အ႐ိုးပြေရာဂါႏွင့္ ေလျဖတ္ျခင္းကို ကာကြယ္ႏိုင္ေသာ ငါးေလးအိုးကပ္

အ႐ိုးပြေရာဂါႏွင့္ ေလျဖတ္ျခင္းကို ကာကြယ္ႏိုင္ေသာ ငါးေလးအိုးကပ္

(Zawgyi)
ငါးေသးေသးေလးမ်ား စားသုံးေပးျခင္းျဖင့္ အ႐ိုးပြေရာဂါ ကာကြယ္ႏိုင္

ေဈးမ်ား၌ ေခါင္းတစ္ရာသားဟု ေခၚၾကေသာ ငါးေသးေသး ေလးမ်ား ေပါေပါမ်ားမ်ား ဝယ္ယူလ်က္ရွိေၾကာင္း သိရသည္။ ထိုငါးေလးမ်ားမွာ အလြန္ေသးငယ္သည့္ ငါးသလဲထိုး ငါးမ်ိဳးႏွင့္ ငါးမႈန္ေလးေခၚ ငါးေသးေသးေလးမ်ား ျဖစ္သည္။ ရာသီေပၚ ျဖစ္သျဖင့္ လတ္ဆတ္ၿပီး တစ္ဆယ္က်ပ္သားလွ်င္ ငါးရာက်ပ္ ဝန္းက်င္သာ ေဈးရွိသျဖင့္ အိမ္ရွင္မမ်ား အတြက္လည္း ေဈးသုံးေခြၽတာရာ ေရာက္သည္။

ေခါင္းတစ္ရာသား ငါးကေလးမ်ားကို နံနံပင္၊ ပင္စိမ္း႐ြက္မ်ားအုပ္၍ ငါးေလးအိုးကပ္ ခ်က္စားလွ်င္ အလြန္ႏႈတ္ၿမိန္ၿပီး ခံတြင္းေတြ႕ေစသည္။ ငါးသလဲထိုးေလးမ်ားကို ဆန္မႈန႔္ အႏွစ္ျဖင့္ အေၾကာ္ျပဳလုပ္၍လည္း စားသုံးၾကသည္။ ဆီျပန္ဟင္းလည္းခ်က္၍ စားႏိုင္သည္။ ငါးေလးမ်ားကို အ႐ိုးပါ ဝါးစားျခင္းျဖင့္ အ႐ိုးအဆစ္ကို သန္မာေစႏိုင္ၿပီး အ႐ိုးက်ိဳးလြယ္ ျခင္းကို ကာကြယ္ႏိုင္သည္။

လြန္ခဲ့ေသာ သကၠရာဇ္၂ဝဝဝ ျပည့္ႏွစ္မွ ၂ဝ၁ဝျပည့္ႏွစ္ အထိ (၁ဝ)ႏွစ္ကို” အ႐ိုးအဆစ္ ဆယ္စုႏွစ္” အျဖစ္ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီး WHO မွ သတ္မွတ္ခဲ့သည္။ ထိုကဲ့သို႔သတ္မွတ္ ရျခင္းမွာ ကမာၻေပၚတြင္ အ႐ိုးက်ိဳးသူ၊ အဆစ္ေရာင္ ေလးဘက္နာ ျဖစ္သူမ်ား တိုးပြားမ်ားျပားလာျခင္းေၾကာင့္ ျဖစ္သည္။ အ႐ိုးမက်ိဳးေစရန္အတြက္ ကာကြယ္ရန္ ဗီတာမင္စီ ရရွိေစ ႏိုင္ေသာ ေနေရာင္ျခည္ ခံျခင္းႏွင့္ ကယ္လစီယံဓာတ္ ႂကြယ္ဝေသာ ႏို႔ႏွင့္ ငါးမ်ား အ႐ိုးပါ ဝါးစားျခင္းကို ဆရာဝန္မ်ားက အႀကံျပဳလာ ၾကသည္။

ယခုအ႐ိုးအဆစ္ ဆယ္စုႏွစ္ လြန္လာေသာအခါ ေခါင္းေထာင္လာေသာ ေရာဂါမွာ ”အ႐ိုးပြေရာဂါ” ျဖစ္သည္။ အ႐ိုးတြင္ အႏွစ္နည္းၿပီး အ႐ိုးပါးလာေသာေၾကာင့္ျဖစ္ေသာ ေရာဂါ ျဖစ္သည္။ ေယာက်ၤားမ်ား အသက္ (၅ဝ) ေက်ာ္တြင္ ျဖစ္ေလ့ရွိၿပီး မိန္းမမ်ားတြင္ ေသြးဆုံးၿပီးေနာက္ အ႐ိုးပြလာသည္ကို ထူးျခားစြာ ေလ့လာေတြ႕ရွိရသည္ဟု ဆိုသည္။

အ႐ိုးပြ၊ အ႐ိုးပါးေရာဂါသည္ အာယုေဗဒ ေဆးပညာ အျမင္အားျဖင့္ ပထဝီဓာတ္ အားယုတ္ေသာ ေရာဂါျဖစ္သည္။ ပထဝီဓာတ္သည္ အ႐ိုးအဆစ္တို႔၏ အမာခံဓာတ္ ျဖစ္သည္။ ၎ဓာတ္ ခ်ိဳ႕တဲ့လွ်င္ ဝါေယာဓာတ္ ေခါင္းေထာင္လာသျဖင့္ ေလျဖတ္ႏိုင္သည္။ ငါးေလးအိုးကပ္ စားျခင္းသည္ ေလျဖတ္ျခင္းကို ကာကြယ္ႏိုင္သည္ဟု ေရွးက ျမန္မာဓာတ္စာ ဆရာႀကီးမ်ားက ၫႊန္ၾကားၾကသည္။

Credit – ျမဝတီ

(Unicode)
ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်

ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ်ကျပ်သားလျှင် ငါးရာကျပ် ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။

ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေးအိုးကပ် ချက်စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။ ငါးသလဲထိုးလေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော်ပြုလုပ်၍လည်း စားသုံးကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။ ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို ကာကွယ်နိုင်သည်။

လွန်ခဲ့သော သက္ကရာဇ်၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝပြည့်နှစ် အထိ (၁ဝ)နှစ်ကို” အရိုးအဆစ် ဆယ်စုနှစ်” အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO မှ သတ်မှတ်ခဲ့သည်။ ထိုကဲ့သို့သတ်မှတ် ရခြင်းမှာ ကမ္ဘာပေါ်တွင် အရိုးကျိုးသူ၊ အဆစ်ရောင် လေးဘက်နာ ဖြစ်သူများ တိုးပွားများပြားလာခြင်းကြောင့် ဖြစ်သည်။ အရိုးမကျိုးစေရန်အတွက် ကာကွယ်ရန် ဗီတာမင်စီ ရရှိစေ နိုင်သော နေရောင်ခြည် ခံခြင်းနှင့် ကယ်လစီယံဓာတ် ကြွယ်ဝသော နို့နှင့် ငါးများ အရိုးပါ ဝါးစားခြင်းကို ဆရာဝန်များက အကြံပြုလာ ကြသည်။

ယခုအရိုးအဆစ် ဆယ်စုနှစ် လွန်လာသောအခါ ခေါင်းထောင်လာသော ရောဂါမှာ ”အရိုးပွရောဂါ” ဖြစ်သည်။ အရိုးတွင် အနှစ်နည်းပြီး အရိုးပါးလာသောကြောင့်ဖြစ်သော ရောဂါ ဖြစ်သည်။ ယောင်္ကျားများ အသက် (၅ဝ) ကျော်တွင် ဖြစ်လေ့ရှိပြီး မိန်းမများတွင် သွေးဆုံးပြီးနောက် အရိုးပွလာသည်ကို ထူးခြားစွာ လေ့လာတွေ့ရှိရသည်ဟု ဆိုသည်။

အရိုးပွ၊ အရိုးပါးရောဂါသည် အာယုဗေဒ ဆေးပညာ အမြင်အားဖြင့် ပထဝီဓာတ် အားယုတ်သော ရောဂါဖြစ်သည်။ ပထဝီဓာတ်သည် အရိုးအဆစ်တို့၏ အမာခံဓာတ် ဖြစ်သည်။ ၎င်းဓာတ် ချို့တဲ့လျှင် ဝါယောဓာတ် ခေါင်းထောင်လာသဖြင့် လေဖြတ်နိုင်သည်။ ငါးလေးအိုးကပ် စားခြင်းသည် လေဖြတ်ခြင်းကို ကာကွယ်နိုင်သည်ဟု ရှေးက မြန်မာဓာတ်စာ ဆရာကြီးများက ညွှန်ကြားကြသည်။

Credit – မြဝတီ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top