ေခါင္းရြက္ေစ်းသည္ မြန္အဘြားအိုအား ထိုင္း႐ုပ္သံက ဆုခ်ီးျမႇင့္ၿပီး အေႂကြးဆပ္ေပး

ေခါင္းရြက္ေစ်းသည္ မြန္အဘြားအိုအား ထိုင္း႐ုပ္သံက ဆုခ်ီးျမႇင့္ၿပီး အေႂကြးဆပ္ေပး

(Zawgyi)
အသက္ ၈၀ ေက်ာ္ေပမယ့္လည္း ေလးလံတဲ့ မုန္႔ဗန္းကို ေန႔စဥ္ ေခါင္းရြက္လွည့္လည္ေရာင္းခ်ၿပီး လူမမာသည္သားကို ျပဳစုေနတဲ့ မြန္တိုင္းရင္းသူ အဘြားအိုတဦးကို ထိုင္း Workpoint ႐ုပ္သံ Super 60 အစီအစဥ္က ဆုေငြေတြ ခ်ီးျမႇင့္ခဲ့ပါတယ္။

Super 60 တီဗြီအစီအစဥ္ဟာ အသက္ ၆၀ ေက်ာ္ေပမယ့္ က်န္းမာသန္စြမ္းၿပီး ဘဝကို ႐ုန္းကန္လႈပ္ရွားေနသူ၊ ထူးခၽြန္သူေတြကို စံနမူျပဳၿပီး ဆုခ်ီးျမႇင့္ေပးေနတဲ့ အစီအစဥ္ ျဖစ္ၿပီး ထိုင္းမွာ လူၾကည့္မ်ားတဲ့ ႐ုပ္သံအစီအစဥ္တခု ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၈ ရက္ေန႔ အစီအစဥ္မွာေတာ့ အသက္ ၈၀ ရွိ ေစ်းသည္ မြန္အဘြားအိုတဦးရဲ႕ ဘဝဇာတ္ေၾကာင္းနဲ႔ သူမရဲ႕စြမ္းရည္ေတြကို ျပသခဲ့ပါတယ္။

အဘြားအမည္မွာ ေဒၚရင္ျဖစ္ၿပီး ျမန္မာႏိုင္ငံ မြန္ျပည္နယ္ ေမာ့ကႏိုင္ေက်းရြာဇာတိ ျဖစ္ကာ ထိုင္းႏိုင္ငံကို ေျပာင္းေရႊ႕ေနထိုင္လာတာ ၾကာခဲ့ပါၿပီ။ အဘြားရင္ဟာ လက္ရွိ ထိုင္းႏိုင္ငံ အေနာက္ေျမာက္ပိုင္း ကန္ခ်နပူရီခ႐ုိင္၊ ဆန္ခပူရီၿမိဳ႕မွာ ေနထိုင္ကာ နာမက်န္းျဖစ္ေနသူ အသက္ ၃၀ ရြယ္ခန္႔ရွိ သားကို လုပ္ေကၽြးျပဳစုလ်က္ ရွိပါတယ္။

သားျဖစ္သူ နစ္ခ္ဟာ အရင္က ကြန္ပ်ဴတာျပင္ အလုပ္သမားျဖစ္ၿပီး လုပ္ငန္းခြင္ဒဏ္ရာေၾကာင့္ အဆုတ္မွာ ျပႆနာရွိကာ အသက္႐ႉက်ပ္တဲ့ေရာဂါနဲ႔ မသြားႏိုင္မလာႏိုင္ ျဖစ္ေနတာပါ။ သားျဖစ္သူဟာ အသက္႐ႉက်ပ္လာရင္ တက္သြားၿပီး သတိလစ္သြားတတ္တာမို႔ လက္ရွိ ဆရာဝန္က လည္ပင္းမွာ အေပါက္ေဖာက္ကာ ပိုက္နဲ႔ အသက္႐ႉေစသလို အစာကိုလည္း ပိုက္ကေနတဆင့္ ၂ လၾကာ ေပးသြင္းခဲ့ရပါတယ္။

အဘြားရင္ရဲ႕ ခင္ပြန္းမွာ လြန္ခဲ့တဲ့ ၆ ႏွစ္က ဆံုးပါးသြားၿပီး သားသမီးစုစုေပါင္း ၈ ေယာက္ရွိေပမယ့္ အားလံုးဟာ သူ႔အိမ္ေထာင္နဲ႔သူ၊ အလုပ္အကိုင္မွာလည္း ရရစားစား အလုပ္သမားေတြမို႔ သူမကို မ်ားမ်ားစားစား မေထာက္ပံံ့ႏိုင္ဘူးလို႔ဆိုပါတယ္။ လူမမာသည္သားမွာ တလကို ၄ ႀကိမ္ ေဆး႐ုံျပေနရၿပီး တႀကိမ္ကုိ ေဆးဖိုး ဘတ္ ၂၀၀၀ မွ ၃၀၀၀ ထိ ကုန္က်ေၾကာင္း၊ သူမမွာ မုန္႔လည္ေရာင္းတာ တေန႔ကို ဘတ္ ၁၀၀ မွ ၃၀၀ ထိသာ ရရွိတဲ့အတြက္ သားျဖစ္သူ ေဆးဖိုးဝါးခအတြက္ ေငြတိုးနဲ႔ ေခ်းငွားထားၿပီး ေလာေလာဆယ္ ဘတ္ ၈၀၀၀ အေႂကြးတင္ေနတယ္လို႔ ဆိုပါတယ္။

သူမရဲ႕ ေန႔စဥ္ဘဝနဲ႔ပတ္သက္ၿပီး အဘြားရင္မွာ မိုးမလင္ခင္ မုန္႔ထလုပ္ၿပီး အိမ္ေရွ႕မွာ အရင္ေရာင္းခ်ေၾကာင္း၊ ေရာင္းမကုန္ရင္ လမ္းေပၚလွည့္လည္ေရာင္းခ်ေၾကာင္း၊ အဘြားကို သနားတဲ့သူေတြက မုန္႔နည္းနည္းဝယ္႐ုံနဲ႔ မုန္႔ဖိုး ၁၀၀ ေပးသြားၿပီး တခ်ိဳ႕က သူ႔ကို ဓာတ္ပံု႐ုိက္ကာ ဘတ္ ၂၀ ေပးသြားတယ္လို႔ ေျပာပါတယ္။

တီဗြီအစီအစဥ္က အဘြားရဲ႕ လုပ္ရည္ကိုင္ရည္ကို ျပသေစရာမွာ အဘြားရင္က ၅ ကီလိုဂရမ္ အေလးခ်ိန္ရွိ မုန္႔ဗန္းကို ေခါင္းေပၚတင္ၿပီး လက္ကလည္း ေစ်းျခင္းေတာင္းဆြဲကာ တပတ္ေလွ်ာက္ျပ၊ ႏႈတ္ဆက္ျပပါတယ္။ မုန္႔ဗန္းကို လက္နဲ႔မထိန္းဘဲ အဖိတ္အစင္မရွိ၊ အတိမ္းအေစာင္းမရွိ ရြက္ၿပီး လမ္းေလွ်ာက္သြားႏိုင္တာကို ၾကည့္႐ႈသူ ပရိသတ္ေတြက အံ့ၾသခ်ီးက်ဴးေနေပမယ့္ အဘြားကေတာ့ ဒါက သူ႔ရဲ႕ ေန႔စဥ္လုပ္ေနက်အလုပ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ မုန္႔တည္ခင္းေရာင္းခ်တဲ့ အေလးခ်ိန္ ၈ ကီလိုဂရမ္ရွိ စားပြဲခံုတလုံး၊ အေလးခ်ိန္ ၂ ကီလိုဂရမ္ရွိ ဇလံုနဲ႔ ေရပံုးေတြပါ ေပါင္းၿပီး တၿပိဳင္တည္း ေခါင္းေပၚရြက္ျပသြားခဲ့ပါတယ္။

အိမ္မွာက်န္ခဲ့တဲ့ သားကေတာ့ အေမကို မပင္ပန္းေစခ်င္လို႔ ႐ုပ္သံဌာနမွာ စြမ္းရည္ျပခိုင္းတဲ့အခါ လုပ္ႏိုင္သေလာက္ပဲလုပ္ဖို႔၊ သူ႔ေၾကာင့္ အေမပင္ပန္းတာ သိေပမယ့္ ဘာမွမတတ္ႏိုင္လို႔ အားငယ္ေၾကာင္း၊ သူ ျပန္က်န္းမာၿပီး အလုပ္လုပ္ႏိုင္တဲ့အခါ အေမကို မပင္ပန္းေစရဘူးလို႔ ေျပာပါတယ္။ အဘြားရင္ကေတာ့ သားအတြက္ ႀကိဳးစားမယ္လို႔ ေျပာပါတယ္။ သာမန္လူငယ္ေတြေတာင္ မမႏိုင္တဲ့ အေလးအပင္ကို အဘြားရင္ မႏိုင္တာ၊ ဆင္းရဲပင္ပန္းျခင္းကို ခံႏိုင္ရည္ရွိတာဟာ သားျဖစ္သူေပၚထားရွိတဲ့ မိခင္ရဲ႕ ေမတၱာစြမ္းအားေၾကာင့္ ျဖစ္တယ္လို႔ အစီအစဥ္တင္ဆက္သူက ေျပာဆိုၿပီး ႐ုပ္သံစပြန္စာ King Power က ေဆးဖိုးဝါးခ ဘတ္ ၅၅၅၀၀ ဆုခ်ီးျမႇင့္ေၾကာင္း၊ အဘြားရင္ တင္ရွိေနတဲ့ အေႂကြး ၈၀၀၀ ကုိလည္း တာဝန္ယူေပးမယ္လို႔ ေျပာပါတယ္။

ဒါ့အျပင္ အဘြားရင္က မုန္႔ေပါင္းအိုးတလုံး လိုခ်င္တယ္လို႔ စံုစမ္းသိရွိရေၾကာင္း၊ ဒါေၾကာင့္ အဘြားရင္ မုန္႔လုပ္ေရာင္းတာ ပိုၿပီးအဆင္ေျပေစဖို႔ လွ်ပ္စစ္ေပါင္းအိုးတလုံးကိုပါ အပိုဆု ေပးလုိက္ပါတယ္။ ဆုရၿပီး ေနာက္တေန႔မွာ အဘြားရင္က သားျဖစ္သူကို ေဆး႐ုံထပ္သြားျပခဲ့ရာမွာ ဆရာဝန္က တျဖည္းျဖည္း ေနျပန္ေကာင္းသြားမွာပါလို႔ ေျပာတဲ့အတြက္ အဘြားရင္က အေႂကြးလည္းေၾက၊ သားကိုလည္း ေဆးကုရလို႔ ႐ုပ္သံအစီအစဥ္ကို ေက်းဇူးတင္ၿပီး ဝမ္းသာလြန္းလို႔ ဘာေျပာရမွန္းေတာင္ မသိေတာ့ဘူးလို႔ ေျပာသြားပါတယ္။
Credit – DVB TV News
http://burmese.dvb.no/archives/297081

(Unicode)
အသက် ၈၀ ကျော်ပေမယ့်လည်း လေးလံတဲ့ မုန့်ဗန်းကို နေ့စဉ် ခေါင်းရွက်လှည့်လည်ရောင်းချပြီး လူမမာသည်သားကို ပြုစုနေတဲ့ မွန်တိုင်းရင်းသူ အဘွားအိုတဦးကို ထိုင်း Workpoint ရုပ်သံ Super 60 အစီအစဉ်က ဆုငွေတွေ ချီးမြှင့်ခဲ့ပါတယ်။

Super 60 တီဗွီအစီအစဉ်ဟာ အသက် ၆၀ ကျော်ပေမယ့် ကျန်းမာသန်စွမ်းပြီး ဘဝကို ရုန်းကန်လှုပ်ရှားနေသူ၊ ထူးချွန်သူတွေကို စံနမူပြုပြီး ဆုချီးမြှင့်ပေးနေတဲ့ အစီအစဉ် ဖြစ်ပြီး ထိုင်းမှာ လူကြည့်များတဲ့ ရုပ်သံအစီအစဉ်တခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့ အစီအစဉ်မှာတော့ အသက် ၈၀ ရှိ ဈေးသည် မွန်အဘွားအိုတဦးရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူမရဲ့စွမ်းရည်တွေကို ပြသခဲ့ပါတယ်။

အဘွားအမည်မှာ ဒေါ်ရင်ဖြစ်ပြီး မြန်မာနိုင်ငံ မွန်ပြည်နယ် မော့ကနိုင်ကျေးရွာဇာတိ ဖြစ်ကာ ထိုင်းနိုင်ငံကို ပြောင်းရွှေ့နေထိုင်လာတာ ကြာခဲ့ပါပြီ။ အဘွားရင်ဟာ လက်ရှိ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင်၊ ဆန်ခပူရီမြို့မှာ နေထိုင်ကာ နာမကျန်းဖြစ်နေသူ အသက် ၃၀ ရွယ်ခန့်ရှိ သားကို လုပ်ကျွေးပြုစုလျက် ရှိပါတယ်။

သားဖြစ်သူ နစ်ခ်ဟာ အရင်က ကွန်ပျူတာပြင် အလုပ်သမားဖြစ်ပြီး လုပ်ငန်းခွင်ဒဏ်ရာကြောင့် အဆုတ်မှာ ပြဿနာရှိကာ အသက်ရှူကျပ်တဲ့ရောဂါနဲ့ မသွားနိုင်မလာနိုင် ဖြစ်နေတာပါ။ သားဖြစ်သူဟာ အသက်ရှူကျပ်လာရင် တက်သွားပြီး သတိလစ်သွားတတ်တာမို့ လက်ရှိ ဆရာဝန်က လည်ပင်းမှာ အပေါက်ဖောက်ကာ ပိုက်နဲ့ အသက်ရှူစေသလို အစာကိုလည်း ပိုက်ကနေတဆင့် ၂ လကြာ ပေးသွင်းခဲ့ရပါတယ်။

အဘွားရင်ရဲ့ ခင်ပွန်းမှာ လွန်ခဲ့တဲ့ ၆ နှစ်က ဆုံးပါးသွားပြီး သားသမီးစုစုပေါင်း ၈ ယောက်ရှိပေမယ့် အားလုံးဟာ သူ့အိမ်ထောင်နဲ့သူ၊ အလုပ်အကိုင်မှာလည်း ရရစားစား အလုပ်သမားတွေမို့ သူမကို များများစားစား မထောက်ပံံ့နိုင်ဘူးလို့ဆိုပါတယ်။ လူမမာသည်သားမှာ တလကို ၄ ကြိမ် ဆေးရုံပြနေရပြီး တကြိမ်ကို ဆေးဖိုး ဘတ် ၂၀၀၀ မှ ၃၀၀၀ ထိ ကုန်ကျကြောင်း၊ သူမမှာ မုန့်လည်ရောင်းတာ တနေ့ကို ဘတ် ၁၀၀ မှ ၃၀၀ ထိသာ ရရှိတဲ့အတွက် သားဖြစ်သူ ဆေးဖိုးဝါးခအတွက် ငွေတိုးနဲ့ ချေးငှားထားပြီး လောလောဆယ် ဘတ် ၈၀၀၀ အကြွေးတင်နေတယ်လို့ ဆိုပါတယ်။

သူမရဲ့ နေ့စဉ်ဘဝနဲ့ပတ်သက်ပြီး အဘွားရင်မှာ မိုးမလင်ခင် မုန့်ထလုပ်ပြီး အိမ်ရှေ့မှာ အရင်ရောင်းချကြောင်း၊ ရောင်းမကုန်ရင် လမ်းပေါ်လှည့်လည်ရောင်းချကြောင်း၊ အဘွားကို သနားတဲ့သူတွေက မုန့်နည်းနည်းဝယ်ရုံနဲ့ မုန့်ဖိုး ၁၀၀ ပေးသွားပြီး တချို့က သူ့ကို ဓာတ်ပုံရိုက်ကာ ဘတ် ၂၀ ပေးသွားတယ်လို့ ပြောပါတယ်။

တီဗွီအစီအစဉ်က အဘွားရဲ့ လုပ်ရည်ကိုင်ရည်ကို ပြသစေရာမှာ အဘွားရင်က ၅ ကီလိုဂရမ် အလေးချိန်ရှိ မုန့်ဗန်းကို ခေါင်းပေါ်တင်ပြီး လက်ကလည်း ဈေးခြင်းတောင်းဆွဲကာ တပတ်လျှောက်ပြ၊ နှုတ်ဆက်ပြပါတယ်။ မုန့်ဗန်းကို လက်နဲ့မထိန်းဘဲ အဖိတ်အစင်မရှိ၊ အတိမ်းအစောင်းမရှိ ရွက်ပြီး လမ်းလျှောက်သွားနိုင်တာကို ကြည့်ရှုသူ ပရိသတ်တွေက အံ့သြချီးကျူးနေပေမယ့် အဘွားကတော့ ဒါက သူ့ရဲ့ နေ့စဉ်လုပ်နေကျအလုပ်လို့ ပြောပါတယ်။ ဒါ့အပြင် မုန့်တည်ခင်းရောင်းချတဲ့ အလေးချိန် ၈ ကီလိုဂရမ်ရှိ စားပွဲခုံတလုံး၊ အလေးချိန် ၂ ကီလိုဂရမ်ရှိ ဇလုံနဲ့ ရေပုံးတွေပါ ပေါင်းပြီး တပြိုင်တည်း ခေါင်းပေါ်ရွက်ပြသွားခဲ့ပါတယ်။

အိမ်မှာကျန်ခဲ့တဲ့ သားကတော့ အမေကို မပင်ပန်းစေချင်လို့ ရုပ်သံဌာနမှာ စွမ်းရည်ပြခိုင်းတဲ့အခါ လုပ်နိုင်သလောက်ပဲလုပ်ဖို့၊ သူ့ကြောင့် အမေပင်ပန်းတာ သိပေမယ့် ဘာမှမတတ်နိုင်လို့ အားငယ်ကြောင်း၊ သူ ပြန်ကျန်းမာပြီး အလုပ်လုပ်နိုင်တဲ့အခါ အမေကို မပင်ပန်းစေရဘူးလို့ ပြောပါတယ်။ အဘွားရင်ကတော့ သားအတွက် ကြိုးစားမယ်လို့ ပြောပါတယ်။ သာမန်လူငယ်တွေတောင် မမနိုင်တဲ့ အလေးအပင်ကို အဘွားရင် မနိုင်တာ၊ ဆင်းရဲပင်ပန်းခြင်းကို ခံနိုင်ရည်ရှိတာဟာ သားဖြစ်သူပေါ်ထားရှိတဲ့ မိခင်ရဲ့ မေတ္တာစွမ်းအားကြောင့် ဖြစ်တယ်လို့ အစီအစဉ်တင်ဆက်သူက ပြောဆိုပြီး ရုပ်သံစပွန်စာ King Power က ဆေးဖိုးဝါးခ ဘတ် ၅၅၅၀၀ ဆုချီးမြှင့်ကြောင်း၊ အဘွားရင် တင်ရှိနေတဲ့ အကြွေး ၈၀၀၀ ကိုလည်း တာဝန်ယူပေးမယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဘွားရင်က မုန့်ပေါင်းအိုးတလုံး လိုချင်တယ်လို့ စုံစမ်းသိရှိရကြောင်း၊ ဒါကြောင့် အဘွားရင် မုန့်လုပ်ရောင်းတာ ပိုပြီးအဆင်ပြေစေဖို့ လျှပ်စစ်ပေါင်းအိုးတလုံးကိုပါ အပိုဆု ပေးလိုက်ပါတယ်။ ဆုရပြီး နောက်တနေ့မှာ အဘွားရင်က သားဖြစ်သူကို ဆေးရုံထပ်သွားပြခဲ့ရာမှာ ဆရာဝန်က တဖြည်းဖြည်း နေပြန်ကောင်းသွားမှာပါလို့ ပြောတဲ့အတွက် အဘွားရင်က အကြွေးလည်းကြေ၊ သားကိုလည်း ဆေးကုရလို့ ရုပ်သံအစီအစဉ်ကို ကျေးဇူးတင်ပြီး ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ဘူးလို့ ပြောသွားပါတယ်။
Credit – DVB TV News
http://burmese.dvb.no/archives/297081

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top