သတင္း

ထန္းႏို႕ေခ်ာင္းႏွင့္ ထိပ္ကပ္နာ

(Zawgyi)
အညာမွာေတာ့ ထန္းႏိူ႔ေခ်ာင္း အရမ္းေပါ၏။ မသုံးတတ္လို႔မသိတာ။

က်ေနာ္ခပ္ငယ္ငယ္က က်ေနာ့တူမေလးတစ္ေယာက္ ထိပ္ကပ္နာ လို႔ေခၚတဲ့ ႏွာေခါင္းထိပ္ပိတ္ႏွာေစးႏွာပိတ္ေဝဒနာကို ေတာ္ေတာ္ျပင္းျပင္းထန္ထန္ ခံစားရပါတယ္။ ၾကာလာေတာ့ အနံ႔အသက္ပါထြက္လာတယ္။ သူ႔ေဝဒနာေနာက္ဆုံး အရွင္းေပ်ာက္ခဲ့တာေတာ့ ပုံမွာျပထားတဲ့ ထန္းႏို႔ေျခာက္(ထႏို႔ေျခာက္)ရႈေပးတာ သုံးေလးရက္အတြင္းမွာ လုံးဝေပ်ာက္သြားခဲ့ပါတယ္။

ျပဳလုပ္ပုံကေတာ့ ပုံမွာျပထားတဲ့ ထႏို႔ေျခာက္ကို အမႈန႔္ျဖစ္ေအာင္ ေထာင္းရပါတယ္။ အဲ့ဒီေနာက္ ေဆးေပါ့လိပ္တစ္လိပ္ကို ထိပ္ဖြင့္ၿပီး အတြင္းက ေဆးသားမ်ား ကုန္စင္ေအာင္ထုတ္ပါ။ ထႏို႔ေျခာက္မႈန႔္ကို ျပန္ထည့္ၿပီး ေဆးေပါ့လိပ္ဖြာသလို ဖြာၿပီးႏွာေခါင္းထဲမွ အေငြ႕ျပန္ထုတ္ရပါတယ္။ ေဆးလိပ္ေသာက္သလို ရႈိက္ဖို႔မလိုပါ အေငြ႕ႏွာေခါင္းထဲမွ ျပန္ထုတ္ရင္ရပါၿပီ။ က်ေနာ့ဖရင္းထဲက ကေလးမတစ္ေယာက္ ထိပ္ကပ္နာျဖစ္ၿပီး အသက္ရႈလမ္းေၾကာင္းပိတ္ကာ ခြဲစိတ္ရမယ္ေျပာလို႔ က်ေနာ္ဒီနည္းေလးေပးလိုက္တာ ၁ရက္ထဲမွာပဲ ပိတ္ဆို႔ေနတဲ့ အစိုင္အခဲေတြ အရည္ေပ်ာ္က်ၿပီး အသက္ရႈရ လြယ္ကူသြားၿပီျဖစ္ပါတယ္။ ေလးငါးရက္ဆက္တိုက္လုပ္ပါက လုံးဝေပ်ာက္ကင္းတာလက္ေတြ႕မို႔ လက္တို႔လိုက္ျခင္းျဖစ္ပါတယ္။

Credit – KK W
via : Ashin Nandeya

(Unicode)
အညာမှာတော့ ထန်းနိူ့ချောင်း အရမ်းပေါ၏။ မသုံးတတ်လို့မသိတာ။

ကျနော်ခပ်ငယ်ငယ်က ကျနော့တူမလေးတစ်ယောက် ထိပ်ကပ်နာ လို့ခေါ်တဲ့ နှာခေါင်းထိပ်ပိတ်နှာစေးနှာပိတ်ဝေဒနာကို တော်တော်ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ ကြာလာတော့ အနံ့အသက်ပါထွက်လာတယ်။ သူ့ဝေဒနာနောက်ဆုံး အရှင်းပျောက်ခဲ့တာတော့ ပုံမှာပြထားတဲ့ ထန်းနို့ခြောက်(ထနို့ခြောက်)ရှုပေးတာ သုံးလေးရက်အတွင်းမှာ လုံးဝပျောက်သွားခဲ့ပါတယ်။ ပြုလုပ်ပုံကတော့ ပုံမှာပြထားတဲ့ ထနို့ခြောက်ကို အမှုန့်ဖြစ်အောင် ထောင်းရပါတယ်။ အဲ့ဒီနောက် ဆေးပေါ့လိပ်တစ်လိပ်ကို ထိပ်ဖွင့်ပြီး အတွင်းက ဆေးသားများ ကုန်စင်အောင်ထုတ်ပါ။ ထနို့ခြောက်မှုန့်ကို ပြန်ထည့်ပြီး ဆေးပေါ့လိပ်ဖွာသလို ဖွာပြီးနှာခေါင်းထဲမှ အငွေ့ပြန်ထုတ်ရပါတယ်။ ဆေးလိပ်သောက်သလို ရှိုက်ဖို့မလိုပါ အငွေ့နှာခေါင်းထဲမှ ပြန်ထုတ်ရင်ရပါပြီ။ ကျနော့ဖရင်းထဲက ကလေးမတစ်ယောက် ထိပ်ကပ်နာဖြစ်ပြီး အသက်ရှုလမ်းကြောင်းပိတ်ကာ ခွဲစိတ်ရမယ်ပြောလို့ ကျနော်ဒီနည်းလေးပေးလိုက်တာ ၁ရက်ထဲမှာပဲ ပိတ်ဆို့နေတဲ့ အစိုင်အခဲတွေ အရည်ပျော်ကျပြီး အသက်ရှုရ လွယ်ကူသွားပြီဖြစ်ပါတယ်။ လေးငါးရက်ဆက်တိုက်လုပ်ပါက လုံးဝပျောက်ကင်းတာလက်တွေ့မို့ လက်တို့လိုက်ခြင်းဖြစ်ပါတယ်။

Credit – KK W
via : Ashin Nandeya

Leave a Reply

Your email address will not be published. Required fields are marked *