သတင္း

အဂတိတရားေလးပါး အေၾကာင္း ဗဟုသုတ သိျခင္သူမ်ားအတြက္

(Zawgyi)

အဂတိတရားေလးပါးမွာ

(၁) ဆႏၵာ ဂတိ

(၂) ေဒါသ ဂတိ

(၃) ေမာဟ ဂတိ

(၄) ဘယ ဂတိတို႕ျဖစ္ပါ၏။

(၁) ဆႏၵာ ဂတိ

ဆႏၵာ ဂတိဟူသည္ ေဆြမ်ိဳးေတာ္စပ္၍ျဖစ္ေစ၊ ရင္းႏွီးခင္မင္ အကြ်မ္း၀င္၍ျဖစ္ေစ၊ ခ်စ္ခင္ေအာင္ လိုက္ေလ်ာျခင္းခံရ၍ျဖစ္ေစ၊ တံစိုးလက္ေဆာင္၊ လာဘ္ယူ၍ျဖစ္ေစ၊ မိမိ၏ တာ၀န္၀တၱရား ကိုယ္က်င့္တရားတို႕မွ တိမ္းေစာင္းခြ်တ္ေခ်ာ္ကာ မျပဳသင့္ မျပဳအပ္သည္ကို ျပဳျခင္းပင္ ျဖစ္ပါသည္။

(၂) ေဒါသ ဂတိ

ေဒါသ ဂတိဟူသည္ မုန္းတီးျခင္း၊ ရန္ျငိဳးထားျခင္း၊ အာဃာတထားျခင္းအေပၚ အေျခခံလ်က္ မိမိျပဳလုပ္ရမည့္ အရာတြင္ သမာသမတ္မရွိဘဲ အညီအညြတ္ က်င့္ရမည့္ တရားထံုးတမ္းမွ တိမ္းေစာင္း လမ္းေခ်ာ္သြားျခင္း ျဖစ္သည္။

(၃) ေမာဟ ဂတိ

ေမာဟ ဂတိဟူသည္ “အမွန္ႏွင့္ အမွား” “အေကာင္းႏွင့္ အဆိုး” “အက်ိဳးႏွင့္ အျပစ္” “သမၼာႏွင့္ မိစာၦ” ခြဲျခားေ၀ဖန္ စိစစ္ဥာဏ္ ကင္းမဲ့ေသာေၾကာင့္ တာ၀န္၀တၱရားႏွင့္အညီ ေျဖာင့္မတ္စြာ မေဆာင္ရြက္ျခင္းပင္ ျဖစ္ပါသည္။

(၄) ဘယ ဂတိ

ဘယ ဂတိဟူသည္ အေၾကာက္တရား၏ ဖိစီးႏွိပ္စက္မႈေၾကာင့္ လူ႕အားမာန္၊ လူ႕သတိၱ ကင္းမဲ့လ်က္ တိုက္ရိုက္ျဖစ္ေစ၊ သြယ္၀ုိက္၍ျဖစ္ေစ ျခိမ္းေျခာက္အက်ပ္ကိုင္သူ “အဓမၼ၀ါဒီ အင္အားစု”တို႕၏ အလိုက် အမွန္တရားမွ ကင္းကြာလ်က္ ေဆာင္ရြက္ျခင္းပင္ ျဖစ္ပါသည္။

(Unicode)

အဂတိတရားလေးပါးမှာ

(၁) ဆန္ဒာ ဂတိ

(၂) ဒေါသ ဂတိ

(၃) မောဟ ဂတိ

(၄) ဘယ ဂတိတို့ဖြစ်ပါ၏။

(၁) ဆန္ဒာ ဂတိ

ဆန္ဒာ ဂတိဟူသည် ဆွေမျိုးတော်စပ်၍ဖြစ်စေ၊ ရင်းနှီးခင်မင် အကျွမ်းဝင်၍ဖြစ်စေ၊ ချစ်ခင်အောင် လိုက်လျောခြင်းခံရ၍ဖြစ်စေ၊ တံစိုးလက်ဆောင်၊ လာဘ်ယူ၍ဖြစ်စေ၊ မိမိ၏ တာဝန်ဝတ္တရား ကိုယ်ကျင့်တရားတို့မှ တိမ်းစောင်းချွတ်ချော်ကာ မပြုသင့် မပြုအပ်သည်ကို ပြုခြင်းပင် ဖြစ်ပါသည်။

(၂) ဒေါသ ဂတိ

ဒေါသ ဂတိဟူသည် မုန်းတီးခြင်း၊ ရန်ငြိုးထားခြင်း၊ အာဃာတထားခြင်းအပေါ် အခြေခံလျက် မိမိပြုလုပ်ရမည့် အရာတွင် သမာသမတ်မရှိဘဲ အညီအညွတ် ကျင့်ရမည့် တရားထုံးတမ်းမှ တိမ်းစောင်း လမ်းချော်သွားခြင်း ဖြစ်သည်။

(၃) မောဟ ဂတိ

မောဟ ဂတိဟူသည် “အမှန်နှင့် အမှား” “အကောင်းနှင့် အဆိုး” “အကျိုးနှင့် အပြစ်” “သမ္မာနှင့် မိစ္ဆာ” ခွဲခြားဝေဖန် စိစစ်ဉာဏ် ကင်းမဲ့သောကြောင့် တာဝန်ဝတ္တရားနှင့်အညီ ဖြောင့်မတ်စွာ မဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။

(၄) ဘယ ဂတိ

ဘယ ဂတိဟူသည် အကြောက်တရား၏ ဖိစီးနှိပ်စက်မှုကြောင့် လူ့အားမာန်၊ လူ့သတ္တိ ကင်းမဲ့လျက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခြိမ်းခြောက်အကျပ်ကိုင်သူ “အဓမ္မဝါဒီ အင်အားစု”တို့၏ အလိုကျ အမှန်တရားမှ ကင်းကွာလျက် ဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *