သတင်း

PFA တစ်နှစ်တာအကောင်းဆုံးဆုအတွက် ဒီဘရူနီကိုဟာဇက်မဲပေး

PFA တစ်နှစ်တာအကောင်းဆုံးဆုအတွက် ဒီဘရူနီကိုဟာဇက်မဲပေး
=====================================
ချဲလ်ဆီးအသင်းကွင်းလယ်လူအီဒင်ဟာဇက်က PFA အကောင်းဆုံးဆုအတွက် ဆာလာနဲ့ဟယ်ရီကိန်းတို့ကိုကျော်လွန်ပြီးဒီဘရူနီကိုသူမဲပေးခဲ့တယ်လို့ထုတ်ပြောလိုက်ပါတယ်။သူတို့နှစ်ဦးဟာဘယ်လ်ဂျီယံအသင်းကစားဖော်တွေလည်းဖြစ်ကြပါတယ်။

ဒီဘရူနီဟာဒီရာသီမှာမန်စီးတီးရဲ့အဓိကကျသူဖြစ်ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၇ ဂိုးသွင်းကာ ၁၄ ဂိုးဖန်တီးပေးထားလို့ ပြိုင်ပွဲရဲ့ရဲ့အကောင်းဆုံးကစားသမားအဖြစ်လည်းသတ်မှတ်ခံထားရပါတယ်။ဟာဇက်က“ပရီးမီးယားလိဂ်ရဲ့အကောင်ဆုံးကစားသမား ၃ ဦးက ဟယ်ရီကိန်း၊ဒီဘရူနီနဲ့ ဆာလာတို့ဘဲလို့ကျွန်တော်ထင်တယ်။ဒါပေမယ့် ဒီဘရူနီကိုဘဲကျွန်တော်မဲပေးခဲ့တယ်။

ဆာလာဟာလည်းကျွန်တော့်သူငယ်ချင်းဖြစ်လို့သူ့ကိုမဲပေးဖို့စဉ်းစားခဲ့သေးပေမယ့် သူက ကစားသမားဆိုတာထက်တိုက်စစ်မှူးပိုဆန်တယ်လေ။ဒီဘရူနီအကောင်းဆုံးကစားသမားပါ”လို့ပြောသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *