ခရီးပန္း၊ လူပန္း ေခြၽးငုတ္သူတို႔ လက္ေတြ႕သုပ္စားၾကည့္ပါ။

ခရီးပန္း၊ လူပန္း ေခြၽးငုတ္သူတို႔ လက္ေတြ႕သုပ္စားၾကည့္ပါ။

(Zawgyi)
ခရီးပန္း၊ လူပန္း ေခြၽးငုတ္သူတို႔ လက္ေတြ႕သုပ္စားၾကည့္ပါ။

လူသားတိုင္း က်န္းမာ၊ သက္ရွည္လိုၾကပါသည္။ ယခုေခတ္ကာလ၌ ဝမ္းသာဖြယ္ အေၾကာင္းတစ္ခု ရွိလာခဲ့ပါသည္။ ထိုအေၾကာင္းမွာ ကမာၻတစ္ဝွမ္းလုံးရွိ ေဆးပင္၊ သစ္ပင္မ်ားမွ ရရွိသည့္ဟင္းသီးဟင္း႐ြက္မ်ား၊ သစ္သီးမ်ား၊ စားသုံးသီးႏွံမ်ားမွ အခ်ိဳ႕ေသာအစိတ္အပိုင္းတို႔ကို ေဆးသိပၸံပညာရွင္မ်ားက စူးစမ္းေလ့လာ၍ ရွာေဖြေတြ႕ရွိခ်က္မ်ားအား လူသားမ်ားအက်ိဳးအတြက္ ေရးသားတင္ျပသုေတသန ျပဳေန၍ ျဖစ္ေလသည္။

စာေရးသူ ေတာင္ငူၿမိဳ႕ရွိ စာအုပ္ဆိုင္သို႔ ေရာက္ရွိခဲ့ရာ အမွတ္မထင္ေတြ႕ျမင္လိုက္ရသည္က ဂ်ာနယ္သစ္ တစ္ေစာင္ျဖစ္ေလသည္။ ထိုဂ်ာနယ္မွာ သက္ေစာင့္သမားေတာ္ဟု အမည္ရေသာ အလွအပႏွင့္ တိုင္းရင္းေဆး ပညာဂ်ာနယ္ျဖစ္ပါသည္။ ဂ်ာနယ္တြင္ ယေန႔ေခတ္ ယခုအခ်ိန္အခါအတြက္ လူသားတို႔လိုအပ္ခ်က္မ်ား လြယ္ကူစြာ ျဖည့္တင္းႏိုင္မည့္ ပညာ၏ အမွတ္အသား တိုင္းရင္းေဆးမ်ားအေၾကာင္း ပါဝင္ေန၍ ျမန္မာႏိုင္ငံ၏ တိုင္းရင္းေဆးပညာေလာကတစ္ေခတ္ အသစ္ဆန္းေတာ့မည္ဟု ယုံၾကည္မိပါသည္။

အစိုးရဝန္ထမ္းဘ၀ ေပးအပ္ရာတာဝန္ေက်ပြန္စြာ ထမ္းေဆာင္ရ၍ အသစ္တဖန္ ေျပာင္းေ႐ြ႕ရန္ တာဝန္က်သည္က ထားဝယ္ၿမိဳ႕သို႔ ျဖစ္ေလသည္။ တာဝန္က်ရာ ထားဝယ္ၿမိဳ႕သို႔ ေ႐ႊဝယ္ရတနာခရီးတင္ကားစီးရင္း ရန္ကုန္ၿမိဳ႕မွ လိုက္ပါခဲ့ပါသည္။ ထားဝယ္ၿမိဳ႕တြင္ ဦးေလးေတာ္စပ္သူရွိေန၍ ကားဂိတ္တြင္ လာေရာက္ႀကိဳဆိုကာ သူ၏ေနအိမ္သို႔ ေခၚေဆာင္ခဲ့ပါသည္။ လမ္းတစ္ ေလွ်ာက္ခရီးပန္းလာခဲ့ၿပီး တစ္ကိုယ္လုံးကိုက္ခဲေနသျဖင့္ ̏ ဦးေလးရာ ေနမေကာင္းခ်င္ဘူး ̋ဟုေျပာမိသည္။ ဦးေလးက ̏ငါ့တူမပူနဲ႔ ထမင္းသာဝင္ေအာင္စားလိုက္ မင္းအေဒၚရဲ႕ ေဆးဖက္ဝင္တဲ့ လက္သုပ္တစ္မယ္ပါတယ္.. ဦးေလးခရီးပန္းလာတိုင္း မင္းအေဒၚသုပ္ေကြၽးေနၾက..̋ ဆိုေလသည္။ အမွန္ပင္ ထမင္းစားၿပီးေနာက္ ခႏၶာကိုယ္ တစ္ခုလုံးမွ ေခြၽးမ်ားထြက္ခါ နာရီပိုင္းအတြင္း ျပန္လည္ လန္းဆန္းခဲ့ပါသည္။

လန္းဆန္းေစေသာ ေလာက္ေသ႐ြက္ အသုပ္တစ္ခြက္

===============================

ေလာက္ေသ႐ြက္မ်ားအား ေရျဖင့္စင္ေအာင္ေဆးၿပီး ဓါးျဖင့္ပါးပါးလွီး၍ ၾကက္သြန္ေၾကာ္၊ ႏွမ္းေလွာ္၊ ပုဇြန္ေျခာက္တို႔ကိုထည့္ၿပီး သံပုရာရည္ဆမ္းကာ ေလာက္ေသ႐ြက္ကို သုပ္ေကြၽးျခင္း ျဖစ္သည္ဟု ဆိုေလသည္။ အေဒၚ၏ ေျပာျပခ်က္အရ ေခြၽးငုတ္သူမ်ား ေခြၽးပုပ္မ်ားထြက္ၿပီး လူခႏၶာအား လန္းဆန္းေစေၾကာင္း၊ အမွန္ဆိုလွ်င္ ထားဝယ္မႈိင္းပင္ ပါထည့္သြင္းၿပီး သုပ္ၾကေၾကာင္းႏွင့္ လက္ဖက္ရည္ဝိုင္း တြင္တည္ခင္းေသာ ႐ိုးရာဓေလ့တစ္ခုလည္း ျဖစ္သည္ဆိုေလသည္။ ေလာက္ေသပင္၏ ထားဝယ္အမည္မွာ မုဆိုးလွံဟု ေခၚဆိုပါသည္။ ထားဝယ္ၿမိဳ႕တြင္ အစိုးရတာ ဝန္ထမ္းေဆာင္ခဲ့စဥ္ ေလာက္ေသ႐ြက္အား လက္ဖက္ေျခာက္အျဖစ္ ေရေႏြးၾကမ္း ေသာက္ၾကသည္လည္း ေတြ႕ဖူးခဲ့ပါသည္။

ေဆးလိပ္မျဖတ္သူတို႔အတြက္ ေလာက္ေသ႐ြက္

============================

အခ်ိဳ႕လူအမ်ား ေဆးလိပ္ကို အလြန္ႏွစ္ၿခိဳက္ၾကပါသည္။ ေဆးလိပ္ေသာက္ျခင္း၏ ဆိုးက်ိဳးကို ထိုသူတို႔ သိၾကပါေသာ္လည္း ေဆးလိပ္ကိုမျဖတ္ႏိုင္ဘဲ ျဖစ္ခ်င္ရာျဖစ္ ဆက္၍ ေသာက္သုံးသူမ်ား ရွိေနၾကသလို ေဆးလိပ္ကို က်န္းမာေရးအသိ အမွန္ရွိစြာ ျဖတ္ေတာက္သူမ်ားလည္း ရွိေလသည္။ ေဆးလိပ္မျဖတ္ႏိုင္သည့္ သူမ်ားအတြက္ အဆုတ္ေကာင္းမြန္ေစရန္ ေလာက္ေသ႐ြက္ကို အသုံးျပဳၾကျပန္သည္။ ေလာက္ေသ႐ြက္(၁၀)ဆယ္သားအား သန႔္စင္စြာ ေဆးေၾကာၿပီး ေရတစ္ဖလားခန႔္ျဖင့္ ျပဳတ္က်ိဳရန္ျဖစ္ပါသည္။ ထိုသို႔ျပဳတ္က်ိဳစဥ္ ဆားအနည္းငယ္ႏွင့္ သံပုရာသီးတစ္ျခမ္းခန႔္ထည့္၍ ျပဳတ္သည္လည္း ရွိေလသည္။ ရရွိေသာ ေလာက္ေသ႐ြက္ျပဳတ္ေဆးရည္ကို နံနက္၊ ေန႔လည္၊ ည ငါးၾကင္းဖန္ခြက္ျဖင့္ ေန႔စဥ္ေသာက္သုံးျခင္းျဖစ္ေလသည္။ (၇)ရက္ေျမာက္ေန႔တြင္ ေဆးလိပ္ ေဆးဂ်ိဳး(ခ်ိဳး)မ်ား ကြာက်လာၿပီး အသက္ရွဴလမ္းေၾကာင္း သိသာစြာ ေကာင္းမြန္ လာပါသည္။ ထိုေၾကာင့္ ေဆးလိပ္မျဖတ္ႏိုင္သူတို႔အတြက္ ေဘးထြက္ဆိုးက်ိဳး မရွိသည့္ ေလာက္ေသ႐ြက္ကို အဆုတ္ေကာင္းေစရန္ သုံးစြဲသင့္ေပသည္။

ေလာက္ေသ႐ြက္ႏွင့္ ပန္းေသေရာဂါ

=======================

ပန္းေသျဖစ္က ဝမ္းမသာရသည္က အမ်ိဳးသားတို႔၏ ဘဝသာျဖစ္သည္။ အမ်ိဳးသားတို႔ ျဖစ္တတ္ၾကေသာ ပန္းေသေရာဂါတြင္လည္း ေလာက္ေသပင္၏အစြမ္း အံ့မခန္းပါဝင္ျပန္သည္။ လက္ေတြ႕ပန္းေသေရာဂါ ခံစားခဲ့ဖူးသူ မိတ္ေဆြတစ္ဦးက ေလာက္ေသပင္သည္ ေဆးအျဖစ္ အသုံးျပဳေသာ ဟင္းလ်ာ ျဖစ္ပါေၾကာင္း ယုံၾကည္သူတို႔အတြက္ အမွန္ပင္ ပန္းေသေရာဂါကို ေပ်ာက္ကင္းေစသည္ ဟုဆိုပါသည္။ စားဖြယ္အျဖစ္ ေလာက္ေသ႐ြက္၊ လယ္ပတူ႐ြက္၊ ငရံ႕ပတူ႐ြက္ႏွင့္ ဆီးျဖဴသီးတို႔ကို ေရေႏြးျဖင့္ေဖ်ာ၍ အစားသြပ္ၿပီး ပုံမွန္သုပ္စားျခင္းပင္ ျဖစ္သည္ဟုဆိုပါသည္။ ထိုသို႔သုပ္စားေပးျခင္းျဖင့္ ပန္းေသေရာဂါကို ေပ်ာက္ကင္းေစသည့္အျပင္ ပန္းနာ၊ ေခ်ာင္းဆိုး၊ ဆီးေအာင့္၊ ေခါင္းကိုက္၊ ကေလးခြၽဲထျခင္း၊ ကေလးႏွာပိတ္ျခင္း၊ အမ်ိဳးသမီးမ်ား မီးယပ္ေသြးမမွန္ေသာေရာဂါ၊ ဝမ္းသက္ျခင္းႏွင့္ လန႔္တတ္ျခင္း တို႔ကိုပါ ကာကြယ္ေပးႏိုင္ေလသည္။

ဦးေရျပားႏွင့္ေလာက္ေသ႐ြက္

====================

(၁၀)ႏွစ္တာကာလ မေတြ႕ရသည့္ သူငယ္ခ်င္းတစ္ဦးႏွင့္ အမွတ္မထင္ေတြ႕ဆုံစဥ္ ယခင္ႏွင့္မတူ တစ္ေခါင္းလုံး ေျပာင္ေနေလသည္။ စိတ္ထဲတြင္ရင္ႏွီးေသာ သူငယ္ခ်င္းအား ေနာက္ေျပာင္၍ ေျပာင္ႀကီးဟု ေခၚခ်င္စိတ္ ရွိခဲ့ေသာ္လည္း မေခၚျဖစ္ခဲ့ပါ။ ထိုေနာက္ ေနာက္တစ္ႀကိမ္ မွတ္မွတ္ရရ ရန္ကုန္ၿမိဳ႕၊ ဆူးေလေစတီေတာ္တြင္ဆုံျပန္ရာ အံ့ၾသစရာေကာင္းစြာ သူငယ္ခ်င္း၏ ဆံပင္မ်ား ျပန္လည္နက္ေမွာင္သန္စြမ္းေနေၾကာင္းေတြ႕ရ၍ ေဆးနည္းအားေမးမိရာ ဆရာႀကီးေက်ာ္တင့္ ေဆြ၏ ေဆးသိပၸံအျမင္ႏွင့္ တိုင္းရင္းေဆး သဘာဝကုထုံးမ်ားအား စာအုပ္ထဲက နည္းအတိုင္း ေဖၚစပ္အသုံးျပဳခဲ့ေၾကာင္းဆိုပါသည္။ ေဆးနည္းမွာ ေလာက္ေသ႐ြက္ေျခာက္၊ စံကားစိမ္းပြင့္ေျခာက္တို႔ကို ႏွမ္းဆီစစ္စစ္ျဖင့္ စိမ္၍ နံက္တစ္ႀကိမ္၊ ညတစ္ႀကိမ္ ေန႔စဥ္ဦးေရျပားထဲ စိမ့္ဝင္ေအာင္လိမ္းေပးျခင္း ျဖစ္သည္ဟု ဆိုေလသည္။ ထိုသို႔လိမ္းေပးျခင္းျဖင့္ ေခါင္းကိုက္ျခင္း၊ ဦးေရျပားပူျခင္း၊ ေဗာက္ထျခင္း၊ သန္ေရာဂါတို႔ ကင္းရွင္းကာ ဆံပင္ကို သန္စြမ္းၿပီး ဦးေႏွာက္ကိုၾကည္လင္ေစသည္ဟု ဆိုပါသည္။

ေလာက္ေသပင္ကို ႐ုကၡေဗဒအမည္အရ(Desmodium triquetrum DC)ဟု ေခၚပါသည္။ ျမန္မာေဆးက်မ္းမ်ား အလိုအရ ေလာက္ေသပင္သည္ ေလ၊ သလိပ္၊ သည္းေျခကို ႏိုင္၏။ အသက္ကို ရွည္ေစကာ ကာမအားကို တိုးေစ၏။ ေရာဂါပိုးကို ပယ္တတ္၏။ အဆီကို တိုးပြါးေစ၏။ အူတို႔ကို တြန႔္ရႈံ႕ေစတတ္၏။ အဖ်ားေရာဂါတို႔ေၾကာင့္ ျဖစ္တတ္ေသာ ေလေရာဂါ၊ျမင္းသ႐ိုက္၊ ေဖါေရာင္ျခင္း၊ ပန္းနာ၊ ေခ်ာင္းဆိုး၊ အန္ျခင္း စသည္တို႔ကို ေပ်ာက္ကင္းသက္သာေစႏိုင္ပါသည္။ ေလာက္ေသ႐ြက္ကို လက္ဖက္ေျခာက္ကဲ့သို႔ ေသာက္သုံးျခင္းျဖင့္ ဆီးပူ၊ ဆီးေအာင့္ႏွင့္ အေရျပားေရာဂါတို႔ေပ်ာက္ ကင္းေစေၾကာင္း မွတ္သားမိသမွ် ေရးသားလိုက္ရပါသည္။

ေက်းဇူးေတာ္ရွင္ မဟာေဗာဓိၿမိဳင္ဆရာေတာ္ႀကီးအား အာ႐ုံျဖင့္ဦးခိုက္လွ်က္

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
ခရီးပန်း၊ လူပန်း ချွေးငုတ်သူတို့ လက်တွေ့သုပ်စားကြည့်ပါ။

လူသားတိုင်း ကျန်းမာ၊ သက်ရှည်လိုကြပါသည်။ ယခုခေတ်ကာလ၌ ဝမ်းသာဖွယ် အကြောင်းတစ်ခု ရှိလာခဲ့ပါသည်။ ထိုအကြောင်းမှာ ကမ္ဘာတစ်ဝှမ်းလုံးရှိ ဆေးပင်၊ သစ်ပင်များမှ ရရှိသည့်ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ စားသုံးသီးနှံများမှ အချို့သောအစိတ်အပိုင်းတို့ကို ဆေးသိပ္ပံပညာရှင်များက စူးစမ်းလေ့လာ၍ ရှာဖွေတွေ့ရှိချက်များအား လူသားများအကျိုးအတွက် ရေးသားတင်ပြသုတေသန ပြုနေ၍ ဖြစ်လေသည်။

စာရေးသူ တောင်ငူမြို့ရှိ စာအုပ်ဆိုင်သို့ ရောက်ရှိခဲ့ရာ အမှတ်မထင်တွေ့မြင်လိုက်ရသည်က ဂျာနယ်သစ် တစ်စောင်ဖြစ်လေသည်။ ထိုဂျာနယ်မှာ သက်စောင့်သမားတော်ဟု အမည်ရသော အလှအပနှင့် တိုင်းရင်းဆေး ပညာဂျာနယ်ဖြစ်ပါသည်။ ဂျာနယ်တွင် ယနေ့ခေတ် ယခုအချိန်အခါအတွက် လူသားတို့လိုအပ်ချက်များ လွယ်ကူစွာ ဖြည့်တင်းနိုင်မည့် ပညာ၏ အမှတ်အသား တိုင်းရင်းဆေးများအကြောင်း ပါဝင်နေ၍ မြန်မာနိုင်ငံ၏ တိုင်းရင်းဆေးပညာလောကတစ်ခေတ် အသစ်ဆန်းတော့မည်ဟု ယုံကြည်မိပါသည်။

အစိုးရဝန်ထမ်းဘ၀ ပေးအပ်ရာတာဝန်ကျေပွန်စွာ ထမ်းဆောင်ရ၍ အသစ်တဖန် ပြောင်းရွေ့ရန် တာဝန်ကျသည်က ထားဝယ်မြို့သို့ ဖြစ်လေသည်။ တာဝန်ကျရာ ထားဝယ်မြို့သို့ ရွှေဝယ်ရတနာခရီးတင်ကားစီးရင်း ရန်ကုန်မြို့ မှ လိုက်ပါခဲ့ပါသည်။ ထားဝယ်မြို့တွင် ဦးလေးတော်စပ်သူရှိနေ၍ ကားဂိတ်တွင် လာရောက်ကြိုဆိုကာ သူ၏နေအိမ်သို့ ခေါ်ဆောင်ခဲ့ပါသည်။ လမ်းတစ် လျှောက်ခရီးပန်းလာခဲ့ပြီး တစ်ကိုယ်လုံးကိုက်ခဲနေသဖြင့် ̏ ဦးလေးရာ နေမကောင်းချင်ဘူး ̋ဟုပြောမိသည်။ ဦးလေးက ̏ငါ့တူမပူနဲ့ ထမင်းသာဝင်အောင်စားလိုက် မင်းအဒေါ်ရဲ့ ဆေးဖက်ဝင်တဲ့ လက်သုပ်တစ်မယ်ပါတယ်.. ဦးလေးခရီးပန်းလာတိုင်း မင်းအဒေါ်သုပ်ကျွေးနေကြ..̋ ဆိုလေသည်။ အမှန်ပင် ထမင်းစားပြီးနောက် ခန္ဓာကိုယ် တစ်ခုလုံးမှ ချွေးများထွက်ခါ နာရီပိုင်းအတွင်း ပြန်လည် လန်းဆန်းခဲ့ပါသည်။

လန်းဆန်းစေသော လောက်သေရွက် အသုပ်တစ်ခွက်

===============================

လောက်သေရွက်များအား ရေဖြင့်စင်အောင်ဆေးပြီး ဓါးဖြင့်ပါးပါးလှီး၍ ကြက်သွန်ကြော်၊ နှမ်းလှော်၊ ပုဇွန်ခြောက်တို့ကိုထည့်ပြီး သံပုရာရည်ဆမ်းကာ လောက်သေရွက်ကို သုပ်ကျွေးခြင်း ဖြစ်သည်ဟု ဆိုလေသည်။ အဒေါ်၏ ပြောပြချက်အရ ချွေးငုတ်သူများ ချွေးပုပ်များထွက်ပြီး လူခန္ဓာအား လန်းဆန်းစေကြောင်း၊ အမှန်ဆိုလျှင် ထားဝယ်မှိုင်းပင် ပါထည့်သွင်းပြီး သုပ်ကြကြောင်းနှင့် လက်ဖက်ရည်ဝိုင်း တွင်တည်ခင်းသော ရိုးရာဓလေ့တစ်ခုလည်း ဖြစ်သည်ဆိုလေသည်။ လောက်သေပင်၏ ထားဝယ်အမည်မှာ မုဆိုးလှံဟု ခေါ်ဆိုပါသည်။ ထားဝယ်မြို့တွင် အစိုးရတာ ဝန်ထမ်းဆောင်ခဲ့စဉ် လောက်သေရွက်အား လက်ဖက်ခြောက်အဖြစ် ရေနွေးကြမ်း သောက်ကြသည်လည်း တွေ့ဖူးခဲ့ပါသည်။

ဆေးလိပ်မဖြတ်သူတို့အတွက် လောက်သေရွက်

============================

အချို့လူအများ ဆေးလိပ်ကို အလွန်နှစ်ခြိုက်ကြပါသည်။ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးကို ထိုသူတို့ သိကြပါသော်လည်း ဆေးလိပ်ကိုမဖြတ်နိုင်ဘဲ ဖြစ်ချင်ရာဖြစ် ဆက်၍ သောက်သုံးသူများ ရှိနေကြသလို ဆေးလိပ်ကို ကျန်းမာရေးအသိ အမှန်ရှိစွာ ဖြတ်တောက်သူများလည်း ရှိလေသည်။ ဆေးလိပ်မဖြတ်နိုင်သည့် သူများအတွက် အဆုတ်ကောင်းမွန်စေရန် လောက်သေရွက်ကို အသုံးပြုကြပြန်သည်။ လောက်သေရွက်(၁၀)ဆယ်သားအား သန့်စင်စွာ ဆေးကြောပြီး ရေတစ်ဖလားခန့်ဖြင့် ပြုတ်ကျိုရန်ဖြစ်ပါသည်။ ထိုသို့ပြုတ်ကျိုစဉ် ဆားအနည်းငယ်နှင့် သံပုရာသီးတစ်ခြမ်းခန့်ထည့်၍ ပြုတ်သည်လည်း ရှိလေသည်။ ရရှိသော လောက်သေရွက်ပြုတ်ဆေးရည်ကို နံနက်၊ နေ့လည်၊ ည ငါးကြင်းဖန်ခွက်ဖြင့် နေ့စဉ်သောက်သုံးခြင်းဖြစ်လေသည်။ (၇)ရက်မြောက်နေ့တွင် ဆေးလိပ် ဆေးဂျိုး(ချိုး)များ ကွာကျလာပြီး အသက်ရှူလမ်းကြောင်း သိသာစွာ ကောင်းမွန် လာပါသည်။ ထိုကြောင့် ဆေးလိပ်မဖြတ်နိုင်သူတို့အတွက် ဘေးထွက်ဆိုးကျိုး မရှိသည့် လောက်သေရွက်ကို အဆုတ်ကောင်းစေရန် သုံးစွဲသင့်ပေသည်။

လောက်သေရွက်နှင့် ပန်းသေရောဂါ

=======================

ပန်းသေဖြစ်က ဝမ်းမသာရသည်က အမျိုးသားတို့၏ ဘဝသာဖြစ်သည်။ အမျိုးသားတို့ ဖြစ်တတ်ကြသော ပန်းသေရောဂါတွင်လည်း လောက်သေပင်၏အစွမ်း အံ့မခန်းပါဝင်ပြန်သည်။ လက်တွေ့ပန်းသေရောဂါ ခံစားခဲ့ဖူးသူ မိတ်ဆွေတစ်ဦးက လောက်သေပင်သည် ဆေးအဖြစ် အသုံးပြုသော ဟင်းလျာ ဖြစ်ပါကြောင်း ယုံကြည်သူတို့အတွက် အမှန်ပင် ပန်းသေရောဂါကို ပျောက်ကင်းစေသည် ဟုဆိုပါသည်။ စားဖွယ်အဖြစ် လောက်သေရွက်၊ လယ်ပတူရွက်၊ ငရံ့ပတူရွက်နှင့် ဆီးဖြူသီးတို့ကို ရေနွေးဖြင့်ဖျော၍ အစားသွပ်ပြီး ပုံမှန်သုပ်စားခြင်းပင် ဖြစ်သည်ဟုဆိုပါသည်။ ထိုသို့သုပ်စားပေးခြင်းဖြင့် ပန်းသေရောဂါကို ပျောက်ကင်းစေသည့်အပြင် ပန်းနာ၊ ချောင်းဆိုး၊ ဆီးအောင့်၊ ခေါင်းကိုက်၊ ကလေးချွဲထခြင်း၊ ကလေးနှာပိတ်ခြင်း၊ အမျိုးသမီးများ မီးယပ်သွေးမမှန်သောရောဂါ၊ ဝမ်းသက်ခြင်းနှင့် လန့်တတ်ခြင်း တို့ကိုပါ ကာကွယ်ပေးနိုင်လေသည်။

ဦးရေပြားနှင့်လောက်သေရွက်

====================

(၁၀)နှစ်တာကာလ မတွေ့ရသည့် သူငယ်ချင်းတစ်ဦးနှင့် အမှတ်မထင်တွေ့ဆုံစဉ် ယခင်နှင့်မတူ တစ်ခေါင်းလုံး ပြောင်နေလေသည်။ စိတ်ထဲတွင်ရင်နှီးသော သူငယ်ချင်းအား နောက်ပြောင်၍ ပြောင်ကြီးဟု ခေါ်ချင်စိတ် ရှိခဲ့သော်လည်း မခေါ်ဖြစ်ခဲ့ပါ။ ထိုနောက် နောက်တစ်ကြိမ် မှတ်မှတ်ရရ ရန်ကုန်မြို့၊ ဆူးလေစေတီတော်တွင်ဆုံပြန်ရာ အံ့သြစရာကောင်းစွာ သူငယ်ချင်း၏ ဆံပင်များ ပြန်လည်နက်မှောင်သန်စွမ်းနေကြောင်းတွေ့ရ၍ ဆေးနည်းအားမေးမိရာ ဆရာကြီးကျော်တင့် ဆွေ၏ ဆေးသိပ္ပံအမြင်နှင့် တိုင်းရင်းဆေး သဘာဝကုထုံးများအား စာအုပ်ထဲက နည်းအတိုင်း ဖေါ်စပ်အသုံးပြုခဲ့ကြောင်းဆိုပါသည်။ ဆေးနည်းမှာ လောက်သေရွက်ခြောက်၊ စံကားစိမ်းပွင့်ခြောက်တို့ကို နှမ်းဆီစစ်စစ်ဖြင့် စိမ်၍ နံက်တစ်ကြိမ်၊ ညတစ်ကြိမ် နေ့စဉ်ဦးရေပြားထဲ စိမ့်ဝင်အောင်လိမ်းပေးခြင်း ဖြစ်သည်ဟု ဆိုလေသည်။ ထိုသို့လိမ်းပေးခြင်းဖြင့် ခေါင်းကိုက်ခြင်း၊ ဦးရေပြားပူခြင်း၊ ဗောက်ထခြင်း၊ သန်ရောဂါတို့ ကင်းရှင်းကာ ဆံပင်ကို သန်စွမ်းပြီး ဦးနှောက်ကိုကြည်လင်စေသည်ဟု ဆိုပါသည်။

လောက်သေပင်ကို ရုက္ခဗေဒအမည်အရ(Desmodium triquetrum DC)ဟု ခေါ်ပါသည်။ မြန်မာဆေးကျမ်းများ အလိုအရ လောက်သေပင်သည် လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အသက်ကို ရှည်စေကာ ကာမအားကို တိုးစေ၏။ ရောဂါပိုးကို ပယ်တတ်၏။ အဆီကို တိုးပွါးစေ၏။ အူတို့ကို တွန့်ရှုံ့စေတတ်၏။ အဖျားရောဂါတို့ကြောင့် ဖြစ်တတ်သော လေရောဂါ၊မြင်းသရိုက်၊ ဖေါရောင်ခြင်း၊ ပန်းနာ၊ ချောင်းဆိုး၊ အန်ခြင်း စသည်တို့ကို ပျောက်ကင်းသက်သာစေနိုင်ပါသည်။ လောက်သေရွက်ကို လက်ဖက်ခြောက်ကဲ့သို့ သောက်သုံးခြင်းဖြင့် ဆီးပူ၊ ဆီးအောင့်နှင့် အရေပြားရောဂါတို့ပျောက် ကင်းစေကြောင်း မှတ်သားမိသမျှ ရေးသားလိုက်ရပါသည်။

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီးအား အာရုံဖြင့်ဦးခိုက်လျှက်

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top