သတင်း

သက်ငယ်မုဒိမ်းပြစ်ဒဏ် ဥပဒေပြင်ဆင်ပေးဖို့ လွှတ်တော်ထိသွားရောက် တောင်းဆိုမယ့် ခိုင်နှင်းဝေ

သက်ငယ်မုဒိမ်းပြစ်ဒဏ် ဥပဒေပြင်ဆင်ပေးဖို့ လွှတ်တော်ထိသွားရောက် တောင်းဆိုမယ့် ခိုင်နှင်းဝေ
————————————-
သရုပ်ဆောင် ခိုင်နှင်းဝေတစ်ယောက်ကတော့ သက်ငယ်မုဒိမ်းပြစ်ဒဏ် ဥပဒေပြင်ဆင်ပေးဖို့အတွက် နေပြည်တော် လွှတ်တော်အထိသွားရောက်ပြီး တောင်းဆိုမယ်လို့ သိရပါတယ်။ ဒီအကြောင်း သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ မနေ့မတ်လက ၄ ရက်နေ့ကပဲ ရေးသားထားတာ ဖြစ်ပါတယ်။

သူမရဲ့ မမွေးနေ့မှာ ပရိတ်သတ်တွေနဲ့ ဖြတ်သန်းသွားဖို့ စိတ်ကူးထားပေမယ့်လည်း အဲ့ဒါကိုဖျက်လိုက်ပြီး သက်ငယ်မုဒိမ်းဥပဒေအတွက် အချိန်ပေးသွားမယ်လို့ သိရပါတယ်။နေပြည်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သက်ငယ်မုဒိန်းကြီးလေးသောပြစ်ဒဏ်ချပေးဖို့တောင်းဆိုဖို့သွားမဲ့ရက်နဲ့တိုက်သွားတယ်.ပထမ မတ်လ ၅ ရက်နေ့စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတ်လ ၁၄ ရက်နေ့ဖြစ်သွားတယ်.ဒါပေမဲ့ ကလေးတွေအတွက် ကျမအလေးထားရမှာမို့ ကျမရဲ့ ကိုယ်ရေးကိုယ်တာမွေးနေ့လေးဖျက်ပြီးသွားပါ့မယ်.ဒါလဲ ကုသိုလ်ရတာပဲလေ ဆိုပြီး ခိုင်နှင်းဝေက ရေးသားထားပါတယ်။

ဘာလုပ်ပေးနိုင်မလဲမေးခြင်းထက်.ဘာတွေလုပ်ပေးပါဆိုပြီး တောင်းဆိုသွားမှာပါ.အရိုးကြေကြေအရည်ခမ်းခမ်း ကြိုးစားတောင်းဆိုမယ်ဆိုတာ အသိပေးအပ်ပါတယ်ရှင်.. လို့ ရေးသားပြီး အားမာန်ပြတဲ့ ပုံလေးတစ်ပုံနဲ့အတူ ဖေ့စ်ဘွက်မှာ ရေးသားထားပါတယ်။
#Crd

Leave a Reply

Your email address will not be published. Required fields are marked *