ထုိင္းလူငယ္အုပ္စု ေပ်ာက္ဆုံးေနတဲ့ မယ္ဆုိင္ဂူထဲမွာ လမ္းေပ်ာက္ခ့ဲဖူးၿပီး ျပန္ထြက္ႏုိင္ခဲ့သူရဲ႕ အေတြ႕အႀကဳံ

ထုိင္းလူငယ္အုပ္စု ေပ်ာက္ဆုံးေနတဲ့ မယ္ဆုိင္ဂူထဲမွာ လမ္းေပ်ာက္ခ့ဲဖူးၿပီး ျပန္ထြက္ႏုိင္ခဲ့သူရဲ႕ အေတြ႕အႀကဳံ

(Zawgyi)

ထုိင္းလူငယ္အုပ္စု ေပ်ာက္ဆုံးေနတဲ့ မယ္ဆုိင္ဂူထဲမွာ လမ္းေပ်ာက္ခ့ဲဖူးၿပီး ျပန္ထြက္ႏုိင္ခဲ့သူရဲ႕ အေတြ႕အႀကဳံ

ထုိင္းလူငယ္အုပ္စု ေပ်ာက္ဆုံးေနတဲ့ မယ္ဆုိင္ဂူအတြင္း ၎ကိုယ္တုိင္ လမ္းေပ်ာက္ခဲ့ဖူးၿပီး ဂူအျပင္ကုိ ေဘးမသီရန္မခ ျပန္ထြက္လာႏုိင္ခဲ့သူ ခ်င္႐ုိင္းေဒသခံ အမ်ဳိးသားတစ္ဦးက ၎ရဲ႕ အေတြ႕အႀကဳံကုိ ျပန္လည္ ဖြင့္ဟေျပာခဲ့ပါတယ္။

Tham Luang Nang Non ဂူထဲမွာ လမ္းေပ်ာက္ပိတ္မိခဲ့ဖူးၿပီး ျပန္ထြက္လာႏုိင္ခဲ့မႈက အံ့ၾသဖြယ္ရာျဖစ္တယ္လို႕ Intu Incharoen အမည္႐ွိ အမ်ဳိးသားက ၎ရဲ႕အျဖစ္ကုိ ေျပာျပခဲ့ပါတယ္။ ၂၀၀၂ ခုႏွစ္အတြင္း Intu နဲ႕ ၎ရဲ႕ သူငယ္ခ်င္းေလးဦးဟာ အဆုိပါဂူအတြင္း ဝင္ေရာက္ခဲ့ၾကတယ္လို႕ ဆုိပါတယ္။Intu နဲ႕ သူငယ္ခ်င္းေလးဦးဟာ လႈိဏ္ဂူထဲကုိ ေရာက္႐ွိခဲ့ၿပီးေနာက္ မၾကာမီမွာပင္ လမ္းေပ်ာက္သြားၿပီး ျပန္မထြက္ႏုိင္ ျဖစ္ခဲ့ၾကပါတယ္။ “ကၽြန္ေတာ္တုိ႕ ဂူထဲမွာလမ္းေပ်ာက္သြားခဲ့တယ္၊ ျပန္မထြက္ႏုိင္ေတာ့ေလာက္ေအာင္ကို ျဖစ္ခဲ့တာ” လုိ႕ အသက္ ၃၄ ႏွစ္အ႐ြယ္ Intu က Reuters သတင္းဌာနကုိ ေျပာပါတယ္။လႈိဏ္ဂူရဲ႕ ၾကမ္းျပင္မွာ အေခါင္းေပါက္ေတြ႐ွိၿပီး လႈိဏ္ေခါင္း အမ်ားအျပားလည္း႐ွိေၾကာင္းနဲ႕ အခ်ဳိ႕ဟာ ေအာက္ဘက္ကုိ မည္မွွ်အထိေရာက္ေအာင္ နက္႐ႈိင္းေၾကာင္း မသိရဘူးလုိ႕ဆုိပါတယ္။

“ဂူၾကမ္းျပင္ကေန အေခါင္းေပါက္ထဲကုိ က်သြားႏုိင္တယ္၊ လႈိဏ္ေခါင္းလမ္းေၾကာင္းေတြ အမ်ားႀကီး႐ွိၿပီး ႐ႈပ္ယွက္ခတ္ေနတယ္၊ ဒီလႈိဏ္ဂူက ဝကၤဘာတစ္ခုပဲ၊ အရမ္းနက္ေတာ့ ဘယ္ေနရာမွာ အဆုံးသတ္တယ္ဆုိတာ မေျပာႏုိင္ဘူး” လုိ႕ Intu က ေျပာပါတယ္။

Intu နဲ႕ သူငယ္ခ်င္းေလးဦးဟာ Tham Luang Nang Non ဂူထဲမွာ လမ္းေပ်ာက္သြားခဲ့ၿပီး ၎တုိ႕ လာေရာက္ခဲ့တဲ့ လမ္းေၾကာင္းကိုလည္း ႐ွာမေတြ႕ႏုိင္ခဲ့ဘဲ ဂူအျပင္ကုိ ျပန္မထြက္ႏုိင္ ျဖစ္ခဲ့ၾကပါတယ္။ ထုိသုိ႕ ဂူထဲမွာ လမ္းေပ်ာက္ပိတ္မိေနၿပီး နာရီအတန္ၾကာမွာေတာ့ ၎တုိ႕ ေရာက္႐ွိေနတဲ့ေနရာနဲ႕ ေဘးခ်င္းကပ္ လႈိဏ္ေခါင္းတစ္ခုကေန အမ်ဳိးသမီးေတြရဲ႕ အကူအညီေတာင္းခံတဲ့ ေအာ္သံကုိၾကားခဲ့ရတယ္လို႕ ဆုိပါတယ္။ထုိအသံမ်ားေနာက္ကုိ လုိက္သြားခဲ့ၿပီးေနာက္ လူအုပ္စုႏွစ္ခု ေတြ႕ဆုံခဲ့ၾကကာ ေနာက္ဆုံးမွာ လႈိဏ္ဂူအဝင္ေပါက္ကုိ ျပန္႐ွာေတြ႕ခဲ့ၾကေၾကာင္း Intu က ေျပာပါတယ္။

“အဲဒီတုန္းက အျဖစ္က အံ့ၾသစရာပဲဗ်၊ ဒီဂူက တားျမစ္ေနရာတစ္ခုပဲ၊ ဒီ ေဒသမွာ မိဘေတြက ကေလးေတြကုိ တျခားဘယ္ေနရာသြားသြား သြားလုိ႕ရတယ္၊ အဲဒီဂူထဲကုိေတာ့ မသြားၾကနဲ႕လုိ႕ အၿမဲေျပာေလ့႐ွိတယ္” လုိ႕ Intu က ဆုိပါတယ္။ Tham Luang Nang Non လႈိဏ္ဂူထဲကုိ ကေလးမ်ား မဝင္ေရာက္ၾကရန္ ေဒသခံ မိဘေတြက မ်ဳိးဆက္မ်ားနဲ႕ခ်ီၿပီး တားျမစ္ထားခဲ့ၾကေၾကာင္းလည္း သိရပါတယ္။Tham Luang Nang Non ဂူအတြင္း ဇြန္လ ၂၃ ရက္မွာ ဝင္ေရာက္သြားခဲ့ၾကၿပီးေနာက္ ေပ်ာက္ဆုံးေနခဲ့တဲ့ အသက္ ၁၁ ႏွစ္မွ ၁၆ ႏွစ္ၾကားအ႐ြယ္႐ွိ ဆယ္ေက်ာ္သက္ ၁၂ ဦးနဲ႕ ၎တုိ႕ရဲ႕ အသက္ ၂၅ ႏွစ္အ႐ြယ္ ေဘာလုံးနည္းျပတို႕ကုိ ယေန႕ (ဇြန္လ ၂၈ ရက္) ညေနပုိင္းအထိ ဆက္လက္ ႐ွာေဖြေနၾကဆဲ ျဖစ္ပါတယ္။

လက္႐ွိမွာ ထုိင္းႏုိင္ငံမွ စစ္တပ္ပါဝင္တဲ့ ႐ွာေဖြေရးအဖြဲ႕မ်ားအျပင္ အေမရိကန္တပ္ဖြဲ႕နဲ႕ ၿဗိတိန္မွ ေရငုပ္ ကၽြမ္းက်င္သူေတြကလည္း လာေရာက္ကူညီ႐ွာေဖြလ်က္႐ွိပါတယ္။ ထုိင္းလူငယ္အုပ္စု ေပ်ာက္ဆုံးသြားခဲ့တဲ့ Tham Luang Nang Non လႈိဏ္ဂူဟာ ျမန္မာႏုိင္ငံနဲ႕ နယ္စပ္အနီးမွာ တည္႐ွိေနၿပီး ျမန္မာဘက္ကလည္း ႐ွာေဖြေရးလုပ္ငန္းမွာ ပူးေပါင္းကူညီမယ္လို႕ သမၼတ႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။လႈိဏ္ဂူရဲ႕ ေနာက္ထပ္ ထြက္ေပါက္/ဝင္ေပါက္ ေနရာတစ္ခုဟာ ျမန္မာႏုိင္ငံအတြင္း တာခ်ီလိတ္ခ႐ုိင္မွာ ႐ွိေနႏုိင္ေၾကာင္း ယူဆမႈအရ ယေန႕ ညေနပုိင္းမွစၿပီး ျမန္မာဘက္မွာလည္း ႐ွာေဖြမႈေတြ ျပဳလုပ္ေနေၾကာင္း တာခ်ိီလိတ္သတင္းေအဂ်င္စီက ေဖာ္ျပထားပါတယ္။

Tham Luang Nang Non ဂူဟာ ၆ မုိင္႐ွည္လ်ားၿပီး ဂူထဲကုိ ေရမ်ားဝင္ေရာက္လာခဲ့ရာက ဂူအတြင္း လႈိဏ္ေခါင္းေနရာမွာ ေရာက္႐ွိေနခဲ့တဲ့ လူငယ္အုပ္စုဟာ ပိတ္မိေနခဲ့ၾကတယ္လို႕ ႐ွာေဖြကယ္ဆယ္ေရး လုပ္ေဆာင္ေနသူေတြက ယုံၾကည္ထားၾကပါတယ္။ဂူအတြင္း ထုိင္းလူငယ္အုပ္စုကို ဝင္ေရာက္႐ွာေဖြေနမႈဟာ မုိးသည္းထန္စြာ႐ြာသြန္းၿပီး ေရမ်ားဝင္လာမႈေၾကာင့္ ေႏွာင့္ေႏွးမႈႀကဳံရေၾကာင္းလည္း သိရပါတယ္။

Credit – Duwun

(Unicode)

ထိုင်းလူငယ်အုပ်စု ပျောက်ဆုံးနေတဲ့ မယ်ဆိုင်ဂူထဲမှာ လမ်းပျောက်ခဲ့ဖူးပြီး ပြန်ထွက်နိုင်ခဲ့သူရဲ့ အတွေ့အကြုံ

ထိုင်းလူငယ်အုပ်စု ပျောက်ဆုံးနေတဲ့ မယ်ဆိုင်ဂူအတွင်း ၎င်းကိုယ်တိုင် လမ်းပျောက်ခဲ့ဖူးပြီး ဂူအပြင်ကို ဘေးမသီရန်မခ ပြန်ထွက်လာနိုင်ခဲ့သူ ချင်ရိုင်းဒေသခံ အမျိုးသားတစ်ဦးက ၎င်းရဲ့ အတွေ့အကြုံကို ပြန်လည် ဖွင့်ဟပြောခဲ့ပါတယ်။

Tham Luang Nang Non ဂူထဲမှာ လမ်းပျောက်ပိတ်မိခဲ့ဖူးပြီး ပြန်ထွက်လာနိုင်ခဲ့မှုက အံ့သြဖွယ်ရာဖြစ်တယ်လို့ Intu Incharoen အမည်ရှိ အမျိုးသားက ၎င်းရဲ့အဖြစ်ကို ပြောပြခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်အတွင်း Intu နဲ့ ၎င်းရဲ့ သူငယ်ချင်းလေးဦးဟာ အဆိုပါဂူအတွင်း ဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။Intu နဲ့ သူငယ်ချင်းလေးဦးဟာ လှိုဏ်ဂူထဲကို ရောက်ရှိခဲ့ပြီးနောက် မကြာမီမှာပင် လမ်းပျောက်သွားပြီး ပြန်မထွက်နိုင် ဖြစ်ခဲ့ကြပါတယ်။ “ကျွန်တော်တို့ ဂူထဲမှာလမ်းပျောက်သွားခဲ့တယ်၊ ပြန်မထွက်နိုင်တော့လောက်အောင်ကို ဖြစ်ခဲ့တာ” လို့ အသက် ၃၄ နှစ်အရွယ် Intu က Reuters သတင်းဌာနကို ပြောပါတယ်။လှိုဏ်ဂူရဲ့ ကြမ်းပြင်မှာ အခေါင်းပေါက်တွေရှိပြီး လှိုဏ်ခေါင်း အများအပြားလည်းရှိကြောင်းနဲ့ အချို့ဟာ အောက်ဘက်ကို မည်မျှအထိရောက်အောင် နက်ရှိုင်းကြောင်း မသိရဘူးလို့ဆိုပါတယ်။

“ဂူကြမ်းပြင်ကနေ အခေါင်းပေါက်ထဲကို ကျသွားနိုင်တယ်၊ လှိုဏ်ခေါင်းလမ်းကြောင်းတွေ အများကြီးရှိပြီး ရှုပ်ယှက်ခတ်နေတယ်၊ ဒီလှိုဏ်ဂူက ဝင်္ကဘာတစ်ခုပဲ၊ အရမ်းနက်တော့ ဘယ်နေရာမှာ အဆုံးသတ်တယ်ဆိုတာ မပြောနိုင်ဘူး” လို့ Intu က ပြောပါတယ်။

Intu နဲ့ သူငယ်ချင်းလေးဦးဟာ Tham Luang Nang Non ဂူထဲမှာ လမ်းပျောက်သွားခဲ့ပြီး ၎င်းတို့ လာရောက်ခဲ့တဲ့ လမ်းကြောင်းကိုလည်း ရှာမတွေ့နိုင်ခဲ့ဘဲ ဂူအပြင်ကို ပြန်မထွက်နိုင် ဖြစ်ခဲ့ကြပါတယ်။ ထိုသို့ ဂူထဲမှာ လမ်းပျောက်ပိတ်မိနေပြီး နာရီအတန်ကြာမှာတော့ ၎င်းတို့ ရောက်ရှိနေတဲ့နေရာနဲ့ ဘေးချင်းကပ် လှိုဏ်ခေါင်းတစ်ခုကနေ အမျိုးသမီးတွေရဲ့ အကူအညီတောင်းခံတဲ့ အော်သံကိုကြားခဲ့ရတယ်လို့ ဆိုပါတယ်။ထိုအသံများနောက်ကို လိုက်သွားခဲ့ပြီးနောက် လူအုပ်စုနှစ်ခု တွေ့ဆုံခဲ့ကြကာ နောက်ဆုံးမှာ လှိုဏ်ဂူအဝင်ပေါက်ကို ပြန်ရှာတွေ့ခဲ့ကြကြောင်း Intu က ပြောပါတယ်။

“အဲဒီတုန်းက အဖြစ်က အံ့သြစရာပဲဗျ၊ ဒီဂူက တားမြစ်နေရာတစ်ခုပဲ၊ ဒီ ဒေသမှာ မိဘတွေက ကလေးတွေကို တခြားဘယ်နေရာသွားသွား သွားလို့ရတယ်၊ အဲဒီဂူထဲကိုတော့ မသွားကြနဲ့လို့ အမြဲပြောလေ့ရှိတယ်” လို့ Intu က ဆိုပါတယ်။ Tham Luang Nang Non လှိုဏ်ဂူထဲကို ကလေးများ မဝင်ရောက်ကြရန် ဒေသခံ မိဘတွေက မျိုးဆက်များနဲ့ချီပြီး တားမြစ်ထားခဲ့ကြကြောင်းလည်း သိရပါတယ်။Tham Luang Nang Non ဂူအတွင်း ဇွန်လ ၂၃ ရက်မှာ ဝင်ရောက်သွားခဲ့ကြပြီးနောက် ပျောက်ဆုံးနေခဲ့တဲ့ အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြားအရွယ်ရှိ ဆယ်ကျော်သက် ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ကို ယနေ့ (ဇွန်လ ၂၈ ရက်) ညနေပိုင်းအထိ ဆက်လက် ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံမှ စစ်တပ်ပါဝင်တဲ့ ရှာဖွေရေးအဖွဲ့များအပြင် အမေရိကန်တပ်ဖွဲ့နဲ့ ဗြိတိန်မှ ရေငုပ် ကျွမ်းကျင်သူတွေကလည်း လာရောက်ကူညီရှာဖွေလျက်ရှိပါတယ်။ ထိုင်းလူငယ်အုပ်စု ပျောက်ဆုံးသွားခဲ့တဲ့ Tham Luang Nang Non လှိုဏ်ဂူဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်အနီးမှာ တည်ရှိနေပြီး မြန်မာဘက်ကလည်း ရှာဖွေရေးလုပ်ငန်းမှာ ပူးပေါင်းကူညီမယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။လှိုဏ်ဂူရဲ့ နောက်ထပ် ထွက်ပေါက်/ဝင်ပေါက် နေရာတစ်ခုဟာ မြန်မာနိုင်ငံအတွင်း တာချီလိတ်ခရိုင်မှာ ရှိနေနိုင်ကြောင်း ယူဆမှုအရ ယနေ့ ညနေပိုင်းမှစပြီး မြန်မာဘက်မှာလည်း ရှာဖွေမှုတွေ ပြုလုပ်နေကြောင်း တာချီလိတ်သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

Tham Luang Nang Non ဂူဟာ ၆ မိုင်ရှည်လျားပြီး ဂူထဲကို ရေများဝင်ရောက်လာခဲ့ရာက ဂူအတွင်း လှိုဏ်ခေါင်းနေရာမှာ ရောက်ရှိနေခဲ့တဲ့ လူငယ်အုပ်စုဟာ ပိတ်မိနေခဲ့ကြတယ်လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ယုံကြည်ထားကြပါတယ်။ဂူအတွင်း ထိုင်းလူငယ်အုပ်စုကို ဝင်ရောက်ရှာဖွေနေမှုဟာ မိုးသည်းထန်စွာရွာသွန်းပြီး ရေများဝင်လာမှုကြောင့် နှောင့်နှေးမှုကြုံရကြောင်းလည်း သိရပါတယ်။

Credit – Duwun

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top