သတင္း

ရန်ကုန်-မန္တလေး အမြန်လမ်းတလျှောက် မနားသင့်၊ အမှားမလုပ်သင့်သော နာမည်ကြီးနေရာများ

(Zawgyi)
ဒီေနရာေလးကိုသိၾကလား။ ဒီေနရာေလးက အျမန္လမ္း ၁၃၅ မိုင္မွာရွိတဲ့ အလယ္ကြၽန္းမွာ ေပါက္ေနတဲ့ ထန္းညီေနာင္ပါပဲ။ အဲ့ဒီနားေရာက္ရင္ ကားရပ္ၿပီး ေသးေပါက္တာ မလုပ္ပါနဲ႔။ ကားကိုအနားေပးခ်င္လို႔ ခဏရပ္မယ္ ဆိုရင္လည္း သင့္ကားေပၚမွာ အညႇီအေဟာက္ အစားအေသာက္ေတြ မပါပါေစႏွင့္။ အထူးသျဖင့္ ညဘက္ မရပ္နားသင့္ပါ။

259မိုင္ သီးကုန္းနားမွာလည္း ေညာင္ပင္ႀကီးတစ္ပင္ရွိတယ္။ အခန႔္မသင့္လ်င္ ႏြားခေလာက္သံ ျခဴသံေတြ ၾကားရတတ္တယ္။ အဲဒီနားမွာလည္း မနားသင့္ ေသးမေပါက္သင့္ပါဘူး။ ကိုယ္ေတြ႕ေတြ ရွိပါတယ္။

တံတားေဘးနားေတြမွာ နားရင္ သတိနဲ႔နားပါ။ တခ်ိဳ႕က အိမ္ကထည့္လာတဲ့ ထမင္းဟင္းကို အျမန္လမ္းေဘးက သစ္ပင္ရိပ္ေအာက္ေတြမွာ စားတတ္ၾကပါတယ္။ ေန႔ေန႔ညည ပရေလာကသားေတြဟာ အျမန္လမ္းတေလ်ာက္မွာ ရွိေနၾကပါတယ္။

လူဟာ သူတို႔ထက္ ျမင့္ပါတယ္။ ဒါေပမည့္ အမွားမလုပ္မိေစနဲ႔ေပါ့။ ခြင့္လႊတ္ျခင္းဆိုတာ သူတို႔မွာမရွိဘူး။ မယုံရင္ စမ္းၾကည့္လိုက္။ သင္ကံနိမ့္ေနၿပီဆိုရင္ေတာ့…ဟုတ္ကဲ့ အျမန္လမ္းမွာ ကားေမွာက္တာ၊ တိုက္တာ ႐ုတ္တရက္ ရပ္သြားတာေတြ ရွိတတ္ပါတယ္။

လမ္းမေကာင္းလို႔၊ ဒ႐ိုင္ဘာအိပ္ငိုက္လို႔ စသည္ျဖင့္ မဟုတ္ပဲ ျဖစ္ေနၾကတာေတြ အမ်ားႀကီးပါ။ ေမတၱာပို႔ေပးပါ။ ဘုရားစာ တတြတ္တြတ္ ႐ြတ္သြားပါ။ ကားရပ္နားတဲ့အခါလည္း ေမတၱာပို႔ေပးပါ။ ထမင္းစားၾကမယ္ဆိုရင္ ခပ္ေဝးေဝးမွာ စကၠဴေလးခင္းၿပီး နည္းနည္းပုံၿပီး ထည့္ေပးလိုက္ပါ။ ညဘက္ေတာ့မလုပ္ပါနဲ႔။

အျမန္လမ္း အသုံးျပဳသူတိုင္း ေဘးရန္ကင္းၾကပါေစ။

Credit – Ronald ye lin tun

(Unicode)
ဒီနေရာလေးကိုသိကြလား။ ဒီနေရာလေးက အမြန်လမ်း ၁၃၅ မိုင်မှာရှိတဲ့ အလယ်ကျွန်းမှာ ပေါက်နေတဲ့ ထန်းညီနောင်ပါပဲ။ အဲ့ဒီနားရောက်ရင် ကားရပ်ပြီး သေးပေါက်တာ မလုပ်ပါနဲ့။ ကားကိုအနားပေးချင်လို့ ခဏရပ်မယ် ဆိုရင်လည်း သင့်ကားပေါ်မှာ အညှီအဟောက် အစားအသောက်တွေ မပါပါစေနှင့်။ အထူးသဖြင့် ညဘက် မရပ်နားသင့်ပါ။

259မိုင် သီးကုန်းနားမှာလည်း ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အခန့်မသင့်လျင် နွားခလောက်သံ ခြူသံတွေ ကြားရတတ်တယ်။ အဲဒီနားမှာလည်း မနားသင့် သေးမပေါက်သင့်ပါဘူး။ ကိုယ်တွေ့တွေ ရှိပါတယ်။

တံတားဘေးနားတွေမှာ နားရင် သတိနဲ့နားပါ။ တချို့က အိမ်ကထည့်လာတဲ့ ထမင်းဟင်းကို အမြန်လမ်းဘေးက သစ်ပင်ရိပ်အောက်တွေမှာ စားတတ်ကြပါတယ်။ နေ့နေ့ညည ပရလောကသားတွေဟာ အမြန်လမ်းတလျောက်မှာ ရှိနေကြပါတယ်။

လူဟာ သူတို့ထက် မြင့်ပါတယ်။ ဒါပေမည့် အမှားမလုပ်မိစေနဲ့ပေါ့။ ခွင့်လွှတ်ခြင်းဆိုတာ သူတို့မှာမရှိဘူး။ မယုံရင် စမ်းကြည့်လိုက်။ သင်ကံနိမ့်နေပြီဆိုရင်တော့…ဟုတ်ကဲ့ အမြန်လမ်းမှာ ကားမှောက်တာ၊ တိုက်တာ ရုတ်တရက် ရပ်သွားတာတွေ ရှိတတ်ပါတယ်။

လမ်းမကောင်းလို့၊ ဒရိုင်ဘာအိပ်ငိုက်လို့ စသည်ဖြင့် မဟုတ်ပဲ ဖြစ်နေကြတာတွေ အများကြီးပါ။ မေတ္တာပို့ပေးပါ။ ဘုရားစာ တတွတ်တွတ် ရွတ်သွားပါ။ ကားရပ်နားတဲ့အခါလည်း မေတ္တာပို့ပေးပါ။ ထမင်းစားကြမယ်ဆိုရင် ခပ်ဝေးဝေးမှာ စက္ကူလေးခင်းပြီး နည်းနည်းပုံပြီး ထည့်ပေးလိုက်ပါ။ ညဘက်တော့မလုပ်ပါနဲ့။

အမြန်လမ်း အသုံးပြုသူတိုင်း ဘေးရန်ကင်းကြပါစေ။

Credit – Ronald ye lin tun

Leave a Reply

Your email address will not be published. Required fields are marked *