ဗဟုတုသ

အိမ္သုံးမီတာခ တစ္လဘယ္ေလာက္က်မလဲ တြက္လို႔ ရၿပီ

(Zawgyi)

အိမ္သုံးမီတာခ ဘယ္ေလာက္က်မလဲ တြက္လို႔ ရၿပီ

မီးပူ-၁၂၀၀ ဝပ္ = ၅.၂ အမ္ပီယာ

မီးဖို-၁၆၀၀ ဝပ္ = ၇ အမ္ပီယာ

တီဗြီ+ စေလာင္းစက္-၄၀၀ ဝပ္ = ၁.၈ အမ္ပီယာ

အဝတ္ေလွ်ာ္စက္-၂၀၀ ဝပ္ = ဝ.၉ အမ္ပီယာ

ေရေမာ္တာ-၁၂၀၀ ဝပ္ = ၅.၂ အမ္ပီယာ

အဲကြန္း-၁၂၀၀ ဝပ္ = ၅.၂ အမ္ပီယာ

မီးသီး+မီးေခ်ာင္း-၁၅၀ ဝပ္ = ဝ.၇ အမ္ပီယာ

အျခားအသုံးအေဆာင္မ်ား…၅ အမ္ပီယာ..- ၃၁ အမ္ပီယာ

အိမ္သုံးမီတာတစ္လုံး၏ ခံႏိုင္ရည္ ဝန္အားသည္ (5/30) Amp. (10/30) Amp. အမ်ားဆုံး (၃၀) အမ္ပီယာထိ အသုံးခံႏိုင္ရည္ရွိၿပီး အထက္ပါပစၥည္းမ်ားအား တစ္ၿပိဳင္နက္ သုံးစြဲေနပါက( တစ္နာရီလွ်င္) မီတာယူနစ္တက္ႏုန္း kilo watt per hour (Kw/hr)VI = W သည္ 230v x 30A = 6900 Watt= 7 Kw = 7 Unit. ျဖစ္ေန၍ တစ္ရက္လုံး ပစၥည္းၿပဳံသုံးခ်ိန္ တစ္နာရီဆိုက တစ္ရက္လွ်င္ (၇)ယူနစ္ျဖင့္ တစ္လစာယူနစ္(၂၂၀) ဝန္းက်င္ျဖစ္မည္။

အထက္ပါပစၥည္းမ်ား ခြဲျခားအသုံးျပဳခ်ိန္အတြက္ တစ္ရက္ (၁၀)ယူနစ္ျဖစ္က တစ္လယူနစ္(၃၃၀) ထပ္ေပါင္းက (၂၂၀+၃၃၀)= ၅၅၀ ယူနစ္ ဝန္းက်င္မီတာ တက္ပါမည္။

သာမန္မိသားစုတစ္လသုံး မီတာခ = ၅၅၀ယူနစ္၊ အလႊာမခြဲ တစ္ယူနစ္ (၃၅) က်ပ္ျဖင့္ တစ္လႏွစ္ေသာင္းခန႔္ က်ၿပီး ကိုယ္ထူကိုယ္ထ မီးလင္းေရးနယ္ပယ္ တစ္ယူနစ္ (၃၅၀)က်ပ္ျဖင့္သုံးက တစ္လ က်ပ္ႏွစ္သိန္းခန႔္ က်မည္ျဖစ္သည္။

လက္ရွိ အိမ္သုံးမီတာအား မည္သည့္ လွ်ပ္စစ္ပစၥည္းမ်ား သုံးႏိုင္ၿပီး ဝန္အားခံႏိုင္ရည္အမ္ပီယာ (သိုဝပ္အားအေျခအေန မည္မွ်ထိရွိႏိုင္လဲဟု သိခ်င္သူမ်ားအား ရည္႐ြယ္ေရးသားပါသည္။

ယခင္ကတပ္ထားေသာ (Analog)နဲ႔ ဒစ္ဂ်စ္တယ္မီတာတံဆိပ္ေဟာင္းမ်ားတြင္ေတာက္ေလွ်ာက္သုံး အမ္ပီယာ(၃၀)ထက္ ေက်ာ္သုံးလည္း ဝန္ပိုဒဏ္ေၾကး ႐ိုက္ခံရမူမရွိပါ၊ အခန႔္မသင့္က မီတာေလာင္မႈမ်ားသာ ျဖစ္တတ္သည္။

ယခု(၂၀၁၈)ခုႏွစ္ ဧၿပီလမွ စတင္အသစ္ထုတ္ေပးေသာ ဒစ္ဂ်စ္တယ္မီတာအသစ္(ပုံပါတံဆိပ္)သည္ သတ္မွတ္ဝန္အား (၃၀)အမ္ပီယာကို ေတာက္ေလွ်ာက္ တစ္နာရီထက္ အခ်ိန္ပိုမိုသုံးပါက ယင္းမီတာနဲ႔ ခ်ိတ္ဆက္ထားေသာ ႐ုံးထိုင္ဆာဗာကြန္ပ်ဴတာတြင္ (Overload Error) ျပၿပီး သတ္မွတ္ဒဏ္ေၾကး ႐ိုက္ခံရမည္ ျဖစ္သည္။

မိမိအိမ္ လစဥ္ ယူနစ္တြက္ခ်က္တတ္ၿပီး…မီတာခ အနည္းအမ်ား ခ်ိန္ဆႏိုင္ၾကပါေစ။

Credit- Thi Ha

(Unicode)

အိမ်သုံးမီတာခ ဘယ်လောက်ကျမလဲ တွက်လို့ ရပြီ

မီးပူ-၁၂၀၀ ဝပ် = ၅.၂ အမ်ပီယာ

မီးဖို-၁၆၀၀ ဝပ် = ၇ အမ်ပီယာ

တီဗွီ+ စလောင်းစက်-၄၀၀ ဝပ် = ၁.၈ အမ်ပီယာ

အဝတ်လျှော်စက်-၂၀၀ ဝပ် = ဝ.၉ အမ်ပီယာ

ရေမော်တာ-၁၂၀၀ ဝပ် = ၅.၂ အမ်ပီယာ

အဲကွန်း-၁၂၀၀ ဝပ် = ၅.၂ အမ်ပီယာ

မီးသီး+မီးချောင်း-၁၅၀ ဝပ် = ဝ.၇ အမ်ပီယာ

အခြားအသုံးအဆောင်များ…၅ အမ်ပီယာ..- ၃၁ အမ်ပီယာ

အိမ်သုံးမီတာတစ်လုံး၏ ခံနိုင်ရည် ဝန်အားသည် (5/30) Amp. (10/30) Amp. အများဆုံး (၃၀) အမ်ပီယာထိ အသုံးခံနိုင်ရည်ရှိပြီး အထက်ပါပစ္စည်းများအား တစ်ပြိုင်နက် သုံးစွဲနေပါက( တစ်နာရီလျှင်) မီတာယူနစ်တက်နုန်း kilo watt per hour (Kw/hr)VI = W သည် 230v x 30A = 6900 Watt= 7 Kw = 7 Unit. ဖြစ်နေ၍ တစ်ရက်လုံး ပစ္စည်းပြုံသုံးချိန် တစ်နာရီဆိုက တစ်ရက်လျှင် (၇)ယူနစ်ဖြင့် တစ်လစာယူနစ်(၂၂၀) ဝန်းကျင်ဖြစ်မည်။

အထက်ပါပစ္စည်းများ ခွဲခြားအသုံးပြုချိန်အတွက် တစ်ရက် (၁၀)ယူနစ်ဖြစ်က တစ်လယူနစ်(၃၃၀) ထပ်ပေါင်းက (၂၂၀+၃၃၀)= ၅၅၀ ယူနစ် ဝန်းကျင်မီတာ တက်ပါမည်။

သာမန်မိသားစုတစ်လသုံး မီတာခ = ၅၅၀ယူနစ်၊ အလွှာမခွဲ တစ်ယူနစ် (၃၅) ကျပ်ဖြင့် တစ်လနှစ်သောင်းခန့် ကျပြီး ကိုယ်ထူကိုယ်ထ မီးလင်းရေးနယ်ပယ် တစ်ယူနစ် (၃၅၀)ကျပ်ဖြင့်သုံးက တစ်လ ကျပ်နှစ်သိန်းခန့် ကျမည်ဖြစ်သည်။

လက်ရှိ အိမ်သုံးမီတာအား မည်သည့် လျှပ်စစ်ပစ္စည်းများ သုံးနိုင်ပြီး ဝန်အားခံနိုင်ရည်အမ်ပီယာ (သိုဝပ်အားအခြေအနေ မည်မျှထိရှိနိုင်လဲဟု သိချင်သူများအား ရည်ရွယ်ရေးသားပါသည်။

ယခင်ကတပ်ထားသော (Analog)နဲ့ ဒစ်ဂျစ်တယ်မီတာတံဆိပ်ဟောင်းများတွင်တောက်လျှောက်သုံး အမ်ပီယာ(၃၀)ထက် ကျော်သုံးလည်း ဝန်ပိုဒဏ်ကြေး ရိုက်ခံရမူမရှိပါ၊ အခန့်မသင့်က မီတာလောင်မှုများသာ ဖြစ်တတ်သည်။

ယခု(၂၀၁၈)ခုနှစ် ဧပြီလမှ စတင်အသစ်ထုတ်ပေးသော ဒစ်ဂျစ်တယ်မီတာအသစ်(ပုံပါတံဆိပ်)သည် သတ်မှတ်ဝန်အား (၃၀)အမ်ပီယာကို တောက်လျှောက် တစ်နာရီထက် အချိန်ပိုမိုသုံးပါက ယင်းမီတာနဲ့ ချိတ်ဆက်ထားသော ရုံးထိုင်ဆာဗာကွန်ပျူတာတွင် (Overload Error) ပြပြီး သတ်မှတ်ဒဏ်ကြေး ရိုက်ခံရမည် ဖြစ်သည်။

မိမိအိမ် လစဉ် ယူနစ်တွက်ချက်တတ်ပြီး…မီတာခ အနည်းအများ ချိန်ဆနိုင်ကြပါစေ။

Credit- Thi Ha

Leave a Reply

Your email address will not be published. Required fields are marked *