ထမင်းဖြူစားသုံးခြင်း

ထမင်းဖြူစားသုံးခြင်း

ထမင်းဖြူစားသုံးခြင်း 🍚
————————
ကမ္ဘာပေါ်ရှိ လူ ၃.၅ ဘီလီယံ လောက် နေ့စဉ်စားသုံး နေ တဲ့ ထမင်းဖြူမှာ ဘာတွေ ကောင်းကျိုးဆိုးကျိုးတွေရှိလဲတော့ သိထားသင့်ပါတယ် ။ ထမင်းဖြူကို အဓိကစားသုံးတဲ့ ဂျပန်လိုနိုင်ငံက လူတွေ အသက်ရှည်ရှည် နေထိုင်နေကျတာကို စစ်တမ်းတွေမှာတွေ့ရှိရသလို လူအတွက်ဆိုးကျိုးတွေလည်းရှိနေတယ်လို့ ဆိုကြတာတွေလဲ ရှိပါတယ် ။

White rice ထမင်းဖြူဆိုတာ ဘာလဲ

စပါးစေ့တွေကို ချွေလှေ့ ၊ အခွံချွတ် ထားတာပါ။ အခွံချွတ်ပြီးလို့ ရရှိလာတဲ့ ဆန်ကြမ်း (brown rice ) တွေကို ဖြူဖွေးသွားအောင် အချောသက် အဲ့ဒီနောက်မှ ဈေးကွက်ထဲမှာမြင်ကတဲ့ ဆန် ဖြူဖြူဖွေးဖွေးတွေ ၊ အမျိုးအစားအမျိုးအမျိုးတွေ ကို တွေ့ရှိရပါတယ်။ အချောသက်တဲ့ အဆင့်မှာ (polishing step ) ကျန်ရှိနေတဲ့ အခွံနဲ့ ပိုးမွှားအကပ်အကျန်လေးတွေကို ဖယ်ရှားပစ်ပင်မယ့် လူ့ခန္ဓာကိုယ်အတွက် ကောင်းတဲ့ အဆီအနှစ်တွေ၊ အာဟာရ တွေ ဖြစ်တဲ့ အသားဓာတ် ၂၀% နှုန်ူးလောက်နဲ့ ဓာတ် ပေါင်း ၁၇ မျိုး ကို ဖယ်ရှား ပစ်သလိုဖြစ်နေပါတယ်။ ဒါကျွန်ုပ်တို့တွေ့ နေ့စဉ်စားသုံးနေတဲ့ ထမင်းဖြစ်လာပုံဘဲဖြစ်ပါတယ်။ နေ့စဉ်စားသုံးရခြင်း အကြောင်းအရင်းကို စစ်တမ်းကောက်ကြည့်တဲ့ အခါမှာတော့ ချက်ရလွယ်ကူလို့ ရယ်နဲ့ စားသုံးလို့ အဆင်ပြေတဲ့ အတွက်ကြောင့်ဘဲဖြစ်ပါတယ်။

White rice ထမင်းဖြူစားသုံးခြင်းရဲ့ မကောင်းသော အချက်များ

၁။ ဆီးချိုဖြစ်စေနိုင်တယ် 🍚
တစ်ပတ်ကို ၅ကြိမ် စားသုံးတဲ့သူတွေဟာ မစားတဲ့ သူတွေထက် ၂၀ % ဆီးချိုအဖြစ်များတာကို တွေ့ရှိရပါတယ်။ ထမင်းဟာ စားပြီးအချိန်မှာ သွေးအတွင်း အချိုဓာတ်ကို ပိုမိုမြင့်တက်စေလို့ဖြစ်ပါတယ်။ ဖြစ်ရတဲ့ကြောင်းရင်းကတော့ စစ်တမ်းတွေအရ ဆန်အဆင့်ဆင် အချောသပ်ပြုလုပ်ရင်း သွေးတွင်း အချိုဓာတ် ထိန်းပေးနိုင်တဲ့ ဓာတ်အချို့နဲ့ အမျင်ဓာတ်တွေ ဆုံးရှံးခဲ့ရလို့ ဖြစ်ပါတယ်။ ဆန်အစား အခြားသော ကောက်ပဲသီးနှံတွေကို အစားထိုးစားသုံးစေတဲ့ အခါ ဆီးချိုဖြစ်စေမှုကို သိသိသာသာ လျော့ကျနေတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ထမင်းဖြူ နည်းတူဘဲ ပေါင်မုန့်ဖြူ နဲ့ အချိုဓာတ်ပါဝင်တာတွေဟာ ဆီးချိုဖြစ်စေနိုင်မှု ပိုပြီးများပါတယ်။

၂။ metabolic syndrome ဖြစ်စေနိုင်ခြင်း 🍚
(Syndromes X လို့လဲခေါ်နိုင်ပါတယ်၊ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ် cholesterols များခြင်း၊ ဗိုက်အဆီစုခြင်း စတာတွေ စုပေါင်းဖြစ်ခြင်း)

ကိုရီးယား မှာကောက်ယူထားတဲ့ စစ်တမ်းတွေအရ ထမင်းဖြူဘဲစားသုံးတဲ့ သူတွေမှာ အဖြစ် များတာကိုတွေ့ရှိရပြီး အထူးသဖြင့် သွေးဆုံးပြီး အမျိုးသမီးတွေ မှာပိုတွေ့ရှိရပါတယ်။ ဒါ့အပြင် လူလတ်ပိုင်း အမျိုးသမီးတွေမှာလဲ တွ့ရှိရပါတယ်။

၃။ အဝလွန်စေပါတယ် 🍚
ထမင်းဖြူစားသုံးမှုများတဲ့ သူတွေမှာ ပိုပြီး အဝလွန်တာကိုတွေ့ရှိရပါတယ်။ ထမင်းဖြူ (white rice) စားသုံးသူထက်စာရင် ဆန်ကြမ်း (brown rice ) ကိုစားသုံးသူတွေမှာ ခန္ဓာကိုယ် အလေးချိန် ထိန်းညှိရလွယ်ကူတာကို တွေ့ရှိရပါတယ်။

ဒါဆို White rice ထမင်းဖြူစားသုံးခြင်းရဲ့ ကောင်းတဲ့ အချက်တွေကတော့ . . . .

အစာကြေလွယ်တယ်၊ အသက်အရွယ်မရွေး စားသုံးနိုင်တယ် ၊ အစာအိမ် အူလမ်းကြောင်း ရောဂါရှိတဲ့သူတွေ ၊ ဝမ်းပျက်ဝမ်းလျောဖြစ်တက်တဲ့သူတွေ အတွက် သင့်တော်တဲ့ အစာပဲဖြစ်ပါတယ်။ White rice ထမင်းဖြူ ဟာ ကြေလွယ်ညက်လွယ်ပြီး အမျင်ဓာတ်ပါဝင်မှုနည်းပါတဲ့ အတွက် ဝမ်းပျက်နေတဲ့သူကို ဝမ်းကျစ်စေပါတယ်။ အစာကြေလွယ်တဲ့အတွက် အူလမ်းကြောင်းဆိုင်ရာ ရောဂါရှိတဲ့ သူတွေမှာ အူလမ်းကြောင်းအနားရအောင်စားသုံးပေးနိုင်ပါတယ်။

White rice ထမင်းဖြူစားခြင်း အစား ဆန်ကြမ်း brown rice ကိုစားသုံးပေးနိုင်ပါတယ်။ ဆန်ကြမ်းမှာ အမျင်ဓာတ်နဲ့ အာဟာရဓာတ်တွေ ( B1 ,B2,B 6 , manganese, magnesium ,သံဓာတ် နဲ့ ဇင့်) တို့ အချိုးအစား ပိုမိုပါဝင်ပါတယ်။
သုတေသနပြုချက် တွေအရဆိုရင် ဆန်ကြမ်းစားသုံးခြင်းဟာ White rice ထမင်းဖြူစားသုံးခြင်းထက် သွေးတိုးကျစေပြီး ၊ သွေးကြောနံရံတွေ ထိခိုက်မှုကနေကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

ဆန်ကြမ်း brown rice မှာ ထူးခြားတာကတော့ အာစင်နစ်ဓာတ် (arsenic-heavy metal) ပါဝင်ပါတယ် ။ အာစင်နစ်ဓာတ် (arsenic-heavy metal) ဟာ ပတ်ဝန်းကျင်မှာ သဘာဝအတိုင်းတွေ့ရှိရပေမယ့် အလွန်အကျွံစားသုံးနေ မိမယ်ဆိုရင်တော့ ကင်ဆာရောဂါဖြစ်ပွားနိုင်ပါတယ်။ ပြောပြချင်တာကတော့ အများကြီး မစားဘဲ ပုံမှန်လောက်ဘဲ နေ့စဉ်စားသုံးမယ်ဆိုရင်တော့ အန္တရယ်ကင်းပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုးရိုးလေးအတိုင်းပါဘဲ။

အချုပ်ပြောရရင်တော့ 🍚
White rice ထမင်းဖြူစားခြင်း ဟာ ဆိုကျိုးတွေ မခံစားရအောင် တပတ်ကို တကြိမ်၂ကြိမ် ထက်ပိုမစားသင့်ပါဘူး ။ ဒါပေမဲ့ အစာအိမ်အူလမ်းကြောင်း အားနည်းနေတဲ့ အချိန်မှာ ကြေလွယ်ညက်လွယ်တဲ့ White rice ထမင်းဖြူကို စားသုံးပေးနိုင်ပါတယ်။ ဆန်ကြမ်း brown rice ကတော့ အာဟာရဓာတ်တွေ ၊ အမျင်ဓာတ်တွေပါဝင်ပင်မဲ့ အများကြီး ခဏခဏ မစားဖြစ်အောင် ထိန်းကပါမယ်။ ပြောချင်တာက ကောက်ပဲသီးနှံ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဟာတွေကို အစုံစားပါ အဓိက ထမင်းတခုထဲကိုပဲစွဲပြီး စားမသုံးသင့်ပါ။

လူတိုင်းနေ့စဉ် ကျန်းမာစွာ နေထိုင်နိုင်ကျပါစေ။
ငြိမ်း
ဒေါက်တာဇီဝက

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top