သတင္း

ေဂါက္(ခ) အဆစ္အျမစ္ေရာင္ေရာဂါသည္မ်ားအတြက္ တိုင္းရင္းေဆးစြမ္း

(Zawgyi)
အဆစ္အျမစ္ ေရာင္ျခင္း

အဆစ္အျမစ္ ေရာင္ရမ္းျခင္းသည္ ႏွစ္ရွည္ျဖစ္လာတဲ့အခါတြင္ အဆစ္မ်ား ပ်က္စီးေစတတ္ေသာေၾကာင့္ အလုပ္အကိုင္မ်ားပါ မလုပ္ႏိုင္ေတာ့တဲ့အထိ ျဖစ္တတ္ပါသည္။ ဒီမွ်မက ကိုယ္ခႏၶာထဲမွာရွိတဲ့ ယူရစ္အက္စစ္ေတြ စုေနရာက အသားလုံး အဖုလုံးေတြကိုပါ ျဖစ္ေစတတ္ပါသည္။ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားအျဖစ္ ယူရစ္အက္စစ္က ျဖစ္လာေသာ ေက်ာက္မ်ားသည္ ဆီးလမ္းေၾကာင္း ေက်ာက္တည္ေစျခင္းကို ျဖစ္ေစတတ္ပါသည္။

တစ္နည္းအားျဖင့္ (gout) ေဂါက္ အဆစ္ေရာင္ေရာဂါသည္ နာတာရွည္ ေက်ာက္ကပ္ေရာဂါရွင္ေတြမွာ အလြန္မ်ားတယ္လို႔ဆိုပါသည္။ ဒါေၾကာင့္ ျမန္မာနည္းျမန္မာဟန္နဲ႔ အဆစ္အျမစ္ေတြေရာင္ရမ္း ေနၿပီဆိုရင္ ေရာဂါႏုစဥ္ကပင္ ဂ႐ုတစိုက္ကုသသင့္ပါတယ္။ အခ်ိဳ႕ ေသြးအား ေလအားနည္းပါး၍ ေျခဆစ္လက္ဆစ္မ်ား၊ ဒူးဆစ္မ်ား၊ ေျခက်င္းဝတ္၊ လက္ေကာက္ဝတ္၊ လက္ဖ်ံအဆစ္ စသည္ျဖင့္ကိုယ္ခႏၶာအႏွံ႔ နာနာက်င္က်င္ ကိုက္ခဲျခင္းကို ခံစားရတတ္ပါသည္။

မိတ္ေဆြတစ္ဦး အဆစ္အျမစ္ ေရာင္ရမ္းျခင္းအတြက္ ေဆးၾကပ္ထိုးျခင္းျဖင့္ သက္သာသည္ဟုဆိုပါသည္။ ထိုနည္းျဖင့္ အဆစ္အျမစ္ကိုက္ခဲနာက်င္သူမ်ား သက္သာေပ်ာက္ကင္းေနၾကပါ၍ ဤနည္းေလးအား တင္ျပျခင္းျဖစ္ပါသည္။

ေဆးနည္းမွာ-

ငု႐ြက္ကို လူအေတာ္မ်ားမ်ား သိပါသည္။ ေႏြလမ်ားမွာ ပိေတာက္ႏွင့္ အၿပိဳင္ပြင့္ေသာ ငုဝါပန္းပြင့္ေသာ ငုပင္ကို ဆိုလိုပါသည္။ ငုဝါ႐ြက္ႏွင့္ သက္ရင္းႀကီး႐ြက္ ႏွစ္မ်ိဳးကိုၾကပ္ထုပ္(၄)ထုပ္စာမွ် ထိုးႏိုင္ေလာက္ေအာင္ခူးၿပီး ေရစင္ေအာင္ေဆး၍ သန႔္စင္ေသာ ဆုံတြင္ ဆားအနည္းငယ္မွ်ထည့္ၿပီး ေထာင္းရသည္။ အဝတ္သန႔္သန႔္ ေလးမ်ားျဖင့္ ၾကပ္ထုပ္ ျပဳလုပ္ရပါမည္။ ၾကပ္ထုပ္အပူရွိန္ကို ခ်င့္ခ်ိန္ၿပီး အဆစ္အျမစ္ ကိုက္ခဲေသာ အဆစ္အျမစ္ေနရာမ်ားကို အလွည့္က် ၾကပ္ထုပ္ထိုးေပးျခင္းကို ေန႔စဥ္(၃၀)မိနစ္မွ် ျပဳလုပ္ေပးရန္ျဖစ္ပါသည္။

အဆစ္အျမစ္ ကိုက္ခဲျခင္းအတြက္ အေကာင္းဆုံးမွာ သိပၸံနည္းက် ဆရာဝန္ျဖင့္ ကုသရန္မွာ အေကာင္းဆုံးျဖစ္ေသာ္လည္း ကုသရန္ ခက္ခဲသူမ်ားအတြက္ ဤေဆးနည္းလမ္းေလးျဖင့္ သက္သာေပ်ာက္ကင္းေအာင္ ကုသႏိုင္ပါ၍ လိုသူတို႔ သုံးႏိုင္ပါရန္ ေရးသားလိုက္ပါသည္။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
အဆစ်အမြစ် ရောင်ခြင်း

အဆစ်အမြစ် ရောင်ရမ်းခြင်းသည် နှစ်ရှည်ဖြစ်လာတဲ့အခါတွင် အဆစ်များ ပျက်စီးစေတတ်သောကြောင့် အလုပ်အကိုင်များပါ မလုပ်နိုင်တော့တဲ့အထိ ဖြစ်တတ်ပါသည်။ ဒီမျှမက ကိုယ်ခန္ဓာထဲမှာရှိတဲ့ ယူရစ်အက်စစ်တွေ စုနေရာက အသားလုံး အဖုလုံးတွေကိုပါ ဖြစ်စေတတ်ပါသည်။ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ယူရစ်အက်စစ်က ဖြစ်လာသော ကျောက်များသည် ဆီးလမ်းကြောင်း ကျောက်တည်စေခြင်းကို ဖြစ်စေတတ်ပါသည်။

တစ်နည်းအားဖြင့် (gout) ဂေါက် အဆစ်ရောင်ရောဂါသည် နာတာရှည် ကျောက်ကပ်ရောဂါရှင်တွေမှာ အလွန်များတယ်လို့ဆိုပါသည်။ ဒါကြောင့် မြန်မာနည်းမြန်မာဟန်နဲ့ အဆစ်အမြစ်တွေရောင်ရမ်း နေပြီဆိုရင် ရောဂါနုစဉ်ကပင် ဂရုတစိုက်ကုသသင့်ပါတယ်။ အချို့ သွေးအား လေအားနည်းပါး၍ ခြေဆစ်လက်ဆစ်များ၊ ဒူးဆစ်များ၊ ခြေကျင်းဝတ်၊ လက်ကောက်ဝတ်၊ လက်ဖျံအဆစ် စသည်ဖြင့်ကိုယ်ခန္ဓာအနှံ့ နာနာကျင်ကျင် ကိုက်ခဲခြင်းကို ခံစားရတတ်ပါသည်။

မိတ်ဆွေတစ်ဦး အဆစ်အမြစ် ရောင်ရမ်းခြင်းအတွက် ဆေးကြပ်ထိုးခြင်းဖြင့် သက်သာသည်ဟုဆိုပါသည်။ ထိုနည်းဖြင့် အဆစ်အမြစ်ကိုက်ခဲနာကျင်သူများ သက်သာပျောက်ကင်းနေကြပါ၍ ဤနည်းလေးအား တင်ပြခြင်းဖြစ်ပါသည်။

ဆေးနည်းမှာ-

ငုရွက်ကို လူအတော်များများ သိပါသည်။ နွေလများမှာ ပိတောက်နှင့် အပြိုင်ပွင့်သော ငုဝါပန်းပွင့်သော ငုပင်ကို ဆိုလိုပါသည်။ ငုဝါရွက်နှင့် သက်ရင်းကြီးရွက် နှစ်မျိုးကိုကြပ်ထုပ်(၄)ထုပ်စာမျှ ထိုးနိုင်လောက်အောင်ခူးပြီး ရေစင်အောင်ဆေး၍ သန့်စင်သော ဆုံတွင် ဆားအနည်းငယ်မျှထည့်ပြီး ထောင်းရသည်။ အဝတ်သန့်သန့် လေးများဖြင့် ကြပ်ထုပ် ပြုလုပ်ရပါမည်။ ကြပ်ထုပ်အပူရှိန်ကို ချင့်ချိန်ပြီး အဆစ်အမြစ် ကိုက်ခဲသော အဆစ်အမြစ်နေရာများကို အလှည့်ကျ ကြပ်ထုပ်ထိုးပေးခြင်းကို နေ့စဉ်(၃၀)မိနစ်မျှ ပြုလုပ်ပေးရန်ဖြစ်ပါသည်။
အဆစ်အမြစ် ကိုက်ခဲခြင်းအတွက် အကောင်းဆုံးမှာ သိပ္ပံနည်းကျ ဆရာဝန်ဖြင့် ကုသရန်မှာ အကောင်းဆုံးဖြစ်သော်လည်း ကုသရန် ခက်ခဲသူများအတွက် ဤဆေးနည်းလမ်းလေးဖြင့် သက်သာပျောက်ကင်းအောင် ကုသနိုင်ပါ၍ လိုသူတို့ သုံးနိုင်ပါရန် ရေးသားလိုက်ပါသည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *