သတင်း

တောင်ကြီးမြို့တွင် (၆၉)နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကျင်းပ

တောင်ကြီးမြို့တွင် (၆၉)နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကျင်းပ

==================
==================

မြန်မာသက္ကရာဇ် ၁၃၇၉ တပေါင်းလပြည့်တွင် ကျရောက်သည့် (၆၉)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို မတ်လ ၁ ရက်နံနက်က တောင်ကြီးမြို့တွင် ကျင်းပရာ ပအိုဝ်းတိုင်းရင်းသူ၊ တိုင်းရင်း သား တစ်သောင်းကျော် ပါဝင် ဆင်နွှဲခဲ့သည်။

တောင်ကြီးမြို့ ဗိုလ်ချုပ် လမ်းတစ်လျှောက် ပအိုဝ်းတိုင်း ရင်းသူ၊ တိုင်းရင်းသား လူအင် အားတစ်သောင်းကျော်က လှူ ဖွယ်ပစ္စည်း၊ ကထိန်ပဒေသာပင် ၃,၅၀၀ ကျော်နှင့်အတူ စီတန်း လှည့်လည်ခဲ့ပြီး တောင်ကျောင်း ကြီး ပရိယတ္တိစာသင်တိုက်သို့ လှူ ဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ‘‘ရိုးရာယဉ်ကျေးမှု မပပျောက်စေဖို့ အလှူအတန်း ရက်ရောမှုနဲ့အတူ ကိုယ့်အမျိုး သားနေ့ကို မျိုးဆက်သစ်တွေဆီ လက်ဆင့်ကမ်းဖို့ လုပ်ဆောင် ရခြင်းဖြစ်တယ်’’ဟု ပဒေသာပင် စီတန်းလှည့်လည်ရာတွင် ပါဝင် သည့် ဦးခွန်မောင်စိုးက ပြော သည်။ (၆၉)နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့တွင် ကထိန်ပဒေ သာပင် ၃,၅၀၀ ကျော်နှင့် ရှမ်း ပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အနယ်နယ်အရပ်ရပ်မှ ပအိုဝ်း တိုင်းရင်းသား တစ်သောင်းကျော် လာရောက်ပူးပေါင်း ပါဝင်ကြောင်း စီတန်းလှည့်လည်ရာ၌ ပါဝင် သည့် ပအိုဝ်းတိုင်းရင်းသားအချို့ က ခန့်မှန်းပြောကြားသည်။

(၆၉)နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားသို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါဝင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက သဝဏ်လွှာများ ပေးပို့ခဲ့ကြောင်း ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်း(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

(၆၉)နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကို ကံကြီးရပ်ကွက်ရှိ ဘက်စုံအား ကစားကွင်း၌ ညပိုင်းတွင် ဖျော် ဖြေရေးအစီအစဉ်များ၊ ပအိုဝ်း တိုင်းရင်းသားရိုးရာအကများဖြင့် ကပြနေသည်။

===========

7Day News Journal

 

Leave a Reply

Your email address will not be published. Required fields are marked *