သတင္း

ကိုယ္ထဲက အဆိပ္အေတာက္မ်ား၊ ခ်ိဳးမ်ားကို ေခ်ဖ်က္ေပးမည့္ အစားအစာမ်ား

(Zawgyi)
ကိုယ္ထဲက အဆိပ္အေတာက္မ်ားကို ေျပေစမည့္ အစားအစာမ်ား
(၁) ခ်ဥ္ေစာ္ခါးသီးကို ပါးပါးလွီး၍ သၾကားအနည္းငယ္ျဖင့္၎၊ ပ်ားရည္အနည္းငယ္ျဖင့္၎ စားေပးပါက ခႏၶာကိုယ္ထဲမွ အဆိပ္ေတာက္မ်ားကို ေျပေစပါတယ္။

(၂) ဖလံေတာင္ေဝွးဟာလည္း အဆိပ္ကို ေျပေစပါတယ္။ အထူးသျဖင့္ ငသိုင္းႏွင့္ ခ်က္စားပါက ပိုမိုေဆးဖက္ဝင္ေစပါတယ္။

(၃) မုန္လာထုပ္ကို ဟင္းခ်ိဳလုပ္၍ တစ္ပတ္ကို ၃ ႀကိမ္ခန႔္ စားေပးပါက ကိုယ္တြင္းမွ အဆိပ္မ်ားကို ေျပေစ၍ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။

(၄) ေထာပတ္သီးဟာ အသည္းႏွင့္ ႏွလုံးတို႔ကို သန္႔စင္ေပးႏိုင္တာေၾကာင့္ မၾကာခဏ စားေပးႏိုင္ပါတယ္။

(၅) ကၫြတ္ဥဟာ အဆိပ္ကို ႏိုင္ပါတယ္။ အထူးသျဖင့္ ႏြားႏို႔နဲ႔ ႀကိဳေသာက္ေပးပါက ခႏၶာကိုယ္တြင္း အဆိပ္အေတာက္ေျပေစရန္ အေထာက္အကူေပးပါတယ္။

(၆) ပန္းေဂၚဖီစိမ္းထဲမွာ အစြမ္းထက္ျမက္ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ႂကြယ္ဝစြာပါရွိေနတာေၾကာင့္ ရင္သားကင္ဆာ၊ မမ်ိဳးဥကင္ဆာ၊ အူမႀကီးကင္ဆာ၊ ဆီးအိမ္ကင္ဆာႏွင့္ အမ်ိဳးသားမ်ား ဆီးက်ိတ္ကင္ဆာတို႔ကို ထိေရာက္စြာ ကာကြယ္ေပးႏိုင္ပါတယ္။ (ေဂၚဖီထုပ္၊ ပန္းေဂၚဖီ၊ ကိုက္လံတို႔ကိုလည္း စားေပးႏိုင္ပါတယ္)

(၇) ႐ြက္စားမုန္လာ႐ြက္မ်ားဟာ သည္းေျခရည္(အက္ဆစ္)ကို တိုးပြားေစပါတယ္။ ထို႔အျပင္ ခႏၶာကိုယ္ထဲရွိ အဆီေမာ္လီက်ဴးမ်ားကို စုပ္ယူ၍ မေကာင္းတဲ့ အဆိပ္အေတာက္ေတြကို က်င္ႀကီးက်င္ငယ္အျဖစ္ သန႔္စင္ေပးပါတယ္။

(၈) လၻက္စိမ္းေရေႏြးၾကမ္းကို ေန႔စဥ္ေသာက္သုံးပါက ဆီး႐ႊင္ေစတဲ့အျပင္၊ ရင္ျပည့္ရင္ကယ္၊ ဗိုက္ပြျခင္း ေဝဒနာေတြကိုပါ သက္သာေလ်ာ့ပါးေစႏိုင္ပါတယ္။

(၉) သံပုရာသီးဟာ ဆစ္ထရစ္အက္ဆစ္ ႂကြယ္ဝေနသည့္အတြက္ အဆိပ္အေတာက္မ်ားကို ေျပေပ်ာက္ေစပါတယ္။ ေန႔စဥ္ သံပုရာရည္ကို သၾကားနဲ႔ေဖ်ာ္ေသာက္ေပးႏိုင္ပါတယ္။ သို႔ေသာ္ တစ္ေန႔ကို သံပုရာသီး ၃ လုံးထက္ မပိုရပါ။

(၁၀) မုန္လာဥနီအလုံး(သၾကားမုန္လာ)ထဲမွာ Betalains လို႔ေခၚတဲ့ သဘာဝေသြးနီေရာင္ ဆိုးေဆးေတြ ပါဝင္ျခင္းေၾကာင့္ ေရာင္ရမ္းနာျခင္းမ်ားကို သက္သာေစပါတယ္။ အသည္းထဲမွ ဆဲလ္ေတြကိုလည္း ေကာင္းစြာ တည္ေဆာက္ေပးၿပီး အဆိပ္အေတာက္မ်ားကိုလည္း ေျပေစပါတယ္။

Credit – ေစာႏြဲ႕ေနဆိုင္(ပူတာအို)

K.K(ကေနာင္)

(Unicode)
ကိုယ်ထဲက အဆိပ်အတောက်များကို ပြေစေမည့် အစားအစာများ
(၁) ချဉ်စော်ခါးသီးကို ပါးပါးလှီး၍ သကြားအနည်းငယ်ဖြင့်၎င်း၊ ပျားရည်အနည်းငယ်ဖြင့်၎င်း စားပေးပါက ခန္ဓာကိုယ်ထဲမှ အဆိပ်တောက်များကို ပြေစေပါတယ်။

(၂) ဖလံတောင်ဝှေးဟာလည်း အဆိပ်ကို ပြေစေပါတယ်။ အထူးသဖြင့် ငသိုင်းနှင့် ချက်စားပါက ပိုမိုဆေးဖက်ဝင်စေပါတယ်။

(၃) မုန်လာထုပ်ကို ဟင်းချိုလုပ်၍ တစ်ပတ်ကို ၃ ကြိမ်ခန့် စားပေးပါက ကိုယ်တွင်းမှ အဆိပ်များကို ပြေစေ၍ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၄) ထောပတ်သီးဟာ အသည်းနှင့် နှလုံးတို့ကို သန့်စင်ပေးနိုင်တာကြောင့် မကြာခဏ စားပေးနိုင်ပါတယ်။

(၅) ကညွတ်ဥဟာ အဆိပ်ကို နိုင်ပါတယ်။ အထူးသဖြင့် နွားနို့နဲ့ ကြိုသောက်ပေးပါက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေစေရန် အထောက်အကူပေးပါတယ်။

(၆) ပန်းဂေါ်ဖီစိမ်းထဲမှာ အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါရှိနေတာကြောင့် ရင်သားကင်ဆာ၊ မမျိုးဥကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးအိမ်ကင်ဆာနှင့် အမျိုးသားများ ဆီးကျိတ်ကင်ဆာတို့ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ (ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကိုက်လံတို့ကိုလည်း စားပေးနိုင်ပါတယ်)

(၇) ရွက်စားမုန်လာရွက်များဟာ သည်းခြေရည်(အက်ဆစ်)ကို တိုးပွားစေပါတယ်။ ထို့အပြင် ခန္ဓာကိုယ်ထဲရှိ အဆီမော်လီကျူးများကို စုပ်ယူ၍ မကောင်းတဲ့ အဆိပ်အတောက်တွေကို ကျင်ကြီးကျင်ငယ်အဖြစ် သန့်စင်ပေးပါတယ်။

(၈) လ္ဘက်စိမ်းရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပါက ဆီးရွှင်စေတဲ့အပြင်၊ ရင်ပြည့်ရင်ကယ်၊ ဗိုက်ပွခြင်း ဝေဒနာတွေကိုပါ သက်သာလျော့ပါးစေနိုင်ပါတယ်။

(၉) သံပုရာသီးဟာ ဆစ်ထရစ်အက်ဆစ် ကြွယ်ဝနေသည့်အတွက် အဆိပ်အတောက်များကို ပြေပျောက်စေပါတယ်။ နေ့စဉ် သံပုရာရည်ကို သကြားနဲ့ဖျော်သောက်ပေးနိုင်ပါတယ်။ သို့သော် တစ်နေ့ကို သံပုရာသီး ၃ လုံးထက် မပိုရပါ။

(၁၀) မုန်လာဥနီအလုံး(သကြားမုန်လာ)ထဲမှာ Betalains လို့ခေါ်တဲ့ သဘာဝသွေးနီရောင် ဆိုးဆေးတွေ ပါဝင်ခြင်းကြောင့် ရောင်ရမ်းနာခြင်းများကို သက်သာစေပါတယ်။ အသည်းထဲမှ ဆဲလ်တွေကိုလည်း ကောင်းစွာ တည်ဆောက်ပေးပြီး အဆိပ်အတောက်များကိုလည်း ပြေစေပါတယ်။

Credit – စောနွဲ့နေဆိုင်(ပူတာအို)

K.K(ကနောင်)

Leave a Reply

Your email address will not be published. Required fields are marked *