်ရန် မျှော်လင့်ချက်မဲ့

များမကြာမီက အန်တမန်ကျွန်းစု၊ North Sentinel ကျွန်းကို သွားရောက်လည်ပတ်တဲ့ အမေရိကန်လူမျိုးတစ်ဦးဟာ အဆိုပါကျွန်းပေါ်မှာ နေထိုင်တဲ့ လူရိုင်းတွေကြောင့် သေဆုံးသွားခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

North Sentinel ကျွန်းပေါ်မှာ လူတွေနဲ့ အဆက်အဆံမလုပ်ဘဲ နေလာတာကြာပြီဖြစ်တဲ့ လူရိုင်းတွေ ရှိနေတဲ့အတွက် အဆိုပါကျွန်းကို သွားရောက်လည်ပတ်ခွင့်ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။

သို့ပေမယ့် စွန့်စွန့်စားစား ခရီးထွက်ရတာ ဝါသနာပါတဲ့၊ ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန်ဘာသာဝင် အမေရိကန်လူမျိုး ဂျွန်အလန်ချောင်ဟာ ပြီးခဲ့တဲ့အပတ်မှာ North Sentinel ကျွန်းကို သူ့သူငယ်ချင်းနဲ့ သိတဲ့ တံငါသည်တွေရဲ့ အကူအညီနဲ့ ကယပ်လှေစီးပြီး သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

ဂျွန်အလန်ချောင်ဟာ ၎င်းရဲ့ ခရီးစဉ်အတွက် အဆိုပါတံငါသည်တွေကို ၃၂၅ ဒေါ်လာပေးခဲ့သလို ကျွန်းပေါ်မှာ နေထိုင်တဲ့ လူရိုင်းတွေအတွက် ငါးနဲ့ ဘောလုံးတွေလည်း ယူသွားခဲ့တယ်လို့ သိရပါတယ်။

ပထမတစ်ရက်မှာ လူရိုင်းတွေနဲ့ စကားပြောဆိုဖို့ ဂျွန်အလန်တစ်ယောက်တည်း ကျွန်းပေါ်တက်သွားခဲ့ချိန်မှာ တံငါသည်က ခပ်လှမ်းလှမ်းက ပုန်းခိုပြီး စောင့်နေခဲ့တာဖြစ်ပါတယ်။

အဲဒီညမှာပဲ ဂျွန်အလန်ဟာ ၎င်းရဲ့ခရီးစဉ်ကို မှတ်တမ်းတင်ပြီး တံငါသည်တွေကို စာတိုလေးတစ်စောင် ရေးပေးခဲ့ပါတယ်။ နောက်တစ်နေ့ (နိုဝင်ဘာ ၁၆ ရက်)မနက်ပိုင်းမှာတော့ ကျွန်းပေါ်ကို ပြန်သွားခဲ့တာဖြစ်ပါတယ်။

ကျွန်းပေါ်မှာ ဘာတွေဆက်ဖြစ်ခဲ့လဲဆိုတာကို မသိရပေမယ့် နောက်နေ့မနက်မှာတော့ လူရိုင်းတစ်ယောက်ဟာ ဂျွန်အလန်ရဲ့ ခန္ဓာကိုယ်ကို ဆွဲလာပြီး မြုပ်နှံတာကို မြင်လိုက်တယ်လို့ အဝေးကနေ စောင့်ကြည့်နေတဲ့ တံငါသည်တွေက ပြောပါတယ်။

ဂျွန်ရဲ့ ဖြစ်ရပ်ကို မြင်လိုက်တဲ့ တံငါသည်တွေဟာ ဂျွန်အလန်ရဲ့ သူငယ်ချင်းကို အကြောင်းကြားခဲ့ရာ အဆိုပါသူငယ်ချင်းက ဂျွန်ရဲ့ မိသားစုကို အသိပေးခဲ့တာဖြစ်ပါတယ်။

ဂျွန်ကို ကူညီဖို့ ကျွန်းပေါ်လိုက်သွားခဲ့တဲ့ ဂျွန်ရဲ့ သူငယ်ချင်း၊ ဧည့်လမ်းညွှန်တစ်ယောက်နဲ့ တံငါသည် ငါးယောက်လည်း အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။

လူရိုင်းတွေက ဂျွန့်ကို မြှားတွေနဲ့ ပစ်သတ်လိုက်တာဖြစ်ပေမယ့် သူ့ခန္ဓာကိုယ်ကို ပြန်ရှာလို့ မတွေ့မချင်း သူသေသွားပြီလို့ အတည်ပြုလို့ မရသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

တံငါသည်တွေကို ပေးလိုက်တဲ့ စာတိုထဲမှာတော့ “ကျွန်တော့်ကို ရူးတယ်လို့ ထင်ရင် ထင်ကြလိမ့်မယ်။ ဒါပေမယ့် သူတို့ကို ဘုရားသခင်အကြောင်း ပြောပြသင့်တယ်ထင်တာပဲ။ သူတို့အရပ်က ၅ ပေ ၅ လက်မလောက်ရှိတယ်။ မျက်နှာပေါ်မှာ အဝါရောင်ဆေးတွေခြယ်ထားတယ်။ ကျွန်တော်လည်း သူတို့နဲ့စကားပြောဖို့၊ ဓမ္မကျမ်းစာရွတ်ဖို့ ကြိုးစားတယ်။ ကျွန်တော်က ဂျွန်ပါ။ သင်တို့ကို ကျွန်တော်ချစ်တယ်။ ဘုရားသခင်လည်း သင်တို့ကို ချစ်တယ်လို့ပြောတော့ ကလေးတစ်ယောက်က ကျွန်တော့်ကို မြှားနဲ့ပစ်တယ်။ မြှားတံက ကျမ်းစာအုပ်ကို သွားထိတယ်။ ဘုရား..ဘုရား.. ကျွန်တော်မသေချင်ဘူး။”လို့ ဂျွန်က ရေးသားခဲ့တာဖြစ်ပါတယ်။

ခရီးထွက်တာ ဝါသနာပါတဲ့ ဂျွန်ဟာ North Sentinel ကျွန်းကို သွားမလည်ခင် ၎င်းရဲ့ Instagram စာမျက်နှာမှာ “ဒီကျွန်းရောက်တဲ့လူတိုင်း ဘာလို့သေရတာလဲ။ ဒီကျွန်းသွားမယ်ဗျာ။ ကျွန်တော့်နောက်ဆုံးခရီးစဉ်တော့ မဖြစ်ပါစေနဲ့။”လို့ ရေးသားခဲ့တယ်လို့ သိရပါတယ်။

ဂျွန်ဟာ North Sentinel ကျွန်းကို သွားမလည်ခင် တခြားကျွန်းပေါ်မှာ အောက်တိုဘာလ၊ ၁၆ ရက်ကတည်းက နေထိုင်နေခဲ့ကြောင်း၊ ၂၀၁၅၊ ၂၀၁၆ ခုနှစ်တုန်းကလည်း အန်တမန်ကျွန်းစုကို လာရောက်လည်ပတ်ဖူးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

“သူတို့ကိုဘယ်လိုစကားပြောရမလဲ ကျွန်တော်တို့မသိဘူး။ သမိုင်းကြောင်းအရဆိုရင် ဗြိတိသျှနဲ့ ဂျပန်လူမျိုးတွေက သူတို့ကို သတ်ဖူးတော့ သူတို့က အဝတ်အစားဝတ်ထားတဲ့လူမြင်ရင်ကို ဒေါသထွက်နေတာ။ အဝတ်ဝတ်ထားတဲ့လူမြင်တာနဲ့ ချက်ချင်းသတ်လိုက်တာပဲ။”လို့ ကပူးလ်ကပြောပါတယ်။

၂၀၀၆ ခုနှစ်မှာလည်း လှေပျက်ပြီး North Sentinel ကျွန်းပေါ်မှာ သောင်တင်နေတဲ့ တံငါသည်နှစ်ဦးကို လူရိုင်းတွေက သတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဂျွန့်ကို သွားကယ်ဖို့အတွက် အာဏာပိုင်တွေက စီစဉ်နေပေမယ့်လည်း ဖြစ်နိုင်ချေနည်းကြောင်း၊ လူရိုင်းတွေနဲ့ စကားပြောဆိုဖို့ မဖြစ်နိုင်ကြောင်း သိရှိရပါတယ်။

Credit – Mizzima – News in Burmese

http://www.mizzimaburmese.com/article/52661

Leave a Reply

Your email address will not be published. Required fields are marked *