သတင်း

“ဆာလရဲ့ ၄ဂိုးနဲ့ လီဗာပူးလ် ဂိုးပြတ်နိုင်တဲ့ ပရီးမီးယားလိဂ်”

“ဆာလရဲ့ ၄ဂိုးနဲ့ လီဗာပူးလ် ဂိုးပြတ်နိုင်တဲ့ ပရီးမီးယားလိဂ်”

လီဗာပူးလ် ၅-၀ ၀က်ဖို့ဒ်

FA Cup ကွာတားဖိုင်နယ်ပွဲတွေကြောင့် ပရီးမီးယားလိဂ် ၄ပွဲသာ ကစားခဲ့တဲ့ အထဲ လီဗာပူးလ်ကတော့ အိမ်ကွင်းမှာ ၀က်ဖို့ဒ်ကို ၅ဂိုးပြတ်နဲ့ နိုင်ပါတယ်။ လီဗာပူးလ်ဟာ ပွဲစကတည်းက တိုက်စစ်ဆင်ကစားခဲ့ပြီး စောစောစီးစီးပဲဦးဆောင်ဂိုးရခဲ့တာပါ။ ၄မိနစ်မှာ မာနေ ပေးတာကနေ ဆလာက တစ်ကိုယ်တော် အစွမ်းနဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၀က်ဖို့ဒ်ကတော့ တစ်ပွဲလုံး ခံစစ်မှာသာ အချိန်ကုန်နေခဲ့ပြီး ဂိုးထပ်မပေးရအောင် ကြိုးစားနေရပါတယ်။ လီဗာပူးလ်အတွက် ပထမပိုင်း ပြီးခါနီး အချိန်ပိုမှာ ဆာလက ရောင်ဘင်ဆင် ပေးတာကနေ နောက်ထပ် တစ်ဂိုးထပ်သွင်းလို့ ၂ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။ ၀က်ဖို့ဒ်ဟာ ဒုတိယပိုင်းမှာလည်း လီဗာပူးလ် တိုက်စစ်ကို မထိန်းနိုင်ဘဲ နောက်ထပ် ဂိုးတွေ ပေးခဲ့ရပါတယ်။ ၄၉မိနစ်မှာ ဖာမီနိုနဲ့ ၇၇၊ ၈၅မိနစ်မှာ ဆာလက နောက်ထပ် ၂ဂိုးသွင်းလို့ လီဗာပူးလ်က ၅ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြ ၄ဂိုးသွင်းခဲ့တဲ့ ဆာလကလည်း သူ့ရဲ့ ပရီးမီးယားလိဂ် ၂၈ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခြားပွဲတွေမှာတော့ အဲဗာတန်က စတုတ်စီးတီးကို ၂-၁ဂိုး၊ ပဲလေ့စ်က ဟတ်ဒါဖီးလ်တောင်းကို ၂-၀ဂိုးမရှိနဲ့ အဝေးကွင်းတွေမှာ နိုင်ခဲ့ပြီး ဘွန်းမောက်က သူ့ရဲ့ အိမ်ကွင်းမှာ ဇယားအောက်ဆုံးက ၀က်စ်ဘရွန်းကို ၂-၁ဂိုးနဲ့ နိုင်ခဲ့ကြပါတယ်။

“ပရီးမီးယားလိဂ် ရလဒ်များ”

ဘွန်းမောက် ၂-၁ ၀က်စ်ဘရွန်း
ဟတ်ဒါဖီးလ်တောင်း ၀-၂ ပဲလေ့စ်
စတုတ်စီးတီး ၁-၂ အဲဗာတန်
လီဗာပူးလ် ၅-၀ ၀က်ဖို့ဒ်

“အက်ဖ်အေကပ် ရလဒ်”

ဆွမ်ဆီး ၀-၃ တော့တင်ဟမ်ဟော့စပါး
မန်ချက်စတာယူနိုက်တက် – ဘရိုက်တန်

#ဘီဘီစီဲမြန်မာပိုင်း

Leave a Reply

Your email address will not be published. Required fields are marked *