သတင္း

ေသြးေပါင္ က်တာကို ကာကြယ္ကုသဖို႔ နည္းလမ္းမ်ား

(Zawgyi)

ေသြးေပါင္ က်တာကို ကာကြယ္ကုသဖို႔ နည္းလမ္းမ်ား

ေသြးေပါင္ မၾကာခဏ က်တတ္သူလား။ ေသြးခ်ိန္လိုက္တိုင္း ေသြးေပါင္ခ်ိန္ ၉၀/၆၀ ေအာက္ အၿမဲရွိေနတတ္ရင္ေတာ့ ေသြးေပါင္ က်တတ္သူေတြထဲမွာ သင္ ပါဝင္ေနပါၿပီ။ ေသြးေပါင္က်တဲ့အခါ

● တရိပ္ရိပ္ မူးမယ္။

● ရင္တုန္တယ္။

● မ်က္လုံး မၾကည္ဘူး။

● မူးေဝ လဲၿပိဳမယ္။

ႏွလုံးေဆးဝါးေတြ ေသာက္ေနသူေတြ ကူးစက္ေရာဂါေတြ ေသြးဆိပ္တက္ေရာဂါ အာ႐ုံေၾကာေရာဂါ၊ ဝမ္းေလွ်ာေရာဂါ ခံစားေနရသူေတြမွာ အခန႔္မသင့္ရင္ ေသြးေပါင္ ထိုးက်တတ္ပါတယ္။ သက္ႀကီး႐ြယ္အိုေတြမွာ ထမင္းစားၿပီးတိုင္းေတာင္ ေသြးေပါင္က်တတ္ပါသတဲ့။

ေသြးေပါင္က်တတ္ရင္ ဒါေလးေတြ လုပ္ရမယ္ဆိုတာ သတိရေပးေနာ္။

● ေရေသာက္ပါ။ ေရႏွစ္ဖန္ခြက္ခန႔္ ဝဝေသာက္လိုက္ပါ၊ ဘာေရာဂါမွမဟုတ္ဘဲ ေရဓာတ္ ခန္းေျခာက္ေနတာ တစ္ခုတည္းနဲ႔တင္ ေသြးေပါင္က်တတ္လို႔ပါ။ အစာ မစားခင္ ေရေသာက္ပါ။

● အငန္ နည္းနည္း ပိုစားပါ။ ဆားေလးေလး,ေလး စားလိုက္ရင္လည္း ေသြးေပါင္ တည္ၿငိမ္လာတတ္ပါတယ္။ ဆားနဲ႔ တည့္၊ မတည့္ ဆရာဝန္နဲ႔ တိုင္ပင္ေနာ္။

● ထမင္းစားၿပီး ႏွစ္နာရီအတြင္း ေကာ္ဖီတစ္ခြက္ေလာက္ ေသာက္လိုက္တာက အသက္ႀကီးသူေတြမွာ ျဖစ္တတ္တဲ့ ေသြးေပါင္က်တာကို ကာကြယ္ႏိုင္ပါတယ္။

● နည္းနည္းနဲ႔ ခဏစားပါ။ တဝႀကီး မစားပါနဲ႔၊ မၾကာခဏစားပါ။ နည္းနည္းနဲ႔ အာဟာရျဖစ္မွာေလးေတြ ေ႐ြးခ်ယ္စားပါ။

● စားၿပီးတိုင္း ခဏအနားယူပါ။ စားၿပီး တစ္နာရီအတြင္း ဘယ္မွမသြား၊ မလႈပ္ရွားဘဲ ၿငိမ္ၿငိမ္ေလး ေနသင့္ပါတယ္။

● ေသြးေပါင္က်ခ်င္သလို တရိပ္ရိပ္ မူးလာတဲ့အခါ ေျခေထာက္ျမႇင့္ထားတာ၊ ေပါင္ေကြးထိုင္တာ၊ လက္ေကာက္ဝတ္ ေကြးတာ၊ ေျခမ ေကာ့တာေတြ လုပ္ၾကည့္ပါ။ ေျခေထာက္ေလးေတြကို ေကြးလိုက္၊ ဆန႔္လိုက္ လုပ္ၾကည့္တာကလည္း ထိေရာက္ပါတယ္။

● ေျခသလုံးနဲ႔ ေျခေခ်ာင္းေလးေတြအတြက္ အထူးထုတ္ ေျခစြပ္ေလးေတြ သုံးပါ။ ဖိႏွိပ္မႈေပး အထူးေျခစြပ္ Compression Stockings ေတြ မသုံးမီ ဆရာဝန္ကို ေမးပါ။

● အၾကာႀကီး မတ္တပ္မရပ္ပါနဲ႔။ မတတ္သာလို႔ ရပ္ရရင္ေတာ့ မၾကာခဏ ထိုင္လိုက္၊ ထလိုက္ လုပ္ၾကည့္လို႔ရပါတယ္။

ေသြးေပါင္က်တတ္သူေတြအတြက္ အာဟာရမွတ္စရာကေတာ့ –

● သစ္သီးေျခာက္

● ၾကက္သားစြပ္ျပဳတ္

● ဆိတ္စြပ္ျပဳတ္

● ပဲအမ်ိဳးမ်ိဳး

● သရက္သီး

● ငွက္ေပ်ာသီး

● ပန္းသီး

● စပ်စ္သီးေတြ ပိုမိုစားသုံးေပးဖို႔ လိုပါတယ္ေနာ္။

ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

Credit – drmyanmar.com

(Unicode)

သွေးပေါင် ကျတာကို ကာကွယ်ကုသဖို့ နည်းလမ်းများ

သွေးပေါင် မကြာခဏ ကျတတ်သူလား။ သွေးချိန်လိုက်တိုင်း သွေးပေါင်ချိန် ၉၀/၆၀ အောက် အမြဲရှိနေတတ်ရင်တော့ သွေးပေါင် ကျတတ်သူတွေထဲမှာ သင် ပါဝင်နေပါပြီ။ သွေးပေါင်ကျတဲ့အခါ …

● တရိပ်ရိပ် မူးမယ်။

● ရင်တုန်တယ်။

● မျက်လုံး မကြည်ဘူး။

● မူးဝေ လဲပြိုမယ်။

နှလုံးဆေးဝါးတွေ သောက်နေသူတွေ ကူးစက်ရောဂါတွေ သွေးဆိပ်တက်ရောဂါ အာရုံကြောရောဂါ၊ ဝမ်းလျှောရောဂါ ခံစားနေရသူတွေမှာ အခန့်မသင့်ရင် သွေးပေါင် ထိုးကျတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာ ထမင်းစားပြီးတိုင်းတောင် သွေးပေါင်ကျတတ်ပါသတဲ့။

သွေးပေါင်ကျတတ်ရင် ဒါလေးတွေ လုပ်ရမယ်ဆိုတာ သတိရပေးနော်။

● ရေသောက်ပါ။ ရေနှစ်ဖန်ခွက်ခန့် ဝဝသောက်လိုက်ပါ၊ ဘာရောဂါမှမဟုတ်ဘဲ ရေဓာတ် ခန်းခြောက်နေတာ တစ်ခုတည်းနဲ့တင် သွေးပေါင်ကျတတ်လို့ပါ။ အစာ မစားခင် ရေသောက်ပါ။

● အငန် နည်းနည်း ပိုစားပါ။ ဆားလေးလေး,လေး စားလိုက်ရင်လည်း သွေးပေါင် တည်ငြိမ်လာတတ်ပါတယ်။ ဆားနဲ့ တည့်၊ မတည့် ဆရာဝန်နဲ့ တိုင်ပင်နော်။

● ထမင်းစားပြီး နှစ်နာရီအတွင်း ကော်ဖီတစ်ခွက်လောက် သောက်လိုက်တာက အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ သွေးပေါင်ကျတာကို ကာကွယ်နိုင်ပါတယ်။

● နည်းနည်းနဲ့ ခဏစားပါ။ တဝကြီး မစားပါနဲ့၊ မကြာခဏစားပါ။ နည်းနည်းနဲ့ အာဟာရဖြစ်မှာလေးတွေ ရွေးချယ်စားပါ။

● စားပြီးတိုင်း ခဏအနားယူပါ။ စားပြီး တစ်နာရီအတွင်း ဘယ်မှမသွား၊ မလှုပ်ရှားဘဲ ငြိမ်ငြိမ်လေး နေသင့်ပါတယ်။

● သွေးပေါင်ကျချင်သလို တရိပ်ရိပ် မူးလာတဲ့အခါ ခြေထောက်မြှင့်ထားတာ၊ ပေါင်ကွေးထိုင်တာ၊ လက်ကောက်ဝတ် ကွေးတာ၊ ခြေမ ကော့တာတွေ လုပ်ကြည့်ပါ။ ခြေထောက်လေးတွေကို ကွေးလိုက်၊ ဆန့်လိုက် လုပ်ကြည့်တာကလည်း ထိရောက်ပါတယ်။

● ခြေသလုံးနဲ့ ခြေချောင်းလေးတွေအတွက် အထူးထုတ် ခြေစွပ်လေးတွေ သုံးပါ။ ဖိနှိပ်မှုပေး အထူးခြေစွပ် Compression Stockings တွေ မသုံးမီ ဆရာဝန်ကို မေးပါ။

● အကြာကြီး မတ်တပ်မရပ်ပါနဲ့။ မတတ်သာလို့ ရပ်ရရင်တော့ မကြာခဏ ထိုင်လိုက်၊ ထလိုက် လုပ်ကြည့်လို့ရပါတယ်။

သွေးပေါင်ကျတတ်သူတွေအတွက် အာဟာရမှတ်စရာကတော့ –

● သစ်သီးခြောက်

● ကြက်သားစွပ်ပြုတ်

● ဆိတ်စွပ်ပြုတ်

● ပဲအမျိုးမျိုး

● သရက်သီး

● ငှက်ပျောသီး

● ပန်းသီး

● စပျစ်သီးတွေ ပိုမိုစားသုံးပေးဖို့ လိုပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Credit – drmyanmar.com

Leave a Reply

Your email address will not be published. Required fields are marked *