သတင္း

မွကၡရု၊ အင္ျပင္၊ ႏွင္းခူ၊ ဆီးေရာဂါမ်ားႏွင့္ မင္းကြတ္သီး၏သတိၱ

(Zawgyi)

မင္းကြတ္သီးနဲ႔ က်န္းမာေရးအစြမ္း

မင္းကြတ္သီးသည္ အပူပိုင္း ေဒသထြက္ သီးႏွံတစ္မ်ိဳး ျဖစ္သည္။ ပူအိုက္စြတ္စိုေသာ ရာသီဥတု ရွိသည့္ ထိုင္း၊ မေလးရွား၊ စင္ကာပူ၊ ဗီယက္နမ္၊ အင္ဒိုနီးရွားႏွင့္ ျမန္မာႏိုင္ငံတို႔တြင္ မင္းကြတ္ပင္မ်ား ရွင္သန္ေပါက္ေရာက္ပါတယ္။

ေရွးပေဝသဏီ ကတည္းကပင္ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားတြင္ မင္းကြတ္သီးအခြံကို ေဆးဝါးအျဖစ္ အသုံးျပဳခဲ့ၾကၿပီး ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါအတြက္ မင္းကြတ္သီးအခြံကို ေရတြင္ တစ္ညစိမ္၍ ယင္းစိမ္ရည္အား ေသာက္သုံးျခင္းျဖင့္ ေပ်ာက္ကင္းသည္ဟု ယုံၾကည္စြာ သုံးစြဲခဲ့ၾကပါတယ္။

မင္းကြတ္သီးအခြံအား ခပ္ပါးပါးလွီး၍ ေနလွန္း အေျခာက္ခံကာ လက္ဖက္ေျခာက္ကဲ့သို႔ ေရေႏြးတြင္ခပ္၍ ေသာက္ျခင္းျဖင့္ ဆီးေရာဂါႏွင့္ ဂႏိုက်သည့္ ေရာဂါမ်ားအား သက္သာ ေပ်ာက္ကင္းတယ္လို႔ လက္ခံသုံးစြဲခဲ့ၾကပါတယ္။

အျခားေသာ ေရာဂါမ်ားအတြက္လည္း မင္းကြက္သီး အခြံကို ေဆးဝါးအျဖစ္ အသုံးျပဳရာတြင္ အေရျပားႏွင့္ဆိုင္ေသာ ေရာဂါမ်ား ျဖစ္ၾကသည့္ မွက္ခ႐ု၊ ႏွင္းခူ စသည့္ အနာမ်ား၊ ခႏၶာကိုယ္ အေရျပားေပၚတြင္ အနီ အစက္အေျပာက္ကေလးမ်ား ေပၚလာတတ္သည့္ မိတ္ထြက္ျခင္းႏွင့္ အင္ျပင္ ေရာဂါတို႔ အတြက္လည္း လိမ္းေဆးအျဖစ္ အသုံးျပဳတတ္ၾကၿပီး မင္းဂြတ္သီးအခြံဟာ ကင္ဆာေပ်ာက္ေစတဲ့ ေဆးအျဖစ္ အလြန္ နာမည္ေက်ာ္ၾကားလာခဲ့ပါတယ္။

ဓာတ္ခြဲခန္းတြင္ စမ္းသပ္ေတြ႕ရွိခ်က္အရ မင္းကြတ္သီးအခြံတြင္ ဇန္သုန္း (Xanthones) ေခၚ ဓာတုျဒပ္ေပါင္းတစ္မ်ိဳး ပါရွိေၾကာင္း သိရွိရၿပီး ဓာတုျဒပ္ေပါင္းသည္ အဏုဇီဝပိုးမ်ားႏွင့္ မႈိေရာဂါပိုးမ်ားကို ေသေစႏိုင္စြမ္း သတၱိရွိၿပီး အနာမရင္းေစရန္ ပိုးသတ္ေဆးကဲ့သို႔လည္း အသုံးဝင္ပါတယ္။ ဒါ့အျပင္ ဓာတုျဒပ္ေပါင္းသည္ သဘာဝအေလ်ာက္ ေသြးေၾကာပိတ္ဆို႔မႈအားလည္း ဟန႔္တားႏိုင္စြမ္း ရွိၿပီး အသက္ႀကီးသူမ်ားတြင္ အျဖစ္မ်ားေသာ ႐ိုးဆက္ယိုယြင္း ေရာင္ရမ္းျခင္း ေရာဂါအား သက္သာ ေပ်ာက္ကင္း ေစႏိုင္ပါတယ္။

ယခုအခါ ႏိုင္ငံတခ်ိဳ႕တြင္ မင္းကြတ္သီးအား ေဖ်ာ္ရည္အျဖစ္ ျပဳလုပ္ၿပီး (Xango Juice) ဟူ၍ အမည္တပ္ကာ ေရာင္းခ်လ်က္ရွိသည္။ လူအမ်ားကလည္း ယင္းအား က်န္းမာေရး အေထာက္အကူျပဳ ေဖ်ာ္ရည္အျဖစ္ ေသာက္သုံးၾကပါတယ္။ မင္းကြတ္သီး အခြံတြင္ တန္နင္း (Tannins) ေခၚ ဓာတုျဒပ္ေပါင္း တစ္မ်ိဳးလည္း ပါရွိသျဖင့္ ယင္းဓာတုျဒပ္ေပါင္းသည္ ဝမ္းပ်က္ ဝမ္းေလွ်ာ ေရာဂါအား သက္သာေပ်ာက္ကင္းေစႏိုင္ေသာ္လည္း အျခားေရာဂါမ်ားအနက္ တစ္စုံတစ္ရာေသာ ေရာဂါ ေပ်ာက္ကင္းေၾကာင္းကိုမူ သိပၸံနည္းက် သုေတသန ျပဳလုပ္၍ ေလ့လာထားရွိျခင္းမ်ိဳးကား ယေန႔ အခ်ိန္ထိ မရွိ ေသးပါ။

သို႔ေသာ္ ေရွး အစဥ္အလာအရ သုံးစြဲ လာခဲ့ၾကသည့္အတြက္ လူအမ်ားက မင္းကြတ္သီးကို ေဆးဖက္ဝင္ သီးႏွံတစ္မ်ိဳးအျဖစ္ လက္ခံ ယုံၾကည္ကာ သုံးစြဲလ်က္ ရွိၾကပါတယ္။ သတိျပဳရမွာကေတာ့ မင္းကြတ္သီးကို ႏို႔ရည္၊ သၾကားတို႔ႏွင့္ တြဲဖက္မစားသင့္ပါ။

Credit-Myawaddy news

(Unicode)

မင်းကွတ်သီးနဲ့ ကျန်းမာရေးအစွမ်း

မင်းကွတ်သီးသည် အပူပိုင်း ဒေသထွက် သီးနှံတစ်မျိုး ဖြစ်သည်။ ပူအိုက်စွတ်စိုသော ရာသီဥတု ရှိသည့် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အင်ဒို နီးရှားနှင့် မြန်မာနိုင်ငံတို့တွင် မင်းကွတ်ပင်များ ရှင်သန်ပေါက်ရောက်ပါတယ်။

ရှေးပဝေသဏီ ကတည်းကပင် အရှေ့တောင်အာရှ နိုင်ငံများတွင် မင်းကွတ်သီးအခွံကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပြီး ဝမ်းပျက်ဝမ်းလျှော ရောဂါအတွက် မင်းကွတ်သီးအခွံကို ရေတွင် တစ်ညစိမ်၍ ယင်းစိမ်ရည်အား သောက်သုံးခြင်းဖြင့် ပျောက်ကင်းသည်ဟု ယုံကြည်စွာ သုံးစွဲခဲ့ကြပါတယ်။

မင်းကွတ်သီးအခွံအား ခပ်ပါးပါးလှီး၍ နေလှန်း အခြောက်ခံကာ လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင်ခပ်၍ သောက်ခြင်းဖြင့် ဆီးရောဂါနှင့် ဂနိုကျသည့် ရောဂါများအား သက်သာ ပျောက်ကင်းတယ်လို့ လက်ခံသုံးစွဲခဲ့ကြပါတယ်။

အခြားသော ရောဂါများအတွက်လည်း မင်းကွက်သီး အခွံကို ဆေးဝါးအဖြစ် အသုံးပြုရာတွင် အရေပြားနှင့်ဆိုင်သော ရောဂါများ ဖြစ်ကြသည့် မှက်ခရု၊ နှင်းခူ စသည့် အနာများ၊ ခန္ဓာကိုယ် အရေပြားပေါ်တွင် အနီ အစက်အပြောက်ကလေးများ ပေါ်လာတတ်သည့် မိတ်ထွက်ခြင်းနှင့် အင်ပြင် ရောဂါတို့ အတွက်လည်း လိမ်းဆေးအဖြစ် အသုံးပြုတတ်ကြပြီး မင်းဂွတ်သီးအခွံဟာ ကင်ဆာပျောက်စေတဲ့ ဆေးအဖြစ် အလွန် နာမည်ကျော်ကြားလာခဲ့ပါတယ်။

ဓာတ်ခွဲခန်းတွင် စမ်းသပ်တွေ့ရှိချက်အရ မင်းကွတ်သီးအခွံတွင် ဇန်သုန်း (Xanthones) ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုး ပါရှိကြောင်း သိရှိရပြီး ဓာတုဒြပ်ပေါင်းသည် အဏုဇီဝပိုးများနှင့် မှိုရောဂါပိုးများကို သေစေနိုင်စွမ်း သတ္တိရှိပြီး အနာမရင်းစေရန် ပိုးသတ်ဆေးကဲ့သို့လည်း အသုံးဝင်ပါတယ်။ ဒါ့အပြင် ဓာတုဒြပ်ပေါင်းသည် သဘာဝအလျောက် သွေးကြောပိတ်ဆို့မှုအားလည်း ဟန့်တားနိုင်စွမ်း ရှိပြီး အသက်ကြီးသူများတွင် အဖြစ်များသော ရိုးဆက်ယိုယွင်း ရောင်ရမ်းခြင်း ရောဂါအား သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။

ယခုအခါ နိုင်ငံတချို့တွင် မင်းကွတ်သီးအား ဖျော်ရည်အဖြစ် ပြုလုပ်ပြီး (Xango Juice) ဟူ၍ အမည်တပ်ကာ ရောင်းချလျက်ရှိသည်။ လူအများကလည်း ယင်းအား ကျန်းမာရေး အထောက်အကူပြု ဖျော်ရည်အဖြစ် သောက်သုံးကြပါတယ်။ မင်းကွတ်သီး အခွံတွင် တန်နင်း (Tannins) ခေါ် ဓာတုဒြပ်ပေါင်း တစ်မျိုးလည်း ပါရှိသဖြင့် ယင်းဓာတုဒြပ်ပေါင်းသည် ဝမ်းပျက် ဝမ်းလျှော ရောဂါအား သက်သာပျောက်ကင်းစေနိုင်သော်လည်း အခြားရောဂါများအနက် တစ်စုံတစ်ရာသော ရောဂါ ပျောက်ကင်းကြောင်းကိုမူ သိပ္ပံနည်းကျ သုတေသန ပြုလုပ်၍ လေ့လာထားရှိခြင်းမျိုးကား ယနေ့ အချိန်ထိ မရှိ သေးပါ။

သို့သော် ရှေး အစဉ်အလာအရ သုံးစွဲ လာခဲ့ကြသည့်အတွက် လူအများက မင်းကွတ်သီးကို ဆေးဖက်ဝင် သီးနှံတစ်မျိုးအဖြစ် လက်ခံ ယုံကြည်ကာ သုံးစွဲလျက် ရှိကြပါတယ်။ သတိပြုရမှာကတော့ မင်းကွတ်သီးကို နို့ရည်၊ သကြားတို့နှင့် တွဲဖက်မစားသင့်ပါ။

Credit- Myawaddy news

Leave a Reply

Your email address will not be published. Required fields are marked *