ဗဟုတုသ

ကျွန်တော် ကြိုးစားသွားမှာပါဆိုတဲ့ အောင်လအန်ဆန်

 

====================
====================

အောက်တိုဘာ ၂၆ ရက်နေ့မှာ သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ ကျင်းပမဲ့ ONE: Pursuit of Greatness အောင်လအန်ဆန် နှင့် ခရာခီတို့ ယှဉ်ပြိုင်ပွဲမတိုင်ခင် အောက်တိုဘာလ ၂၄ ရက်နေ့၊ နေ့လယ် ၃ နာရီမှာတော့ Junction City ရဲ့ Promotion Area မှာ အောင်လအန်ဆန် နဲ့ သူ့ ပြိုင်ဘက် ၊ ဖိုးသော် နဲ့ သူ့ပြိုင်ဘက်တွေ ကို မိတ်ဆက် ဟန်ရေးပြခဲ့ပါတယ်။

မြန်မာစပါးအုံး အောင်လအန်ဆန် နဲ့ ဖိုးသော်တို့ဟာ သူတို့ရဲ့ ဟန်ရေးပြကစားကွက်တွေကိုလည်း ပြသသွား ခဲ့ပြီး တွဲဆိုင်းအလိုက် သရုပ်ပြခဲ့ပြီး အောင်လအန်ဆန်က ကျွန်တော် ကြိုးစားသွားမှာပါလို့ ဒီကနေ့ ပြောဆိုသွားခဲ့ပါတယ်။

အောင်လအန်ဆန်နှင့်အဖွဲ့သားတွေက မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲအတွက် လက်ဘနွန်နိုင်ငံ သား မိုဟာမတ်ခရာခီ နဲ့ ထိုးသတ်ဖို့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်အစောပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဒီ အောက်တိုဘာလ ၂၆ ရက်နေ့ ပွဲပြီးရင်တော့ အောင်လအန်ဆန်ဟာ လာမဲ့မတ်လမှာ ဂျပန်မှာ သွားရောက်ယှဉ်ပြိုင်ထိုးသတ်ရမှာပါ။

လက်ဘနွန်နိုင်ငံသား ကိုယ်ခံပညာမျိုးစုံ ထူးချွန်ကစားသမား မိုဟာမတ် ခရာကီ က အသက် ၂၇ နှစ်အရွယ် မစ်ဒယ်ဝိတ်တန်း ကစားသမားဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းရဲ့ အကောင်းဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အရင်က Desert Force လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံတစ်ဦးလည်းဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာလည်း ၂၀၁၇ ခုနှစ် ဇွန်လ မှာ Vitaly Bigdash ကို အနိုင်ယူပြီး ဝမ်းမစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့တာပါ။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ဘရာဇီးနိုင်ငံသား Alexandre Machado ကို အနိုင်ယူခဲ့ရာကနေ ဝမ်းလိုက် ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံအဖြစ် ထပ်မံသရဖူဆောင်းခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ဖိုးသော်ကတော့ အချိန်တိုလေးအတွင်းမှာ လူသိများထင်ရှားလာတဲ့ အားကစား သမားတစ်ဦးပါ။ လက်ဝှေ့၊ အာကီဒို နှင့် ကြိုကူရှင် ကရာတေးတို့မှာ ကျွမ်းကျင်တဲ့ ဖိုးသော်ဟာ ခုအခါမှာ လက်ဝှေ့ နဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ နှစ်မျိုးလုံး ယှဉ်ပြိုင်နေသူပါ။ အသက်မွေးဝမ်းကြောင်းတစ်လျောက် သူ့ရဲ့ ဆက်တိုက်ထိုးနှက်မှုတွေဟာ ထင်ရှားခဲ့ပြီး တွဲဆိုင်း ၆ ခုမှာ ၅ခုကို အလဲထိုးအနိုင်ယူခဲ့သူဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ပရိတ်သတ်တွေရှေ့မှောက် Keanu Subba ကို ယှဉ်ပြိုင်ထိုးသတ်ဖို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။

==========

Mizzima – News in Burmese

Leave a Reply

Your email address will not be published. Required fields are marked *