သတင္း

အသက္ၾကီးမွ ေပၚလာေသာ အတြင္းဒဏ္ရာေပ်ာက္ေဆး (အလုပ္ၾကမ္းမ်ားပင္ပန္းစြာ လုပ္ကိုင္ခဲ့ရသူတို႔ႏွင့္ ျပင္းထန္စြာ ေလ့က်င့္ကစားခဲ့ရသူ အားကစားသမားတို႕အတြက္)

(Zawgyi)
အတြင္းေၾက အတြင္းဒဏ္ရာေပ်ာက္ေဆး

ငယ္စဥ္က ဗန္တို၊ ဗန္ရွည္၊ ကြန္ဖူး၊ အေလးမ၊ ေဘာလုံး ကစားသူမ်ား၊ ဘဝေပး အေျခအေနအရ အလုပ္ပင္ပန္းစြာ လုပ္ကိုင္ခဲ့ရသူတို႔ ျပင္းထန္စြာ ေလ့က်င့္ကစားခဲ့ရျခင္း၊ စီးပြားရွာေဖြခဲ့ရျခင္းေၾကာင့္ ေတာ္ေတာ္မ်ားမ်ား အသက္ (၄၀) ေက်ာ္လာသည္ႏွင့္ အတြင္းဒဏ္ ေပၚေတာ့သည္။

ေဆာင္းေရာက္လာသည္ႏွင့္ အသက္ရွဴက်ပ္ျခင္း၊ ရင္ေခါင္းေအာင့္ျခင္း၊ အစားအဟာရ စားေသာ္လည္း ခြန္အားမျဖစ္ျခင္း၊ အၿမဲေညာင္းညာ ကိုက္ခဲေနတတ္ျခင္းတို႔ ျဖစ္လာတတ္ေလသည္။ တ႐ုတ္ ကြန္ဖူးဆရာတစ္ဦးထံမွ အစြမ္းထက္ဒဏ္ေၾက ေဆးရည္နည္းကို ရရွိခဲ့၍ အတြင္းဒဏ္ေၾကေဆးရည္ ေဖ်ာ္စပ္ေသာက္ၾကည့္ရာ အတြင္းဒဏ္အတြက္ အလြန္ေကာင္းမြန္၍ ျပန္လည္ေဖၚျပလိုက္ပါသည္။

ေဆးနည္း

(၁) ျမင္းခြာ႐ြက္ (၅)က်ပ္သား

(၂) ၾကက္ဟင္းခါးသီး အ႐ြယ္ေတာ္ (၃)လုံး

(၃) ဆင္ႏွာေမာင္းပင္ (၂)ပင္

(၄) လိေမၼာ္ခြံ အနံ႔ေကာင္း႐ုံ (သင့္႐ုံ)

ထို(၄)ပါးအား ေရသန႔္ဗူး(၁)ဗူးစာ၊ ၃ခြက္၁ခြက္တင္ ျပဳတ္က်ိဳ၍ ေသာက္ေပးျခင္း ျဖစ္ေလသည္။ အခါး ေၾကာက္သူမ်ားအဖို႔ ထန္းလ်က္ထည့္ၿပီး ျပဳတ္က်ိဳ ေသာက္ႏိုင္ပါသည္။ ထိုေဆးရည္သည္ ဝမ္းတြင္းမွ ၾကက္ေမႊး၊ ဝက္ေမြး၊ ဆံခ်ည္မွ်င္ပါမက်န္ ဝမ္းႏွင့္အတူ ပါသြားသည္ဟု ဆိုပါသည္။

ေဆးနည္းမွာ နကၡတၱေရာင္ျခည္မဂၢဇင္းပါ အတြင္းဒဏ္အတြက္ (တ႐ုတ္ဒဏ္ေၾကေဆးခါးရည္)(ေမာ္ေလာကတ္)ေဆာင္းပါးရွင္ ခိုင္မင္း(သထုံ)ေရးသားသည္မွ ထုတ္ႏုတ္တင္ျပပါသည္။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)
အတွင်းကြေ အတွင်းဒဏ်ရာပျောက်ဆေး

ငယ်စဉ်က ဗန်တို၊ ဗန်ရှည်၊ ကွန်ဖူး၊ အလေးမ၊ ဘောလုံး ကစားသူများ၊ ဘဝပေး အခြေအနေအရ အလုပ်ပင်ပန်းစွာ လုပ်ကိုင်ခဲ့ရသူတို့ ပြင်းထန်စွာ လေ့ကျင့်ကစားခဲ့ရခြင်း၊ စီးပွားရှာဖွေခဲ့ရခြင်းကြောင့် တော်တော်များများ အသက် (၄၀) ကျော်လာသည်နှင့် အတွင်းဒဏ် ပေါ်တော့သည်။

ဆောင်းရောက်လာသည်နှင့် အသက်ရှူကျပ်ခြင်း၊ ရင်ခေါင်းအောင့်ခြင်း၊ အစားအဟာရ စားသော်လည်း ခွန်အားမဖြစ်ခြင်း၊ အမြဲညောင်းညာ ကိုက်ခဲနေတတ်ခြင်းတို့ ဖြစ်လာတတ်လေသည်။ တရုတ် ကွန်ဖူးဆရာတစ်ဦးထံမှ အစွမ်းထက်ဒဏ်ကြေ ဆေးရည်နည်းကို ရရှိခဲ့၍ အတွင်းဒဏ်ကြေဆေးရည် ဖျော်စပ်သောက်ကြည့်ရာ အတွင်းဒဏ်အတွက် အလွန်ကောင်းမွန်၍ ပြန်လည်ဖေါ်ပြလိုက်ပါသည်။

ဆေးနည်း

(၁) မြင်းခွာရွက် (၅)ကျပ်သား

(၂) ကြက်ဟင်းခါးသီး အရွယ်တော် (၃)လုံး

(၃) ဆင်နှာမောင်းပင် (၂)ပင်

(၄) လိမ္မော်ခွံ အနံ့ကောင်းရုံ (သင့်ရုံ)

ထို(၄)ပါးအား ရေသန့်ဗူး(၁)ဗူးစာ၊ ၃ခွက်၁ခွက်တင် ပြုတ်ကျို၍ သောက်ပေးခြင်း ဖြစ်လေသည်။ အခါး ကြောက်သူများအဖို့ ထန်းလျက်ထည့်ပြီး ပြုတ်ကျို သောက်နိုင်ပါသည်။ ထိုဆေးရည်သည် ဝမ်းတွင်းမှ ကြက်မွှေး၊ ဝက်မွေး၊ ဆံချည်မျှင်ပါမကျန် ဝမ်းနှင့်အတူ ပါသွားသည်ဟု ဆိုပါသည်။

ဆေးနည်းမှာ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းပါ အတွင်းဒဏ်အတွက် (တရုတ်ဒဏ်ကြေဆေးခါးရည်)(မော်လောကတ်)ဆောင်းပါးရှင် ခိုင်မင်း(သထုံ)ရေးသားသည်မှ ထုတ်နုတ်တင်ပြပါသည်။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *