(Zawgyi)
Via – Sai Min Thant
(Unicode)
ရေကျောက်အမာရွတ် ပျောက်နည်း
သဘောၤသီးအမှည့်ကို ကျိတ်ပြီး အနှစ်ကို ယူပါ။ နွားနို့ (၅)ဇွန်း နဲ့ အုန်းရည် (၅)ဇွန်း ရောထည့်ပါ။
ပြီးရင် သကြားညို (၂)ဇွန်းထည့်ပြီး သမအောင်မွှေပါ။ ရလာတဲ့အရောကို မျက်နှာပေါ် မိနစ်(၂၀)ခန့် လိမ်းပြီး ရေပြန်ဆေးချပါ။ သန့်တဲ့ အဝတ်စနဲ့သုတ်ပြီး ရေခြောက်အောင် ထားပါ။
ပထမအဆင့်လုပ်ပြီးတာနဲ့ ဒုတိယအဆင့် ဆက်လုပ်ရမယ်။ လတ်လတ်ဆတ်ဆတ် ရှားစောင်းလက်ပပ်ရဲ့ အလယ် အနှစ်ကို ယူပြီး မျက်နှာမှာ (၃)မိနစ်ကြာ ပွတ်လိမ်းပေးပါ။ (အကျိအချွဲပါနေပါစေ) မျက်နှာပေါ် ခဏခြောက်အောင်ထားပြီး ရေပြန်ဆေးချပါ။ ဒီနည်းအတိုင်း တရက်ခြားတခါ လုပ်ပေးသင့်ပါတယ်။
အုန်းရည်သောက်ခြင်းဟာ ရေကျောက်အမာရွတ်ကို လျှော့ပါးသက်သာစေလို့ တပတ် သုံးကြိမ်ခန့် သောက်သင့်ပါတယ်။
Credit – ဒေါက်တာအေးမင်းထူး
အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့
Via – Sai Min Thant
Leave a Reply
Your email address will not be published. Required fields are marked *
Back To Top