သတင္း

ေစာေစာ သိရွိႏိုင္တဲ့ အသည္းကင္ဆာလကၡဏာမ်ားႏွင့္ သိထားသင့္ေသာ အသည္းကင္ဆာ အေၾကာင္းမ်ား

(Zawgyi

ေစာေစာ သိရွိႏိုင္တဲ့ အသည္းကင္ဆာလကၡဏာမ်ား ႏွင့္ သိထားသင့္ေသာ အသည္းကင္ဆာ အေၾကာင္းမ်ား

Liver cancer အသည္းကင္ဆာလကၡဏာမ်ား ႏွင့္ သိထားသင့္ေသာ အသည္းကင္ဆာ အေၾကာင္းမ်ား

အသည္းကင္ဆာမွာ (၂) မ်ိဳးကြဲရွိတယ္။ ကိုယ္ခႏၶာထဲမွာ တေနရာရာမွာကင္ဆာျဖစ္လို႔ အသည္းကို ျပန႔္လာတာမ်ိဳးနဲ႔ ေနာက္တမ်ိဳးက Hepatocellular carcinoma အသည္းမွာစျဖစ္တာ။

အသည္းကင္ဆာ ဘာလို႔ျဖစ္သလဲ တိတိက်က်မသိၾကပါ။ တခ်ိဳ႕ေတာ့သိပါတယ္။ Hemochromatosis နဲ႔ Wilson’s disease တို႔လို ေမြးကတည္းပါလာသူ၊ အရက္ေသာက္သူ၊ အသည္းေရာင္ ဘီ (သို႔) စီေၾကာင့္ နာတာရွည္ အသည္းေရာင္ေနသူ၊ မ်ိဳး႐ိုးအရျဖစ္တဲ့ Hemochromatosis ေရာဂါရွိေနသူနဲ႔ အသည္းေျခာက္ေနသူ၊ အသည္းအဆီမ်ားေနသူ၊ ေဆးလိပ္နဲ႔ အရက္တြဲရင္လည္းျဖစ္သူမ်ားတယ္။ vinyl chloride နဲ႔ arsenic လို ဓါတုပစၥည္းေတြနဲ႔လည္း ဆက္စပ္မႈ ရွိတယ္။ အပင္မႈိ Aflatoxins ကေန ဂ်ဳံ၊ ေျမပဲ၊ ဆန္၊ ေပ်ာင္းေစ့ေတြကို စြဲထာတာ စားမိရင္ ျဖစ္ေစႏိုင္တယ္။ လူဝရင္၊ ဆီးခ်ိဳရွိသူ၊ L-carnitine ဓါတ္ နည္းေနသူ၊ HIV/AIDS ရွိေနသူ၊ Anabolic steroid ေခၚ ႂကြက္သား-ခြန္အားတိုး ေဟာ္မုန္းေဆး တာရွည္သုံးသူေတြ ပိုျဖစ္တယ္။ မိသားစုထဲမွာ တေယာက္မကျဖစ္တယ္။ ေယာက္်ားေတြက မိန္းမေတြထက္ပိုျဖစ္တယ္။

အသည္းကင္ဆာလကၡဏာမ်ား

ေစာေစာ သိရွိႏိုင္တဲ့ အသည္းကင္ဆာလကၡဏာမ်ားႏွင့္ သိထားသင့္ေသာ အသည္းကင္ဆာ အေၾကာင္းမ်ား

ကိုယ္အေလးခ်ိန္က်ျခင္း၊ အစားအေသာက္ပ်က္လာျခင္း၊ အစာအနံ႔ရတာနဲ႔ ရင္ျပည့္လာျခင္း၊ ပ်ိဳ႕အန္ျခင္း၊ အားယုတ္လာျခင္း၊ အေၾကာင္းမသိဖ်ားျခင္း၊ ဗိုက္ညာဖက္အေပၚပိုင္းေအာင့္ျခင္း၊ နာတာကလက္ျပင္ဆီတက္နာျခင္း၊ အသည္းႀကီးလာျခင္း၊ ေဘလုံးႀကီးလာျခင္း၊ ေရဖ်င္းျဖစ္လာျခင္း၊ အသား-ဆီးဝါျခင္း၊ ဝမ္းအေရာင္ေဖ်ာ့လာျခင္း။

Hepatoma အသည္းအက်ိတ္

– Cirrhosis liver အသည္းေျခာက္ေရာဂါရွိေနသူေတြမွာ Hepatoma အသည္း-အက်ိတ္ ျဖစ္လာႏိုင္တယ္။

– အေတာ္မ်ားမ်ား ဘာမွမခံစားရဘူး။

– ၆ လတခါ Serum alpha fetoprotein ေသြးစစ္တာ နဲ႔ Ultrasound အသည္းကို (အာလ္ထြာေဆာင္း) ႐ိုက္တာ လုပ္ေနရမယ္။

– ေရာဂါအဆင့္ၾကည့္ကုသရမယ္။

အသည္းကင္ဆာကုသနည္းမ်ား

ေရာဂါဟုတ္-မဟုတ္စစ္မယ္၊ အဆင့္သတ္မွတ္မယ္။ ဘယ္လိုကုသနည္း ေ႐ြးမလည္းဆုံးျဖတ္မယ္။ လူနာ၊ ေဆး႐ုံအေပၚမွာမူတည္ၿပီးေ႐ြးခ်ယ္ရတယ္။ ခြဲစိတ္ဆရာဝန္၊ ဓါတ္ေရာင္ျခည္ဆရာဝန္၊ ကင္ဆာဆရာဝန္၊ အစာလမ္းအထူးကုဆရာဝန္၊ စတဲ့ နယ္ပယ္အလိုက္ အထူးကုဆရာဝန္ေတြကေန စုေပါင္းဆုံးျဖတ္ၾကတယ္။ တခါတေလ နည္းတခုကမကိုတြဲလုပ္ရတယ္။ လူနာအေနနဲ႔လိုမယ္ထင္ရင္ ဒုတိယအႀကံရယူတာလုပ္ႏိုင္တယ္။

၁။ Surgery ခြဲစိတ္ကုသနည္းမွာ partial hepatectomy အသည္းတစိတ္တပိုင္းထုတ္ေပးတာနဲ႔ liver transplant အသည္းအစားထိုးတာပါတယ္။

၂။ Tumor ablation အက်ိတ္ကိုတျခားနည္းနဲ႔ေက်ေစနည္း၊

၃။ Tumor embolization အက်ိတ္ကိုေသြးမေလွ်ာက္ေစနည္းလုပ္ေပးျခင္း၊

၄။ Radiation therapy ဓါတ္ကင္နည္း၊

၅။ Targeted therapy ပစ္မွတ္ထားကုသနည္း၊

၆။ Chemotherapy ကင္ဆာေဆးေပးနည္း၊ Sorafenib ေဆးကို ေနာက္ပိုင္းအဆင့္ ျဖစ္သူေတြကို ေပးတယ္။

၇။ Freezing cancer cells (Cryoablation) ေအးခဲနည္း၊

၈။ Heating cancer cells အပူေပးနည္း၊

၉။ Injecting alcohol into the tumor အယ္လ္ကိုေဟာေဆး အက်ိတ္ထဲထိုးနည္း၊

၁ဝ။ Injecting chemotherapy drugs into the liver ကင္ဆာေဆးအက်ိတ္ထဲထိုးေပးနည္း၊

၁၁။ Targeted drug therapy ပစ္မွတ္ထားကုသနည္း။

အလားအလာအသည္းကင္ဆာဟာ အလားအလာမေကာင္းတဲ့အမ်ိဳးအစားေရာဂါျဖစ္တယ္။ ေဆာရီး။ လူနာ ၁ဝ% ကသာ ကင္ဆာကို ေစာေစာသိၾကတယ္။ အဂၤလန္မွာ ၃ဝ% ဟာ ေရာဂါသိၿပီးေနာက္ ၁ ႏွစ္အသက္ရွည္တယ္။ ၁ဝ% က ၅ ႏွစ္ရွင္တယ္။ တခ်ိဳ႕နည္းနည္းပိုရွည္တယ္။ အသည္းကင္ဆာနဲ႔ အသည္းေျခာက္တာတြဲေနရင္ ၃ လသာခံတယ္။ ေဆာရီး။ USA မွာ ၁၉၉၉ သုေတသနအရ လူနာ ၁၂၃၈၂ ထဲက ၇% ဟာ ၅ ႏွစ္အထိ ရွင္တယ္။ ၁၉၉၂-၁၉၉၉ အရဆိုရင္ ၅% ဟာ ၅ ႏွစ္အထိ ရွင္တယ္။ ၁၉၈၃-၁၉၉ဝ အရဆိုရင္ ၆%။ သူတို႔သုေတသနမွာလဲ အမ်ိဳးသမီးေတြက ပိုၾကာၾကာေနရတယ္။ ဥပမာ လူျဖဴအမ်ိဳးသမီးေတြက ၁ဝ့၆% ၅ ႏွစ္ရွည္တယ္။

ျမန္မာျပည္သားေတြ အသည္းကင္ဆာေဘးက ေဝးၾကပါေစ။

Credit – ေဒါက္တာတင့္ေဆြ

(Unicode)

စောစော သိရှိနိုင်တဲ့ အသည်းကင်ဆာလက္ခဏာများ နှင့် သိထားသင့်သော အသည်းကင်ဆာ အကြောင်းများ

Liver cancer အသည်းကင်ဆာလက္ခဏာများ နှင့် သိထားသင့်သော အသည်းကင်ဆာ အကြောင်းများ

အသည်းကင်ဆာမှာ (၂) မျိုးကွဲရှိတယ်။ ကိုယ်ခန္ဓာထဲမှာ တနေရာရာမှာကင်ဆာဖြစ်လို့ အသည်းကို ပြန့်လာတာမျိုးနဲ့ နောက်တမျိုးက Hepatocellular carcinoma အသည်းမှာစဖြစ်တာ။

အသည်းကင်ဆာ ဘာလို့ဖြစ်သလဲ တိတိကျကျမသိကြပါ။ တချို့တော့သိပါတယ်။ Hemochromatosis နဲ့ Wilson’s disease တို့လို မွေးကတည်းပါလာသူ၊ အရက်သောက်သူ၊ အသည်းရောင် ဘီ (သို့) စီကြောင့် နာတာရှည် အသည်းရောင်နေသူ၊ မျိုးရိုးအရဖြစ်တဲ့ Hemochromatosis ရောဂါရှိနေသူနဲ့ အသည်းခြောက်နေသူ၊ အသည်းအဆီများနေသူ၊ ဆေးလိပ်နဲ့ အရက်တွဲရင်လည်းဖြစ်သူများတယ်။ vinyl chloride နဲ့ arsenic လို ဓါတုပစ္စည်းတွေနဲ့လည်း ဆက်စပ်မှု ရှိတယ်။ အပင်မှို Aflatoxins ကနေ ဂျုံ၊ မြေပဲ၊ ဆန်၊ ပျောင်းစေ့တွေကို စွဲထာတာ စားမိရင် ဖြစ်စေနိုင်တယ်။ လူဝရင်၊ ဆီးချိုရှိသူ၊ L-carnitine ဓါတ် နည်းနေသူ၊ HIV/AIDS ရှိနေသူ၊ Anabolic steroid ခေါ် ကြွက်သား-ခွန်အားတိုး ဟော်မုန်းဆေး တာရှည်သုံးသူတွေ ပိုဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တယ်။ ယောက်ျားတွေက မိန်းမတွေထက်ပိုဖြစ်တယ်။

အသည်းကင်ဆာလက္ခဏာများ

စောစော သိရှိနိုင်တဲ့ အသည်းကင်ဆာလက္ခဏာများနှင့် သိထားသင့်သော အသည်းကင်ဆာ အကြောင်းများ

ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်လာခြင်း၊ အစာအနံ့ရတာနဲ့ ရင်ပြည့်လာခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်လာခြင်း၊ အကြောင်းမသိဖျားခြင်း၊ ဗိုက်ညာဖက်အပေါ်ပိုင်းအောင့်ခြင်း၊ နာတာကလက်ပြင်ဆီတက်နာခြင်း၊ အသည်းကြီးလာခြင်း၊ ဘေလုံးကြီးလာခြင်း၊ ရေဖျင်းဖြစ်လာခြင်း၊ အသား-ဆီးဝါခြင်း၊ ဝမ်းအရောင်ဖျော့လာခြင်း။

Hepatoma အသည်းအကျိတ်

• Cirrhosis liver အသည်းခြောက်ရောဂါရှိနေသူတွေမှာ Hepatoma အသည်း-အကျိတ် ဖြစ်လာနိုင်တယ်။

• အတော်များများ ဘာမှမခံစားရဘူး။

• ၆ လတခါ Serum alpha fetoprotein သွေးစစ်တာ နဲ့ Ultrasound အသည်းကို (အာလ်ထွာဆောင်း) ရိုက်တာ လုပ်နေရမယ်။

• ရောဂါအဆင့်ကြည့်ကုသရမယ်။

အသည်းကင်ဆာကုသနည်းများ

ရောဂါဟုတ်-မဟုတ်စစ်မယ်၊ အဆင့်သတ်မှတ်မယ်။ ဘယ်လိုကုသနည်း ရွေးမလည်းဆုံးဖြတ်မယ်။ လူနာ၊ ဆေးရုံအပေါ်မှာမူတည်ပြီးရွေးချယ်ရတယ်။ ခွဲစိတ်ဆရာဝန်၊ ဓါတ်ရောင်ခြည်ဆရာဝန်၊ ကင်ဆာဆရာဝန်၊ အစာလမ်းအထူးကုဆရာဝန်၊ စတဲ့ နယ်ပယ်အလိုက် အထူးကုဆရာဝန်တွေကနေ စုပေါင်းဆုံးဖြတ်ကြတယ်။ တခါတလေ နည်းတခုကမကိုတွဲလုပ်ရတယ်။ လူနာအနေနဲ့လိုမယ်ထင်ရင် ဒုတိယအကြံရယူတာလုပ်နိုင်တယ်။

၁။ Surgery ခွဲစိတ်ကုသနည်းမှာ partial hepatectomy အသည်းတစိတ်တပိုင်းထုတ်ပေးတာနဲ့ liver transplant အသည်းအစားထိုးတာပါတယ်။

၂။ Tumor ablation အကျိတ်ကိုတခြားနည်းနဲ့ကျေစေနည်း၊

၃။ Tumor embolization အကျိတ်ကိုသွေးမလျှောက်စေနည်းလုပ်ပေးခြင်း၊

၄။ Radiation therapy ဓါတ်ကင်နည်း၊

၅။ Targeted therapy ပစ်မှတ်ထားကုသနည်း၊

၆။ Chemotherapy ကင်ဆာဆေးပေးနည်း၊ Sorafenib ဆေးကို နောက်ပိုင်းအဆင့် ဖြစ်သူတွေကို ပေးတယ်။

၇။ Freezing cancer cells (Cryoablation) အေးခဲနည်း၊

၈။ Heating cancer cells အပူပေးနည်း၊

၉။ Injecting alcohol into the tumor အယ်လ်ကိုဟောဆေး အကျိတ်ထဲထိုးနည်း၊

၁ဝ။ Injecting chemotherapy drugs into the liver ကင်ဆာဆေးအကျိတ်ထဲထိုးပေးနည်း၊

၁၁။ Targeted drug therapy ပစ်မှတ်ထားကုသနည်း။

အလားအလာအသည်းကင်ဆာဟာ အလားအလာမကောင်းတဲ့အမျိုးအစားရောဂါဖြစ်တယ်။ ဆောရီး။ လူနာ ၁ဝ% ကသာ ကင်ဆာကို စောစောသိကြတယ်။ အင်္ဂလန်မှာ ၃ဝ% ဟာ ရောဂါသိပြီးနောက် ၁ နှစ်အသက်ရှည်တယ်။ ၁ဝ% က ၅ နှစ်ရှင်တယ်။ တချို့နည်းနည်းပိုရှည်တယ်။ အသည်းကင်ဆာနဲ့ အသည်းခြောက်တာတွဲနေရင် ၃ လသာခံတယ်။ ဆောရီး။ USA မှာ ၁၉၉၉ သုတေသနအရ လူနာ ၁၂၃၈၂ ထဲက ၇% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၉၂-၁၉၉၉ အရဆိုရင် ၅% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၈၃-၁၉၉ဝ အရဆိုရင် ၆%။ သူတို့သုတေသနမှာလဲ အမျိုးသမီးတွေက ပိုကြာကြာနေရတယ်။ ဥပမာ လူဖြူအမျိုးသမီးတွေက ၁ဝ့၆% ၅ နှစ်ရှည်တယ်။

မြန်မာပြည်သားတွေ အသည်းကင်ဆာဘေးက ဝေးကြပါစေ။

Credit – ဒေါက်တာတင့်ဆွေ

Leave a Reply

Your email address will not be published. Required fields are marked *