သတင္း

အနာမီးအနာစက္ႏွင့္ ရင္က်ပ္ျခင္းအတြက္ ယူကလစ္အစြမ္း

(Zawgyi)
သိသူတို႔အတြက္ ေဆးျဖစ္ေလ၏။ သစ္ေတာဝန္ထမ္းဘဝ တာဝန္ထမ္းေဆာင္စဥ္ ဆင္ဦးစီးတစ္ဦး အနာစက္မ်ား ခႏၡာကိုယ္ အႏွံ႔ေပါက္ေလသည္။ ေဆးၿမီးတိုမ်ားလည္း စုံေလၿပီ။ ျပည္တ႐ြဲ႐ြဲျဖင့္ ျမင္လို႔ပင္ မေကာင္းေတာ့လွပါ။ ဘာလုပ္လို႔ လုပ္ေပးရမည္လည္းမသိ ျဖစ္ေတာ့သည္။ အဂၤလိပ္လိမ္းေဆး၊ စားေဆး ၿမိဳ႕သို႔ မွာထားေသာ္လည္း အေၾကာင္းေၾကာင္းေၾကာင့္ ေရာက္ရွိလာျခင္းမရွိပါ။

ထိုစဥ္ ေဒသခံ ကရင္အဘိုးအိုတစ္ဦးက “ဆရာေလးတို႔ ေထြေထြထူးထူး ဘာမွမလုပ္ပါနဲ႔ ဟိုယူကလစ္ပင္က အ႐ြက္ကို ျပဳတ္ၿပီး အနာေတြကိုဖန္ေရေဆးေပး၊ ၿပီးရင္ယူကလစ္႐ြက္သာ ထုေထာင္းၿပီး အနာေတြမွာ အုံစည္းေပးလိုက္ တစ္ပတ္ဆိုေပ်ာက္ၿပီး”ဟု ဆို၍ ကရင္အဘိုးအိုစကား မယုံေသာ္လည္း ဟုတ္ႏိုးႏိုးျဖင့္ ေစခိုင္းသည့္အတိုင္း ေဆာင္႐ြက္ေပးခဲ့ရာ အနာမ်ားေျခာက္ေသြ႕ကာ တစ္ပတ္အတြင္း အမွန္ပင္ ေပ်ာက္ကင္းသြားပါသည္။

ယူကလစ္ပင္သည္ ေဆးဖက္ဝင္ပါသည္။ ေဆးက်မ္းမ်ားတြင္ ယူကလစ္ကို ျပည္လုံးခ်မ္းသာ ဟုလည္းေခၚပါသည္။ ေဆးက်မ္းမ်ားအလိုအရ ယူကလစ္သည္ စပ္ရွားေသာ အရသာ ရွိသည္။ အေစးသည္ ပန္းနာရင္က်ပ္ကို ေပ်ာက္သည္။ ဝမ္းကိုသက္ေစသည္။ ဝမ္းေဖာေရာင္ျခင္းႏွင့္ ဝမ္းေၾကာတင္းျခင္းကိုႏိုင္သည္။ ဦးေႏွာက္ကို ၾကည္လင္ေစသည္။

ေဆးနည္းမ်ား-

(အနာမီးစက္ ယူကလစ္႐ြက္)ဟု ဆိုပါသည္။ အနာမီးအနာစက္ျဖစ္ပါက ယူကလစ္႐ြက္ကို ႀကိတ္ေခ်ၿပီး လိမ္းအုံေပးက ေပ်ာက္သည္ဆိုပါသည္။

(ႏွာေစးေခါင္းထိုး ယူကလစ္ခိုး)ဟု မွတ္ဖူးပါသည္။ ႏွာေစးေခါင္းကိုက္ပါက ေရေႏြးဆူသည္ထဲသို႔ ယူကလစ္႐ြက္ထည့္ၿပီး ေခြၽးေအာင္ေပါင္းခံေပးပါက သိသိသာသာ ႏွာေစးေခါင္းထိုး ေပ်ာက္ကင္းေစပါသည္။

တစ္ဖန္ (ရင္က်ပ္ေလသူ ယူကလစ္ရွဴ) ဟုလည္းဆိုပါသည္။ ပန္းနာရင္က်ပ္သမားတို႔ ယူကလစ္႐ြက္ကို ျပဳတ္က်ိဳၿပီး အခိုးအေငြ႕ကို ရွဴရႈိက္ေပးပါက ရင္က်ပ္ျခင္းသက္သာကာ အသက္ရွဴရလြယ္သြားပါသည္။

လိုသူတို႔သုံး စိတ္ႏွလုံး႐ႊင္ၿပဳံးၾကပါေစ…

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
သိသူတို့အတွက် ဆေးဖြစ်လေ၏။ သစ်တောဝန်ထမ်းဘဝ တာဝန်ထမ်းဆောင်စဉ် ဆင်ဦးစီးတစ်ဦး အနာစက်များ ခန္ခာကိုယ် အနှံ့ပေါက်လေသည်။ ဆေးမြီးတိုများလည်း စုံလေပြီ။ ပြည်တရွဲရွဲဖြင့် မြင်လို့ပင် မကောင်းတော့လှပါ။ ဘာလုပ်လို့ လုပ်ပေးရမည်လည်းမသိ ဖြစ်တော့သည်။ အင်္ဂလိပ်လိမ်းဆေး၊ စားဆေး မြို့သို့ မှာထားသော်လည်း အကြောင်းကြောင်းကြောင့် ရောက်ရှိလာခြင်းမရှိပါ။

ထိုစဉ် ဒေသခံ ကရင်အဘိုးအိုတစ်ဦးက “ဆရာလေးတို့ ထွေထွေထူးထူး ဘာမှမလုပ်ပါနဲ့ ဟိုယူကလစ်ပင်က အရွက်ကို ပြုတ်ပြီး အနာတွေကိုဖန်ရေဆေးပေး၊ ပြီးရင်ယူကလစ်ရွက်သာ ထုထောင်းပြီး အနာတွေမှာ အုံစည်းပေးလိုက် တစ်ပတ်ဆိုပျောက်ပြီး”ဟု ဆို၍ ကရင်အဘိုးအိုစကား မယုံသော်လည်း ဟုတ်နိုးနိုးဖြင့် စေခိုင်းသည့်အတိုင်း ဆောင်ရွက်ပေးခဲ့ရာ အနာများခြောက်သွေ့ကာ တစ်ပတ်အတွင်း အမှန်ပင် ပျောက်ကင်းသွားပါသည်။

ယူကလစ်ပင်သည် ဆေးဖက်ဝင်ပါသည်။ ဆေးကျမ်းများတွင် ယူကလစ်ကို ပြည်လုံးချမ်းသာ ဟုလည်းခေါ်ပါသည်။ ဆေးကျမ်းများအလိုအရ ယူကလစ်သည် စပ်ရှားသော အရသာ ရှိသည်။ အစေးသည် ပန်းနာရင်ကျပ်ကို ပျောက်သည်။ ဝမ်းကိုသက်စေသည်။ ဝမ်းဖောရောင်ခြင်းနှင့် ဝမ်းကြောတင်းခြင်းကိုနိုင်သည်။ ဦးနှောက်ကို ကြည်လင်စေသည်။

ဆေးနည်းများ-

(အနာမီးစက် ယူကလစ်ရွက်)ဟု ဆိုပါသည်။ အနာမီးအနာစက်ဖြစ်ပါက ယူကလစ်ရွက်ကို ကြိတ်ချေပြီး လိမ်းအုံပေးက ပျောက်သည်ဆိုပါသည်။

(နှာစေးခေါင်းထိုး ယူကလစ်ခိုး)ဟု မှတ်ဖူးပါသည်။ နှာစေးခေါင်းကိုက်ပါက ရေနွေးဆူသည်ထဲသို့ ယူကလစ်ရွက်ထည့်ပြီး ချွေးအောင်ပေါင်းခံပေးပါက သိသိသာသာ နှာစေးခေါင်းထိုး ပျောက်ကင်းစေပါသည်။

တစ်ဖန် (ရင်ကျပ်လေသူ ယူကလစ်ရှူ) ဟုလည်းဆိုပါသည်။ ပန်းနာရင်ကျပ်သမားတို့ ယူကလစ်ရွက်ကို ပြုတ်ကျိုပြီး အခိုးအငွေ့ကို ရှူရှိုက်ပေးပါက ရင်ကျပ်ခြင်းသက်သာကာ အသက်ရှူရလွယ်သွားပါသည်။

လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးကြပါစေ…

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *