သတင္း

မီးေလာင္၊ အပူေလာင္ျခင္းအတြက္ ေဆးနည္းစြမ္းတစ္လက္

(Zawgyi)
မီးေလာင္နာႏွင္႔ ပိန္းပင္အစြမ္း
တပ္မေတာ္သားတစ္ဦး ေတာမီးေလာင္ရာကႀကံခင္း မ်ားသို႔ မီးကူးစက္မည္စိုး၍ ၀ုိင္း၀န္းျငိမ္းသတ္ရာက ေတာမီးအရွိန္မီးေတာက္ဟပ္ျပီး လက္ျပင္ တစ္ခုလံုးျမင္မေကာင္းေအာင္ျဖစ္ေတာ့သည္။

ဘာလုပ္ေပးရမည္မသိျဖစ္ေနစဥ္ ရွမ္းအဖြားအိုတစ္ဦး ပိန္းရိုးပိန္းရြက္မ်ားခူးလာကာ ၾကိတ္ေခ်အရည္ညွစ္၍ မီးေလာင္နာ ေပၚသို႔ခ်ေပးေလသည္။ ပိန္းပင္၏ အရည္သည္ ပူျခင္းစပ္ျခင္းမရွိပါပဲ ေအးျမေသာအေတြ႔ ကိုခံစားရသည္ဆိုသည္။

ထိုေနာက္ပိန္းရိုး၊ပိန္းရြက္ညွစ္ရည္မ်ားကို အသာတင္အံုျပိး အ၀တ္ဖြဖြစည္းေပးခဲ႔ေလသည္။ေန႔စဥ္ ပိန္းရိုး၊ပိန္းရြက္ သတၱဳရည္ကိုမီးေလာင္နာတြင္ထည့္ေပးျခင္းႏွင့္ အံုစည္း ေပးျခင္းကို(၄)ရက္ဆက္တိုက္ျပဳလုပ္ေပးေလရာ မီးေလာင္ နာမွာလက္ျပင္တစ္ခုလံုး ဖူးေယာင္ညိဳမဲ ေသြးသံရဲရဲမွ အနာေဖးတက္ျပီး ျဖဴသြားကာေပ်ာက္ကင္းသြားပါေတာ့သည္။

ရွမ္းအဖြားအိုေျပာျပသည္မွာ ေမာရွမ္းတို႔၏ေဆးနည္းျဖစ္ျပီး မီးေလာင္၊အပူေလာင္ အနာတရမ်ား၊ ရုတ္တစ္ရက္ထိခိုက္ ဒဏ္ရာရပါက ပိန္းပင္မွညွစ္ရည္သည္ အစြမ္းထက္လွသည္ဆိုသည္။ ပိုျပီးအစြမ္းထက္သည္မွာ “ပိန္းနက္ပင္” ျဖစ္သည္ဟုလည္းဆိုပါသည္။

လိုသူတို႔သံုး စိတ္ႏွလံုးရႊင္ျပံဳးနိုင္ပါေစ…

Credit – ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

(Unicode)
မီးလောင်နာနှင့် ပိန်းပင်အစွမ်း
တပ်မတော်သားတစ်ဦး တောမီးလောင်ရာက ကြံခင်းများသို့ မီးကူးစက်မည်စိုး၍ ဝိုင်းဝန်းငြိမ်းသတ်ရာက တောမီးအရှိန်မီးတောက်ဟပ်ပြီး လက်ပြင် တစ်ခုလုံး မြင်မကောင်းအောင်ဖြစ်တော့သည်။

ဘာလုပ်ပေးရမည်မသိ ဖြစ်နေစဉ် ရှမ်းအဖွားအိုတစ်ဦး ပိန်းရိုးပိန်းရွက်များ ခူးလာကာ ကြိတ်ချေအရည်ညှစ်၍ မီးလောင်နာပေါ်သို့ ချပေးလေသည်။ ပိန်းပင်၏ အရည်သည် ပူခြင်းစပ်ခြင်းမရှိပါပဲ အေးမြသောအတွေ့ကို ခံစားရသည်ဆိုသည်။

ထိုနောက် ပိန်းရိုး၊ ပိန်းရွက်ညှစ်ရည်များကို အသာတင်အုံပြိး အဝတ်ဖွဖွ စည်းပေးခဲ့လေသည်။ နေ့စဉ် ပိန်းရိုး၊ ပိန်းရွက် သတ္တုရည်ကို မီးလောင်နာတွင် ထည့်ပေးခြင်းနှင့် အုံစည်းပေးခြင်းကို (၄)ရက်ဆက်တိုက် ပြုလုပ်ပေးလေရာ မီးလောင်နာမှာ လက်ပြင်တစ်ခုလုံး ဖူးယောင်ညိုမဲ သွေးသံရဲရဲမှ အနာဖေးတက်ပြီး ဖြူသွားကာ ပျောက်ကင်းသွားပါတော့သည်။

ရှမ်းအဖွားအိုပြောပြသည်မှာ မောရှမ်းတို့၏ဆေးနည်းဖြစ်ပြီး မီးလောင်၊ အပူလောင် အနာတရများ၊ ရုတ်တစ်ရက်ထိခိုက်ဒဏ်ရာရပါက ပိန်းပင်မှ ညှစ်ရည်သည် အစွမ်းထက်လှသည်ဆိုသည်။ ပိုပြီးအစွမ်းထက်သည်မှာ “ပိန်းနက်ပင်” ဖြစ်သည်ဟုလည်းဆိုပါသည်။

လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ…

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *