သတင္း

ဓာတုပစၥည္းေတြ မပါဝင္တဲ့ ဟင္းခတ္ၾကက္သားမႈန႔္ကို အလြယ္တကူျပဳလုပ္ၾကမယ္။

(Zawgyi)

ဓာတုပစၥည္းေတြ မပါဝင္တဲ့ ဟင္းခတ္ၾကက္သားမႈန႔္ကို အလြယ္တကူျပဳလုပ္ၾကမယ္

အိမ္လုပ္ၾကက္သားမႈန႔္က ဓာတုပစၥည္းေတြ မပါတဲ့အတြက္ က်န္းမာေရးအတြက္ သင့္ေတာ္ပါတယ္။ ဟင္းလ်ာခ်က္ျပဳတ္ရာမွာ အရသာ ပိုမိုထူးကဲေအာင္လို႔ ဟင္းလ်ာတိုင္းမွာ ဟင္းခတ္ၾကက္သားမႈန႔္ေတြကို ထည့္သြင္းခ်က္ျပဳတ္ေလ့ရွိၾကပါတယ္။

ဟင္းခတ္ၾကက္သားမႈန႔္ေတြကို ေဈးကြက္ထဲမွာ တံဆိပ္အမ်ိဳးမ်ိဳးနဲ႔ ဝယ္ယူအသုံးျပဳလို႔ရတာမွန္ေပမယ့္ တာရွည္ခံဖို႔အတြက္ အသုံးျပဳထားတဲ့ ဓာတုပစၥည္းေတြေၾကာင့္ က်န္းမာေရးအတြက္ေတာ့ စိတ္မခ်ရပါဘူး။

ဒါေၾကာင့္ ဓာတုပစၥည္းေတြ မပါဝင္တဲ့ အိမ္မွာပဲ လြယ္လြယ္ကူကူျပဳလုပ္ႏိုင္မယ့္ ၾကက္သားမႈန႔္ျပဳလုပ္နည္းကို အိမ္ရွင္မေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ရပါတယ္။

ဟင္းခတ္ၾကက္သားမႈန႔္ ျပဳလုပ္ဖို႔အတြက္ လိုအပ္တဲ့ပါဝင္ပစၥည္းေတြကေတာ့ ၾကက္သား၊ ဆားအနည္းငယ္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴအနည္းငယ္၊ နံနံပင္၊ နံနံေစ့နဲ႔ ဆီအနည္းငယ္တို႔ပဲ ျဖစ္ပါတယ္။

ပါဝင္ပစၥည္းေတြကိုေတာ့ မိမိျပဳလုပ္လိုတဲ့ ပမာဏအလိုက္ ထည့္သြင္းျပဳလုပ္ႏိုင္ပါတယ္။ ပထမဦးဆုံး ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ နံနံပင္၊ နံနံေစ့ တို႔ကို ႀကိတ္စက္ထဲထည့္ကာ ႀကိတ္ေခ်ပါမယ္။ ၾကက္သားကိုေတာ့ အတုံးခပ္ေသးေသး တုံးထားၿပီး ႀကိတ္ၿပီးသားနံနံေစ့၊ နံနံပင္၊ ၾကက္သြန္ျဖဴ၊ ဆားတို႔နဲ႔ေရာကာ ႀကိတ္စက္ထဲ အတူတကြ ညက္ေနေအာင္ ႀကိတ္ေခ်ေပးရပါမယ္။

ဒီအဆင့္ေတြ ၿပီးသြားၿပီဆိုရင္ေတာ့ oven ရွိသူေတြအေနနဲ႔ oven ထဲကို ႀကိတ္ေခ်ၿပီးသားအေရာေတြကို အပူခ်ိန္ 110’C ေလာက္နဲ႔ မိနစ္သုံးဆယ္ခန႔္အၾကာ အပူေပးရမွာျဖစ္ၿပီး oven မရွိသူေတြအေနနဲ႔ကေတာ့ Non-stick ဒယ္အိုးထဲ ဆီအနည္းငယ္ေလာက္ထည့္ကာ ေရစစ္ၿပီးေျခာက္ေနေအာင္ ေလွာ္ေပးရမွာပဲ ျဖစ္ပါတယ္။

ဒီနည္းလမ္း ၂ ခုထဲက မိမိအဆင္ေျပမယ့္ နည္းလမ္းကိုအသုံးျပဳၿပီး ေျခာက္ေသြ႕သြားၿပီဆိုရင္ေတာ့ မႈန႔္ညက္ေနေအာင္လို႔ ႀကိတ္စက္ထဲ ထပ္မံႀကိတ္ေခ်ေပးရပါမယ္။

ဒီအဆင့္ေတြ အားလုံးၿပီးသြားၿပီဆိုရင္ေတာ့ ေဈးကြက္ထဲမွာ ေရာင္းခ်ေနတဲ့ ဟင္းခတ္မႈန႔္ေတြနဲ႔ တန္းတူ အရသာရွိၿပီး ဓာတုပစၥည္းေတြကင္းစင္တဲ့ အိမ္လုပ္ဟင္းခတ္ၾကက္သားမႈန႔္ကို ရရွိၿပီပဲ ျဖစ္ပါတယ္။

ဓာတုပစၥည္းနဲ႔ ၾကာရွည္ခံပစၥည္းေတြ မပါဝင္တာေၾကာင့္ ေလလုံတဲ့ ဖန္ပုလင္းထဲကို ေသခ်ာထည့္ၿပီး အဖုံးလုံေအာင္ ပိတ္ကာ ေရခဲေသတၱာထဲထည့္ထားမယ္ဆိုရင္ေတာ့ အနည္းဆုံး ၃ ပတ္ခန႔္အထိ စားသုံးႏိုင္မွာပဲ ျဖစ္ပါတယ္။

Ref. thewondermummy.blogspot.com

Credit – ဟယ္လ္သင္(ဧရာဝတီ), The Irrawaddy – Burmese Editon

(Unicode)

ဓာတုပစ္စည်းတွေ မပါဝင်တဲ့ ဟင်းခတ်ကြက်သားမှုန့်ကို အလွယ်တကူပြုလုပ်ကြမယ်

အိမ်လုပ်ကြက်သားမှုန့်က ဓာတုပစ္စည်းတွေ မပါတဲ့အတွက် ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ ဟင်းလျာချက်ပြုတ်ရာမှာ အရသာ ပိုမိုထူးကဲအောင်လို့ ဟင်းလျာတိုင်းမှာ ဟင်းခတ်ကြက်သားမှုန့်တွေကို ထည့်သွင်းချက်ပြုတ်လေ့ရှိကြပါတယ်။

ဟင်းခတ်ကြက်သားမှုန့်တွေကို ဈေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုးနဲ့ ဝယ်ယူအသုံးပြုလို့ရတာမှန်ပေမယ့် တာရှည်ခံဖို့အတွက် အသုံးပြုထားတဲ့ ဓာတုပစ္စည်းတွေကြောင့် ကျန်းမာရေးအတွက်တော့ စိတ်မချရပါဘူး။

ဒါကြောင့် ဓာတုပစ္စည်းတွေ မပါဝင်တဲ့ အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်နိုင်မယ့် ကြက်သားမှုန့်ပြုလုပ်နည်းကို အိမ်ရှင်မတွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

ဟင်းခတ်ကြက်သားမှုန့် ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ဆားအနည်းငယ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူအနည်းငယ်၊ နံနံပင်၊ နံနံစေ့နဲ့ ဆီအနည်းငယ်တို့ပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတွေကိုတော့ မိမိပြုလုပ်လိုတဲ့ ပမာဏအလိုက် ထည့်သွင်းပြုလုပ်နိုင်ပါတယ်။ ပထမဦးဆုံး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်၊ နံနံစေ့ တို့ကို ကြိတ်စက်ထဲထည့်ကာ ကြိတ်ချေပါမယ်။ ကြက်သားကိုတော့ အတုံးခပ်သေးသေး တုံးထားပြီး ကြိတ်ပြီးသားနံနံစေ့၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ဆားတို့နဲ့ရောကာ ကြိတ်စက်ထဲ အတူတကွ ညက်နေအောင် ကြိတ်ချေပေးရပါမယ်။

ဒီအဆင့်တွေ ပြီးသွားပြီဆိုရင်တော့ oven ရှိသူတွေအနေနဲ့ oven ထဲကို ကြိတ်ချေပြီးသားအရောတွေကို အပူချိန် 110’C လောက်နဲ့ မိနစ်သုံးဆယ်ခန့်အကြာ အပူပေးရမှာဖြစ်ပြီး oven မရှိသူတွေအနေနဲ့ကတော့ Non-stick ဒယ်အိုးထဲ ဆီအနည်းငယ်လောက်ထည့်ကာ ရေစစ်ပြီးခြောက်နေအောင် လှော်ပေးရမှာပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်း ၂ ခုထဲက မိမိအဆင်ပြေမယ့် နည်းလမ်းကိုအသုံးပြုပြီး ခြောက်သွေ့သွားပြီဆိုရင်တော့ မှုန့်ညက်နေအောင်လို့ ကြိတ်စက်ထဲ ထပ်မံကြိတ်ချေပေးရပါမယ်။

ဒီအဆင့်တွေ အားလုံးပြီးသွားပြီဆိုရင်တော့ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ဟင်းခတ်မှုန့်တွေနဲ့ တန်းတူ အရသာရှိပြီး ဓာတုပစ္စည်းတွေကင်းစင်တဲ့ အိမ်လုပ်ဟင်းခတ်ကြက်သားမှုန့်ကို ရရှိပြီပဲ ဖြစ်ပါတယ်။

ဓာတုပစ္စည်းနဲ့ ကြာရှည်ခံပစ္စည်းတွေ မပါဝင်တာကြောင့် လေလုံတဲ့ ဖန်ပုလင်းထဲကို သေချာထည့်ပြီး အဖုံးလုံအောင် ပိတ်ကာ ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင်တော့ အနည်းဆုံး ၃ ပတ်ခန့်အထိ စားသုံးနိုင်မှာပဲ ဖြစ်ပါတယ်။

Ref. thewondermummy.blogspot.com

Credit – ဟယ်လ်သင်(ဧရာဝတီ), The Irrawaddy – Burmese Editon

Leave a Reply

Your email address will not be published. Required fields are marked *