သတင္း

မီးဖိုေခ်ာင္သုံးရွာလကာရည္ရဲ႕ အသုံးဝင္ပုံ အစြမ္းထက္နည္းလမ္း ၅ ခု

(Zawgyi)

မီးဖိုေခ်ာင္သုံးပစၥည္း ရွာလကာရည္ရဲ႕ အသုံးဝင္ပုံ နည္းလမ္း ၅ ခု

အိမ္တိုင္း အိမ္တိုင္းမွာရွိတဲ့ ရွာလကာရည္ဟာ မီးဖိုေခ်ာင္မွာ အသုံးမ်ားတဲ့ပစၥည္းတခု ျဖစ္ပါတယ္။ မီးဖိုေခ်ာင္သုံး ပစၥည္းျဖစ္တဲ့ ရွာလကာရည္မွာ တျခား အသုံးဝင္တဲ့ နည္းလမ္းေတြလည္း ရွိတာေၾကာင့္ ဗဟုသုတအေနနဲ႔ သိရွိႏိုင္ေအာင္ ေရးသားေဖာ္ျပလိုက္ပါတယ္။

(၁) အစြန္းအထင္းေတြ ခြၽတ္မယ္

အဝတ္အစားေတြမွာ အစြန္းအထင္းေတြ တခုခု စြန္းေပသြားခဲ့ရင္ စြန္းထင္းသြားတဲ့ အဝတ္အစားေတြကို ရွာလကာရည္ထဲမွာ မိနစ္အနည္းငယ္ စိမ္ထားေပးၿပီး ေလွ်ာ္ဖြပ္မယ္ဆိုရင္ အစြန္းအထင္းေတြ အလြယ္တကူ ကြၽတ္သြားမွာ ျဖစ္ပါတယ္။

(၂) ဖိနပ္ေတြကို သန႔္ရွင္းေစတယ္

ရႈးဖိနပ္နဲ႔ Sneaker (အားကစား ဖိနပ္အျဖဴ) ေတြကို သန႔္ရွင္းေရးလုပ္တဲ့အခါ ရွာလကာရည္ အနည္းငယ္ကို အဝတ္စငယ္ တခုေပၚမွာ စြတ္ၿပီး သန႔္ရွင္းေရး လုပ္ေပးမယ္ဆိုရင္ ဖိနပ္ေတြကို အသစ္အတိုင္း ျဖဴစင္ေတာက္ပေစမွာ ျဖစ္ပါတယ္။

(၃) ေဘစင္ ေရေပါက္ပိုက္ ရွင္းမယ္

ပန္းကန္ေဆး ေဘစင္ေတြမွာ စားႂကြင္းစားက်န္ေတြေၾကာင့္ ေရေပါက္ ပိတ္ဆို႔ေနတဲ့အခါ ေရေႏြးထဲကို ရွာလကာရည္နဲ႔ မုန႔္ဖုတ္ဆိုဒါ အနည္းငယ္ေလာင္းထည့္ၿပီး ေရပိုက္ထဲကို ေလာင္းခ်လိုက္ပါ။ အခ်ိန္ခဏ ၾကာလာတဲ့အခါ ေရပိုက္ထဲက စားႂကြင္းစားက်န္ေတြ ေလွ်ာက်သြားမွာ ျဖစ္ပါတယ္။

(၄) အိမ္သာနဲ႔ ေဘစင္ သန႔္ရွင္းမယ္

အိမ္သာနဲ႔ ေဘစင္ကို သန႔္ရွင္းေရးလုပ္တဲ့ အခါမ်ိဳးေတြမွာ ရွာလကာရည္ အသုံးျပဳၿပီး ပြတ္တိုက္သန႔္ရွင္းႏိုင္ပါတယ္။

(၅) မီးပူေပၚက အစြန္းထင္းေတြ ခြၽတ္မယ္

မီးပူေတြ အသုံးျပဳတာ ၾကာလာတဲ့ အခါမ်ိဳးေတြနဲ႔ အပူကြၽမ္းတဲ့ အခါမ်ိဳးေတြမွာ အစြန္းအထင္းေတြ က်န္ရစ္ေနတတ္ ပါတယ္။ ရွာလကာရည္ကို အဝတ္စ တခုေပၚမွာ စြတ္ၿပီး မီးပူရဲ႕ မ်က္ႏွာျပင္ တေလွ်ာက္ကို ပြတ္တိုက္ေပးမယ္ဆိုရင္ အစြန္းအထင္းေတြ ေျပာင္စင္သြားမွာ ျဖစ္ပါတယ္။

Ref ; marthastewart.com

Credit-ဟယ္လ္သင္ (ဧရာဝတီ), The Irrawaddy-Burmese Edition

(Unicode)

မီးဖိုချောင်သုံးပစ္စည်း ရှာလကာရည်ရဲ့ အသုံးဝင်ပုံ နည်းလမ်း ၅ ခု

အိမ်တိုင်း အိမ်တိုင်းမှာရှိတဲ့ ရှာလကာရည်ဟာ မီးဖိုချောင်မှာ အသုံးများတဲ့ပစ္စည်းတခု ဖြစ်ပါတယ်။ မီးဖိုချောင်သုံး ပစ္စည်းဖြစ်တဲ့ ရှာလကာရည်မှာ တခြား အသုံးဝင်တဲ့ နည်းလမ်းတွေလည်း ရှိတာကြောင့် ဗဟုသုတအနေနဲ့ သိရှိနိုင်အောင် ရေးသားဖော်ပြလိုက်ပါတယ်။

(၁) အစွန်းအထင်းတွေ ချွတ်မယ်

အဝတ်အစားတွေမှာ အစွန်းအထင်းတွေ တခုခု စွန်းပေသွားခဲ့ရင် စွန်းထင်းသွားတဲ့ အဝတ်အစားတွေကို ရှာလကာရည်ထဲမှာ မိနစ်အနည်းငယ် စိမ်ထားပေးပြီး လျှော်ဖွပ်မယ်ဆိုရင် အစွန်းအထင်းတွေ အလွယ်တကူ ကျွတ်သွားမှာ ဖြစ်ပါတယ်။

(၂) ဖိနပ်တွေကို သန့်ရှင်းစေတယ်

ရှုးဖိနပ်နဲ့ Sneaker (အားကစား ဖိနပ်အဖြူ) တွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ရှာလကာရည် အနည်းငယ်ကို အဝတ်စငယ် တခုပေါ်မှာ စွတ်ပြီး သန့်ရှင်းရေး လုပ်ပေးမယ်ဆိုရင် ဖိနပ်တွေကို အသစ်အတိုင်း ဖြူစင်တောက်ပစေမှာ ဖြစ်ပါတယ်။

(၃) ဘေစင် ရေပေါက်ပိုက် ရှင်းမယ်

ပန်းကန်ဆေး ဘေစင်တွေမှာ စားကြွင်းစားကျန်တွေကြောင့် ရေပေါက် ပိတ်ဆို့နေတဲ့အခါ ရေနွေးထဲကို ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ အနည်းငယ်လောင်းထည့်ပြီး ရေပိုက်ထဲကို လောင်းချလိုက်ပါ။ အချိန်ခဏ ကြာလာတဲ့အခါ ရေပိုက်ထဲက စားကြွင်းစားကျန်တွေ လျှောကျသွားမှာ ဖြစ်ပါတယ်။

(၄) အိမ်သာနဲ့ ဘေစင် သန့်ရှင်းမယ်

အိမ်သာနဲ့ ဘေစင်ကို သန့်ရှင်းရေးလုပ်တဲ့ အခါမျိုးတွေမှာ ရှာလကာရည် အသုံးပြုပြီး ပွတ်တိုက်သန့်ရှင်းနိုင်ပါတယ်။

(၅) မီးပူပေါ်က အစွန်းထင်းတွေ ချွတ်မယ်

မီးပူတွေ အသုံးပြုတာ ကြာလာတဲ့ အခါမျိုးတွေနဲ့ အပူကျွမ်းတဲ့ အခါမျိုးတွေမှာ အစွန်းအထင်းတွေ ကျန်ရစ်နေတတ် ပါတယ်။ ရှာလကာရည်ကို အဝတ်စ တခုပေါ်မှာ စွတ်ပြီး မီးပူရဲ့ မျက်နှာပြင် တလျှောက်ကို ပွတ်တိုက်ပေးမယ်ဆိုရင် အစွန်းအထင်းတွေ ပြောင်စင်သွားမှာ ဖြစ်ပါတယ်။

Ref ; marthastewart.com

Credit-ဟယ်လ်သင် (ဧရာဝတီ), The Irrawaddy-Burmese Edition

Leave a Reply

Your email address will not be published. Required fields are marked *