သတင္း

စိတ်ချလက်ချရှိစေမယ့် သဘာဝဒိန်ချဉ်ကို အိမ်မှာပဲ အလွယ်တကူလုပ်နည်း

(Zawgyi)
က်န္းမာေရး ေကာင္းက်ိဳးမ်ားစြာရွိတဲ့ ဒိန္ခ်ဥ္ကို အိမ္မွာ အလြယ္တကူ ျပဳလုပ္နည္း

က်န္းမာေရးအတြက္ေရာ အသားအေရလွပခ်င္သူေတြပါ ပုံမွန္စားသုံးသင့္တဲ့ အစားအစာထဲမွာ ဒိန္ခ်ဥ္ ပါဝင္ပါတယ္။ ဒိန္ခ်ဥ္မွာ ကယ္လ္ဆီယမ္ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ အ႐ိုုးေတြကိုသန္မာေစတဲ့အျပင္ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့ ဘက္တီးရီးယားေတြလည္း ပါဝင္တာေၾကာင့္ အစာအိမ္နဲ႔ ဝမ္းကို အေထာက္အကူျပဳေစပါတယ္။ ဒါေၾကာင့္မို႔လို႔ ဒိန္ခ်ဥ္ကို သန႔္သန႔္ရွင္းရွင္းနဲ႔ ပုံမွန္စားသုံးခ်င္သူေတြအတြက္ အိမ္မွာ အလြယ္တကူျပဳလုပ္ႏိုင္တဲ့ ဒိန္ခ်ဥ္ျပဳလုပ္နည္းကို ေဖာ္ျပေပးလိုက္ပါတယ္။

ဒိန္ခ်ဥ္ျပဳလုပ္ဖို႔ လိုအပ္တဲ့ပစၥည္းေတြကေတာ့ ႏြားႏို႔စစ္စစ္ ၅၀ သားနဲ႔ ဒိန္ခ်ဥ္လုပ္ဖို႔ သန႔္ရွင္းေျခာက္ေသြ႕တဲ့ အိုးတစ္လုံးတို႔ လိုအပ္ပါတယ္။ ပထမဦးဆုံး ဒိန္ခ်ဥ္အခ်ဥ္လုပ္ဖို႔အတြက္ က်ိဳထားတဲ့ႏြားႏို႔ ဟင္းခတ္ ဇြန္း ၁ ဇြန္းေလာက္ကို ေနပူထဲမွာ ၆ နာရီေလာက္ ထားေပး႐ုံနဲ႔ အခ်ဥ္ရပါၿပီ။ ၿပီးရင္ေတာ့ ႏြားႏို႔ ၅၀ သားကို ဆူေအာင္ ခပ္ၾကာၾကာေလး က်ိဳထားေပးပါ။ မီးဖိုကေနခ်ၿပီး အိုးထဲထည့္ၿပီး အေအးခံထားေပးပါ။ ႏြားႏို႔ ေအးစက္သြားတဲ့အထိ ေစာင့္စရာမလိုဘဲ လက္ေခ်ာင္းကို ႏြားႏို႔ထဲ ႏွစ္ၾကည့္လို႔ အပူခံႏိုင္ေလာက္တဲ့ အေနအထားမွာ အခ်ဥ္ဟင္းခတ္ဇြန္း ၁ ဇြန္းကို ထည့္ၿပီး ေမႊေပးရမွာျဖစ္ပါတယ္။ ၿပီးရင္ေတာ့ ႏို႔ထည့္ထားတဲ့ အိုးအဝကို အေပၚကေန ပိတ္ပါးေလးအုပ္ၿပီး ဒိန္ခ်ဥ္အိုး မလႈပ္ႏိုင္တဲ့ ေနရာ၊ အပူခ်ိန္ေပၚမူတည္ၿပီး ၅ နာရီကေန ၇ နာရီခန႔္ထိ ထားေပးဖို႔ လိုအပ္ပါတယ္။ ဒိန္ခ်ဥ္ကို ျမည္းၾကည့္ၿပီး မိမိ ႏွစ္ သက္တဲ့ အခ်ဥ္အေနအထား ေရာက္ရင္ေတာ့ အခ်ဥ္အရသာ ထပ္မပိုေစဖို႔ ေရခဲေသတၱာတြင္း ထည့္ထားၿပီး လိုသေလာက္ ခပ္စားသုံးႏိုင္ပါတယ္။

ဒိန္ခ်ဥ္လုပ္တဲ့အခါ သတိထားရမွာေတြကေတာ့ ေလလုံေအာင္ဆိုၿပီး အိုးကို အတင္းပိတ္ထားစရာ မလိုပါဘူး။ ဒိန္ခ်ဥ္အိုးကို မၾကာခဏလည္း ေမႊေပးစရာ မလိုပါဘူး။ အခ်ဥ္ထည့္ခ်ိန္က်မွသာ ေသခ်ာစြာ ေမႊေပးရမွာ ျဖစ္ပါတယ္။ ဒိန္ခ်ဥ္မွာ ေရေတြမ်ားမေနရေအာင္ အခ်ဥ္ထည့္တဲ့အခါ အမ်ားႀကီး မထည့္မိေစဖို႔ သတိထားရပါမယ္။ ေနာက္ဆုံး တခုကေတာ့ ဒိန္ခ်ဥ္အိုးကို မလႈပ္ႏိုင္တဲ့ ေနရာမွာထားၿပီး မၾကာခဏ ေ႐ႊ႕ျခင္း၊ ေျပာင္းျခင္းတို႔ကို မျပဳလုပ္သင့္ပါဘူး။ ဒီေလာက္ ဆိုရင္ေတာ့ က်န္းမာေရးနဲ႔ ညီၫြတ္ၿပီး စားလို႔လည္းေကာင္းတဲ့ ဒိန္ခ်ဥ္ကို အိမ္မွာပဲ အလြယ္တကူ ျပဳလုပ္လို႔ ရမွာပဲျဖစ္ပါတယ္။

Credit – ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy – Burmese Edition

(Unicode)
ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ ဒိန်ချဉ်ကို အိမ်မှာ အလွယ်တကူ ပြုလုပ်နည်း

ကျန်းမာရေးအတွက်ရော အသားအရေလှပချင်သူတွေပါ ပုံမှန်စားသုံးသင့်တဲ့ အစားအစာထဲမှာ ဒိန်ချဉ် ပါဝင်ပါတယ်။ ဒိန်ချဉ်မှာ ကယ်လ်ဆီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးတွေကိုသန်မာစေတဲ့အပြင် ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေလည်း ပါဝင်တာကြောင့် အစာအိမ်နဲ့ ဝမ်းကို အထောက်အကူ ပြုစေပါတယ်။ ဒါကြောင့်မို့လို့ ဒိန်ချဉ်ကို သန့်သန့်ရှင်းရှင်းနဲ့ ပုံမှန်စားသုံးချင်သူတွေအတွက် အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ ဒိန်ချဉ်ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

ဒိန်ချဉ်ပြုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ နွားနို့စစ်စစ် ၅၀ သားနဲ့ ဒိန်ချဉ်လုပ်ဖို့ သန့်ရှင်းခြောက်သွေ့တဲ့ အိုးတစ်လုံးတို့ လိုအပ်ပါတယ်။ ပထမဦးဆုံး ဒိန်ချဉ်အချဉ်လုပ်ဖို့အတွက် ကျိုထားတဲ့နွားနို့ ဟင်းခတ် ဇွန်း ၁ ဇွန်းလောက်ကို နေပူထဲမှာ ၆ နာရီလောက် ထားပေးရုံနဲ့ အချဉ်ရပါပြီ။ ပြီးရင်တော့ နွားနို့ ၅၀ သားကို ဆူအောင် ခပ်ကြာကြာလေး ကျိုထားပေးပါ။ မီးဖိုကနေချပြီး အိုးထဲထည့်ပြီး အအေးခံထားပေးပါ။ နွားနို့ အေးစက်သွားတဲ့အထိ စောင့်စရာမလိုဘဲ လက်ချောင်းကို နွားနို့ထဲ နှစ်ကြည့်လို့ အပူခံနိုင်လောက်တဲ့ အနေအထားမှာ အချဉ်ဟင်းခတ်ဇွန်း ၁ ဇွန်းကို ထည့်ပြီး မွှေပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ နို့ထည့်ထားတဲ့ အိုးအဝကို အပေါ်ကနေ ပိတ်ပါးလေးအုပ်ပြီး ဒိန်ချဉ်အိုး မလှုပ်နိုင်တဲ့ နေရာ၊ အပူချိန်ပေါ်မူတည်ပြီး ၅ နာရီကနေ ၇ နာရီခန့်ထိ ထားပေးဖို့ လိုအပ်ပါတယ်။ ဒိန်ချဉ်ကို မြည်းကြည့်ပြီး မိမိ နှစ် သက်တဲ့ အချဉ်အနေအထား ရောက်ရင်တော့ အချဉ်အရသာ ထပ်မပိုစေဖို့ ရေခဲသေတ္တာတွင်း ထည့်ထားပြီး လိုသလောက် ခပ်စားသုံးနိုင်ပါတယ်။

ဒိန်ချဉ်လုပ်တဲ့အခါ သတိထားရမှာတွေကတော့ လေလုံအောင်ဆိုပြီး အိုးကို အတင်းပိတ်ထားစရာ မလိုပါဘူး။ ဒိန်ချဉ်အိုးကို မကြာခဏလည်း မွှေပေးစရာ မလိုပါဘူး။ အချဉ်ထည့်ချိန်ကျမှသာ သေချာစွာ မွှေပေးရမှာ ဖြစ်ပါတယ်။ ဒိန်ချဉ်မှာ ရေတွေများမနေရအောင် အချဉ်ထည့်တဲ့အခါ အများကြီး မထည့်မိစေဖို့ သတိထားရပါမယ်။ နောက်ဆုံး တခုကတော့ ဒိန်ချဉ်အိုးကို မလှုပ်နိုင်တဲ့ နေရာမှာထားပြီး မကြာခဏ ရွှေ့ခြင်း၊ ပြောင်းခြင်းတို့ကို မပြုလုပ်သင့်ပါဘူး။ ဒီလောက် ဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး စားလို့လည်းကောင်းတဲ့ ဒိန်ချဉ်ကို အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ ရမှာပဲဖြစ်ပါတယ်။

Credit – ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy – Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *