သတင္း

အတက္ေရာဂါ (ခ) ဝက္႐ူးျပန္ေရာဂါအတြက္ တိုင္းရင္းေဆးစြမ္းတစ္နည္း

(Zawgyi)

အတက္ေရာဂါ

ျမန္မာတို႔က ဝက္႐ူးျပန္ေရာဂါဟု ေခၚၾကသည္။ အခန႔္မသင့္ပါက အသက္အႏၲရာယ္ႏွင့္ နီးလွပါသည္။ မ်က္စိေရွ႕တြင္ အတက္ေရာဂါျဖင့္ ေသဆုံးသြားၾကသူတို႔ မနည္းလွပါ။ အတက္ေဝဒနာရွင္တို႔ တက္ပုံျခင္း မတူပါ။ ပါးစပ္မွ အခ်ိဳ႕အျမႇဳပ္ထြက္သည္လည္း ရွိသည္။ သြားရည္တို႔ ယိုစီးက်သည္လည္း ရွိသည္။ အခ်ိဳ႕ပါးစပ္က ဘာမွ်မထြက္ပါ။ အခ်ိဳ႕က မ်က္ျဖဴလန္၍ ပါးစပ္မွ တခြီးခြီးျမည္သည္လည္း ရွိသည္။ ေျခလက္တို႔ အေၾကာမ်ားဆြဲၿပီး ေကြးေကာက္တြန႔္လိမ္၍ ေနေတာ့သည္။

အတက္ေရာဂါကို Epilepsyဟု ေခၚၾကသည္။ အတက္ေရာဂါသည္ ဦးေႏွာက္ေရာဂါတစ္ခု ဟုဆိုပါသည္။ Neurons ဆိုသည့္အာ႐ုံေၾကာအစုမွေန၍ မေတာ္တဲ့ အာ႐ုံခံစားမႈ၊ စိတ္ထဲျဖစ္ေပၚေနမႈေတြေၾကာင့္ ႂကြက္သားေတြဟာ ျပင္းျပင္း ထန္ထန္ေကြးဆန႔္ေစၿပီး သတိလက္လြတ္ ျဖစ္ေစျခင္းျဖစ္သည္ဟု ဆိုၾကသည္။ အတက္ေရာဂါေဝဒနာရွင္သည္ တက္ခ်ိန္(၁၀) မိနစ္ထက္ ေက်ာ္ၾကာျမင့္ပါက အသက္ပါ ဆုံးရႈံးတတ္ပါသည္။

ျမန္မာနည္း ျမန္မာဟန္ ခ်က္ခ်င္းသက္သာ ေပ်ာက္ကင္းေစေသာေဆးနည္း-

(၁) လွ်ာပြတ္ေဆးအျဖစ္ စပါးႀကီးသည္းေျခ စစ္စစ္

(၂) ေပါက္ပန္းျဖဴ႐ြက္ႏွင့္ င႐ုတ္ေကာင္းေစ့

မ်က္ျမင္ေတြ႕ဖူးေသာ ေဆးနည္း ျဖစ္ပါသည္။ တက္သည္ႏွင့္ စပါးႀကီးသည္းေျခ စစ္စစ္ကို လက္ညႇိဳးျဖင့္ေကာ္ၿပီး (တစ္ေကာ္စာ)တက္သူ၏ လွ်ာေပၚဝင္သြားေအာင္ ထည့္ေပးလိုက္ပါ။ တက္သူမၾကာမီ သတိရသြားကာ အတက္ ခ်က္ခ်င္းက်သြားပါလိမ့္မည္။ ေရာဂါႏုပါက တစ္ခါေသာက္႐ုံႏွင့္ ေပ်ာက္ပါသည္။ ေရာဂါရင့္ပါက စပါးႀကီးသည္းေျခကို တစ္ပတ္လွ်င္ တစ္ႀကိမ္မွ် လ်ာျဖင့္လ်က္၍ အတက္ေရာဂါ မျဖစ္ေတာ့သည္အထိ ကုသသြားသင့္ပါသည္။

ထိုျပင္ ေပါက္ပန္းျဖဴ႐ြက္ႏွင့္ င႐ုတ္ေကာင္းကို ႀကိတ္ေခ်ၿပီး ႏွာေခါင္းတြင္ အုံေပးျခင္း၊ ရွဴခိုင္းျခင္းျပဳလုပ္ေပးပါ က ပို၍ ေကာင္းမြန္လွပါသည္။

စပါးႀကီးသည္းေျခအစစ္-

ရွားပါးၿပီး သဘာဝလြန္စြာ အစြမ္းႀကီးေသာ သည္းေျချဖစ္ပါသည္။ ယေန႔အခါ စပါးႀကီးသည္းေျခ အတုမ်ားလည္း မ်ားလွပါသည္။

လြယ္ကူစြာ အတုအစစ္ခြဲနည္း(စမ္းသပ္ရန္)

(၁) သည္းေျခအိတ္ကို ႏွီးစေသးေလးျဖင့္ အိတ္ကိုေဖါက္ၿပီး ေရထည့္ထားေသာ ခြက္ေလးထဲသို႔ ထည့္လိုက္ရန္ ျဖစ္ပါသည္။ ထိုသည္းေျခေသြးစေလး ေပသြားေသာ ႏွီးစေလးအား ေရခြက္ေလးထဲ ထည့္လိုက္သည္ႏွင့္ အံ့ၾသဖြယ္ အသက္ဝင္ကာ စက္တပ္ ေမာ္ေတာ္ဘုတ္ေလးပမာ ေရကူးပါေတာ့သည္။

(၂) သည္းေျခအိတ္ႏွင့္ တြဲပါေသာ ညႇိဳ႕ႀကိဳးညႇိဳ႕တံသည္ မည္သို႔ပင္ ေနလွန္းေသာ္လည္း ေျခာက္ေသြ႕ျခင္း မရွိပါ။ မူလႀကိဳးအတိုင္း ရွိေလသည္။

(၃) လက္ဖဝါးတြင္ သည္းေျခအစေလးကို သုတ္လူးပါ။ ခဏတာေစာင့္ၿပီး လ်ာျဖင့္ လက္ခုံေပၚမွ အရသာခံ ၾကည့္ပါက သည္းေျခဓာတ္၏ ခ်ိဳ၊ ခါးေသာ အရသာကို ရပါသည္။ အျခားေသာ စမ္းသပ္နည္း မ်ားလည္း ရွိပါလိမ့္မည္။

စပါးႀကီးသည္းေျခသည္ အျခားေသာ ေရာဂါမ်ားကိုလည္း အသက္ဝင္စြာ ကုသႏိုင္ေသာ အသက္ဝင္ေသာ သမားေတာ္ပင္ ျဖစ္ေလသည္။ ႏွစ္မည္မွ်ၾကာပါေစ တင္ျပသည့္အတိုင္း အထားအသိုတတ္ပါက အသက္ဝင္၍ ေရကူးေစေသာ စြမ္းအား ထူးႀကီး ရွိပါသည္။ အရသာမွာ ခ်ိဳ၊ ခါး၍ ညႇီစို႔ေသာ ရသာရွိပါသည္။ ထိုေၾကာင့္ အတက္သမားတို႔အဖို႔ စပါးႀကီးသည္းေျခ စစ္စစ္ကို မိမိအသက္ကယ္ေဆးအျဖစ္ ေဆာင္အပ္လွပါသည္။ စပါးႀကီးသည္ေျခႏွင့္ ပတ္သက္ၿပီး မ်ားစြာေသာ သုတမ်ား ရွိေနပါလိမ့္မည္။ သိမီသမွ် အတက္ေရာဂါသည္ အသက္အ႐ြယ္ က်ားမမေ႐ြး ျဖစ္တတ္သည့္မို႔ စပါးႀကီးသည္းေျခသည္ အတက္ေရာဂါရွင္မ်ား၏ အသက္ကယ္ဆယ္ေဆး ျဖစ္ႏိုင္လိမ့္မည္ဟု ယုံၾကည္မိပါေတာ့သည္။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)

အတက်ရောဂါ

မြန်မာတို့က ဝက်ရူးပြန်ရောဂါဟု ခေါ်ကြသည်။ အခန့်မသင့်ပါက အသက်အန္တရာယ်နှင့် နီးလှပါသည်။ မျက်စိရှေ့တွင် အတက်ရောဂါဖြင့် သေဆုံးသွားကြသူတို့ မနည်းလှပါ။ အတက်ဝေဒနာရှင်တို့ တက်ပုံခြင်း မတူပါ။ ပါးစပ်မှ အချို့အမြှုပ်ထွက်သည်လည်း ရှိသည်။ သွားရည်တို့ ယိုစီးကျသည်လည်း ရှိသည်။ အချို့ပါးစပ်က ဘာမျှမထွက်ပါ။ အချို့က မျက်ဖြူလန်၍ ပါးစပ်မှ တခွီးခွီးမြည်သည်လည်း ရှိသည်။ ခြေလက်တို့ အကြောများဆွဲပြီး ကွေးကောက်တွန့်လိမ်၍ နေတော့သည်။

အတက်ရောဂါကို Epilepsyဟု ခေါ်ကြသည်။ အတက်ရောဂါသည် ဦးနှောက်ရောဂါတစ်ခု ဟုဆိုပါသည်။ Neurons ဆိုသည့်အာရုံကြောအစုမှနေ၍ မတော်တဲ့ အာရုံခံစားမှု၊ စိတ်ထဲဖြစ်ပေါ်နေမှုတွေကြောင့် ကြွက်သားတွေဟာ ပြင်းပြင်း ထန်ထန်ကွေးဆန့်စေပြီး သတိလက်လွတ် ဖြစ်စေခြင်းဖြစ်သည်ဟု ဆိုကြသည်။ အတက်ရောဂါဝေဒနာရှင်သည် တက်ချိန်(၁၀) မိနစ်ထက် ကျော်ကြာမြင့်ပါက အသက်ပါ ဆုံးရှုံးတတ်ပါသည်။

မြန်မာနည်း မြန်မာဟန် ချက်ချင်းသက်သာ ပျောက်ကင်းစေသောဆေးနည်း-

(၁) လျှာပွတ်ဆေးအဖြစ် စပါးကြီးသည်းခြေ စစ်စစ်

(၂) ပေါက်ပန်းဖြူရွက်နှင့် ငရုတ်ကောင်းစေ့

မျက်မြင်တွေ့ဖူးသော ဆေးနည်း ဖြစ်ပါသည်။ တက်သည်နှင့် စပါးကြီးသည်းခြေ စစ်စစ်ကို လက်ညှိုးဖြင့်ကော်ပြီး (တစ်ကော်စာ)တက်သူ၏ လျှာပေါ်ဝင်သွားအောင် ထည့်ပေးလိုက်ပါ။ တက်သူမကြာမီ သတိရသွားကာ အတက် ချက်ချင်းကျသွားပါလိမ့်မည်။ ရောဂါနုပါက တစ်ခါသောက်ရုံနှင့် ပျောက်ပါသည်။ ရောဂါရင့်ပါက စပါးကြီးသည်းခြေကို တစ်ပတ်လျှင် တစ်ကြိမ်မျှ လျာဖြင့်လျက်၍ အတက်ရောဂါ မဖြစ်တော့သည်အထိ ကုသသွားသင့်ပါသည်။

ထိုပြင် ပေါက်ပန်းဖြူရွက်နှင့် ငရုတ်ကောင်းကို ကြိတ်ချေပြီး နှာခေါင်းတွင် အုံပေးခြင်း၊ ရှူခိုင်းခြင်းပြုလုပ်ပေးပါ က ပို၍ ကောင်းမွန်လှပါသည်။

စပါးကြီးသည်းခြေအစစ်-

ရှားပါးပြီး သဘာဝလွန်စွာ အစွမ်းကြီးသော သည်းခြေဖြစ်ပါသည်။ ယနေ့အခါ စပါးကြီးသည်းခြေ အတုများလည်း များလှပါသည်။

လွယ်ကူစွာ အတုအစစ်ခွဲနည်း(စမ်းသပ်ရန်)

(၁) သည်းခြေအိတ်ကို နှီးစသေးလေးဖြင့် အိတ်ကိုဖေါက်ပြီး ရေထည့်ထားသော ခွက်လေးထဲသို့ ထည့်လိုက်ရန် ဖြစ်ပါသည်။ ထိုသည်းခြေသွေးစလေး ပေသွားသော နှီးစလေးအား ရေခွက်လေးထဲ ထည့်လိုက်သည်နှင့် အံ့သြဖွယ် အသက်ဝင်ကာ စက်တပ် မော်တော်ဘုတ်လေးပမာ ရေကူးပါတော့သည်။

(၂) သည်းခြေအိတ်နှင့် တွဲပါသော ညှို့ကြိုးညှို့တံသည် မည်သို့ပင် နေလှန်းသော်လည်း ခြောက်သွေ့ခြင်း မရှိပါ။ မူလကြိုးအတိုင်း ရှိလေသည်။

(၃) လက်ဖဝါးတွင် သည်းခြေအစလေးကို သုတ်လူးပါ။ ခဏတာစောင့်ပြီး လျာဖြင့် လက်ခုံပေါ်မှ အရသာခံ ကြည့်ပါက သည်းခြေဓာတ်၏ ချို၊ ခါးသော အရသာကို ရပါသည်။ အခြားသော စမ်းသပ်နည်း များလည်း ရှိပါလိမ့်မည်။

စပါးကြီးသည်းခြေသည် အခြားသော ရောဂါများကိုလည်း အသက်ဝင်စွာ ကုသနိုင်သော အသက်ဝင်သော သမားတော်ပင် ဖြစ်လေသည်။ နှစ်မည်မျှကြာပါစေ တင်ပြသည့်အတိုင်း အထားအသိုတတ်ပါက အသက်ဝင်၍ ရေကူးစေသော စွမ်းအား ထူးကြီး ရှိပါသည်။ အရသာမှာ ချို၊ ခါး၍ ညှီစို့သော ရသာရှိပါသည်။ ထိုကြောင့် အတက်သမားတို့အဖို့ စပါးကြီးသည်းခြေ စစ်စစ်ကို မိမိအသက်ကယ်ဆေးအဖြစ် ဆောင်အပ်လှပါသည်။ စပါးကြီးသည်ခြေနှင့် ပတ်သက်ပြီး များစွာသော သုတများ ရှိနေပါလိမ့်မည်။ သိမီသမျှ အတက်ရောဂါသည် အသက်အရွယ် ကျားမမရွေး ဖြစ်တတ်သည့်မို့ စပါးကြီးသည်းခြေသည် အတက်ရောဂါရှင်များ၏ အသက်ကယ်ဆယ်ဆေး ဖြစ်နိုင်လိမ့်မည်ဟု ယုံကြည်မိပါတော့သည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *