သတင္း

အင်းလေးဒေသထွက် တစ်ထည်လျှင် သိန်း၃၀ကျော်ပေါက်ကြေးတန်ဖိုးရှိသော ပဒုမ္မာကြာသင်္ကန်းအကြောင်းအပြည့်အစုံ ဗဟုသုတ

(Zawgyi)

ပဒုမၼာၾကာသကၤန္းဆိုသည္မွာ ေရကန္မ်ားတြင္ ရွင္သန္ဖူးပြင့္ၾကေသာ ပဒုမၼာၾကာပင္မွ ၾကာရိုးမ်ားကို ခူးဆြတ္၍ ခ်ည္မွ်င္ထုတ္ယူျပီး ရက္လုပ္ရသည့္ သကၤန္းျဖစ္သည္။

ျမန္မာႏိုုင္ငံတြင္ ပဒုမၼာၾကာပန္းမ်ားကို ရွမ္းျပည္ေတာင္ပိုင္း၊ ေညာင္ေရႊျမိဳ႕နယ္ရွိ အင္းေလးကန္ထဲတြင္ ေပါမ်ားစြာ ေတြ႕ရသည္။ အင္းေလးေဒသရွိ အင္းယားေက်းရြာအုပ္စုမွ စတင္တီထြင္ရက္လုပ္ခဲ့သည္မွာ ႏွစ္၁၀၀ခန္႕ ရွိခဲ့ေပျပီ။

ပဒုမၼာၾကာရိုးသည္ ငါးေပခန္႕ရွည္ျပီး ၾကာရိုးထဲမွ ၾကာမွ်င္မ်ားကို ထုတ္ယူရသည္။ ခူးဆြတ္ထားေသာ ၾကာရိုးမ်ားမွ တစ္ရက္ ႏွစ္ရက္အတြင္း ခ်ည္မွ်င္ထုတ္ယူးျပီး ေနပူလွန္းရသည္။ ၾကာခ်ည္မွ်င္မ်ားကို ခ်ည္က်စ္ျပီး ေလွ်ာ္ဖြပ္ျခင္း၊ ဗိုင္းငင္ျခင္း၊ ရက္ကန္းရက္ျခင္း စသည္ျဖင့္ ရက္လုပ္မႈ အစီအစဥ္အတိုင္း လုပ္ေဆာင္ရသည္။
ပဒုမၼာၾကာသကၤန္း ပိတ္စမွာ အနံတစ္ေထာင့္ထြာ(၂၇လက္မ)ႏွင့္ အလ်ား ၁၀ကိုက္ရွိသည္။ ေနာက္တစ္မ်ိဳးမွာ အလ်ား ၁၅ကိုက္ရွိျပီး ၾကာခ်ည္ေရာင္၊ သစ္ေခါက္ဆိုးရည္ စသည္ျဖင့္ ေအာ္ဒါမွာယူၾကသည္။ ၾကာသကၤန္းမ်ားကို ၀ယ္ယူျခင္း၊ ေအာ္ဒါရက္လုပ္ခိုင္းျခင္းျဖင့္ ဘုရားဆင္းတုေတာ္မ်ားႏွင့္ ဘုန္းၾကီးမ်ားကို ကပ္လွဴၾကသည္။

ပဒုမၼာၾကာသကၤန္းသည္ တန္ဖိုးၾကီးလွသျဖင့္ မိမိတို႕ၾကည္ညိဳေသာ ရဟန္းသံဃာမ်ားႏွင့္ ဘုရားဆင္းတုေတာ္မ်ားအား အထြတ္အျမတ္ထားကာ လွဴဒါန္းၾကသည္။ ပဒုမၼာၾကာသကၤန္းတစ္ထည္လွ်င္ ၁၀သိန္းမွ သိန္း၃၀အထိ တန္ဖိုးရွိသည္။

ပဒုမၼာၾကာသကၤန္းတစ္စံု တန္ဖိုးၾကီးျမင့္ရျခင္းမွာ လက္မႈပစၥည္းစစ္စစ္ျဖစ္ျခင္း၊ ကုန္ၾကမ္းပစၥည္းရွားပါးျခင္း၊ ပဒုမၼာၾကာရိုးမွာ တစ္ႏွစ္လွ်င္ ဇြန္လမွ ႏို၀င္ဘာလအထိ ေျခာက္လခန္႕သာ ရရွိႏိုင္ျခင္း၊ ၾကာရိုးေခ်ာင္းေရ ၁၀၀၀မွ ၾကာခ်ည္ ၁က်ပ္သားခန္႕သာ ရရွိျခင္းတို႕ေၾကာင့္ တန္ဖိုးၾကီးမားျခင္းျဖစ္သည္။ ထင္ရွားေသာ အခ်က္မွာ ၾကာသကၤန္းတစ္ထည္ရရွိရန္ ၾကာရိုးေပါင္း သိန္းဂဏန္းေက်ာ္မွ် အသံုးခ်ရျခင္းေၾကာင့္ ရွားပါးကုန္ပစၥည္းျဖစ္၍ တန္ဖိုးၾကီးမားေနျခင္း ျဖစ္သည္။

မူရင္း – ေနဘုန္းေ၀

မသိမျဖစ္ ျမန္မာ့ဗဟုသုတ ၁၀၀ မွ ေဖာ္ျပပါသည္။

(Unicode)

ပဒုမ္မာကြာသင်္ကန်းဆိုသည်မှာ ရေကန်များတွင် ရှင်သန်ဖူးပွင့်ကြသော ပဒုမ္မာကြာပင်မှ ကြာရိုးများကို ခူးဆွတ်၍ ချည်မျှင်ထုတ်ယူပြီး ရက်လုပ်ရသည့် သင်္ကန်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပဒုမ္မာကြာပန်းများကို ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ထဲတွင် ပေါများစွာ တွေ့ရသည်။ အင်းလေးဒေသရှိ အင်းယားကျေးရွာအုပ်စုမှ စတင်တီထွင်ရက်လုပ်ခဲ့သည်မှာ နှစ်၁၀၀ခန့် ရှိခဲ့ပေပြီ။

ပဒုမ္မာကြာရိုးသည် ငါးပေခန့်ရှည်ပြီး ကြာရိုးထဲမှ ကြာမျှင်များကို ထုတ်ယူရသည်။ ခူးဆွတ်ထားသော ကြာရိုးများမှ တစ်ရက် နှစ်ရက်အတွင်း ချည်မျှင်ထုတ်ယူးပြီး နေပူလှန်းရသည်။ ကြာချည်မျှင်များကို ချည်ကျစ်ပြီး လျှော်ဖွပ်ခြင်း၊ ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်း စသည်ဖြင့် ရက်လုပ်မှု အစီအစဉ်အတိုင်း လုပ်ဆောင်ရသည်။
ပဒုမ္မာကြာသင်္ကန်း ပိတ်စမှာ အနံတစ်ထောင့်ထွာ(၂၇လက်မ)နှင့် အလျား ၁၀ကိုက်ရှိသည်။ နောက်တစ်မျိုးမှာ အလျား ၁၅ကိုက်ရှိပြီး ကြာချည်ရောင်၊ သစ်ခေါက်ဆိုးရည် စသည်ဖြင့် အော်ဒါမှာယူကြသည်။ ကြာသင်္ကန်းများကို ဝယ်ယူခြင်း၊ အော်ဒါရက်လုပ်ခိုင်းခြင်းဖြင့် ဘုရားဆင်းတုတော်များနှင့် ဘုန်းကြီးများကို ကပ်လှူကြသည်။

ပဒုမ္မာကြာသင်္ကန်းသည် တန်ဖိုးကြီးလှသဖြင့် မိမိတို့ကြည်ညိုသော ရဟန်းသံဃာများနှင့် ဘုရားဆင်းတုတော်များအား အထွတ်အမြတ်ထားကာ လှူဒါန်းကြသည်။ ပဒုမ္မာကြာသင်္ကန်းတစ်ထည်လျှင် ၁၀သိန်းမှ သိန်း၃၀အထိ တန်ဖိုးရှိသည်။

ပဒုမ္မာကြာသင်္ကန်းတစ်စုံ တန်ဖိုးကြီးမြင့်ရခြင်းမှာ လက်မှုပစ္စည်းစစ်စစ်ဖြစ်ခြင်း၊ ကုန်ကြမ်းပစ္စည်းရှားပါးခြင်း၊ ပဒုမ္မာကြာရိုးမှာ တစ်နှစ်လျှင် ဇွန်လမှ နိုဝင်ဘာလအထိ ခြောက်လခန့်သာ ရရှိနိုင်ခြင်း၊ ကြာရိုးချောင်းရေ ၁၀၀၀မှ ကြာချည် ၁ကျပ်သားခန့်သာ ရရှိခြင်းတို့ကြောင့် တန်ဖိုးကြီးမားခြင်းဖြစ်သည်။ ထင်ရှားသော အချက်မှာ ကြာသင်္ကန်းတစ်ထည်ရရှိရန် ကြာရိုးပေါင်း သိန်းဂဏန်းကျော်မျှ အသုံးချရခြင်းကြောင့် ရှားပါးကုန်ပစ္စည်းဖြစ်၍ တန်ဖိုးကြီးမားနေခြင်း ဖြစ်သည်။

မူရင်း – နေဘုန်းဝေ

မသိမဖြစ် မြန်မာ့ဗဟုသုတ ၁၀၀ မှ ဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *