သတင္း

ငါးမ်က္စိအတြက္ ငါးရက္နဲ႕ေပ်ာက္တဲ့ေဆး

(Zawgyi)
ငါးမ်က္စိအတြက္ မ႐ိုးပင္

ငါးမ်က္စိနာကို အဂၤလိပ္လို Corn လို႔ ေခၚၾကပါတယ္။ ေျခေထာက္မွာ ေပါက္တာ မ်ားပါတယ္။ အသားမာတက္လာၿပီး အလိုလိုျဖစ္လာတဲ့ သေဘာပါ။ ႂကြက္ႏို႔ႏွင့္ အနည္းငယ္ ဆင္တူပါတယ္။ ေရာဂါႀကီးႀကီးမားမားေတာ့ မဟုတ္ပါ။ ဒါေပမယ့္ ကူးစက္လြယ္ကူပါတယ္။ ငါးမ်က္စိျဖစ္ၿပီး ၾကာလာလွ်င္ နာလာပါတယ္။ ထိမိတိုင္း၊ ဖိမိတိုင္း နာက်င္စြာ ခံစားရပါတယ္။ ဒါေၾကာင့္ ေပ်ာက္ေအာင္ကုသလွ်င္ အေကာင္းဆုံးပါ။

ငါးမ်က္စိနာေပ်ာက္ေစတဲ့ အေနာက္တိုင္းထုတ္ ေသာက္ေဆး၊ ထိုးေဆးအခ်ိဳ႕ကို ေဘးထြက္ဆိုးက်ိဳးမ်ားေၾကာင့္ က်န္းမာေရးအဖြဲ႕မ်ားမွ တားျမစ္ထားပါတယ္။ ငါးမ်က္စိနာအတြက္ သဘာဝနည္းျဖင့္ အလြယ္တကူ ကုသလိုပါက မိမိအနားမွာ အလြယ္တကူ ရရွိႏိုင္သည့္ မု႐ိုးပင္ (မ႐ိုးပင္၊ ငျဖဴႀကီးပင္ – ပုံထဲမွာ ျပေပးထားသည့္အပင္) ျဖင့္ ကုသႏိုင္ပါတယ္။

ကုသနည္း-
မ႐ိုးပင္၏ အ႐ြက္ႏွင့္ အကိုင္းတို႔ကို ခ်ိဳးလိုက္ပါက အေစးျဖဴျဖဴေလးေတြ ထြက္လာပါမယ္။ ၎အေစးျဖင့္ ငါးမ်က္စိေပၚကို တို႔လိမ္းေပးပါ။ တစ္ေန႔ကို (၃) ႀကိမ္ခန္႕ တို႔ေပးပါ။ (၅) ရက္၊ တစ္ပတ္ဆိုလွ်င္ ငါးမ်က္စိနာ တေျဖးေျဖး ေျခာက္ေသြ႕သြားၿပီး ေပ်ာက္ကင္းသြားပါလိမ့္မည္။

လူသားတိုင္း ကိုယ္စိတ္ႏွစ္က်န္းမာခ်မ္းသာၾကပါေစ။
Credit – ဦးေစာႏြဲ႕ေနဆိုင္ (ပူတာအို)
ကိုးကား ။ ။ ႐ိုးရာေဆးၿမီးတိုမ်ား

(Unicode)
ငါးမျက်စိအတွက် မရိုးပင်

ငါးမျက်စိနာကို အင်္ဂလိပ်လို Corn လို့ ခေါ်ကြပါတယ်။ ခြေထောက်မှာ ပေါက်တာ များပါတယ်။ အသားမာတက်လာပြီး အလိုလိုဖြစ်လာတဲ့ သဘောပါ။ ကြွက်နို့နှင့် အနည်းငယ် ဆင်တူပါတယ်။ ရောဂါကြီးကြီးမားမားတော့ မဟုတ်ပါ။ ဒါပေမယ့် ကူးစက်လွယ်ကူပါတယ်။ ငါးမျက်စိဖြစ်ပြီး ကြာလာလျှင် နာလာပါတယ်။ ထိမိတိုင်း၊ ဖိမိတိုင်း နာကျင်စွာ ခံစားရပါတယ်။ ဒါကြောင့် ပျောက်အောင်ကုသလျှင် အကောင်းဆုံးပါ။

ငါးမျက်စိနာပျောက်စေတဲ့ အနောက်တိုင်းထုတ် သောက်ဆေး၊ ထိုးဆေးအချို့ကို ဘေးထွက်ဆိုးကျိုးများကြောင့် ကျန်းမာရေးအဖွဲ့များမှ တားမြစ်ထားပါတယ်။ ငါးမျက်စိနာအတွက် သဘာဝနည်းဖြင့် အလွယ်တကူ ကုသလိုပါက မိမိအနားမှာ အလွယ်တကူ ရရှိနိုင်သည့် မုရိုးပင် (မရိုးပင်၊ ငဖြူကြီးပင် – ပုံထဲမှာ ပြပေးထားသည့်အပင်) ဖြင့် ကုသနိုင်ပါတယ်။

ကုသနည်း-
မရိုးပင်ကို၏ အရွက်နှင့် အကိုင်းတို့ကို ချိုးလိုက်ပါက အစေးဖြူဖြူလေးတွေ ထွက်လာပါမယ်။ ၎င်းအစေးဖြင့် ငါးမျက်စိပေါ်ကို တို့လိမ်းပေးပါ။ တစ်နေ့ကို (၃) ကြိမ်ခန့် တို့ပေးပါ။ (၅) ရက်၊ တစ်ပတ်ဆိုလျှင် ငါးမျက်စိနာ တဖြေးဖြေး ခြောက်သွေ့သွားပြီး ပျောက်ကင်းသွားပါလိမ့်မည်။

လူသားတိုင်း ကိုယ်စိတ်နှစ်ကျန်းမာချမ်းသာကြပါစေ။
Credit – ဦးစောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား ။ ။ ရိုးရာဆေးမြီးတိုများ

Leave a Reply

Your email address will not be published. Required fields are marked *