သတင္း

ဆီပူ၊ ေရေႏြးပူေလာင္ျခင္းအတြက္ အစြမ္းထက္ေဆးနည္းတစ္လက္

(Zawgyi)

ဆီပူ၊ ေရေႏြးပူေလာင္ခဲ့လွ်င္

အိမ္ရွင္မမ်ားအဖို႕ မိသားစုစားေသာက္ဖို႕ရာ ေၾကာ္ေလွာ္ခ်က္ျပဳတ္ရာတြင္ အခန္႕မသင့္လွ်င္ ဆီပူ၊ ေရေႏြးပူေလာင္တတ္ၾကပါသည္။ ပြက္ပြက္ဆူေနေသာ ဆီအတြင္းသို႕ ေရစက္မ်ားက်လွ်င္လည္း ဆီပူစင္ကာ မ်က္ႏွာ္တြင္လည္းေကာင္း၊ လက္တြင္လည္းေကာင္း ဆီပူမ်ားေလာင္ကာ ထြန္႕ထြန္႕လူးေလာက္ေအာင္ ေ၀ဒနာခံစားရပါသည္။ ဆီပူပဲေလာင္ေလာာင္၊ ေရေႏြးပူပဲ ေလာင္ေလာင္ အခံရခက္ကာ မၾကာခင္မွာပင္ အရည္ၾကည္အဖုမ်ား တည္လာတတ္ပါသည္။

ထုိကဲ့သို႕ ဆီပူ၊ ေရေႏြးပူေလာင္ခဲ့ပါက သက္သာေပ်ာက္ကင္းေအာင္ မည္ကဲ့သို႕ ျပဳလုပ္မည္နည္း။ နည္းသိလွ်င္ မခက္ပါ။


ဆီပူေသာ္လည္းေကာင္း၊ ေရေႏြးပူေသာ္လည္းေကာင္း အေလာင္ခံရပါက ကြမ္းရြက္စိမ္းမ်ားကို ရႏိုင္သေလာက္ရွာပါ။ ရလာလွ်င္ အရည္ရေအာင္ ညွစ္ပါ။ ထိုကြမ္းရြက္စိမ္းရည္ႏွင့္ အုန္းဆီစစ္စစ္ကို သမေအာင္ ေရာေမႊျပီး အနာေပၚသို႕ ဂြမ္းစျဖင့္လည္းေကာင္း၊ ၾကက္ေမႊးေတာင္သန္႕သန္႕ျဖင့္လည္းေကာင္း ျဖည္းညင္းစြာ ဆြတ္လိမ္းေပးပါ။ ထိုသို႕ျပဳလုပ္ေပးျခင္းျဖင့္ အဖုအပိမ့္မ်ား ထလာျခင္းမရွိေတာ့ဘဲ အသားေရမွာ စပ္ဖ်ဥ္းမျဖစ္ေတာ့။ မၾကာခင္မွာပင္ ေ၀ဒနာသက္သာ ေပ်ာက္ကင္းသြားပါလိမ့္မည္။

မူရင္း – သုေတသီဆရာျငိမ္း

(Unicode)

ဆီပူ၊ ရေနွေးပူလောင်ခဲ့လျှင်

အိမ်ရှင်မများအဖို့ မိသားစုစားသောက်ဖို့ရာ ကြော်လှော်ချက်ပြုတ်ရာတွင် အခန့်မသင့်လျှင် ဆီပူ၊ ရေနွေးပူလောင်တတ်ကြပါသည်။ ပွက်ပွက်ဆူနေသော ဆီအတွင်းသို့ ရေစက်များကျလျှင်လည်း ဆီပူစင်ကာ မျက်နှာ်တွင်လည်းကောင်း၊ လက်တွင်လည်းကောင်း ဆီပူများလောင်ကာ ထွန့်ထွန့်လူးလောက်အောင် ဝေဒနာခံစားရပါသည်။ ဆီပူပဲလောင်လောာင်၊ ရေနွေးပူပဲ လောင်လောင် အခံရခက်ကာ မကြာခင်မှာပင် အရည်ကြည်အဖုများ တည်လာတတ်ပါသည်။

ထိုကဲ့သို့ ဆီပူ၊ ရေနွေးပူလောင်ခဲ့ပါက သက်သာပျောက်ကင်းအောင် မည်ကဲ့သို့ ပြုလုပ်မည်နည်း။ နည်းသိလျှင် မခက်ပါ။

ဆီပူသော်လည်းကောင်း၊ ရေနွေးပူသော်လည်းကောင်း အလောင်ခံရပါက ကွမ်းရွက်စိမ်းများကို ရနိုင်သလောက်ရှာပါ။ ရလာလျှင် အရည်ရအောင် ညှစ်ပါ။ ထိုကွမ်းရွက်စိမ်းရည်နှင့် အုန်းဆီစစ်စစ်ကို သမအောင် ရောမွှေပြီး အနာပေါ်သို့ ဂွမ်းစဖြင့်လည်းကောင်း၊ ကြက်မွှေးတောင်သန့်သန့်ဖြင့်လည်းကောင်း ဖြည်းညင်းစွာ ဆွတ်လိမ်းပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် အဖုအပိမ့်များ ထလာခြင်းမရှိတော့ဘဲ အသားရေမှာ စပ်ဖျဉ်းမဖြစ်တော့။ မကြာခင်မှာပင် ဝေဒနာသက်သာ ပျောက်ကင်းသွားပါလိမ့်မည်။

မူရင်း – သုတေသီဆရာငြိမ်း

Leave a Reply

Your email address will not be published. Required fields are marked *